အခန်း (၁၃၂၅)
Vol. 89 Ch. 1325
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်တော့ ယုဒြာကုန်းမြေတိုက်ကြီးတစ်ခုသာလျှင် ကျွင်းချောင်ရှောင်းနှင့် ရင်းနှီး သူဖြစ်၏။ ကဲ့ကျင်းနန်သည် သူ၏ အရင်းနှီးဆုံး စီးပွားရေးလက်တွဲမှုကိုလည်း ပြောဆို၍ ရနိုင်၏။ ထို့ကြောင့် ဤတည်နေရာသို့ ရောက်ရှိလာပြီး အဓိကထားကာ နှုတ်ဆက်ခြင်းပင် ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း …. ဘယ်အချိန်သွားမှာလဲ။ ဘာလုပ်ဖို့သွားမှာလဲ။”
“ကျုပ် အရေးကြီးတဲ့ကိစ္စကြီးတစ်ခုကို လုပ်စရာရှိတယ်လေ။”
“ဒါဆိုရင်လည်း ဂိုဏ်းချုပ်ကျွင်းတစ်ယောက် အကောင်းဆုံးဖြစ်စေဖို့ ဒီကဲ့က ဆုတောင်းပေးလိုက်ပါတယ်။ အရာ အားလုံးက အဆင်ပြေချောမွေ့ပါစေ။”
ကျွင်းချောင်ရှောင်းပြောသည့် ကိစ္စကြီးဆိုသည်မှာ သူ၏ တပည့်များကို ခေါ်ဆောင်ကာ အထက်နယ်မြေဆီသို့ သွား မည်အကြောင်းဖြစ်မည်မှန်း ကဲ့ကျင်းနန်သာ သိသည်ဆိုပါက အံ့အားသင့်မိနေမှာသေချာ၏။
“နှုတ်ဆက်ပါတယ် … မြို့တော်ဝန်ကဲ့။”
“ဂိုဏ်းချုပ်ကျွင်း … ဂရုစိုက်ပါ။”
၎င်းတို့နှစ်ယောက်သည် ပြည့်စုံလှသည့် စီးပွားရေးလက်တွဲဖော်များဖြစ်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ လမ်းခွဲ ရတော့မှာ ဖြစ်တော့၏။ အနာဂတ်မည်သည့်အချိန်တွင်မှ ပြန်လည်တွေ့ဆုံရမည်ဆိုသည်ကို မည်သူမှ မသိနိုင်ချေ။
ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ဆီသို့ မပြန်ခင်တွင် တစ်ခြားသော ဂြိုဟ်များဆီသို့ သွားရောက်ကာ လည်ပတ်ခဲ့သေး၏။ နှင်းဆီဧကရီသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်အရှေ့၌ ထိုင်လျက်စောင့်နေတုန်းပင်ဖြစ်၏။ သူမသည် ဝိညာဉ်မျိုးနွယ်များ၏ ကိစ္စရပ်များအားလုံးကို သူမ၏ အထူး စွမ်းရည်ကို အသုံးပြုကာ စီစဉ်ပြီးသားဖြစ်သည်။
ဧကရီအသစ်တစ်ပါးဖြစ်လာပြီးသည့်နောက်မှာတော့ သူမသည် တစ်နှစ်ပတ်လုံး တစ်ခြားသောဂြိုဟ်များဆီသို့ သွား ရောက်ကာ တိုက်ခိုက်နေခဲ့၏။ ထို့ကြောင့် ဂြိုဟ်၏ နေ့စဉ်ကိစ္စရပ်များကို စီမံသည့် အလေ့အကျင့်သည် သူမအတွက် တော့ ရိုးရှင်းလွယ်ကူနေပြီဖြစ်သည်။
“ခင်ဗျား ကျုပ်နဲ့ လိုက်ခဲ့မှာ သေချာလား။” ကျွင်းချောင်ရှောင်းသည် ထပ်မံကာ မေးမြန်းလိုက်၏။
“သေချာပါတယ်။” နှင်းဆီဧကရီက လေးလေးနက်နက်ပြောလိုက်သည်။
“ဒါဆိုလည်း သွားကြရအောင်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
နှင်းဆီဧကရီ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ပြောပြောပြီးချင်း ကျွင်းချောင်ရှောင်းသည် သူမအား လက်ကမ်းပေးနေသောကြောင့်ပင်။ ဆိုလိုသည့်အဓိပ္ပာယ်မှာ ……..
