← Chapters

ထူးဆန်းသည့်လူ

Vol. 015 Ch. 1407

ထူးဆန်းသည့်လူ

Vol. 015 Ch. 1407

ချောက်နက်အောက်တွင် ရီဖူရှင်းသည် ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များနှင့် သူ့ကိုယ်သူနှင့် ရှားရှင်းယွန်ကို ပိုးအိမ်ကဲ့သို့ ရစ်ပတ်ထားသည်။

ထိုအချိန်၌ သူသည် တစ်ခုခုကို အာရုံခံမိပြီး သူတို့ ခန္ဓာကိုယ်များအနီးတွင် ရစ်ပတ်ထားသော ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များကို ဖြေလျှော့လိုက်သည်မှာ ပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ပင် ဖြစ်သည်။ ပိုးအိမ်လို ရစ်ပတ်ခံထားရသည့်အတွင်းမှ သူနှင့် ရှားရှင်းယွန်သည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

သူတို့က မျက်လုံးများကို မှိတ်လိုက်သည်။ ရီဖူရှင်းသည် ဤအချိန်အတောအတွင်း ပြန်လည် ကောင်းမွန်နေပြီဖြစ်ကာ ထွက်သွားရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့သော် ထို မကောင်းဆိုးဝါး အသိစိတ်များက သူ့အလိုလို ပျက်ပြယ်သွားမည်ဟု ထင်မှတ်မထားခဲ့ပေ။

ရီဖူရှင်း၏ ဘေးတွင် ရှားရှင်းယွန်သည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ မျက်လုံးများကို မှိတ်ထားသည်။ ထိုအချိန်တွင် သူမ၏ ပါးပြင်က လောင်ကျွမ်းနေသကဲ့သို့ နီရဲနေ၏။ သူမ၏ မျက်တောင်များက လှုပ်ရှားလာပြီး  တောက်ပသော မျက်ဝန်းများကို ခပ်ဖြေးဖြေး ဖွင့်ဟလာသည်။ သူမသည် မျက်လုံးကို တိတ်တဆိတ်ဖွင့်ကာ တစ်ချက်ကြည့်လိုက်လျှင် ချောမောလှသည့် မျက်နှာနှင့် လေထဲတွင် လွင့်ဝဲနေသည့် ငွေရောင်ဆံပင်ရှည်တို့က သူမ၏ အမြင်အာရုံအတွင်း ဝင်ရောက်လာသည်။

ရီဖူရှင်းသည်လည်း ထိုအကြည့်ကို ခံစားမိကာ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ရှားရှင်းယွန်က အလျင်အမြန်ပင် သူမ၏ အကြည့်တို့ကို လွှဲဖယ်ကာ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူမ၏ မျက်လုံးများက တစ်နေရာကို စူးစိုက်သွားကာ သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ အသက်ဓာတ်က ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ရီဖူရှင်းသည်လည်း ရှေ့သို့ ကြည့်လိုက်ကာ ငူ၏ အမူအရာက ပြောင်းလဲသွားသည်။ အေးစိမ့်မှုက ကျောရိုးတလျှောက် စိမ့်တက်လာပြီး ကြက်သီးမွေးညင်းများ ထလာခဲ့သည်။

ပုံရိပ်တစ်ခုက သူတို့၏ အရှေ့တွင် ရပ်၍ နေသည်။

ထိုသူ ရပ်နေရာ၌ မည်သည့် အသက်ဓာတ်မှ ထုတ်လွှတ်ထားခြင်းမရှိဘဲ သူ၏ တည်ရှိမှုကိုပင် အာရုံခံနိုင်ခြင်း မရှိပေ။ သူက တည်ရှိမနေသကဲ့သို့ပင် ဖြစ်၏။ သူက ထိုနေရာ၌ ရပ်ကာ ရီဖူရှင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် သွေးနီရောင်လွှမ်းနေပြီး အကြည့်တစ်ချက်နှင့်ပင် ရီဖူရှင်းနှင့် ရှားရှင်းယွန်၏ စိတ်ကို တိုက်ရိုက်ထိုးဖောက်နိုင်ခြင်း ရှိသည်။

