← Chapters

အခန်း (၁၃၂၈)

Vol. 90 Ch. 1328

အခန်း (၁၃၂၈)

Vol. 90 Ch. 1328

ဝှစ်

ဓားအလင်းသည် လေဟာနယ်ကို ထိုးဖြတ်ပြီးသည့်နောက်မှာတော့ နှင်းမြူများကြားထဲတွင် ပျံသန်းထွက်ခွာသွားပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ ဓားပျံစီးသည့် ပုံပန်းသွင်ပြင်သည် ကြည့်၍ မကောင်းချေ။ ယိုင်ထိုးယိုင်တိုင်နှင့် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ ဟန်ချက်ကို ထိန်းချုပ်ပြီးသည့်နောက်မှာတော့ အနည်းငယ် ပိုမိုကာ အဆင်ပြေလာခဲ့၏။ ထို့အပြင် သူ၏ သင်ယူနိုင်မှု စွမ်းရည်သည် အားကောင်းလွန်းလှသည် မဟုတ်ပါလား။

“ဒါက ပျံလို့ရတာပဲ။ အင်း ကြည့်လို့လည်း ကောင်းတယ်။ ဒါက တကယ့်ကို ကောင်းမွန်တဲ့အရာပဲ” ဓားပျံကို စီးနင်းကာ ပျံသန်းလျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ပြီးသည့်နောက် မှာတော့ ဘယ်ကိုပျံလိုက်၊ ညာကိုပျံလိုက် ပြုလုပ်လျက် ရှိနေသည်။

“ပျော်ဖို့ကောင်းလား”

“ကောင်းတာပေါ့”

“ဒါဆိုရင် ဘယ်လို ကစားရမယ်ဆိုတာကို သိပြီလား”

“သိပြီလေ”

“ဒါကို အရင်တုန်းက မကစားဖူးဘူးမို့လား”

“မကစားဖူးဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ ဟန်ပန်အမူအရာကို ပြန်လည် ထိန်းချုပ်လိုက်၏။ ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “မင်းဘာတွေ မေးနေတာလဲ။”

စနစ်သည် ဆွံ့အသွားမိ၏။ “မြန်မြန် လုပ်လေ။ ဒီနှင်းတော တည်နေရာကြီးကနေ ထွက်ခွာနိုင်ဖို့ လမ်းကို ရှာတော့။ မဟုတ်ရင် အင်ပါရီယန်နတ်ဓားဂိုဏ်းက စွမ်းအားမြင့် ကျင့်ကြံသူတွေ လိုက်လာလိမ့်မယ်”

“အင်း ဒါက အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် လေးနက်သွားမိ၏။ ကြုံသလို ရောက်ရှိလာခဲ့သော တပည့်များသည်ပင်လျှင် တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်လို့ နေခဲ့၏။ အထက်ပိုင်းအကြီးအကဲများသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် သို့မဟုတ် အထက်အဆင့်များ ဖြစ်လို့နေနိုင်သည်။ သူ့၌ ဝှက်ဖဲမျိုးစုံ ရှိနေသည် ဖြစ်သောကြောင့် ကုန်းရှန့်သည် ထိတ်လန့်ကြောက်ရွံ့နေမည် မဟုတ်ချေ။ သို့ပေမဲ့ အချိန်ကာလတစ်ခုထိ နှောင့်နှေးသွားမည် ဆိုပါက အဓိက တာဝန် ပြည့်စုံရန် မဖြစ်နိုင်တော့ချေ။

ဤတည်နေရာကြီးတစ်ခုလုံးသည် နှင်းများ ဖုံးလွှမ်းလျက် ရှိပြီး အတော်အတန်လည်း ကြီးမားလွန်း၏။ ဤကဲ့သို့ ဆိုးရွားလှသည့် ပတ်ဝန်းကျင် တည်နေရာကြီးထဲတွင် မည်သည့်မြို့၊ ရွာမှလည်း မရှိချေ။ ကျွင်းချောင်ရှောင်းသည် နှစ်နာရီတိတိ ပျံသန်းလာပြီးသည့်နောက်မှာတော့ တည်နေရာ၏ အစပ်နားသို့ ရောက်ရှိခဲ့၏။