စနစ်က အံ့အားသင့်မိသွား၏။
“ကိုးနှစ်လုံးလုံး တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်မှာ တကယ့်ကို ဉာဏ်အလင်းရသွားပြီပဲ။ သူကစပြီး ကောင်မလေး ကို လက်ကမ်းပေးနေပြီပဲ။”
တံခါးပိတ်ကျင့်ကြံနေတုန်း သူမသိအောင် ခံစားချက်တိုးမြင့်နေမည့် ဆေးပုလင်းများကို ထုတ်ယူကာ ဝယ်ယူ၍ သောက်သုံးနေသည်လား မသိချေ။
မဟုတ်သေးပေ။ လက်ခံသူလို လူတစ်ယောက်အတွက် ဤကဲ့သို့ ခံစားချက် တိုးမြင့်စေနိုင်မည့် ဆေးပုလင်းများကို ဝယ်၍ သောက်မည်ဆိုလျှင် ၉၉၉ ပုလင်းလောက် သောက်လျှင်တောင် အသုံးမဝင်နိုင်သေးချေ။
“အထင်မမှားနဲ့။”
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲကို ဝင်တဲ့အချိန်မှာ ကျုပ်က ဦးဆောင်ပြီးဝင်မှ ဖြစ်မှာမလို့။”
“သြော် …”
နှင်းဆီဧကရီသည် သူမ၏ လက်ကို အသာကမ်းပေးလိုက်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူမ၏ လက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် တရကြမ်း ဆွဲခေါ်သွားတော့၏။
“……….”
စနစ်က ဆွံ့အသွားမိ၏။ “ကြမ်းတမ်းလိုက်တဲ့ကောင်။ နေအုံး။ လက်ခံသူအနေနဲ့ အပြင်လူတွေကို ဘယ်လိုပဲမဆို ခေါ်သွားနိုင်တယ်လေ။ ဘယ်လိုဖြစ်ပြီးတော့ သူက ရှေ့ကနေပြီးတော့ ဆွဲခေါ်မှ ဖြစ်မယ်ဆိုတဲ့ စည်းမျဉ်းက ပေါ်လာရတာလဲ။”
“တော်စမ်း။”
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ခရမ်းရောင်ဘုရင်သည် ပြောင်းလဲခဲ့၏။ ထို့အတူ ရီရှင်းချန်သည်လည်း ပြောင်းလဲခဲ့ သည်။ ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်းသည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူ့အနေနှင့် အစီအရင်များကို လေ့လာရင်း နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးသည့်နောက်မှာတော့ သူ၏ စိတ်အခြေအနေသည်လည်း ပိုမိုကာ ပြောင်းလဲသွားခဲ့၏။
ယနေ့အချိန်မှာတော့ သူသည် ကောင်မလေး၏ လက်ကိုပင် ဆွဲယူနေပြီဖြစ်သည်။ “အထက်နယ်မြေကို သွားတဲ့ အချိန်မှာ ကျုပ်စကားကို နားထောင်ရမယ်။”
“ကောင်းပါပြီ ယောကျ်ား။”
“အထက်နယ်မြေကို ရောက်တဲ့အချိန်မှာ ပေါက်ကရတွေ လျှောက်မလုပ်ဘူး။”
“ကောင်းပါပြီယောကျ်ား။”
“ကျုပ်ကို ဂိုဏ်းချုပ်လို့ခေါ်။”
“ကောင်းပါပြီယောကျ်ား”
…….
