အခန်း (၁၃၂၂)
Vol. 89 Ch. 1322
နတ်ဘုရားအဆင့်နှင့်အထက် ထိုက်ရွှမ်ကျမ်းစာနှစ်ခုသည် ပြိုင်စံရှားဂိုဏ်းတပည့်များအတွက် မသင့်တော်လှချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် အစကတည်းက ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံခဲ့ သောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်၏ ကျမ်းစာကို အလေးအနက် မထားခြင်း ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံရာတွင် အရေအတွက် ဘယ်လောက်များများ ကျင့်ကြံခဲ့သည်က အရေးမကြီးချေ။ မည်မျှကျွမ်းကျင်အောင် လေ့ကျင့်ခဲ့သည် ဆိုခြင်းကသာ အရေးပါလို့နေသည်။
ကျွင်းချောင်ရှောင်းအနေနှင့် ဤဝင့်ကြွားလွန်းသာ လူတစ်ယောက်သည် ဂိုဏ်းနှင့်တသားတည်း ဖြစ်တည်သွား သည်ကို ကြည့်၍ အလွန်ပင် ဂုဏ်ယူနေမိတော့၏။ ၎င်းသည် ကိုယ်ပိုင် သိုင်းကျင့်ကြံခြင်း နည်းစနစ်ကိုပင် ဂိုဏ်းအတွက် ကမ်းလှမ်းလျက် ရှိနေ၏။
“အင်း ဟုတ်ပြီ”
ရီရှင်းချန် မထွက်ခွာခင်မှာပဲ ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်းအနေနဲ့ ထိုက်ရွှမ် ကျမ်းစာထဲမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်းအစီအရင်ကို နားလည်သေးလား”
တစ်ဖက်လူသည် ကျမ်းစာကို လေ့လာသည် ၊ မလေ့လာသည်က အရေးမကြီးချေ။ အစီအရင်နှင့်ပတ်သက်၍ ကောင်းမွန်လွန်းသော အခြေအနေတစ်ခုကို နားလည်ထားသည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“အစီအရင်က အထဲမှာ မှတ်သားထားတာလေ”
ရီရှင်းချန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် မမှတ်မိဘူး”
ထိုက်ရွှမ်ကျမ်းစာကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ကျမ်းစာကိုသာ အလွတ်ရရှိအောင် မှတ်သားထားခဲ့ ၏။ ထို့အပြင် ကျမ်းစာထဲတွင်ရှိသော ကျင့်ကြံခြင်းနည်းစနစ်ကိုသာလျှင် စိတ်ဝင်တစား ရှိခဲ့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအတွက်တော့ ကိစ္စမရှိချေ။ သူ့အနေနှင့် ထိုက်ရွှမ်အအေးနှလုံးသားကျမ်းစာ၏ ဒုတိယ ပိုင်းနှင့် ဆက်စပ်၍ စတင်ကာ မအိပ်မစားဘဲ လေ့လာေသေမျိုးစကြဝဠာကြီးအတွင်းမှာတော့ ကြယ်ကောင်းကင်ခံတပ်နှင့် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သတင်းသည် တရှိန်ထိုးပျံ့နှံ့နေပြီ ဖြစ်တော့၏။ ထို့ကြောင့် အဓိက ဂြိုဟ်ကြီးများအားလုံးသည် ကြယ်ကောင်းကင်ခံတပ် အစား အစားထိုး ဝင်ရောက်လာသည့် လူတစ်ယောက်ရှိနေသည်ဖြစ်ကြောင်းကိုလည်း နားလည်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား မည်သူမှသည် လာရောက်၍ ပြဿနာ မရှာရဲကြချေ။
...............
