← Chapters

အခန်း (၁၃၂၀)

Vol. 89 Ch. 1320

အခန်း (၁၃၂၀)

Vol. 89 Ch. 1320

"ချီးတဲ့မှ … မင်းက ကိုယ့်ရည်းစားက နောက်ကျောကို ဓားနဲ့ထိုးပြီး သတ်ဖြတ်ခံရတဲ့လူကို"

ဤစကားလုံးသည် ရီရှင်းချန်အား ချက်ချင်းပဲ ကြက်သေသေသွားစေ၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် ကွဲကြေလာခဲ့သည်။ လောကကြီးထဲတွင် နာကျင်ရဆုံးအရာသည် ဖော်ပြ၍မရသော လျို့ဝှက်ချက်ကို ပြောဆိုရခြင်းပင် ဖြစ်၏။

သူ့အနေနှင့် စိတ်သက်သောင့်သက်သာနှင့် ပြောဆိုနိုင်လိမ့်မည်ဟု ထင်ခဲ့ဖူး၏။ သို့ပေမဲ့ နားထောင်သူသည် သူ၏ရင်ဝအား ရုတ်တရက် ဆောင့်ကန်လိုက်သလိုပင် ပြောဆိုခဲ့သည်။

ဆွစ် …….။

ရီရှင်းချန်သည် ချက်ချင်းပဲ ခွက်ထဲသို့ ဝိုင်များလောင်းတည့်ကာ တစ်ခါတည်း မော့သောက်လိုက်၏။ သူအနေဖြင့် ဤနေရာဆီမှ တစ်ခါတည်းပင် လွတ်မြောက်သွားချင်၏။ သို့ပေမဲ့ ယနေ့ဘာမှားနေသည်ကို သူသေချာမသိချေ။ ဝိုင်သည် ယခင်ကသောက်ခဲ့သည့် ဝိုင်အတိုင်းပင် ဖြစ်၏။ အရသာမှာလည်း တူညီလွန်းလှသည်။ သို့ပေမဲ့ အရက်ပိုပြီးသောက်လေ ဦးနှောက်ကို ပိုပြီးကြည်လင်ရှင်းလင်းလေ ဖြစ်နေ၏။ သူ့အနေဖြင့် အရက်သောက်လိုက်တိုင်း အတိတ်ကဖြစ်ရပ်များကို ပိုမိုကာ သတိရလာခဲ့၏။

ဝမ်းနည်းဆွေးမြှေ့မှုများကို ပြေပျောက်စေရန်အတွက် အရက်သောက်ခဲ့သည် ဆိုသော်လည်း ပိုမို၍ပင် ဝမ်းနည်း ဆွေးမြှေ့လာခဲ့ရသည်။

အား

ရီရှင်းချန်သည် ရုတ်တရက် ထအော်ပြီးသည့်အချိန်မှာတော့ ဝိုင်ကရားကြီးတစ်ခုလုံးကိုယူကာ တစ်ခါတည်း မော့သောက်လိုက်တော့၏။ သူ့အနေဖြင့် ပြာဝေလျက်ရှိနေသော မျက်လုံးများနှင့်အတူ တည်နေရာတစ်ခုကို စူးစိုက်ကြည့်နေ၏။ သူ၏ စိတ်နှလုံး တစ်ခုလုံးသည် လဲပြိုလျက်ရှိနေ၏။

"ဟုတ်တယ်။ ကျုပ်က သိုင်းအင်ပါယာဆယ်ယောက်ထဲက တစ်ယောက်။ ဒါပေမဲ့ ကိုယ့်ရည်းစားရဲ့လက်နဲ့ သေဆုံးခဲ့ရတဲ့လူတစ်ယောက်၊ ဒါက တစ်လောကလုံးကို ထာဝရရယ်မောသွားစေမဲ့ ပြစ်ချက်ကြီးတစ်ခုပဲ ပြီးတော့ ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ အမာရွတ်ကြီးတစ်ခုပဲ"

ရီရှင်းချန်သည် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပဲ လဲပြိုလျက်ရှိနေ၏။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ပုခုံးပေါ်သို့ လက်တင်ကာ နှစ်သိမ့်လိုက်သည်။ "အတိတ်က အတိတ်ပဲလေ။ မင်းအနေနဲ့ ရှေ့ကိုဆက်လျှောက်ရအုံးမယ်။ လာခဲ့ မမူးမချင်း သောက်ကြတာပေါ့"