တစ်စုံတစ်ယောက်က ဤနေရာ၌ ရှိနေနိုင်သည်။

သို့ပေမယ့် မှန်နန်းသခင်မက မည်သည့်နေရာသို့ ရောက်နေသနည်း။

“ရီဖူရှင်းက စီနီယာကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက သူ့ ရှေ့မှ ပုံရိပ်ကို အရိုအသေပြုလိုက်သည်။ ထိုသူက ရီဖူရှင်းအား ဆက်လက်၍ ကြည့်နေဆဲ ဖြစ်ကာ သူ့မျက်နှာထက်တွင် မည်သည့် အမူအရာမှ မပေါ်ဘဲ သူ၏ ခန္ဓာကိုယ်သည်ပင် တည်ရှိမနေသကဲ့သို့ ခံစားရပေသည်။

“ဘုန်း” သူ့ခန္ဓာကိုယ်က အဝေးသို့ ဖျတ်ခနဲ ထွက်ခွာသွားကာ ချောက်နက်ထဲမှ ပျောက်ကွယ်သွားသည်။ ရီဖူရှင်းက မော့ကြည့်လိုက်ပြီး သူ၏ အသက်ဓာတ်ကိုသာလျှင် အာရုံခံမိပေသည်။

“သွားစို့” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပျံသန်းသွားပြီး ချောက်နက်အထက်သို့ တက်လိုက်ပြီးနောက် ခဏအကြာတွင် ရီဖူရှင်းသည် ချောက်နက်၏ အပြင်ဘက်၌ ထွက်ပေါ်လာသည်။ ထိုနေရာရှိ လူများမှာ ကြက်သေသေသွားခဲ့ပြီး အားလုံးသည် ထွက်ပေါ်လာသော ထိုပုံရိပ်ကို ကြည့်လိုက်ကြသည်။

ချင်ရွှမ်ကန်းကို ကြည့်ရသည်မှာ  အလွန် တည်ငြိမ်နေသော်လည်း ယခုထွက်ပေါ်လာသည့် လူမှာ မည်သည့်အခါမှ မဖြိုဖျက်နိုင်သော ခံစားချက်မျိုး သူ့ကို ပေးစွမ်းလေသည်။

ထို့ပြင် သူသည် ချောက်နက်ကိုပင် ဖြတ်ကျော်နိုင်ခဲ့သည်။ သူက မည်သူနည်း။

နောက်တွင် သူတို့က ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့လည်း ပြန်တက်လာကြသောအခါ သူတို့သည် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ နောက်ဆုံး၌ သူတို့ မည်သည်မှ မဖြစ်ခဲ့ကြပေ။

သို့သော် ရီဖူရှင်းသည်လည်း ထိုပုံရိပ်အား စူးစိုက်ကြည့်နေပုံရကာ ထိုသူက မည်သူလဲ သူ မသိဟန်တူသည်။

ထိုပုံရိပ်က ရှေ့သို့ တဖြည်းဖြည်း တိုးလာနေပြီး သူသည် ရီဝူချင်းနှင့် ယူချင်းရှိရာသို့ လျှောက်သွားနေ၏။

တိတိကျကျ ပြောရလျှင် သူက ရီဝူချင်း ရှိရာသို့ သွားနေခြင်း ဖြစ်သည်။

သူက ရီဝူချင်းလက်ထဲရှိ ဓားကို စူးစိုက်ကြည့်နေပြီး သူ၏ ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးတစ်စုံ၌ သွေးနီရောင်အလင်းတစ်ချက် လင်းလက်သွားသည်။

“စီနီယာ” ရီဖူရှင်းက သူ့ကို ခေါ်လိုက်သည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကို ကြည့်၍ စိုးရိမ်စိတ် ဖြစ်လာကာ သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ သွားရန် ကြိုးစားလိုက်သော်လည်း သူသည် မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်ကို ခံစားလိုက်ရသည်။ သူက လေထဲတွင် အားနည်းစွာ မျောလွင့်နေပြီး လှုပ်ရှားနိုင်တော့ခြင်း မရှိပေ။