သေးငယ်လှသော ရေခဲရွာလေး တစ်ခုထဲမှာတော့ ကလေးများသည် နံရံအနား ခြေဖျားထောက်ကာဖြင့် အတွင်းခြံဝန်းထဲသို့ ချောင်းကြည့်လျက် ရှိနေသည်။
ဤရွာကြီးတစ်ခုလုံးအား အအေးနန်းတော်မှ ကျွမ်းကျင်သူနှင့် တခြားသော ကျွမ်းကျင်သူများသည် လာရောက်ကာ ကာကွယ်ပေးလျက် ရှိနေ၏။
ရိုးရှင်းလွန်းလှသော ခြံဝန်းလေး တစ်ခုအတွင်းတွင်တော့ လီချင်းယန်သည် သူ၏ ချစ်မြတ်နိုးလှသော မိန်းကလေး အား မေတ္တာ သက်ဝင်လွန်းသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “ဒီနေ့ ငါ မင်းကို လာခေါ်တာလေ”
“ချင်းယန်... ကျွန်မ” ချင်အာသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားမိ၏။
“ဘာအကြောင်းအရာနဲ့ဖြစ်ဖြစ် မင်းဒီနေ့ ငါနဲ့လိုက်ခဲ့ရမယ်” လီချင်းယန်သည် တင်းမာခက်ထန်စွာဖြင့် သတိပေး ပြောကြားလိုက်သည်။
ခြံ၏ အပြင်ဘက် ခြံဝန်းတွင် ရပ်လျက်ရှိနေသော စုရှောင်မို၏ မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့်အမူအရာများ ဖြစ်တည်နေခဲ့၏။ သူက တွေးလိုက်မိ၏။ ဒုတိယစီနီယာအစ်ကိုက အရင်တုန်းက လမ်းဟောင်းကြီးအတိုင်း လျှောက်လုပ်နေတာကိုး။ ကိုယ်ကြိုက်တဲ့မိန်းကလေးပဲ။ ဒီအတိုင်း ထမ်းပြေးလိုက် ပြီးတာပဲ။
အရာကိစ္စများအားလုံးကို တည်တည်ငြိမ်ငြိမ်နှင့် လမ်းရိုးကြီးအတိုင်း ဖြေရှင်းတတ်သည့် လီချင်းယန်သည် စုရှောင်မို၏ သင်ကြားပြသမှုနှင့်အတူ တိုးတက်လာခဲ့ပြီ ဖြစ်၏။ စုကုန်းရှန့်သည် အချိန်ရှိမည်ဆိုပါက ကျွင်းကုန်းရှန့်ကို သွားရောက် ကူညီသင်ပြသင့်သည်။
ဆွစ်
ရွာသားများ၏ အကြည့်အောက်မှာပဲ လီချင်းယန်သည် သူ၏ ချစ်မြတ်နိုးလှသော မိန်းကလေးအား ကောက်ချီ၍ အဆုံးအစမဲ့လှသော ကောင်းကင်ယံထက်သို့ ပျံသန်းထွက်ခွာသွားတော့၏။
“သူ ပျံသွားပြီ”
“အစ်မချင်အာက ပျံသန်းသွားတာပဲ” ကလေးများသည် မျက်လုံးအပြူးသားဖြင့် ပြောလိုက်ကြသည်။
ဟူး
အအေးနန်းတော်သခင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ “ကျုပ်တို့ တာဝန်က ပြည့်စုံ သွားပြီလို့ ပြောရမယ်။ ဒီနေရာကို စောင့်ကြပ်ဖို့ လူတော်တော်များများကို အမြဲတမ်းစေလွှတ်နေဖို့ မလိုတော့ဘူးပဲ”
“အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စုရှောင်မိုသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။ “ဒီအထဲမှာ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တစ်ရာနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး တစ်ရာ ရှိတယ်”
ချင်အာ တစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ဤပြည်နယ်ကြီးတစ်ခုလုံးအား ကာကွယ်ပေးရန် အအေးနန်းတော်အား စေခိုင်းခဲ့၏။ ထို့ကြောင့် အဓိကဂိုဏ်းတော်တော်များများသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး သူမအား နှစ်ဆယ့်လေးနာရီ၊ ခုနှစ်ရက်လုံး ကာကွယ်ပေးခဲ့သည်။ ယခု ချင်အာ မရှိတော့ဘူး ဆိုမှတော့ အကျိုးကျေးဇူး တချို့တလေကို ပေးအပ်မှ ဖြစ်ပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်”
နန်းတော်သခင်နှင့် တခြားသောသူများသည် ပစ္စည်းကို လက်ခံရယူပြီးနောက် ပျော်ရွှင်သွားခဲ့ကြသည်။ လက်ရှိအခြေအနေတွင် ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူများ ရောက်ရှိလာခဲ့ပြီးသည့်နောက် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးနှင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတို့၏ ဈေးနှုန်းသည် အလွန်တရာ မြင့်တက်သွားခဲ့၏။ ဂိုဏ်းချုပ်ကျွင်းသည် သူတို့အား များများစားစား ပေးအပ်ခဲ့၏။ ထို့ကြောင့် ရက်ရောလွန်းသည်ဟု ဆိုရမည်။
............