“အင်ပါရီယန် နတ်ဓားဂိုဏ်းရဲ့ တည်နေရာကြီးက တကယ့်ကို ကျယ်ပြန့်လွန်းတာပဲ။ ပုံမှန်တွက်ချက်မှုအရဆိုရင် အထက်နယ်မြေရဲ့ တည်နေရာကြီးတစ်ခုလုံးက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ အဆတစ်ရာလောက် ကြီးတယ်”

“စိတ်ဝင်စားစရာပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလာခဲ့၏။ အထက်နယ်မြေသည် ပိုမိုကြီးမားလေ စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပိုမိုကာ များပြားမှာဖြစ်၏။ ပြိုင်စံရှားဂိုဏ်းအား ခေါ်ဆောင်လာပြီး ဤနေရာတွင် အခြေချလိုက်မည်ဆိုပါက ပိုမိုအားကောင်းသည့် ဂိုဏ်းတစ်ခုအဖြစ် ဖြစ်တည်လာကာ အောင်မြင်မှုများကို ရရှိနိုင်မှာ သေချာသည်။

လူသားများ၊ အားလုံးသော လူသားများသည် ရည်မှန်းချက်များ တည်ရှိကြတော့၏။ ဂြိုဟ်သစ်ဆီသို့ ရောက်ရှိပြီးသည့်နောက် အသစ် အသစ်သော အရာများကို သင်ယူရင်း လိုချင်တပ်မက်မှုများသည်လည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာမှာ သေချာသည်။ လူသားများ၏ စိတ်နှလုံးထဲတွင်ရှိနေသော လိုချင်တပ်မက်မှု များသည် ဤကဲ့သို့ပင် ပြောင်းလဲနိုင်စွမ်း ရှိနေ၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ပြီးနောက် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ အတားအဆီး အစီအရင်များနှင့် ပေါင်းစပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ချီမင်အစီအရင် ချိုးဖြတ်ခြင်းကျမ်းစာကို ပြန်လည်စဉ်းစားကာဖြင့် ထိုအစီအရင်ကြီးအား ချိုးဖြတ်ရန် ကြိုးစားလိုက်တော့သည်။

စနစ်သည် တစ်စုံတစ်ခုကို ပြောချင်၏။

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ ပတ်ဝန်းကျင်ရှိ အတားအဆီး အစီအရင်သည် ပျောက်ကွယ်သွားတော့သည်။

“..........”

စနစ်သည် ငိုချင်စိတ်ပင် ပေါက်သွားမိ၏။ အတိတ်တုန်းကသာဆိုလျှင် သူသည် တစ်စုံတစ်ခုကို ပြောပြီးသည်ဆိုသည်နှင့် သူသည် ပါးပိတ်ရိုက်ခံလိုက်ရသကဲ့သို့ပင် သူပြောသည့် အကြောင်းအရာမှာ ပြောင်းပြန်အဖြစ် ပြောင်းလဲသွားခဲ့၏။ ယခု ပြောတောင် မပြောရသေးချေ။ စဉ်းစားရုံသာ ရှိသေး၏။ ကြိုတင်ကာ ပါးရိုက်ခံနေရပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အထက်နယ်မြေမှာရှိတဲ့ အစီအရင်တွေက အရမ်းကို အားကောင်းမယ် ထင်ထားတာလေ။ ဒါပေမယ့် ကြယ်ကောင်းကင်ခံတပ်ရဲ့ တစ်ဝက်လောက်တောင် အားမကောင်းပါလား”

“ပေါက်ကရ”

ကြယ်ကောင်းကင်ခံတပ်၏ အကာအကွယ် စနစ်သည် နယ်မြေဟောခန်းမှ လာရောက်ကာ ဖန်တီးထားခြင်း ဖြစ်၏။ ထိုအရာသည် အလွန်ကြာမြင့်သည့် အချိန်ကတည်းက တည်ရှိခဲ့သည့်အရာ ဖြစ်သည်ဆိုသော်လည်း အားအင်အဆင့်သည် အထက်နယ်မြေရှိ ယွမ်အဆင့်ဂိုဏ်းများထက်တော့ ပိုမိုကာ အားကောင်းနေမှာ သေချာ၏။