သို့သော် ထိုသူက ရီဖူရှင်းအား ကျောခိုင်းကာ ရှေ့သို့ ဆက်လျှောက်သွားနေပြီး သူ့ထံမှ မည်သည့်စွမ်းအားမှ ထုတ်လွှတ်နေခြင်းမရှိပေ။

ထိုသို့သော အဆင့် စွမ်းရည်မျိုးမှာ အလွန်ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလှပြီး ဤလူသည် မမြင်နိုင်သော ထိန်းချုပ်မှုနှင့် လေဟာနယ်ကို ထိန်းချုပ်ထားပုံပေါ်သည်။

“ဝူချင်း” ရီဖူရှင်းက ရီဝူချင်းကို ခေါ်လိုက်ကာ စိုးရိမ်ပူပန်စွာနှင့် သူ့ဆီသို့ ကြည့်လိုက်သော်လည်း ထိုပုဂ္ဂိုလ်သည် ရီဝူချင်းအား ထိခိုက်စေလိုသည့်ပုံမပေါ်ပေ။ သူသည် ထိုနေရာ၌ ရပ်ကာ တိတ်ဆိတ်စွာ ကြည့်၍ နေသည်။

ရီဝူချင်းသည် ထိုနေရာ၌ ကျောက်ရုပ်ကဲ့သို့ ရပ်နေပြီး ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်သည် မကောင်းဆိုးဝါး အသက်ဓာတ်တို့ဖြင့် လွှမ်းမိုးထားခြင်းကို ခံထားရပြီး သူ၏ ခန္ဓာအတွင်းသို့ ဆက်လက် တိုးဝင်လာသည်။ သူ့အနီးတွင် မရေတွက်နိုင်သည့် ဓားလမ်းစဥ် စွမ်းအင်လှိုင်းတို့ စုစည်းလာပြီး ထိုဖြစ်စဥ်က မည်သည့်အခါမှ မရပ်တန့်တော့မလိုပင် ဖြစ်သည်။

နောက်ဆုံး၌ ထိုပုံရိပ်က စတင် လှုပ်ရှားလာပေသည်။

“ဘုန်း” ယူချင်းက ခြေလှမ်းလိုက်ပြီး ထိုပုဂ္ဂိုလ်က ရီဝူချင်းအား နာကျင်စေမည်ကို စိုးရိမ်နေသည်။ သူက ရီဝူချင်းအနီးသို့ ရောက်လာသည့်အခါ ထိုပုဂ္ဂိုလ်သည် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ယူချင်း၏ ခန္ဓာကိုယ်အား အဝေးသို့ လွင့်စင်သွားစေသည်။ သူတို့နှစ်ယောက်သည် တူညီသောအဆင့်၌ပင် ရှိမနေကြပေ။

ထိုသူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည့်အခါ ရီဝူချင်း၏ ခန္ဓာကိုယ်က အနည်းငယ် မြောက်တက်သွားပြီး သူက လက်သီးဆုပ်လိုက်သည့်အခါ၌ ချက်ချင်းပင် ရီဝူချင်းအနီးရှိ မရေတွက်နိုင်သည့် စွမ်းအင်စီးကြောင်းတို့က သူ့ခန္ဓာအတွင်းသို့ တိုးဝင်သွားခဲ့သည်။ ထိုအချိန်၌ ရီဝူချင်း၏ မျက်နှာသည် ဆိုးဝါးစွာ ရှုံ့မဲ့သွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်၌ အနှီပုဂ္ဂိုလ်၏ မျက်လုံးထဲတွင် ထိတ်လန့်ခြောက်ခြားဖွယ် သွေးနီရောင် အလင်းတို့ ပေါ်ပေါက်လာပြီးနောက် အလင်းတန်းက ရီဝူချင်း၏ မျက်လုံးအတွင်း တိုက်ရိုက်တိုးဝင်သွားသည်။ ခဏအတွင်း ရီဝူချင်းစိတ်ထဲမှ အော်မြည်နေသည့် မကောင်းဆိုးဝါး အသိစိတ်များက ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး ရီဝူချင်း၏ စိတ်အတွင်း ပေါင်းစပ်သွားခဲ့သည်။