ချင်းယန်မြို့
လီချင်းယန်သည် ချင်အာကို ဖက်ပြီးသည့်နောက် ပျံသန်းရောက်ရှိလာခဲ့၏။ သူသည် လီမျိုးနွယ်၏ ခြံဝန်းထဲသို့ ဝင်ရောက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “အဖေ... ကျွန်တော် ချင်အာနဲ့ စေ့စပ်ချင်တယ်။ ဒီကိစ္စကို ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုလည်း သိစေချင်တယ်”
စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေသော လီကလန်၏ ခေါင်းဆောင်သည် သက်ပြင်းကိုချကာ ပြောလိုက်၏။ “မင်းက အရွယ်ရောက်နေပြီပဲ။ ဒီတော့ အရာကိစ္စအားလုံးကို မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လေ”
အတိတ်တုန်းကသာ ဆိုလျှင် ဤမင်္ဂလာပွဲအား သဘောတူညီလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏သားသည် လက်ရှိအခြေအနေမှာတော့ သူတော်စင်တစ်ပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လို့ နေခဲ့ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု၏ ဒုတိယတပည့်လည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အနာဂတ်ကို သူကိုယ်တိုင် ဆုံးဖြတ်ရမည်မှာ သဘာဝပင် ဖြစ်တော့သည်။
“ကျေးဇူးတင်ပါတယ် အဖေ”
လီချင်းယန်သည် သူ၏ လက်မောင်းထဲတွင် တည်ရှိနေသော ရှက်ရွံနေသည့် ချင်အာ အား အသာကြည့်ရှုပြီးသည့်နောက်မှာတော့ ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်၏။ “အရင်တုန်းက ထားရှိခဲ့တဲ့ ကတိကို တည်အောင် ကြိုးစားမယ်။ ချင်အာ ဆိုတဲ့ မိန်းကလေးက ကျုပ်နဲ့ မထိုက်တန်တာ မဟုတ်ဘဲ၊ ကျုပ် လီချင်းယန်က ချင်အာနဲ့ ထိုက်တန်အောင် ကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း တစ်လောကလုံးကို သိစေရမယ်”
ဤအရာမှာ ယောက်ျားတစ်ယောက်၏ တာဝန်ယူစိတ်ပင် ဖြစ်တော့၏။
သောက်တလွဲကုန်းရှန့် ထွက်လာခဲ့စမ်း။
နောက်တစ်ရက် ပြိုင်စံရှားဂိုဏ်း ဒုတိယတပည့်၏ စေ့စပ်ပွဲသတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ သွား၏။ အဓိကကလန်များ၊ ဂိုဏ်းများနှင့် အဖွဲ့အစည်းများ အားလုံးသည် ဖိတ်စာကို ရရှိခဲ့သည်။
“ဂိုဏ်းချုပ်”
အထက်ပိုင်း အကြီးအကဲတစ်ယောက်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ပြိုင်စံရှား ဂိုဏ်းမှာ တပည့်တစ်သိန်းလောက်ရှိတယ်လေ။ စေ့စပ်ပွဲတိုင်း ဖိတ်နေမယ်ဆိုရင် ကျုပ်တို့ မွဲပြာကျသွားနိုင်တယ် မဟုတ်လား”
ထိုဂိုဏ်းချုပ်သည် ငိုချင်လျက် ရှိနေ၏။ သို့ပေမဲ့ မျက်ရည်တော့ မကျလာခဲ့ချေ။ “ဘာလုပ်နိုင်မှာလဲ။ ဖိတ်စာ ရောက်ပြီဆိုမှတော့ သွားလိုက်ရုံပဲ ရှိတာပေါ့”
၎င်းတို့အတွက် စိတ်ဖြေစရာ ကိစ္စတစ်ခုမှာ ဖိတ်စာကို ရရှိခဲ့သည့် ဂိုဏ်း၊ မိသားစုနှင့် ကျောင်းများ အားလုံးသည် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အလကားအသုံးပြုခွင့် ရရှိခြင်းပင်။ ထို့ကြောင့် ခရီးအဝေးကြီး သွားစရာ မလိုအပ်တော့ချေ။ လက်ဆောင်များကို ထုံစံအတိုင်း ယူလာရန်သာ လိုအပ်၏။
..............