“သွားတော့မယ်။ သွားတော့မယ်” ကျွင်းချောင်ရှောင်းသည် ဓားပျံကို ထိန်းချုပ်ကာ ပျံသန်းရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလိုပဲ ဘယ်ဘက်ခြမ်းဆီသို့ ကပ်ကာ ရှောင်လိုက်သည်။

ဝှစ်

ပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းများသည် သူ၏ လည်ပင်းနားတဝိုက်မှ ကပ်ကာ ဖြတ်သန်းသွားကြောင်း သိရှိလိုက်ရ၏။ သူ၏ တုန့်ပြန်မှုသည်သာ အနည်းငယ် နှေးကွေးသွားမည်ဆိုပါက သူ၏ ခေါင်းသည် မြေပေါ်သို့ ပြုတ်ကျသွားမှာ သေချာ၏။

ရွှီး

ထိုအချိန်မှာပဲ သူ၏ အနောက်ဘက်ဆီမှ လေခွင်းသံများ ထွက်ပေါ်လာ၏။ များပြားလှသော ဓားအလင်းတန်းများသည် ရောက်ရှိလာသည်။ ကျွင်းချောင်ရှောင်းသည် ဘယ်ညာကို လှုပ်ရှားလိုက်၏။ ပြီးသည့်နောက်မှာတော့ ပုံပျက်ပန်းပျက်ဖြင့် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

“ငါ့ရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို ဒဏ်ရာရအောင် လုပ်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး။ မင်းဆီမှာ စွမ်းရည် တချို့တလေတော့ ရှိသေးသားပဲ” အေးစက်စက်နှင့် မောက်မာသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့ကာဖြင့် လှမ်း၍ ကြည့်ရှုလိုက်၏။ ရောင်စုံလင်းလက်နေသည့် ဓားပျံတစ်ချောင်းပေါ်တွင် ရပ်လျက်ရှိသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် အသက်နှစ်ဆယ်နှင့် သုံးဆယ်နီးပါးခန့်သာရှိပြီး ၎င်း၏ရှေ့တွင်တော့ ကျောက်စိမ်းကဲ့သို့ သေတ္တာလေးတစ်ခုသည် ပွင့်လျက်ရှိနေ၏။ အထဲတွင်တော့ ဓားအိမ်လေးကဲ့သို့သော အံဝှက်လေး ခြောက်ခုက တည်ရှိနေသည်။

အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများသည် လက်ရှိ ဤနေရာတွင်သာ ရှိသည် ဆိုပါက တစ်ဖက်လူမှာ အင်ပါရီယန်နတ်ဓားဂိုဏ်း၏ တပည့်ခေါင်းဆောင် လင်းလန်ဖြစ်ကြောင်းကို သိရှိကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဓားခြောက်ချောင်းကို သေတ္တာထဲထည့်ကာ သယ်ယူတတ်သည့် အကျင့်ရှိပြီး သူ့အား ဓားခြောက်လက် သူရဲကောင်းဟု ခေါ်ဆိုကြ၏။

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းအား တိုက်ခိုက်ရန် မအောင်မြင်ခဲ့သည့် ဓားခြောက်လက်သည် ရုတ်တရက် ပြန်ရောက်လာပြီးသည့်နောက် အပ်တစ်ခုအရွယ်အစားအဖြစ်သို့ ပြောင်းလဲကာ ဓားအိမ်ထဲသို့ ဝင်ရောက်သွားတော့သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်း၏ အသိအမြင်သည် ပိုမိုကာ ကျယ်ပြန့်သွားခဲ့၏။ ဓားများနှင့် ဆော့ကစားသည့်အချိန်တွင် ဤကဲ့သို့သော လှည့်ကွက်များကိုပင် ထုတ်ဖော်အသုံးပြုနိုင်၏။ သူသည် အမှန်ပင် အထင်ကြီးမိ၏။