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ၏ လက်အား ဒေါသတကြီးဖြင့် ဆွဲကာ တည်နေရာ ဂိတ်တံခါးဆီသို့ လှမ်းလျှောက်သွားတော့၏။
ပြောရမည်ဆိုလျှင် အတိတ်တုန်းက နှင်းဆီဧကရီဆိုသည်မှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သူမအနေနှင့် သူမ၏ ဧကရီဆိုသော ဂုဏ်ပုဒ်နှင့် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးအား ထားရစ်ခဲ့ ကာ ကျွင်းချောင်ရှောင်း ဆီသို့ လိုက်ပါလာခဲ့ပြီ မဟုတ်ပါလား။
…
ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ သွားပြီးသည့်နောက် ၎င်း၏ မိန်းမကို ပြန်လည်ခေါ်ဆောင်လာသော ကြောင့်ပင်။
ဂိုဏ်းချုပ်တစ်ယောက် လက်ထပ်သွားသည်ကို တပည့်များသည် အစောကြီးကတည်းက သိရှိသွားပြီဖြစ်၏။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသာ ဖြစ်၏။ ထို့ကြောင့် တော်တော်များများသည် ဂိုဏ်းချုပ်၏ မိန်းမကို မမြင်ဖူးခဲ့ချေ။
နှင်းဆီဧကရီ ဂိုဏ်းထဲသို့ ရောက်လာသည့်အချိန်မှာတော့ သူတို့အားလုံးသည် အံ့အားတကြီး ဖြစ်လို့နေလေသည်။
ဤနေရာတွင် ပြဿနာတစ်ခုတည်ရှိနေ၏။ ဤသတင်းကို မည်သူက ဖွလိုက်သနည်း။
ပြောရမည်ဆိုလျှင် ရီရှင်းချန်သည် ပထမအကြိမ်တုန်းက များပြားလှသည့် အကျဉ်းသားများနှင့် တိုက်ခိုက်စဉ် ကျိုးဒူဒူက ထမ်း၍ နှာနှပ်ယူခဲ့ရ၏။ ထိုအရာကိုလည်း တစ်ဂိုဏ်းလုံးက သိရှိခဲ့သည်။
“ကောင်းကင်ဘုံ”
ရောင်မုန့်ယဉ်သည် မျက်လုံးအပြူးသားဖြင့် အံ့အားသင့်လျက်ရှိနေ၏။ “ဂိုဏ်းချုပ်ခေါ်လာတဲ့ အစ်မကြီးက အရမ်းကို လှပြီးတော့ ကြည့်ကောင်းလိုက်တာ။”
“ကောင်မလေး”
လျှိုဝမ်ရှစ်သည် လေးလေးနက်နက် ပြောလိုက်သည်။ “သူ့ကို အစ်မကြီးလို့ ခေါ်လို့မဖြစ်ဘူးလေ။ ဂိုဏ်းချုပ်ကတော်လို့ ခေါ်မှဖြစ်မှာ။”
“အင်း အင်း အင်း”
ရောင်မုန့်ယဉ်သည် အလောတကြီးဖြင့် ခေါင်းညိတ်ပြလိုက်၏။ နှင်းဆီဧကရီ ရောက်လာသောကြောင့် တပည့် အားလုံးသည် ကျင့်ကြံရန် အချိန်မရှိတော့ချေ။
အားလုံးတို့သည် အဓိကဟောခန်းဆီသို့ လာရောက်ချောင်းမြောင်းကာဖြင့် တီးတိုးပြောဆိုလျက်ရှိနေ၏။
“ဒုတိယစီနီယာအစ်ကို ဂိုဏ်းချုပ်ကတော် လို့ခေါ်ရတာ ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားမိတယ်။”
“ဒါဆိုရင်လည်း ဆရာကတော်လို့ ခေါ်လေ။”
ဂိုဏ်းချုပ်နှင့် တပည့်များသည် ဆရာနှင့် တပည့်များဟုပင် သတ်မှတ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် လီချင်းယန်နှင့် စုရှောင်မို တို့အနေနှင့် ဂိုဏ်းချုပ်ကတော်ဟု ခေါ်မည့်အစား ဆရာကတော်ဟု ခေါ်ဆို၍လည်းရနိုင်သည်။