အဓိက မိသားစုများ၊ ဂိုဏ်းများတင်သာမက ဟူရန်မြို့၏ အိုက်ကလန်နှင့် စွန်းကလန်တို့သည်လည်း ဖိတ်စာများကို ရရှိခဲ့ကြ၏။ ၎င်းတို့သည် ထိုကဲ့သို့ ဖိတ်စာများ ရရှိခြင်းကို အလွန်ဂုဏ်ယူလျက် ရှိနေ၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းနှင့် ရင်းနှီးလှသည့် ဆက်ဆံရေးကို ပိုင်ဆိုင်သူများထဲမှ တစ်စုဖြစ်ပြီး ထိုအချင်းအရာနှင့် ပတ်သက်လျှင်လည်း အလွန် ဂုဏ်ယူလျက် ရှိနေမိသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့သည် ဤဖိတ်စာကို ပြသပြီး နောင်လာနောင်သားများ အား ပြိုင်စံရှားဂိုဏ်း၏ တကူးတက ဖိတ်ကြားခြင်းကို လက်ခံခဲ့ရသည့် လူများအဖြစ် ဂုဏ်ယူစွာ ပြောဆိုနိုင်ပေမည်။
သို့ပေမဲ့ အဆိုးရွားဆုံးသော လူများမှာတော့ လီရန်မြို့တွင်ရှိသော ရှောင်ကလန်ပင် ဖြစ်တော့၏။ ရှောင်ကလန် သည် ပထမအဆင့် ကလန်တစ်ခုမှသည် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ဆီသို့ပင် ကျဆင်းသွားခဲ့၏။ ဤအရာမှာ ဆယ်နှစ်အတွင်းသာ ကြာမြင့်ခဲ့၏။ အကြောင်းအရာသည် ၎င်းတို့ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများ အားလုံးသည် တားဆီးခြင်း ခံခဲ့ရသောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ၎င်းတို့သည် မတိုးတက်ခဲ့တော့ချေ။
ရှောင်ကျီအား မည်သူအဆိပ်ခတ်သည်ဆိုခြင်းမှာ လက်ရှိအချိန်မှာတော့ အရေးမပါတော့ချေ။ အဘယ်ကြောင့် ဆိုသော် ရှောင်ကလန်၏ ပထမဦးဆုံး အကြီးအကဲကြီးသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ရုတ်တရက် သေဆုံး သွားခဲ့သောကြောင့်ပင်။
............
သုံးရက်ကြာပြီးသည့်နောက် လီချင်းယန်နှင့် ချင်အာတို့၏ စေ့စပ်ပွဲသည် ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်းထဲ တွင် ကျင်းပတော့၏။
ညစာစားပွဲမှတော့ ရီရှင်းချန်သည် အရက်မူးအိမ်မက်ဝိုင်ဂျား တော်တော်များများကို စားပွဲပေါ်သို့တင်ကာ စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများကို မျက်ခုံးပင့်ကာ စိန်ခေါ်လိုက်တော့၏။ “ဘယ်သူမှ ထွက်မသွားနဲ့။ အာရုံတက်တဲ့အထိ သောက်ကြရအောင်”
“မင်းကိုကြောက်ရမှာလား”
စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် အင်္ကျီလက်များကို ပင့်တင်လိုက်ကြ၏။ စားပွဲ အဆုံးသတ်သည့်အချိန်မှာတော့ ၎င်းတို့အားလုံးသည် စားပွဲ၏အောက်တွင် ဝင်ကာဖြင့် မူးမှောက်လျက် ရှိနေတော့သည်။
အားညိုတစ်ယောက်သည်သာလျှင် ခပ်မတ်မတ် ရပ်လျက်ရှိ၏။ ဝိုင်ခွက်ကို ဆက်၍ သောက်လျက် ရှိသည်။ သူသည် အထင်အမြင်သေးစွာဖြင့် အားလုံးသောသူများကို ကြည့်ကာ ပြောလိုက်၏။ “အမှိုက်တွေပဲ”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ စေ့စပ်ပွဲ အခမ်းအနားကို တာဝန်ယူ ပြုလုပ်ပေးခဲ့သည်ဆိုသော်လည်း ခဏလေးသာ မျက်နှာလာပြခဲ့၏။ အချိန် တော်တော်များများ သူသည် စာကြည့်ခန်းထဲ၌ ဖန်တီးခြင်းအစီအရင်ကို လေ့လာလျက် ရှိနေသည်။
..........