ချင်ရွှမ်ကန်းသည် ထိုသူကို စူးစိုက်ကြည့်လိုက်သည်။ ထိုသူ၏ စွမ်းအားက သူတို့ မှန်းဆထားသည်ထက် ပိုမို နက်ရှိုင်းနိုင်ပေသည်။

သူက လက်ဝါး ပြန်ဖြန့်လိုက်သည့်အခါ လေထုနှင့် ကောင်းကင်ရှိ တိမ်တိုက်တို့က ရုတ်တရက် အရောင်ပြောင်းသွားခဲ့သည်။ မရေတွက်နိုင်သည့် ဓားများက ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်တခွင်ကို ဖုံးလွှမ်းကာ နေကိုပင် ပိတ်ကွယ်သွားခဲ့သည်။

ထို့နောက် သူက လက်သီးကို ဖြည်းဖြည်းချင်း တင်းကျပ်စွာ ဆုပ်လိုက်လျှင် ရုတ်တရက် ရေတွက်၍ မရနိုင်သော ဓားစွမ်းအားများက တောက်ပသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ရီဝူချင်း၏ ခန္ဓာကိုယ်အတွင်း တိုးဝင်သွားခဲ့သည်။

ရီဝူချင်း၏ လွင့်မျောနေသည့် ခန္ဓာကိုယ်က ချက်ချင်း ထိုနေရာ၌ လဲလျောင်းနေသည့် အသွင် ပြောင်းလဲသွားသည်။ ကောင်းကင်မှ ကြောက်မက်ဖွယ် ဓားလမ်းစဥ်များက သူ့ခန္ဓာကိုယ်ကို ဆေးကြောကာ ခန္ဓာအတွင်း အရူးအမူး တိုးဝင်နေသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က ဆက်ကာ တုန်ရီနေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းနှင့် အခြားလူများသည် အလွန်စိုးရိမ် ပူပန်စွာဖြင့် အသက်ကို ရဲရဲပင် မရှုရဲကြပေ။

သို့သော်လည်း သူတို့က ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိကြပေ။

“ဘုန်း”

မရေတွက်နိုင်သည့် ဓားများက တစ်ခုတည်း ဖြစ်လာခဲ့သည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က အလွန် ထက်ရှသည့် ဓားအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးအကြားတွင် လဲလျောင်းနေ၏။

“ဘုန်း”

ထိုအချိန်တွင် ရီဝူချင်းသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အလွန်တောက်ပသည့် ဓားအလင်းတန်းများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာတစ်ခုလုံးက ဓားတစ်လက်ကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် လေထုအလယ်တွင် လဲလျောင်းနေရာမှ တဖြည်းဖြည်း ထရပ်လိုက်ကာ ထိုနေရာသို့ လွင့်မျောသွားသည်။ ရီဖူရှင်းနှင့် အခြားလူများ အားလုံးက ထိုမြင်ကွင်းကို မြင်သည့်အခါ အံအားသင့်သွားကြသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က ဝူချင်းကို ကူညီရန် ကြိုးစားနေသည်လား။

“အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော့နာမည်က ရီဝူချင်းပါ” ရီဝူချင်းက အရိုအသေပြုရင်း ပြောလိုက်သည်။

ထိုလူက သူ၏ လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရီဝူချင်း၏ ဓားက ဆွဲထုတ်ခံလိုက်ရပြီး သတ္တုခတ်သံတို့ ထွက်ပေါ်လာကာ လေထုအလယ်တွင် ရပ်တန့်သွားခဲ့သည်။ ဓားကို ကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်သည့် လူ၏ မျက်လုံးထဲတွင် မတူခြားနားသည့် ခံစားချက်များကို လှစ်ဟပြလာသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် ဓားက ရီဝူချင်းဆီသို့ ပျံသန်းလာခဲ့သည်။ ရီဝူချင်းက ဓားကို ကြည့်လိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သည့် လူကို ကြည့်ကာ မေးလိုက်သည်။ “ဒါက စီနီယာရဲ့ ဓားလား”

“ဟန်ကျိုး”

လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က စကားလုံးနှစ်လုံး ပြောလိုက်သည်။ ထိုသည်က သူ ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်ပြီး သူက ထိုသို့ ပြောလိုက်သည့်အခါ ဓားမှ စီခနဲ မြည်သံထွက်ပေါ်လာကာ တုန်ခါလာသည်။

ထိုဓားက သူ့အမည်သူ ကြားလိုက်ရသကဲ့သို့ တုံ့ပြန်လာခြင်း ဖြစ်၏။

“ဓားနာမည်က ဟန်ကျိုး” လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က ပြောလိုက်သည်။ ရီဝူချင်းက သူ့ရှေ့တွင် မျောလွင့်နေသည့် ဓားကို ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် လူက သက်ပြင်းတစ်ချက် ချလိုက်၏။ သူက သူမဟုတ်တော့သလို ဟန်ကျိုးကလည်း ကျိုးပဲ့ပျက်စီးကာ အပိုင်းပိုင်း အစစများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ယခု ဓားက အသစ်ဖြစ်ကာ အသစ်တဖန် မွေးဖွားလာရခြင်းနှင့် ထိုက်တန်ပေသည်။

“ဓားက ကျိုးပဲ့သွားခဲ့ပြီးပြီမို့လို့ အဲဒီတုန်းက စိတ်ဝိညာဥ်က မရှိတော့ဘူး။ သူ့ကို မင်းပဲ နာမည်အသစ်ပေးလိုက်ပါ” လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်က ပြောလိုက်သည်။

ရီဝူချင်းက သူ့ကို ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သူက အလေးအနက်ပြောနေသည်အား သိလိုက်သည်။ ရီဝူချင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားကို ဆုပ်ကိုင်လိုက်သည်။ ဤသည်က ဓားကျိုးတစ်ချောင်း ဖြစ်သည်လား။

သို့ဆိုလျှင် နတ်ဆိုးနယ်မြေ၏ ကောင်းကင်ကို ဖိနှိပ်ရန် အသုံးပြုထားသော ထိုဓားအပိုင်းအစများသည် ဤဓားမှ အစိတ်အပိုင်းများ ဖြစ်ကြသည်။

ယနေ့တွင် ဤဓားက အတိတ်မှ အရှိန်အဝါနှင့် စွမ်းအားများကို ပျောက်ဆုံးနေခဲ့သည်။

“စီနီယာ.. ကျွန်တော် သူ့ကို ကျိုကျိုးလို့ ခေါ်မယ်” ရီဝူချင်းက ပြောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် သူက ရီဝူချင်းကို ကြည့်ကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“စီနီယာရဲ့ တည်ရှိမှုကို ကျွန်တော် ဘာလို့ နားမလည်နိုင်ရတာလဲ” ရီဝူချင်းက မေးလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်က ရီဝူချင်းကို ကြည့်ကာ အဖြေပြန်မပေးခဲ့ပေ။ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ခြင်းမှာ သူက မတည်ရှိ၍ဖြစ်သည်။

သူက ရီဝူချင်းနှင့် အတူတူပင် ဖြစ်ခဲ့သော်လည်း ရီဝူချင်းက သူ့ထက်ပို၍ ကံကောင်းပေသည်။

သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်၌ နတ်ဆိုးတိမ်တိုက်များက လှည့်ပတ်နေပြီး အရောင်ပင် ပြောင်းသွားကြသည်။

ဤမူလတောင်တန်း၌ မည်သည့်ကိစ္စတို့ ဖြစ်လာလိမ့်မည်နည်း။

“စီနီယာ” ထိုအချိန်တွင် ရီဖူရှင်းသည် ရှေ့သို့ တက်လာကာ မေးလိုက်သည်။ “ကျွန်တော့ မိတ်ဆွေတစ်ယောက်ကို တွေ့မိသေးလား”

မှန်နန်းသခင်မက သူ့ကို ချောက်နက်အတွင်းသို့ ခေါ်ဆောင်လာခဲ့သော်လည်း သူသည် မှန်နန်းသခင်မကို နောက်ထပ် မြင်တွေ့ခဲ့ခြင်း မရှိပေ။