“မင်းက အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ တည်နေရာထဲကို ချိုးဖောက်ဝင်ရောက်လာတာ။ ပြီးတော့ ငါတို့တပည့်တွေ တော်တော်များများကိုလည်း ဒဏ်ရာရရှိအောင် လုပ်ခဲ့သေးတယ်။ အခု စည်းအတားအဆီး အစီအရင်ကိုလည်း ချိုးဖြတ်ဖို့ ပြင်နေပြန်ပြီ။ မင်း ဒီက ထွက်နိုင်မယ်လို့ ထင်နေတာလား” လင်းလန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤလူ၏ လေသံကို ကြည့်ရသည်မှာ အေးစက်ပြီး မောက်မာလွန်းလှ၏။ ဤအရာသည်မှာလည်း နားလည်လက်ခံလို့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အင်ပါရီယန်နတ်ဓားဂိုဏ်း၏ တပည့်ခေါင်းဆောင်လည်း ဖြစ်သလို သူ၏ အားအင်အဆင့်သည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိနေ၏။

ဟုတ်ပေသည်။ သူနှင့်တိုက်ခိုက်ခဲ့သည့် လူများ အားလုံးသည် အသက်နှစ်ဆယ်၊ သုံးဆယ်အရွယ်သာ ရှိကြသည်ဆိုသော်လည်း တကယ်တမ်း ၎င်းတို့၏ အသက်မှာ သုံးရာမှာ ငါးရာနီးပါးခန့် ရှိမည်ဟု ကျွင်းချောင်ရှောင်းက သတ်မှတ်လိုက်မိ၏။

“မဟုတ်ဘူး”

စနစ်က ပြောလိုက်သည်။ “အနည်းဆုံး သူတို့က အသက်တစ်ရာလောက်ပဲ ရှိသေးတာ”

“..........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ အသက်တစ်ရာလောက်သာ ရှိသေးသည် ဆိုသော်လည်း တည်နေရာချိုဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိလို့ နေခဲ့သည်။ ထို့အပြင် ဓားလမ်းစဉ်ကိုလည်း လျှောက်လှမ်းနေသေး၏။ အထက်နယ်မြေတွင်ရှိသော လူများသည် အမှန်ပင် ကြောက်လန့်ဖို့ ကောင်းလွန်းလှ၏။

“လက်ခံသူနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သူတို့က ဘာမှ မဟုတ်ပါဘူး” စနစ်က ပြောလိုက်သည်။

ဤအရာမှာ အမှန်ပင်ဖြစ်၏။ ထို့အပြင် ကုန်းရှန့်သည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိရန်အတွက် ဆယ်နှစ်သာ ကြာမြင့်ခဲ့၏။ တစ်ဖက်လူသည် အသက်တစ်ရာ ရှိသည်ဆိုလျှင်ပင် သူက တစ်ဖက်လူများထက် ဆယ်ဆပိုကာ မြန်ဆန်၏။

“ဒီလိုဆိုရင်တောင်မှ”

ကျွင်းချောင်ရှောင်းသည် မပျော်မရွှင်ဖြင့် ပြောလိုက်၏။ “ငါက သူ့လောက် မမောက်မာပါဘူး”

“.......”

စနစ်သည် ဆွံ့အသွားမိ၏။ “မင်း အထက်နယ်မြေရဲ့ ပြစ်ဒဏ်ပေးမှုတွေကို ခုခံပြီးတော့ တောက်လျှောက်ဆိုသလိုပဲ ဘဝင်မြင့်နေခဲ့တာ မဟုတ်ဘူးလား။ ကြယ်ကောင်းကင်ခံတပ်ကြီးကိုတောင် ဖောက်ခွဲပစ်ခဲ့သေးတယ်လေ။ ဒါတောင် ကိုယ့်ကိုယ်ကိုယ် မမောက်မာဘူးလို့ ထင်နေသေးတာလား”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်၏။ “တကယ်လို့ ကျုပ် ထွက်သွားချင်တယ်ဆိုရင် ဘယ်သူမှ တားလို့မရဘူး။ ပြီးတော့ ထွက်သွားပြီဆိုရင်လည်း ဘယ်သူမှ လိုက်ပြီး ဖမ်းဆီးလို့ မရဘူး”

လင်းလန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဟုတ်လို့လား”

