← Chapters

ဒီကမ္ဘာကြီးက ကြီးစိုးခြင်းကို အခြေခံထားတာ

Vol. 93 Ch. 1291

ဒီကမ္ဘာကြီးက ကြီးစိုးခြင်းကို အခြေခံထားတာ

Vol. 93 Ch. 1291

တခြားသူတွေလည်းရောက်နေတာလား။ ကြည့်ရတာ သူမ သိတဲ့လူမရှိ ဘူးထင်တာပဲ။

“ဘယ်သူလဲ”

“လူတော့များတယ် ကြည့်ရတာ ငှက်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်လို ပဲ” ပိုင်ထာ့ပြောလိုက်သည် “သူတို့က ဒုခေါင်းဆောင်နဲ့ လူကြီးမင်း ကြက်သွေး ရောင်မီးတောက်ကို တွေ့ချင်တာပါ”

ရှီမာယူယူ ငေးငိုင်သွားသည်။ သူမသည် ဝိညာဉ်စေတီအတွင်းမှ ကြက် သွေးရောင်မီးတောက်ကို ဆက်သွယ်ကာ တွေ့ချင်ရဲ့လားဟု မေးမြန်းသည်။

ကြက်သွေးရောင်မီးတောက်သည် ခေတ္တမျှ တိတ်သွားပြီးနောက် ပြော လေသည် “ငါ သွားတွေ့လိုက်မယ် မင်း ဒီမှာပဲစောင့်နေ”

“ငါ့ကို နင်နဲ့အတူ ခေါ်မသွားချင်ဘူးလား”

“ဒီမှာ မင်းဧည့်သည်တွေ ရှိနေတာမဟုတ်ဘူးလား”

ရှီမာယူယူသည် ဥက္ကဌနဲ့ တခြားသူများကို ကြည့်လိုက်ရာ သူတို့နားလည် သွားပြီး ပြောလေသည် “ကျုပ်တို့က မင်းအခြေအနေကို ကြည့်ပြီး ဒီအကြောင်း ပြောဖို့လာတာပါ အခုပြီးပြီဆိုတော့ လုပ်စရာရှိတာ သွားလုပ်ပါ ကျုပ်တို့ အရင် ပြန်နှင့်မယ်”

“ကျွန်မ တကယ် အားနာပါတယ်” ရှီမာယူယူသည် သူတို့ကို ဆွဲမထားချင် တော့ပေ။ ငှက်မျိုးနွယ်နှင့် ကြက်သွေးရောင်မီးတောက်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သဖြင့် သူမ လိုက်သွားချင်သည်။

“ကျုပ်တို့ အရင်ပြန်တော့မယ် နောက်တစ်ခါမှ အသင်းကိစ္စတွေ ပြောကြ တာပေါ့” ရှဲချောင်လင်း မတ်တတ်ရပ်လေသည်။

“ကောင်းပါပြီ ကျွန်မဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ လာရှာပါ့မယ်၊ ဥက္ကဌတို့က ဘယ်တော့သွားကြမှာလဲ” ရှီမာယူယူသည် သူတို့ကိုပို့ရင်း မေး လိုက်သည်။

“မကြာခင်ပါ” ရှားကျောင်ထျန် ဆက်ပြောလေသည် “ဒါဆိရင် ငါတို့ အသင်းကိစ္စတွေ ဆုံးဖြတ်ပြီးရင် မင်းကို အသိပေးလိုက်မယ်”

“ရပါတယ် ကျွန်မလည်း တခြားလုပ်စရာလေးတွေ ရှိသေးတယ်၊ ကျွန်မ ကို တိုက်ရိုက်လာပြောရင်တောင် အကောင်းဆုံးပဲပေါ့” ရှီမာယူယူသည် သူတို့ နားလည်ပေးသည့်အတွက်‌ ကျေးဇူးတင်မိလေသည်။

“မင်းက ဒီအတွက်ကြောင့်ပဲ ဒဏ်ရာရထားပြီးတော့ လုပ်စရာတွေလည်း ဒီလောက်များတာ၊ ငါတို့လည်း တတ်နိုင်သလောက် ကူညီချင်ပါတယ်” ရှားကျောင်ထျန် ဆက်ပြောလေသည် “ဒါပေမဲ့ ယူယူ မင်းက မဟာမိတ် ဒုခေါင်းဆောင်မဖြစ်ခင်ကို ငါ့ရဲ့အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အဖွဲ့ဝင်ဆိုတာ မမေ့နဲ့နော်”

ရှီမာယူယူသည် သူ၏ ခါးသက်သောအကြည့်ကိုမြင်သောအခါ ရယ်မော လိုက်သည် “ဥက္ကဌ မစိုးရိမ်ပါနဲ့ ကျွန်မ မမေ့ပါဘူး”