…
အဓိကဟောခန်းအတွင်းမှတော့ နှင်းဆီဧကရီသည် စားပွဲပေါ်တွင်ရှိနေသော ဝင်ခွင့်ဖောင်အား ကြည့်ကာ ပြုံးလိုက်၏။
“ကွာရှင်းစာချုပ်ကို မီးရှို့ပစ်လိုက်တာ ဒါကြောင့်လား။”
စားပွဲ၏ ထိပ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို အသာဆုပ်ကာဖြင့် ပြောလိုက်သည် “ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမှသာ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲက အထက်နယ်မြေဆီကို ကျုပ်နဲ့အတူ လိုက်လို့ရမှာလေ။”
“ကောင်းပြီ။”
နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မ သဘောတူတယ်။”
သူမသည် ဝိညာဉ်မျိုးနွယ်များ၏ ဧကရီမ ဖြစ်၏။ ဂြိုဟ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အုပ်စိုးသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း မည်သည့်ဂိုဏ်းဝင်တစ်ယောက်မှ မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းတစ်ခုကို ဝင်ရောက်ခြင်း အတွက် သူမအနေနှင့် ငြင်းစရာအကြောင်းလည်းမရှိချေ။ ထို့အတူ ဤဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူမ၏ ယောကျ်ား ဖြစ်နေသည်မဟုတ်ပါလား။
“ဒင် …. ဂိုဏ်းအဖွဲ့ဝင် ၁၀၀၀၀၁”
“ဒင် …… ဂိုဏ်းစုဆောင်းမှတ် ၂၁၀၀၀၁”
နှင်းဆီဧကရီ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းထဲတွင် တည်နေရာချိုးဖြတ်ခြင်းအဆင့် နှင့် နှိုင်းယှဉ်၍ ရနေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ထပ်တိုးလာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ခဏလောက်တွေးတောလိုက်၏။ “ဂိုဏ်းထဲမှာ အဖွဲ့ဝင်အရေအတွက်ကို ကန့်သတ်မထားတော့ဘူး။ ဒီတော့ တပည့်တွေကို ခေါ်ယူတာနဲ့ တစ်ပြိုင်နက် ငါ ဂိုဏ်းစုဆောင်းမှတ်တွေ ထပ်ပြီး ရနေမှာပေါ့။ ဒါက အဆုံးအစမဲ့ကြီးပဲ။”
“လက်ခံသူရဲ့ အကြံအစည်က အရမ်းကို ကောင်းတယ်။ ဒါပေမဲ့ မမေ့နဲ့။ တပည့်တစ်ယောက်တိုးလာတယ်ဆိုတာ သိုင်းအရင်းအမြစ်တွေ ထပ်ပြီး ပေးရမယ့် အဓိပ္ပာယ်ပဲလေ။ ဒီတော့ အိပ်မက် မက်မနေတာ ကောင်းမယ်။” စနစ်ကပြောလိုက်သည်။
“………”
ကျွင်းချောင်ရှောင်းသည် မျက်နှာအား ရေအေးအေးနှင့် အပက်ခံလိုက်ရသလိုပင် ခံစားလိုက်ရ၏။ အမှန်ပင် ဂိုဏ်းအဖွဲ့ သားတစ်ယောက် တိုးလာခြင်းဆိုသည်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာခြင်းသာဖြစ်၏။ ၎င်းတို့အား ထိုက်တန်စွာ ပြုစု ပျိုးထောင်ပေးရဦးမည်။