သူသည် မှန်နန်းသခင်မ၌ တစ်စုံတစ်ခု ဖြစ်ပွားသွားမည်ကို မလိုချင်ပေ။

သူမက ထိုနေရာက အသက်ရှင်နိုင်လိမ့်မည်လား။

“သူမ သွားပြီ” လျှို့ဝှက်ဆန်းကြယ်သည့် လူက ပြောလိုက်သည်။

ရီဖူရှင်း၏ နှလုံးသားက လှုပ်ခါသွား၏။ သို့ဆိုလျှင် မှန်နန်းသခင်မ အသက်ရှင်နေသေးသည်ဟု ပြောနိုင်သည်လား။

သို့သော် သူမက ထို​နေရာမှ မည်သို့ ထွက်သွားခဲ့သနည်း။

လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်က ကောင်းကင်သို့ ဆက်ကာ မော့​ကြည့်နေသည်။ အဆုံးမဲ့ နတ်ဆိုးတိမ်တိုက်များက လေဆန်အတိုင်း ပျံသန်းနေပြီး မူလတောင်တန်း အလယ်ဗဟိုသို့ ဦးတည်နေကြသည်။ ရီဖူရှင်းသာလျှင် မဟုတ်ဘဲ အခြားလးများသည်လည်း မော့ကြည့်ပြီးသည့်အခါ ခံစားချက်တို့ ပြောင်းလဲသွားရ၏။

ဤလများတွင် မူလတောင်တန်း၏ မည်သည့် အပိုင်းသို့ ထိုတန်ခိုးရှင်များ ထွက်သွားခဲ့သနည်း။

***

မူလတောင်တန်း၏ အနက်ပိုင်းတွင် အသက်ဓာတ်များက အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ကောင်းကင်အထက်တွင် ထိုမြင်ကွင်းသည် ကမ္ဘာပျက်သကဲ့သို့ပင် ထင်မှတ်ရသည်။ နတ်ဆိုးတိမ်တိုက်များက ကောင်းကင်ကို လွှမ်းမိုးနေပြီး အားလုံးသည် တစ်နေရာတည်းသို့ အသည်းအသန် တိုးဝင်သွားနေကြသည်။

ဤနေရာတွင် ပြင်းထန်သည့် တိုက်ပွဲများက နေရာအနှံ့ ဖြစ်ပွားနေသည်။ ရှန့်ထိုအဆင့် တိုက်ပွဲများအပြင် ရန်ဟောင်အဆင့် တိုက်ပွဲများလည်း ပါဝင်သည်။ ရန်ဟောင်တန်ခိုးရှင်များသည် လမ်းရှင်းပေး၍ ရှေ့သို့ ဆက်သွားနေသော အင်အားစုများ ဖြစ်ကြသည်။

အသက်ရှိနေသကဲ့သို့ မြေပြင်ပေါ်သို့ တွားသွားနေသည့် အသံများ ထွက်ပေါ်လာကာ သူတို့လမ်းကို ပိတ်ဆို့ထားသူများ ရှိသည်။

“ဘုန်း...”

ရန်ဟောင်တန်ခိုးရှင် တစ်ဦးက အလွန်ထည်ဝါသည့် နတ်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအရာအားလုံးက မည်သည်မှ မရှိတော့အောင် ပြောင်းလဲသွားသော်လည်း ထိုရန်ဟောင်၏ ရှေ့တွင် သူ့သွေးများကိုပင် အေးခဲသွားစေနိုင်သဘ့် အသက်ဓာတ်တစ်ခု ရှိနေသည်။

ရန်ဟောင်က အဝေးသို့ မော့ကြည့်လိုက်ပြီး ကောင်းကင်၌ ပြင်းထန်သည့် မုန်တိုင်းတစ်ခု စုစည်း ဖြစ်ပေါ်လာနေသည်အား မြင်လိုက်ရပြီး ထိုနေရာမှ အလွန် ခြိမ်းခြောက်နိုင်သော အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။