တစ်နှစ်ကြာပြီးသည့်နောက်မှာတော့ နိုင်ငံတစ်ခုထဲတွင်ရှိသော တောင်တစ်ခုသည် ရုတ်တရက် ပြိုလဲသွား၏။ အလင်းတန်းများသည် ရုတ်တရက် မြေကြီးထဲမှ ထိုးထွက်လာပြီးသည့်နောက် လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲ သို့ တိုးဝင်သွား၏။ သို့ပေမဲ့ ၎င်းသည် ဘာမှ မလှုပ်ရှားရသေးချေ။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဖုန်စုပ်စက်ကြီး၏ မျက်နှာတည့်တည့် ချိန်တွယ်ကာ စုပ်ယူခြင်းကို ခံခဲ့ရ၏။
“နောက်တစ်ယောက် ဖမ်းမိပြီ”
ကျန့်ရာသည် ဖုန်စုပ်စက်ကြီးအား သိုလှောင်လက်စွပ်ထဲသို့ထည့်သွင်းပြီးသည့် နောက်မှာတော့ သူ၏ ယွမ်စိတ်ဝိညာဉ်ကို ထုတ်လွှင့်ကာ ဆက်လက် ရှာဖွေတော့၏။ ပြီးနောက် တည်နေရာတစ်ခု ဆီသို့ ပစ်မှတ်ထားတာ ပြောလိုက်သည်။ “အင်း... နောက်တစ်ယောက်ကို ထပ်ပြီးတော့ ရှာရမယ်”
အဋ္ဌမမြောက် ဟောခန်းသခင်နှင့် နဝမမြောက် ဟောခန်းသခင်တို့သည် ဘာမှတောင် မလုပ်ရသေးခင် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်၍ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။
လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဒုက္ခပေးခဲ့သော ဝိညာဉ်မျိုးနွယ်၏ ဟောခန်းသခင် ကိုးယောက်တို့သည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီး၏ ခက်ခဲကြမ်းတမ်းလှသည့် အတွေ့အကြုံကို ခံယူခဲ့ရပြီး ဖြစ်တော့၏။ နောက်ဆုံးအကြိမ်မှာတော့ သူတို့သည် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ပြီး အားရာ၏ လေ့ကျင့်ပေးမှုကို ခံနေရသည်။
.............
နှစ်နှစ်ခန့် ကြာပြီးသည့်နောက်မှာတော့ သံမဏိအရိုးမြို့ တည်ရှိမှုကြောင့်ပင် ချင်းယန်နိုင်ငံသည် စီးပွားရေး လုပ်ငန်းများ တဖြည်းဖြည်း ပိုမိုကာ တိုးတက်လာခဲ့၏။ ဤနှုန်းအရဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော နိုင်ငံတစ်ခုအဖြစ် ဖြစ်တည်လာမှာ သေချာ၏။ အရှေ့တောင်ရန်ကျူး၏ အားအင်အဆင့် သည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။
သုံးနှစ်ကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ ဖန်တီးထားသော တည်နေရာရွေ့ပြောင်းခြင်းအစီအရင် သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်၏။ ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ မည်သည့်နေရာကိုမဆို လွတ်လွတ်လပ်လပ် ရွေ့လျားသွားလာနိုင်စွမ်း ရှိနေ၏။ ထိုအရာမှာ အနာဂတ် မျိုးဆက်သစ်များအတွက် တကယ့်ကို ကောင်းချီးပင်ဖြစ်သည်။
လေးနှစ်ကြာပြီးသည့်နောက် ...............
ငါးနှစ်ကြာပြီးသည့်နောက်............
အချိန်ဘယ်လောက်ကြာမြင့်သွားပြီမှန်း မသိချေ။ ကျွင်းချောင်ရှောင်းမှာတော့ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်ကို လေ့လာလျက် ရှိနေသည်။ သူသည် ဂိုဏ်းထဲတွင် ရံဖန်ရံခါမှသာလျှင် ပေါ်လာခဲ့၏။ အပြင်ဘက်သို့ ထွက်သည်ကိစ္စကို ဘယ်သောအခါမှ မပြုလုပ်ချေ။
ကျွီ ……။
အဓိကတာဝန်အသစ် ပေါ်လာပြီး ကိုးနှစ်ကြာသည့်နောက်မှာတော့ ကြက်ခိုးများ၊ ပင့်ကူအိမ်များနှင့် ပြည့်နှက်လျက် ရှိနေသည့် ကျောက်တံခါးမကြီးသည် တဖြည်းဖြည်းနှင့် ပွင့်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် အထဲဆီမှ လျှောက်ထွက်လာခဲ့သည်။ နေ၏ရောင်ပြန်ဟပ်မှုနှင့်အတူ သူ၏ ခေါင်းသည် တောက်ပြန်လျက် ရှိနေတော့သည်။ အစီအရင်များကို သူ၏ ကိုယ်ပိုင်ဦးနှောက်အသုံးပြုကာ လေ့လာခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် ကုန်းရှန့်သည် ဤနှစ်ပိုင်း အတွင်းတွင် ခေါင်းတုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။