“ကောင်းတယ်”

“ဪ ဟုတ်သားပဲ ကိုယ်ရံတော်ဂေါင်ရော” ရှားကျောင်ထျန်သည် ဂေါင်ကျိဟုန်နှင့် တပူးပူးတတွဲတွဲရှိတတ်သည်ကို ရှီမာယူယူ မှတ်မိသည်။ သူမ သူ့ကို မမြင်ရခြင်းကြောင့် ထူးဆန်းသည်ဟု သူမ ထင်မိသည်။ သူမ သူ့ကို နောက်ဆုံးမြင်ခဲ့သည်မှာပင် ကြာနေပြီဖြစ်သည်။

“အဲဒီအင်အားစုအကြောင်း စုံစမ်းဖို့ ငါ သူ့ကိုလွှတ်ထားတာ” ရှားကျောင် ထျန် ပြောလိုက်သည်။

ရှီမာယူယူ အံ့အားသင့်သွားသည် “ဒါဆိုရင် ဥက္ကဌရဲ့လုံခြုံရေးကို ဘယ်သူ က တာဝန်ယူမှာလဲ”

“တခြားကိုယ်ရံတော်တွေ ရှိပါတယ်” ရှားကျောင်ထျန် ပြောလိုက်သည်။

“တခြားကိုယ်ရံတော်တွေက ဥက္ကဌကို ကောင်းကောင်းကာကွယ်နိုင်လို့ လား” ရှီမာယူယူ စိုးရိမ်မိသည်။

မဟာမိတ်ကြောင်းသိလျှင် ထိုအင်အားစုသည် သူတို့ကို တစ်စုံတရာ လုပ် လာနိုင်သည်။ အစောင့်များ ကောင်းကောင်းမကာကွယ်နိုင်ပါက သူတို့ လုံခြုံ ရေးအတွက် ထိခိုက်လာနိုင်သည်။

“ပြဿနာမရှိပါဘူး” ရှားကျောင်ထျန် ဆက်ပြောလေသည် “ဘယ်လောက်ပဲ အားကောင်းတဲ့အင်အားစုဖြစ်ပါစေ အသင်းမှာတော့ လာပြီး ပြဿနာမရှာရဲဘူး”

“အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက် သည်။

သူတို့ ထွက်သွားပြီးနောက်တွင်လည်း စိုးရိမ်နေဆဲဖြစ်သဖြင့် သူ့နောက် လိုက်ရန် နီရဲပျားတချို့ကို လွှတ်ပေးလိုက်သည်။

ရှားကျောင်ထျန်နှင့် တခြားသူများ ထွက်သွားပြီးနောက်တွင် ပိုထာ့သည် လူတစ်စုခေါ်ကာ ဝင်လာသည်။ ရှီမာယူယူသည် သူတို့ကို အကဲခတ်လိုက်ရာ အယောက် ၂၀ နီးပါးရှိသည်။

“မိန်းကလေးယူယူ ကျုပ်တို့ မိန်းကလေးကိုတွေ့ဖို့ စောင့်နေတာပါ” သူတို့သည် ရှီမာယူယူကို နှုတ်ဆက်လေသည်။

သူတို့သည် ပုံမှန်မည်မျှပင် ဂုဏ်မောက်ပါစေ၊ လူသားများကို မည်မျှပင် အထင်သေးပါစေ ဒီနေ့တော့ သူတို့သည် ခေါင်းကိုအနိမ့်ဆုံး ငုံ့ထားရမည်။

သူတို့သည် ဒဏ္ဍာရီလာဂဠုန်ငှက်၏ တိုးတက်မှုကို ကြုံတွေ့ခဲ့ရပြီး ဟင်္သာပဒါးရောင်ငှက်၏ ပေါ်ပေါက်လာမှုနှင့်အတူ ငှက်မျိုးနွယ်တွင် ရှီမာယူယူ ၏ ရာထူးကိုလျစ်လျူရှု၍မရပေ။

“မင်းတို့က…” ရှီမာယူယူသည် သူတို့ကို မသိပေ။

“ကျုပ်တို့က ငှက်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်တွေပါ၊ ကျုပ်တို့ အဲနေ့က မရှိလိုက်လို့ မိန်းကလေးထိခိုက်တယ်လို့ ကြားတာနဲ့ အလောတကြီး ဒီကိုလာပြီး ဒီနေ့လာလည်တာပါ မိန်းကလေးနဲ့ လူကြီးမင်း ခွင့်လွှတ်ပေးပါ”