လေဟာနယ်အတွင်း အားလုံးသော တန်ခိုးရှင်တို့မှာ ရှေ့သို့ တရကြမ်း ခရီးဆက်လာနေကြသည်။ သူတို့သည် ဤခရီးကို လပေါင်းများစွာ နှင်လာခဲ့ကြပြီး ရန်ဟောင်တန်ခိုးရှင်များ ဖြစ်စေ ရှန့်ထိုတန်ခိုးရှင်များဖြစ်စေ ဤနေရာသို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲခဲ့သည်။

ထိုအချိန်၌ များပြားလှသော တန်ခိုးရှင်များက မူလတောင်တန်းတွင် ကျဆုံးခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ကြသည်။

သူတို့က ရှေ့သို့ ဆက်လက်သွားနေ၏။ လူအုပ်ကြားထဲတွင် ခရမ်းရင့်ကောင်းကင်နန်းတော်၏ Supreme Master ကျန်းယွမ်လည်း ရှိနေသော်လည်း ယခုတွင် သူက ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရန်ဟောင်နှင့် အတူ ရှိနေပေသည်။ မိုးကြိုးများက သူ့ခန္ဓာကိုယ်မှ အော်မြည်နေပြီး သူက ရှေ့သို့ ဦးတည်နေသည်။

သူတို့အပြင် အခြားသော ထိပ်တန်းအင်အားစုများ၏ တန်ခိုးရှင်တို့လည်း ရောက်ရှိလာပြီး အခြားသော နေရာသို့ ဦးတည်သွားနေသည်။

တဖြည်းဖြည်း သူတို့အားလုံးသည် အဆုံးမရှိ ရစ်ခွေနေသော ကြီးမားသည့် နတ်ဆိုးတိမ်တိုက်များ အောက်သို့ ရောက်ရှိလာကြသည်။

သူတို့သည် ခေါင်းကို မော့ကာ ကြည့်လိုက်ကြ၏။ မည်သည့် အဆင့် တန်ခိုးရှင်ပဲ ဖြစ်နေပါစေ သူတို့ အားလုံးသည် သူတို့ကို လွှမ်းမိုးနိုင်စွမ်းရှိသည့် မွန်းကြပ်ဖွယ် ဖိအားကို ခံစားနိုင်ပေသည်။

သူတို့၏ ခေါင်းထက်မှ ကြောက်မက်ဖွယ် နတ်ဆိုးတိမ်တိုက်များနှင့် တစ်ခါတစ်ရံ၌ သူတို့သည် တိမ်တိုက်ထဲမှ ထွက်လာရန် ကြိုးစားနေသော နတ်ဆိုးအရိပ်များကိုလည်း မြင်နိုင်သေး၏။

“ဒီမှာပဲ” ဖျက်ဆီးခြင်းနတ်ဆိုးတိမ်တိုက် နောက်သို့ ရန်ဟောင်တန်ခိုးရှင် တစ်ဦး လိုက်ပါလာပြီး ရှေ့သို့ လျှောက်လာသည်။ သူသည် ကျောင်းတော်သားတစ်ဦးအသွင်နှင့် တောင်ထွတ်တစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်နေသော အဖြူရောင်ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့၏။

ထိုအဖြူရောင်ပုံရိပ်သည် မုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသည်။

“သူ ဘာလုပ်နေတာလဲ” တန်ခိုးရှင်များက ရေရွတ်လိုက်ကြသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက ထိုပုံရိပ်ကို မှတ်မိလိုက်ကြသည်။ သူက ဂူကလန်၏ မျိုးဆက်ပင် ဖြစ်လေသည်။

သူက ထိုနေရာ၌ မည်သည်တို့ လုပ်နေသနည်း။

မည်သူက သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သနည်း။

ဂူထျန်းရှင်းက ထိုသို့ လုပ်ခဲ့သည်လား။

ထိုပြင် ယခု သူက ထိုနေရာတွင် ထိုင်ကာ မည်သူ့ကို စောင့်ဆိုင်းနေသနည်း။

သူတို့သည် အဖြေကို မသိတာကြောင့် သူတို့က တောင်ဆီသို့ ဆက်ကာ လျှောက်သွားကြ၏။

***

All Chapters