အခန်း (၁၃၂၉)
Vol. 90 Ch. 1329
လမ်းတွင်တားဆီးထားသည့် အတားအဆီး အစီအရင် မရှိသောကြောင့် ကျွင်းချောင်ရှောင်းသည် ပင်လယ်ထဲသို့ ဆင်းသက်သွားသော ငါးတစ်ကောင်ကဲ့သို့ အဆုံးအစမဲ့ ကောင်းကင်ယံထက်တွင် လွတ်လွတ်လပ်လပ်ဖြင့် ပျံသန်းလျက် ရှိနေ၏။
လင်းလန်သည် သူ၏နောက်သို့ မလိုက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူ၏ လက်နက်များသည်လည်း လုယူခြင်းကို ခံခဲ့ရသည်။
“ချီးတဲ့မှ၊ ချီးတဲ့မှ”
ကောင်းကင်ယံ ပေါ်တွင် ပျောက်ကွယ်သွားသည့် ဓားအလင်းတန်းများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် အကူအညီ မဲ့စွာဖြင့် အော်ဟစ်လျက်ရှိ၏။ “ငါ ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်းကို သွားပြီးတော့ ဓားခြောက်လက် ရတနာကို ပြန်ယူမယ်။ နေအုံး”
ပြိုင်စံရှားဂိုဏ်းဆိုသည်ကို သူအရင်က တစ်ခါမှ မကြားခဲ့ဘူးချေ။ သို့ပေမဲ့ ကိစ္စမရှိချေ။ တစ်ဖက်လူသည် ဂိုဏ်း၏ နာမည်ကို ထုတ်ဖော်ပြောကြားခဲ့သည်ဆိုမှတော့ ကျိန်းသေပေါက် တည်ရှိနေသည့် ဂိုဏ်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အင်ပါရီယန်နတ်ဓားဂိုဏ်းသည် ၎င်းတို့၏ အဆက်အသွယ်များကို အသုံးပြုကာ ရှာဖွေမည်ဆိုလျှင် ထိုဂိုဏ်းအား လွယ်လွယ်ကူကူနှင့် ရှာဖွေနိုင်၏။ ဤအကြံအစည်သည် မဆိုးလှချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ၎င်း အနေဖြင့် အောက်နယ်မြေဆီသို့ မသွားပါက ပြိုင်စံရှားဂိုဏ်းကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
“ဟမ့်”
ကျယ်ပြောလှသည့် ကောင်းကင်ကြီးထဲတွင် ခရီးသွားလာလျက်ရှိသည့် ကျွင်းချောင်ရှောင်းမှာတော့ နှာခေါင်းရှုံ့ကာ တွေးလိုက်မိသည်။ “အလျင်လိုနေတာသာ မဟုတ်ရင် ဓားပျံတွေ၊ လက်နက်တွေ ဆုံးရှုံးရုံလောက်နဲ့ ဘယ်ပြီးပါ့မလဲ။ ဒီထက်ကြီးမားတဲ့အရာတွေ မင်းတို့ ဖြစ်သွားလိမ့်မယ်။ အင်ပါရီယန် နတ်ဓားဂိုဏ်း.... သေသေချာချာ မှတ်ထား၊ ငါ အားတဲ့အချိန်ရောက်မှ လာလည်အုံးမယ်”
စနစ်သည် ဝင်ရောက်ကာ ပြောလိုက်၏။ “မင်း စိတ်ပူသင့်တဲ့ အဓိက အကြောင်းရင်းက တစ်ဖက်ဂိုဏ်းက အထက်ပိုင်း အကြီးအကဲတွေ ရောက်လာပြီး မင်းကို ရိုက်နှက်မှာကိုပဲ”
“တော်စမ်း”
ဝှစ်
ကျွင်းချောင်ရှောင်းသည် အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အနီးအနားတဝိုက်တွင် ဆက်၍ မနေရဲချေ။ ထို့ကြောင့် အမြန်ဆုံးနှုန်းဖြင့် ခရီးနှင်ပြီးသည့်နောက် သစ်တောကြီးတစ်ခုဆီသို့ ရောက်ရှိလာသည်။ သူသည် သပ်ရပ် သန့်ရှင်းလှသော လှိုဏ်ဂူကို ရှာဖွေပြီး တည်နေရာ ရွေ့ပြောင်းခြင်း ဂိတ်တံခါးကို ဆင့်ခေါ်ထုတ်ယူလိုက်သည်။ သူ၏ စိတ်ထဲတွင် ရှိနေသော ရဲတင်းလှသည့် အကြံအစည်ကို စတင်ကာ အကောင်အထည်ဖော်ရတော့မည် ဖြစ်၏။
စနစ်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေသည်။ သူသည် ပါးပိတ်ရိုက်ခံရမည်ကို စိုးရိမ်သောကြောင့် မည်သည့် စကားကိုမှ ထုတ်၍ မပြောခဲ့ချေ။