“ဒီနေ့ မင်းတို့က ကြက်သွေးရောင်မီးတောက်ကို လာတွေ့တယ်ဆိုတာ ငါ သိပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “ကြက်သွေးရောင်မီးတောက် ထွက်လာခဲ့လိုက်တော့”

ကြက်သွေးရောင်မီးတောက်ထွက်လာရာ ငှက်မျိုးနွယ်ခေါင်းဆောင်များ သည် သူ၏ ဖိအားကြောင့် မရပ်နိုင်တော့ဘဲ ဒူးထောက်ကြရလေသည်။

“တွေ့ရတာဝမ်းသာပါတယ် တန်ခိုးရှင်အံ့ဖွယ်ငှက်”

ကြက်သွေးရောင်မီးတောက်သည် သူတို့ကို စိတ်မဝင်စားသလိုကြည့်ပြီး ပြောလေသည် “နောက်တစ်ခါ သူမကိုတွေ့ရင် ငါ့ကိုလေးစားသလို သူမကို လေးစားရမယ် နားလည်လား”

“ဟုတ်ကဲ့ နားလည်ပါပြီ” မျိုးနွယ်ခေါင်းဆောင်၏ နဖူးတွင် ချွေးအေးများ ထွက်လာသည်။ သူတို့သည် ရှီမာယူယူ၏ ရာထူးကိုအသိအမှတ်ပြုသော်လည်း သူတို့မျက်လုံးထဲတွင်တော့ ရှီမာယူယူသည် မျိုးဆက်ငယ် တစ်ယောက်ဖြစ် သောကြောင့် သူမကို မလေးစားလိုက်မိပေ။

ထိုအရာသည် ကြက်သွေးရောင်မီးတောက်ကို နှိုးစွလိုက်မည်ဟု ထင် မထားပေ။ သူတို့ ရှီမာယူယူ၏ ရာထူးကို အလေးထားမှုပြုနေစဉ်မှာပင် ကြက် သွေးရောင်မီးတောက်သည် သူ၏အားအရသာကို မြည်းစမ်းစေခဲ့သည်။

ကြည့်ရတာ ဒီဘိုးဘေးလေးကိုတော့ နောက်ကို ပေါ့ပေါ့တန်တန် သဘောထားလို့မရတော့ဘူးပဲ။

ကြက်သွေးရောင်မီးတောက်သည် သူ၏ ဖိအားကိုပြန်သိမ်းပြီး ရှီမာယူယူ ဘေးတွင်ရပ်ကာ ပြောလိုက်သည် “မင်းတို့ ထလို့ရပြီ”

မျိုးနွယ်ခေါင်းဆောင်များသည် ကတုန်ကယင်ထလိုက်ကြသည်။ အခု သူ ပြသလိုက်သော ဖိအားမှာ ကြက်သွေးရောင်မီးတောက်သည် သူတို့ကို အတွေး တစ်ချက်နှင့်တင် သတ်လို့ရမည်ဟု အတွေးဝင်မိသည်။

“ဟုတ်ပြီ ငါ့ကို တွေ့ပြီးပြီ၊ ငါ့စာချုပ်သခင်ကိုလည်း နောက်ကိုဘယ်လို ဆက်ဆံရမဲဆိုတာ သိပြီးပြီဆိုတော့ အခုပြန်သွားလိုက်တော့” ကြက် သွေးရောင်မီးတောက် ပြောလိုက်သည်။

“…” ရှီမာယူယူသည် ဆွံ့အသွားသည်။ သူတို့ ဒီလောက်ကြာအောင် စောင့်ခဲ့ရတာကို သူက ပြန်ဖို့ပြောနေပြီ။

မျိုးနွယ်ခေါင်းဆောင်များသည် အံ့အားသင့်သွားကြကာ ထိုင်ရာမှ မလှုပ်ကြပေ။

ဒီတန်ခိုးရှင် အံ့ဖွယ်ငှက်က တင်းမာလိုက်တာ။

“တန်ခိုးရှင်အံ့ဖွယ်ငှက်…”

“တစ်ခုခုရှိရင် မင်းတို့ကို ငါခေါ်လိုက်မယ် မင်းတို့လာရာအတိုင်းပဲ ပြန် လိုက်ကြပါ” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။

“….”