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ဘယ်လိုဖြစ်သည်ကို သိရှိပြီးနောက်မှာတော့ မရှင်းလင်းသည့် အကြောင်းအရာတော်တော်များများသည် ရုတ်တရက် ရှင်းလင်းသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် အံ့အားမသင့်တော့ချေ။

အားညိုသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း စနစ်က အစောကြီးကတည်းက သုံးသပ်ထားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဆန်းကြယ်လွန်းလှသော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ပိုင်ဆိုင်သောကြောင့်ပင်။

ညအင်ပါယာသည် ထိုက်ရွှမ်ကျမ်းစာကို ရရှိခဲ့ဖူးသည်ဟူသော သတင်းအချက်အလက်ကို သူကိုယ်တိုင် သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူသည် အမှန်တရားပေါ်လာသည့်အချိန်မှာတော့ နည်းနည်းလေးမှ အံ့အားသင့်မှု မရှိတော့ချေ။

ညအင်ပါယာသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အားညိုသည် ဆက်လက်ကာ ရှင်သန်ရမည်ဖြစ်၏။ မူလက သိုင်းအင်ပါယာတစ်ယောက်ဖြစ်သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ အားညိုသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လို့နေသည်။

ရီရှင်းချန်၏ ရန်သူသည် အထက်နယ်မြေတွင် ရှိသည်ဆိုသောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် တခြားကိုတွေးစရာမလိုတော့ဘဲ လင်းရောင်ဖြစ်မှန်း ခန့်မှန်းလိုက်မိ၏။ သူမသည် သိုင်းအင်ပါယာများအား နင်းချေပြီး အထက်နယ်မြေသို့တက်သွားခဲ့သည့် တစ်ဦးတည်းသော ဧကရီပင် ဖြစ်နေသည်မဟုတ်ပါလား။

နဂါးကျားတိုက်ပွဲမှာတုန်းက လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။။ ထိုလက်ဝါးရိုက်ချက်ကြီးသည် လင်းရောင် ဆိုသော အမျိုးသမီး ရိုက်နှက်ခဲ့တာ သေချာသည်။

"ဘာ … ဂျူနီယာညီလေးရီက ညအင်ပါယာဟုတ်လား။ သူက လွန်ကဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက ကျဆုံးခဲ့တဲ့ သိုင်းအင်ပါယာ ဆယ်ယောက်ထဲ က တစ်ယောက်လား"

"အင်း"

"ကောင်းကင်ဘုံ ဒီသတင်းက တကယ့်ကို ကြမ်းတမ်းတာပဲ"

သိုင်းအင်ပါယာ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပြန်လည်မွေးဖွားလာခြင်းသည် ကြက်သီးထလောက်စရာ ကိစ္စကြီး ဖြစ်သည် ဆိုသော်လည်း အားညိုသည် သိုင်းသိုင်းအင်ပါယာ တစ်ယောက် ပြန်လည် မွေးဖွားလာသူဖြစ်ကြောင်း သိရှိသောအခါမှာတော့ တစ်ဂိုဏ်းလုံးသည် ဝမ်းနည်းသလို ခံစားနေမိကြ၏။

ဟုတ်ပေသည်။ သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးအပေါ် အားကိုးစိတ်များသည် ပိုမိုကာ အားကောင်းလာကြသည်။

"ဂျူနီယာညီလေးရီရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ တိုးတက်မြန်ဆန်လာတယ်ဆိုတာ အလကား မဟုတ်ဘူးပဲ။ သူက စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ပြန်လည်မွေးဖွားလာခဲ့တာကိုး"

လီချင်းယန်သည် နားလည်လိုက်မိ၏။ သူတို့ဂိုဏ်းထဲသို့ ဝင်ရောက်စအချိန်တွင် စုရှောင်မိုနှင့် အခြားသူများသည် ရီရှင်းချန်ထက် ပိုကာ အားကောင်းခဲ့၏။ သို့ပေမဲ့ ရီရှင်းချန်သည် အချိန်အတောအတွင်း အားအကောင်းဆုံးလူများကို ကျော်ဖျက်၍ အားအကောင်းဆုံးသော တပည့်တစ်ယောက် ဖြစ်လာခဲ့၏။

အစပိုင်းတုန်းက သူ၏ဂျူနီယာညီလေးသည် ကျင့်ကြံခြင်းတွင် အလွန်တရာကြိုးစားသောကြောင့် သူတို့ထက်ပိုကာ အားကောင်းလာခဲ့သည်ဟု ထင်မှတ်ထားခဲ့၏။ လက်ရှိအချိန်မှာတော့ ရီရှင်းချန်သည် အတိတ်ဘဝက သိုင်းအင်ပါယာဖြစ်သောကြောင့် ဤသို့ ကျင့်ကြံခြင်းအဆင့် မြန်ဆန်နေခြင်းဖြစ်ကြောင်း နားလည်လိုက်မိတော့သည်။