ဝှစ်

သူ၏လက်ချောင်းတွင် အလင်းတန်းများ ဖြစ်တည်လာ၏။ ပြီးသည့်နောက် သေတ္တာထဲတွင် ရှိနေသော အပ်တစ်ခု၏ အရွယ်အစားရှိနေသော ဓားခြောက်ချောင်းသည် အပြင်ဘက်သို့ ထွက်ပေါ်လာသည်။ ၎င်းဓားများ ဆီမှ ထက်မြလွန်းသော ဓားအလင်းတန်းများ ထွက်ပေါ်လာ၏။

“တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ကြတာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်းကင် ပေါ်မှာပဲ တက်မနေနဲ့။ အောက်ကို ဆင်းခဲ့”

ဘုတ်

လင်းလန်သည် မြေပေါ်သို့ တကယ်ပင် ဆင်းသက်လာ၏။ ပြီးနောက် ပြောလိုက်၏။ “ပြစ်မှုသုံးခုရဲ့ အပြစ်ဒဏ် အနေနဲ့ ဒီနေ့မှာ မင်းရဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ပြီးတော့ ဒုက္ခိတဖြစ်အောင် လုပ်ပစ်ရမယ်”

“မင်း မလုပ်နိုင်ပါဘူး” ကျွင်းချောင်ရှောင်းသည် သူ၏ လက်ခလယ်ကို အသာထောင်ပြကာ ယမ်းခါလိုက်သည်။

လင်းလန်၏ အကြည့်များသည် အေးစက်သွားခဲ့၏။ သူ၏အရှေ့တွင် ရှိနေသော သေတ္တာထဲမှ ဓားအလင်း ခြောက်ခုသည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ချက်ချင်းပဲ သာမန်ဓားတစ်ခု၏ အရွယ်အစားဆီသို့ ပြောင်းလဲသွား၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထပ်မံကာ ဆင့်ခေါ်လိုက်၏။ ပြီးနောက် သူ့ဆီသို့ ပျံသန်းလာသော ဓားခြောက်လက်အား ဓားမော့ကြီးနှင့် တားဆီးကာ ခုတ်ပိုင်းလိုက်သည်။

ဒင် ဒင် ဒင် ဒင်

ဓားနှင့် ဓားမော့တို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် သံသံချင်း ထိတွေ့သည့်အသံများအဖြစ် တဒေါင်ဒေါင် တဒင်ဒင်နှင့် ပေါ်လာလျက်ရှိ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ဓားခြောက်လက်၏ အလင်းများကို ချိုးဖြတ်ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ကို အသာလိမ်ကာဖြင့် ရှေ့ဆီသို့ ကျွမ်းထိုးလိုက်၏။ သူသည် ချက်ချင်းပဲ လင်းလန်ရှိသည့် တည်နေရာဆီသို့ ရောက်ရှိ သွားသည်။

ဝှစ်

ဓားအလင်းများ ပျောက်ကွယ်သွားသည့် အချိန်မှာတော့ ထိုလူသည် သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် သူ၏ အနောက်ဘက်သို့ ရောက်ရှိနေသည်ဖြစ်ကြောင်းကို နားလည်လိုက်၏။ ထို့ကြောင့် အံ့အား သင့်စွာဖြင့် ပြောလိုက်မိ၏။ “ဒါက လှုပ်ရှားမှု နည်းစနစ် မှော်စွမ်းရည် တစ်ခုလား”

“အရပ်ခြောက်မျက်နှာဓား” လင်းလန်သည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းပဲ အလွန် အားကောင်း လှသော ဓားစွမ်းအင်များသည် သူ၏ အနားပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာ၏။ ပျံသန်းရောက်ရှိလာသော ဓားခြောက်လက်သည် ရုတ်တရက် လမ်းကြောင်းပြောင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းအား တခြားဘက် တစ်ခြမ်းဆီမှ ဝင်ရောက်ကာ ခုတ်ပိုင်းသည်။

ဒင် ဒင် ဒင် ဒင်

လက်နက်ချင်း ထိတွေ့သောကြောင့် မီးပန်းများသည် နေရာအနှံ့သို့ လွင့်စင်ကုန်သည်။ များပြားလှသော ဓားများ ထဲတွင် စွမ်းအင်များကလည်း အပြည့်အဝ ပါဝင်နေသေး၏။