သူတို့သည် တန်ခိုးရှင်အံ့ဖွယ်ငှက်နှင့် ထပ်ပြီးအဆက်အဆံလုပ်ချင် ‌သော်လည်း ကြက်သွေးရောင်မီးတောက်ကို မငြင်းဆန်နိုင်သောကြောင့် နောက်ဆုံးတွင် ထိုမျိုးနွယ်ခေါင်းဆောင်များသည် ရွေးချယ်စရာမရှိတော့ဘဲ ပြန်သွားရလေသည်။ ပြီးနောက်တွင် ယူယူနှင့် သူ လာမရှာမချင်း သူတို့ဘဝကို လာမနှောင့်ယှက်ရန် ကြက်သွေးရောင်မီးတောက် ပြောလိုက်လေသည်။

ကြက်သွေးရောင်မီးတောက်သည် မောက်မာလွန်းသည်ဟု ရှီမာယူယူ ခံစားမိသည်။ သို့သော် မျိုးနွယ်ခေါင်းဆောင်များသည် ကျိုးနွံစွာ နာခံကြလိမ့် မည်ဟု သူမ ထင်မထားပေ။

ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူကို အံ့အားသင့်သလိုကြည့် ပြီးနောက် ဘာမှမဖြစ်သလိုပင် သူမ ခွက်ကိုကူပြီး တစ်ကျိုက်သောက်ပြီး ပြော လိုက်သည် “ဒါက ကမ္ဘာကြီးရဲ့ ကြီးစိုးခြင်းအခြေခံသဘောတရားပဲ မင်း ကျင့်သားရနေမှဖြစ်မယ်”

“အဲဒါ ငါ့လက်ဖက်ရည်ခွက်…” ရှီမာယူယူ ငြင်းဆန်လေသည်။

“မင်းရဲ့ဝူလင်းယူ ဒီမှာမရှိမှတော့ သူဘာမှပြောနိုင်မှာမဟုတ်ဘူး” ကြက်သွေးရောင်မီးတောက်သည် ဂရုမစိုက်သလိုပြောလေသည်။

“မင်း မရွံဘူးလား”

“ကျင့်သားရနေပြီ” ကြက်သွေးရောင်မီးတောက်သည် နောက်တစ်ကျိုုက် သောက်ပြီးနောက် လက်ဖက်ရည် ခွက်ကိုချကာ ဝိညာဉ်စေတီအတွင်းသို့ ပြန် သွားလေသည်။

သူ့ဘာသာသူ ပြန်ဝင်သွားသည်ကို ရှီမာယူယူမြင်သောအခါ သက်ပြင်းချ လိုက်သည်။ အင်အားရှိတာ ကောင်းလိုက်တာ။

စဉ်းစားကြည့်ရာတွင် ကြက်သွေးရောင်မီးတောက်သာ ပုန်ကန်ပါက သူမ လုပ်နိုင်သည့်အရာမရှိပေ။

ကံကောင်းစွာပင် သူ့တွင် ထိုကဲ့သို့ရည်ရွယ်ချက် မရှိပေ။

အားလုံးထွက်သွားချိန်တွင် သူမ ပင့်သက်ရှိုက်ကာ မတ်တတ်ထပြီး ဧည့်ခန်းမှ ထွက်လာလိုက်သည်။

ခြံအနောက်မှ အခြေအနေကို မသိသဖြင့် သူမ ထွက်လာရာ အဆင်မချော လှသော ဘိုးဘိုးကြီးနှင့် ဝူလင်းယူတို့အကြားမှ အပြန်အလှန်ပြောဆိုမှုကို ကြား လိုက်ရသည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် သူမ၏ သွေးသားရင်း ဘိုးဘိုး ကြီးဖြစ်နေသေးသည်။ သူမသည် ဘိုးဘိုးကြီး၏ အသိအမှတ်ပြုမှုကို ရထား သော်လည်း သူသည် ထိုတစ်ဆင့်ကိုကျော်ဖြတ်ရန်လိုသေးသည်။

သူမ ပြန်ရောက်သည်နှင့် ထိုနေရခက်သော အနေအထားကိုမြင်ရမည်ဟု ထင်ထားသော်လည်း ခြံသို့ပြန်ရောက်သည်နှင့် ပျော်ရွှင်ပြီး ဟာသနှောနေသော မြင်ကွင်းကိုမြင်ရလိမ့်မည်ဟု ထင်မထားပေ။

သူတို့လေးယောက်သည် လက်ဖက်ရည်သောက်ကာ ပျော်ပျော်ရွှင်ရွှင်ပင် စကားပြောနေကြရာ သူမ တွေးထားသလိုမဖြစ်ပေ။

သူမ ထွက်သွားစဉ်က ဘိုးဘိုးကြီး သူ့ကိုမေးမြန်းနေပုံကို မှတ်မိသေး သည်။ ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ်ရင်းနှီးသွားကြတာလဲ။

ဒီလူကြီးကတော့ တကယ်ပဲ သူ့နည်းလမ်းနဲ့သူရှိတာပဲ။

***

All Chapters