"ကောင်းကင်ဘုံ"

စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ငါအရင်တုန်းက သိုင်းအင်ပါယာတစ်ယောက်ကို အားရပါးရရိုက်ခဲ့ဖူးတာပဲ"

ရီရှင်းချန်အား ဂိုဏ်းထဲသို့ဝင်ရန် အတင်းစီစဉ်သည့်နေရာတွင် ဂိုဏ်းချုပ်သည် သူ့အား အကြိမ်ပေါင်းများစွာ ရိုက်နှက်ခိုင်းခဲ့၏။ ထိုအချင်းအရာကို စဉ်းစားလိုက်သည့်အချိန်မှာတော့ စုရှောင်မိုသည် အမှန်အကန်ပင် အားတက်လျက် ရှိနေတော့သည်။

ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာကို ပယ်ပယ်နယ်နယ်ရိုက်နှက်ခဲ့ရဖူးသူသည် ဂိုဏ်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာရှိ၏။

သို့ပေမဲ့ ဤအရာမှာ ခနတာသာဖြစ်၏။ မကြာသေးခင်မှာပဲ အားလုံးသောသူများသည် ပုံမှန်အတိုင်း ကိုယ့်အလုပ်ကိုယ် ဆက်လာ ကြိုးစားလုပ်ဆောင်ကြတော့သည်။

လွန်ခဲ့သည့် နှစ်နှစ်တုန်းက ရီရှင်းချန်တစ်ယောက် သိုင်းအင်ပါယာဖြစ်ခဲ့ဖူးကြောင်း သိရှိပါက အားလုံးသောသူများသည် အုတ်အော်သောင်းနင်းဖြစ်သွားကြမှာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ထျန်းယွမ်အကျဉ်းထောင်ထဲတွင် များပြားလှသော သိုင်းအင်ပါယာများ တည်ရှိနေသည်။ ထို့ကြောင့်သူတို့သည် သိုင်းအင်ပါယာကို မြင်ရသည်မှာ မထူးဆန်းတော့ချေ။

လက်ရှိ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းအင်ပါယာကိုးယောက်တို့သည် ဂိုဏ်းချုပ်အား အလွန်ပင် လေးစားလျက် ရှိနေ၏။ ထို့ပြင် များပြားလှသော တည်နေရာချိုးဖျက်ခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများ သည် သံမဏိအရိုးမြို့ဆီသို့ရောက်ရှိလာပြီး စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြသည်။ ၎င်းတို့၏အမြင်သည် ပိုမိုကာ ကျယ်ပြန့်သွားခဲ့ကြပြီ ဖြစ်၏။

ရီရှင်းချန်တစ်ယောက် သူမည်သူဖြစ်သည်ကို ထုတ်ဖော်ရဲသည်မှာလည်း ဤအတွက်ကြောင့်ပင် ဖြစ်၏။ ဂိုဏ်း၏ အားအင်အဆင့်သည် အားကောင်းလွန်းနေပြီနဖြစ်သည်။ မဟုတ်ပါက သူ့အားသေအောင်ရိုက်နှက်မည် ဆိုလျှင်တောင် ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ချေ...။

ထိုနေ့မှာတော့ မွေးမြူရေးခြံများနှင့် စိတ်ဝိညာဉ်သားရဲတောင်ကုန်းသည် များပြားလှသော အစောင့်အရှောက်များနှင့် တည်ရှိနေခဲ့၏။ သို့ပေမဲ့ ရီရှင်းချန်သည် အရက်သောက်ပြီးနောက် အခြားဆိုးရွားသည့် အရာများကို မပြုလုပ်ခဲ့ချေ။ သီးခြားတောင်ထွတ်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ကောင်းကင်ကြီးအား မော့ကြည့်လျက်ရှိ၏။ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးသည် ယခင်ကထက်ပိုကာ ကြည်လင်နေခဲ့၏။

ပြန်လည်မွေးဖွားလာပြီးနောက် ဤနှစ်ပိုင်းတွင် သူ၏ရင်ထဲရှိ အမုန်းတရားများသည် ပိုမိုကာ ကြီးထွားလာခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် ထိုအမုန်းတရားများကို ပြေပျောက်စေရန်အတွက် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ရသည်။