ကျွင်းချောင်ရှောင်းအနေနှင့် အောက်စည်းသို့ မရောက်ရှိဘူးဆိုသော်လည်း တိုက်ခိုက်ရင်း နောက်ဆုတ်နေရသည်။ သူသည် တွေးလိုက်မိသည်။ “တစ်ဖက်လူရဲ့အားအင်အဆင့်က ကင်းသမား ဆယ့်နှစ်ယောက်ထက် တောင် ပိုပြီး အားကောင်းတာပဲ”

စနစ်က ပြောလိုက်၏။ “အင်း... ကင်းသမားတွေရဲ့ အားအင်အဆင့်က ကျားတစ်ကောင်ရဲ့ အားအင်အဆင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီလူရဲ့ အားအင်အဆင့်က အနည်းဆုံး ကျားနှစ်ကောင်ရဲ့ အားအင်အဆင့် ရှိတယ်။ ပြီးတော့ ဒီလူက ဓားသမားတစ်ယောက်လေ”

................

ခြေလှမ်းတစ်ဒါဇင်ခန့် နောက်ဆုတ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်နဂါးဓားအား ဆင့်ခေါ်ကာ ပြောလိုက်သည်။ “ကျုပ် တကယ့်ကို လေးလေးနက်နက် တိုက်ပြီ”

လင်းလန်သည် အေးစက်စက် ပြောလိုက်၏။ “မင်းရဲ့ ဓားက အမှိုက်ပါပဲ”

“.........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူ၏ဓားသည် အောက်နယ်မြေတွင် အကောင်းဆုံးသော ဓားတစ်ခု မဟုတ်ဘူးဆိုသော်လည်း အလွန်ကောင်းမွန်သည့် ဓားတစ်ခုအဖြစ်တော့ စဉ်းစားဆုံးဖြတ်၍ရ၏။ လက်ရှိအခြေ အနေမှာတော့ တစ်ဖက်လူ၏ မျက်လုံးထဲတွင် အမှိုက်တစ်ခု ဖြစ်လို့နေခဲ့သည်။

“ဒါက သာမန်ပဲလေ”

စနစ်က ပြောလိုက်သည်။ “ကောင်းကင်စတေးခြင်းလှံ၊ ရှန်ဟွမ်နတ်ဘုရားချပ်ဝတ်၊ စွန်းဝူခုန်း ဝတ်စုံ၊ စည်းဓားမော့ကြီးကလွဲရင် လက်ခံသူရဲ့ ကျန်ရဲ့အရာတွေက အထက်နယ်မြေမှာ အသုံးဝင်တဲ့အရာတွေ မဟုတ်ဘူး။ အဓိကအားဖြင့် ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပြီး ဝယ်ထားတာ မဟုတ်လို့ပဲ”

“ဒါကြောင့်ကိုး”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ ဒီနေရာက ဂိုဏ်းတစ်ခုလုံး အခြေချဖို့ ကောင်းမွန်တဲ့ တည်နေရာတစ်ခု ဖြစ်ရုံသာမက အဆင့်မြင့် လက်နက်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိဖို့အတွက် လွယ်တဲ့နေရာပဲ။ ငါ သေချာရှာဖွေ ရမယ်။

“ရှာဖွေမယ်ဆိုတဲ့ နေရာမှာ လုယူမယ်လို့ပြောရင် ပိုပြီး သင့်တော်လိမ့်မယ်” စနစ်က ပြောလိုက်သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ဓားနှင့်အတူ ရှေ့သို့ လှမ်းတက်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဓားလမ်းစဉ်ဆိုတာ ဓားရဲ့အရည်အသွေးကို ယှဉ်ပြိုင်တာ မဟုတ်ဘူး။ ဓားရဲ့ တာအိုကို ယှဉ်ပြိုင်တာပဲလေ”