“ဟင်း” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသာလျှောက်လှမ်းကာ ပြောလိုက်သည်။ “ဆရာကတော်ရဲ့ နေအိမ်အကုန်လုံးကို စီစဉ်ပြီးသွားပြီ။ ဂိုဏ်းချုပ်ရဲ့ ခြံဝန်းဘေးနားမှာ ထားထားပါတယ်။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဤအမျိုးသမီးအား နဂါးကျောရိုးတောင်ထွတ်ပေါ် တွင် ထားရန် သူအရိပ်အမြွက်ပြောဆိုခဲ့၏။ သို့ပေမဲ့ သူ၏ ဒုတိယတပည့်သည် နဂါးခေါင်းတောင်ထွတ်တွင် ထားရန် စီစဉ်ခဲ့၏။
စနစ်က ပြောလိုက်သည်။ “ဘာပဲပြောပြော ဂိုဏ်းထဲက တပည့်တွေအကုန်လုံးက သူမကို ဂိုဏ်းချုပ်ရဲ့ မိန်းမအဖြစ် သိထားတာလေ။ ဒီတော့ သူမ သာ မင်းနဲ့အတူတူ မနေဘူးဆိုရင် တစ်ခြားသူတွေအတွက် အတင်းအဖျင်း ပြောစရာဖြစ်လာလိမ့်မယ်။ ဒုတိယ တပည့်ကြီးရဲ့ စီစဉ်မှုက ပြဿနာတစ်ခုရှိနေတယ်လို့ ငါမထင်ဘူး။”
“မင်းဘာကိုတွေးတွေး ငါဂရုမစိုက်ဘူး။ ငါတွေးချင်တာ ငါတွေးမယ်။”
…
“ထားလိုက်တော့။ ထားလိုက်တော့။ သူမဘယ်နေရာမှာနေနေ အရေးမကြီးဘူး။ လောလောဆယ် အထက်နယ်မြေဆီ သို့ တက်လှမ်းဖို့ မြန်မြန်ဆန်ဆန် ပြင်ဆင်မှဖြစ်မယ်။”
အရာအားလုံးကို စီစဉ်ပြီးသည့်နောက်မှာတော့ နှင်းဆီဧကရီသည် ပြိုင်စံရှားဂိုဏ်းသို့ လှည့်လည်ကာ ကြည့်ရှုခဲ့၏။ အထူးသဖြင့် သာမန်ထက်ပိုသည့် အရည်အချင်းကို ပိုင်ဆိုင်သည့် တပည့်များအား မြင်ရသည့်အချိန်မှာတော့ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “ယောကျ်ားရဲ့ ဂိုဏ်းက အရမ်းကို အားကောင်းတာပဲ။ ဒါကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ တစ်ခြားသူတွေ ကြောက်ရွံ့ကြတာကိုး။ အံ့အားသင့်စရာ မဟုတ်တော့ဘူး။”
ရက်အနည်းငယ်အတွင်းမှာပဲ ဂိုဏ်းအကြောင်း ပိုမိုကာ လေ့လာခဲ့၏။ သူမအနေနှင့် ပိုမိုကာ အံ့အားသင့်မိနေ၏။ သူမ၏ အမြင်အရဆိုလျှင် ဂိုဏ်း၏ အတွင်းစည်းတပည့်များအားလုံးသည် ကြောက်ခမန်းလိလိ ပါရမီကို ပိုင်ဆိုင်သည့် သူများပင် ဖြစ်နေသည်။
“ဒါက မယုံနိုင်စရာပဲ။ ယောကျ်ားဘယ်လိုများလုပ်ထားတာလဲ။”
နှင်းဆီဧကရီသည် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်ကို သိရှိရသည့်အချိန်မှာတော့ တကယ်ပင် ထိတ်လန့်တုန်လှုပ် မိ၏။ လီချင်းယန်နှင့် တစ်ခြားသောတပည့်များဆီမှ ဂိုဏ်း၏ သမိုင်းကြောင်းကို သိရှိရသည့်အချိန်မှာတော့ အဘယ့်ကြောင့် ဤမျှ အားကောင်းနေသည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။
ဟုတ်ပေသည်။ ဤအရာမှာ အစစ်အမှန် အခြေခံပင် ဖြစ်တော့၏။ ရှေးယခင်ကတည်းက ဆင်းသက်ခဲ့သော ဂိုဏ်းကြီးတစ်ခု၏ အခြေခံသည် ကြောက်မက်ဖွယ်ရာကောင်းလှကြောင်း သူမသိရှိသွားခဲ့၏။ အမှန်တကယ်တမ်း မှာတော့ ဤအရာသည် အခြေခံပင် ဖြစ်တော့၏။ မည်သို့သော အခြေခံဖြစ်သနည်း ဆိုသော် ဆာဗာခိုးသည့် အခြေခံပင် ဖြစ်ပေလိမ့်မည်။
“နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ်ကတော်”
“နှုတ်ဆက်ပါတယ်။”
ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ယဉ်ကျေးစွာဖြင့် ဆက်ဆံလျက်ရှိနေ၏။ ၎င်းတို့သည် ဂိုဏ်းချုပ်၏ ကတော်ကို မြင်ရသည့်အချိန်တိုင်းတွင် ဦးညွှတ်ကာဖြင့် လေးလေးစားစား ဆက်ဆံတတ်၏။
လဝက်ခန့် ကြာပြီးသည့်နောက်မှာတော့ မြောင်ဟွာခန်းမသခင်သည် ကျွင်းချောင်ရှောင်းဆီသို့ စာရေးသားပေးပို့ ထား၏။ သေသေချာချာ ဖတ်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ “သူမက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာပဲ နေဖို့ ရွေးချယ်လိုက်တာကိုး။”
ရှစ်ကျန်းရွမ်သည် သူမ၏ အားအင်အဆင့်မှာ အကန့်အသတ်ရှိနေသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း၏ အနောက်သို့ မလိုက်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်၏။
…
နောက်ထပ်လဝက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အချိန်ကျရောက်ပြီဟု တွေးတော ထားခဲ့၏။ ထို့ကြောင့် ညအမှောင်ကို အခွင့်အရေးယူပြီးသည့်နောက် သူသည် ကောင်းကင် နှင့် မြေကြီးဖန်တီးခြင်း အစီအရင်တစ်ခုလုံး၏ အလယ်ဗဟိုတွင် မတ်မတ်ရပ်လိုက်သည်။
ဟူး ဟူး ……။
အလင်းတန်းများသည် ဖြစ်တည်လာခဲ့ပြီး မဲမှောင်လျက်ရှိနေသည့် ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။ ပြီးနောက် ထိုအလင်းတန်းများသည် ပြန့်ကျဲကာဖြင့် သံမဏိအရိုးတောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
“လာပြီပဲ။ လာပြီ။”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည် ခေါင်းကို မော့ကြည့်လိုက်၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ စိတ်အားတက်ကြွမှုများနှင့် တောက်ပလျက်ရှိနေသည်။
“အထက်နယ်မြေ။”
ဤအရာသည် သူတို့မရင်းနှီးသည့်အရာဖြစ်၏။ မည်မျှ ခက်ခဲလှသော အကြောင်းအရာများ တည်ရှိနေသနည်း ဆိုသည်ကိုလည်း မသိချေ။ သို့ပေမဲ့ ဓားပင်လယ် သို့မဟုတ် မီးပင်လယ် ဖြစ်မည်ဆိုလျှင်တောင် သူတို့ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းချုပ်နှင့်အတူ အကြောက်အလန့်ကင်းစွာဖြင့် လျှောက်လှမ်းသွားမှာသေချာ၏။
“အချိန်ကျရောက်ပြီ။”
ကျွင်းချောင်ရှောင်းသည် လပြည့်ဝန်းကြီးကို ကြည့်ရှုကာဖြင့် မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။ “အထက်နယ်မြေ။ ကျုပ်လာပြီ။”
ဝှစ်