ယနေ့က အရက်မူးပြီး အတိတ်အကြောင်းများကို အားရပါးရပြောဆိုပြီးနောက် အလွန်ပဲ စိတ်လက်ပေါ့ပါးသွား သလို ခံစားခဲ့ရ၏။

"အားညို"

အနောက်က သစ်ပင်ပေါ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ထဲမှ သစ်သီးတစ်လုံးကို အသာကိုက်ကာ ပြောလိုက်သည်။ "မင်းရဲ့ရန်သူက နည်းနည်းလေး လှည့်ကွက်တွေများတယ်။ အထက်နယ်မြေကို တက်လှမ်းပြီးတဲ့နောက် မင်းအနေနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်မှ ဖြစ်လိမ့်မယ်။ အလျင်စလို ဘာမှလုပ်လို့မရဘူး"

သိုင်းအင်ပါယာကိုးယောက်ဆီမှ ဧကရီလင်းရောင်အကြောင်းကို သေသေချာချာစုံစမ်းပြီးသည့် နောက်မှာတော့ ဤအမျိုးသမီးသည် အစီအစဉ် ချမှတ် လုပ်ကိုင်ရာတွင် အလွန်တော်သော အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သူသုံးသပ်လိုက်မိ၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက အထက်နယ်မြေကို တက်လှမ်းသွားသည့် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ သူမ၏ အားအင်အဆင့်သည် အားကောင်းလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ လက်စားချေချင်သည်ဆိုပါက သေချာဂရုတစိုက် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

"ကျွန်တော် စိတ်ထိန်းပါမယ်"

ရီရှင်းချန်က ပြောလိုက်၏။ ပြိုင်စံရှားဂိုဏ်းတွင် လေ့ကျင့်ခဲ့သည့်နှစ်ပိုင်းအတွင်း အားညိုသည် အမှန်ပင် ပြောင်းလဲသွားခဲ့၏။ သူ၏ မောက်မာလှသည့် ကိုယ်ရည်ကိုယ်သွေး အမူအကျင့်သည် ပြောင်းလဲရန် ခက်လှသည်ဆိုသော်လည်း သူ၏ နှလုံးသားထဲတွင် ရှိနေသော စိတ်အရင်းခံသည် ပြောင်းလဲသွားခဲ့၏။ သဘာဝနှင့် တသားတည်းဖြစ်တည်လာခဲ့တော့သည်။ မဟုတ်ပါက သူ့အနေဖြင့် လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ချေ။

"နဂါးကျား ပြိုင်ပွဲတုန်းက မင်းအနေနဲ့ ဂိုဏ်းကနေ ထွက်ခွာသွားချင်တယ်ဆိုတာ ဧကရီလင်းရောင်တစ်ယောက် လာပြီး ကလဲ့စားချေမှာကို စိုးရိမ်ပူပန်လို့မဟုတ်လား" ကျွင်းချောင်ရှောင်းက မေးလိုက်၏။

"အမှန်ပါပဲ"

ရီရှင်းချန်သည် သူ့အကြောင်းကို သူစိတ်မပူလှချေ။ သူစိတ်ပူနေသည်မှာ သူ့ကြောင့် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး အပေါ် သက်ရောက်သွားမှာကိုပင်။ ဤအချက်ကို ကြည့်ရှုခြင်းအားဖြင့် သူသည် ဂိုဏ်း၏ အဖွဲ့သားအဖြစ် မိမိကိုယ်ကိုယ် ခံယူထားသည်ဖြစ်ကြောင်း သုံးသပ်နိုင်ပေလိမ့်မည်။

"ငါတို့က ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းသားတွေပဲလေ"

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ "ပြဿနာတွေ ဖြစ်လာမယ်ဆိုရင် ငါတို့က အတူတူရင်ဆိုင်ရမှာပေါ့..."

ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိသည်။

ကျွင်းချောင်ရှောင်းသည် ဆက်ကာပြောလိုက်၏။ "အထက်နယ်မြေကို ရောက်တဲ့အချိန်ကျရင် ငါ့ရဲ့အားအင်အဆင့်တွေက ပိုမိုတိုးလာလိမ့်မယ်။ ဒီတော့ ငါ မင်းနဲ့ မင်းရဲ့ဂိုဏ်းတူရောင်ရင်းတွေအားလုံးကို ခေါ်ပြီး ဧကရီလင်းရောင်ဆီကနေ အကြွေးပြန်တောင်းမယ်။ ပြီးတော့ သူမကို သိစေချင်တယ် …"

သူသည် ခနတာရပ်တန့်လိုက်၏။ သူ၏မျက်လုံးများထဲတွင်တော့ အေးစက်မှုများနှင့် လွှမ်းခြုံသွားခဲ့သည်။ "အတိတ်၊ အနာဂတ်၊ ပစ္စပ္ပန် ဘာပဲဖြစ်ဖြစ် ပြိုင်စံရှားဂိုဏ်းက မည်သူ့ကိုမှ လာပြီးတော့ ရန်စလို့မရဘူး ဆိုတာကို"

ဤအရာသည် သူ၏ရပ်တည်မှုပင် ဖြစ်တော့၏။ ပြိုင်စံရှားဂိုဏ်းသည် အားညို၏ အတိတ်က အမုန်းတရာများကို မျှယူမည်ဖြစ်၏။

"ညီလေးရီ "

အဝေးတစ်နေရာတွင် ရှိနေကြသော လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများက အော်ဟစ်လိုက်ကြသည်။ "ငါတို့အမြဲတမ်း မင်းနဲ့အတူတူရှိနေမယ်..."

ရီရှင်းချန်သည် ဦးခေါင်းကို ငုံ့ကာ ပြောလိုက်မိ၏။ "အရူးတွေပဲ"

ထို့သို့ပြောလိုက်သည်ဆိုသော်လည်း သူ့၏နှလုံးသားထဲတွင် နွေးထွေးလို့နေ၏။ သူ၏နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ဟုတ်ပေသည်။ သူသည် အတိတ်ဘဝတုန်းက တစ်ယောက်တည်း သေဆုံးခဲ့ရ၏။ ဤဘဝတွင်တော့ သူသည် ဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့ရ၏။ ပြီးသည့်နောက်မှာတော့ သူ့အား ညီအစ်ကိုအရင်းကို ဆက်ဆံသော ဂိုဏ်းတူရောင်ရင်းများနှင့်လည်း တွေ့ဆုံခဲ့ရ၏။

စိတ်မချမ်းသာခြင်းဆိုတာ မည်သည့်နေရာမှာ ရှိနေသနည်း။ သူသည် တစ်ယောက်တည်းမဟုတ်တော့ပေ။

"ဧကရီလင်းရောင် … စောင့်နေလိုက်။ ဂိုဏ်းနဲ့ငါ အထက်နယ်မြေကို ရောက်လာတဲ့အချိန်ကျရင် ရန်ငြိုးအဟောင်းတွေရော ၊ အသစ်တွေရော ဖြေရှင်းကြတာပေါ့"

တောင်၏ တစ်ဖက်ခြမ်းမှာတော့ လီထျန်းထျန်း သည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ကင်မရာကြီးကို ယူ၍ ရီရှင်းချန်အား ဂိုဏ်းချုပ်နှင့်သူ၏ရောင်ရင်းများ အားပေးနေသည့်ပုံကို သေသေချာချာ ရိုက်ယူလျက်ရှိ၏။

"အစ်ကိုအားညို"

အမျိုးသမီးတပည့်များ၏ အိမ်ဆောင်ထဲတွင် မတ်တပ်ရပ်လျက်ရှိနေသော ဟွေ့အာသည် မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဆိုင်းနေခဲ့၏။ ညအင်ပါယာ ပြန်လည်မွေးဖွားလာသည်ကို သိရှိပြီးနောက် သူမ၏ နှလုံးသားသည် အရင်နှီးဆုံးလူတစ်ယောက်မှာ မရင်းနှီးသော လူတစ်ယောက်ဖြစ်သွားပြီဖြစ်ကြောင်း နားလည်လက်ခံလိုက်ရသည်။

"အစ်မဟွေ့အာ"

လျိုဝမ်ရှစ်နှင့်ရောင်မုန့်ယဉ်တို့သည် အနောက်မှ ရောက်ရှိလာပြီး သူမကို နှစ်သိမ့်ရန်ပြင်ဆင်လိုက်၏။

"ငါ … ငါ … ငါ အဆင်ပြေပါတယ်"

ဟွေ့အာသည် မျက်ရည်များကိုသုတ်ကာ ပြုံးလိုက်၏။ "သေသေချာချာ စဉ်းစားပြီးသွားပြီ။ သူက ရီရှင်းချန် …. အစ်ကိုရီလေ။ ငါရဲ့ ဖေးအားညိုမဟုတ်တော့ဘူး"

All Chapters