ဒွီ ဒွီ

ပတ်ဝန်းကျင်ရှိလေထုသည် ရုတ်တရက် တုန်ခါသွား၏။ အနားပတ်ဝန်းကျင်တွင် ရှိနေသော ကျောက်တုံး၊ သစ်ပင်၊ သစ်ကိုင်းများနှင့် တခြားသော အရာများအားလုံးသည် လေပေါ်သို့ ပျံတက်လာခဲ့ကြ၏။ ၎င်းတို့ အားလုံးသည် ဓားတစ်စင်းကဲ့သို့ပင် ထက်ရှလှသည့် ဓားအော်ရာများကို ထုတ်ဖော်လျက်ရှိ၏။

လင်းလန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ရှိသော ဓားဆန္ဒများသည် အလွန်တရာ အားကောင်းလှပြီး သူ့ထက်ကောင်းမွန်သည့် ဓားတိုက်ကွက် နည်းစနစ်ကို ထုတ်ဖော်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤလူသည် ရေခဲဓားမော့ဂိုဏ်းမှ မဟုတ်နိုင်တော့ပေ။

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ ဓားအော်ရာတစ်သောင်းတို့သည် ကျွင်းချောင်ရှောင်း၏ အနောက်တွင် ဖြစ်တည်လာခဲ့ပြီး ကြီးမား လှသည့် ဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့၏။ အားကောင်းလွန်းလှသော ဓား၏ အော်ရာများသည် တည်နေရာကို ဖြတ်သန်းကာဖြင့် တစ်ဖက်လူဆီသို့ တိုးဝင်သွား၏။

ဘုန်း

နှင်းများခဲလျက်ရှိနေသော တည်နေရာကြီးထဲတွင် ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ဖြစ်တည်လာ၏။ ကြီးမားလှ သော ဓား၏ ထိပ်ဦးသည် လင်းလန်ဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ လင်းလန်သည် လျင်လျင်မြန်မြန်ဖြင့် အကာအကွယ် အတားအဆီး အစီအရင်တစ်ခုကို ဖန်တီးလိုက်ရ၏။ သူရှိနေသည့် မြေပြင်တစ်ခုလုံးတွင် အက်ကွဲ ကြောင်းများ ဖြစ်တည်လာခဲ့သည်။

ဘုတ် ဘုတ် ဘုတ်

အင်ပါရီယန်နတ်ဓားဂိုဏ်း၏ တပည့်ခေါင်းဆောင်သည် ခြေလှမ်းတစ်ဒါဇင်ခန့် နောက်သို့ ဆုတ်ခွာသွား၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိ၏။ အဆုံးသတ်မှာတော့ သူသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့၏။

ဆွစ် ဆွစ်

ဓားခြောက်လက်သည် ချက်ချင်းပဲ သူနှင့် ဆက်သွယ်မှု ပြတ်ကာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်ကာ ခေါင်းခါယမ်းလိုက်၏။ “မင်းက တကယ့်ကို အားနည်းတယ်”

ဆွစ်

လက်တစ်ချက် ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ရှိနေသော ဓားခြောက်လက်အား သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဓားလမ်းစဉ်ကို ပိုမိုနားလည်ဖို့ လိုအပ်နေသေးတယ်လေ။ တကယ်လို့ ဒီထက်ပိုပြီး အားကောင်းလာပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်လာရင် ပြိုင်စံရှားဂိုဏ်းဆီကို လာခဲ့။ ပြီးတော့ ငါ့ဆီက လက်နက်ကို လာတောင်းပေါ့”

“မင်း...”

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားပျံပေါ်သို့ တက်ကာဖြင့် အပူအပင်ကင်းမဲ့သည့် ပုံစံမျိုးဖြင့် ထွက်ခွာသွားခဲ့တော့သည်။

ဇွီး

ဝေါ့

သူသည် ဒဏ်ရာရရှိရုံသာမက သူကိုင်ဆောင်သည့် ဓားခြောက်လက်သည်လည်း လုယူခြင်းကို ခံခဲ့ရ၏။ လင်းလန်သည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့သည်။

လူကို ဒဏ်ရာရရှိစေရုံသာမက လက်နက်များကိုပါ ခိုးယူသွားခဲ့သေးသည်။ အရှက်မဲ့လှသည့် လူသားပင် ဖြစ်ပေ၏။

All Chapters