ဂြိုဟ်တိုက်ပွဲတည်နေရာ ရွေ့ပြောင်းခြင်း ဂိတ်တံခါးသည် ရုတ်တရက် ပေါ်ပေါက် လာခဲ့၏။ ၎င်းသည် လေဝဲပုံစံတစ်ခုကဲ့သို့ ဖြစ်တည်နေသည်။
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ “ဒါ အလုပ်ဖြစ်သားပဲ”
ဆွစ် …
ဘန်း …
သူအထဲသို့ လှမ်းလျှောက်လိုက်ချိန်မှာတော့ အနောက်ဘက်သို့ ပြန်ကန်ထွက်လာ၏။ အလွန်ထူထဲလှသော နံရံကြီးတစ်ခုနှင့် တိုက်မိသကဲ့သို့ပင်။
စနစ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းည် သူ၏ မျက်နှာကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “ထင်ထားတဲ့အတိုင်းပဲ။ အထက်နယ်မြေနဲ့ အောက်နယ်မြေကြား ဆက်သွယ်မှုက တကယ့်ကို ဆက်သွယ်လို့ မရတာပဲ”
ခဏလောက် ကြာပြီးသည့်နောက် သူက ပြောလိုက်သည်။ “ဒါက ပြဿနာကြီးတစ်ခု မဟုတ်ဘူး။ စွေ့ဟွာနဲ့ ကျူကျီတို့ ရှိသေးတယ်”
အတွေးတစ်ချက်နှင့်ပင် သူသည် အချိန်နှင့် တည်နေရာ ပိုးကောင်နှစ်ကောင်အား ဆင့်ခေါ်လိုက်တော့ သည်။
“ဒီအတားအဆီး အစီအရင်ကို စားသုံးလိုက်တော့”
“ကောင်းပါပြီ”
ဤရောင်းရင်းနှစ်ကောင်သည် ၎င်းတို့၏ ပါးစပ်ကြီးကို ဟကာဖြင့် အတားအဆီး အစီအရင်အား စတင်ကာ ဝါးမျို တော့၏။ တဂွပ်ဂွပ်နှင့် ဝါးမျိုနေသည့် အသံများ ထွက်ပေါ်လာခဲ့၏။ သွားများပင် ကျိုးကြေတော့ မလိုပင်။
“သခင်”
ကျူကျီသည် နာကျင်စွာဖြင့် ပြောလိုက်မိ၏။ “ဒီအတားအဆီးက အရမ်းကို မာကျောတယ်။ ကိုက်ပြီး ဖွင့်လို့မရဘူး”
ဘုတ်
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ့အနေနှင့် အချိန်သုံးလသာ ကျန်ရှိခဲ့သည်ဆိုသော်လည်း အစောပိုင်းတုန်းက တည်ငြိမ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် တည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးကို အသုံးပြု၍ ပြန်သွားနိုင်စွမ်း ရှိနေသောကြောင့်ပင်။ လက်ရှိ စမ်းသပ်မှုအရ ထိုအရာသည် သူ့အတွက် အသုံးမဝင်တော့ချေ။
ဟား ဟား ဟား ဟား
စနစ်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထကာ ရယ်မောမိတော့၏။ အချက်အလက်အားဖြင့် ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာကို သူသည် ခန့်မှန်းပြီးဖြစ်တော့၏။ ထို့ကြောင့် သူသည် မည်သို့မှ ပါးပိတ်ရိုက်မခံနိုင်တော့ချေ။
ဤအရာမှာ သာမန်သာ ဖြစ်၏။ အထက်နယ်မြေ၏ အတားအဆီး ပုံပန်းသွင်ပြင်သည် သေမျိုးလောကများ ထက်တော့ ပိုမိုကာ အားကောင်းနေမှာ သေချာ၏။ အမှတ်တမဲ့နှင့် ဝင်ရောက်သွားခြင်း သို့မဟုတ် ထွက်ခွာ သွားခြင်းဖြစ်မည်ဆိုပါက စကြဝဠာ နှစ်ခုကြား အကာအကွယ် အတားအဆီးသည် ခိုင်မာလွန်းသောကြောင့် ပြန်လာရန် မဖြစ်နိုင်ချေ။ စနစ်သည် ပါးပိတ်ရိုက်ခံရမည်စိုးသောကြောင့် အချိန်အတော်ကြာ အောင့်အီးသည်းခံ နေခြင်း ဖြစ်သည်။
“မင်းက ရယ်နိုင်သေးတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းက ထအော်လိုက်မိ၏။ “အဓိက တာဝန်ကို မပြည့်စုံဘူး ဆိုရင် ငါတို့နှစ်ယောက်လုံး ငရဲပြည်ကို ရောက်မှာကွ”
စနစ်သည် လေးနက်စွာ ပြောလိုက်သည်။ “ဒါဆိုရင်လည်း ဂိမ်းဆာဗာကို ခိုးတော့လေ”
“..........”
ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွား၏။ စနစ်သည် သူ့အားလှောင်ပြောင်နေခြင်းမှာ စနစ်၏ စတိုးဆီသို့ သွား၍ Refresh လုပ်စေရန် ဖြစ်နေလေ၏။
“လက်ခံသူအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်း အစီအရင်ကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုးနှစ်တိတိ ကြိုးစားပြီး ဘာတစ်ခုမှလည်း မဖြစ်ခဲ့ဘူး” စနစ်က ပြောလိုက်သည်။
“ငါတို့ ဒီအကြောင်းကို ဆက်ပြီးတော့ မပြောလို့ မဖြစ်ဘူးလား” ကျွင်းချောင်ရှောင်းက ထအော်လိုက်မိ၏။
အားလုံးသည် နောက်ပြန်လှန်၍ ဖော်မရနိုင်သော အတိတ်များ တည်ရှိနေခဲ့၏။ အထူးသဖြင့် ရီရှင်းချန်ပင် ဖြစ်သည်။ ရီရှင်းချန်သည် ထိုကဲ့သို့သော အတိတ်များ အများအပြားရှိနေ၏။ ဥပမာအားဖြင့် ၎င်း၏အတိတ်သည် များပြားလှသည့် အမှားအယွင်းများ တည်ရှိနေပြီး သူ၏ ချစ်သူကောင်မလေးသည် သူ၏နောက်ကျောကို ဓားနှင့် ထိုးကာ သတ်ဖြတ်ခဲ့၏။ ပြန်လည်မွေးဖွားပြီးသည့်နောက်မှာတော့ အရက်အလွန်အကျွံသောက်ပြီး မွေးမြူရေးခြံ သို့မဟုတ် စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့သွားကာ အိပ်မောကျတတ်သေးသည်။
ကုန်းရှန့်မှာလည်း ခြွင်းချက်ဟူ၍ မရှိချေ။ သူ့တွင် ပြန်လည်ပြောဆို၍ မရနိုင်သည့်အတိတ်များ တည်ရှိနေခဲ့၏။ သူသည် အစစ်အမှန်ပင် ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီးသည့်နောက် ကိုးနှစ်တာတိတိ သူ၏ ကိုယ်စွမ်းကိုယ်စကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် အထက်နယ်မြေဆီသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့ရ၏။
မဟုတ်သေးပေ။ ဤအရာမှာ ကျွင်းချောင်ရှောင်း လိုချင်သော အရာမဟုတ်ပေ။ သူလိုချင်သည်မှာ သေမျိုး လောကပဲ ဖြစ်ဖြစ်၊ အထက်နယ်မြေပဲဖြစ်ဖြစ် ထိပ်ဆုံးတွင် မတ်မတ်ရပ်နိုင်သည့် လူတစ်ယောက်အဖြစ်သို့ပင်။ သူနှင့်အတူ ပါဝင်ရမည့်လူများသည် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူ၏တပည့် များပင် ဖြစ်သည်။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ “ငါ မင်းတို့ကို အရမ်းလွမ်းနေပြီ”
“လာစမ်းပါ။ အခုမှ တစ်ရက်ပဲ ရှိသေးတယ်။ မသိရင် သုံးလေးငါးနှစ်လောက် ခွဲခွာနေရတဲ့ ပုံမျိုး အော်မနေနဲ့တော့”
စနစ်က ဆော်ဩလိုက်၏။ “မြန်မြန် အဆင့်မြင့်စတိုးကို ဖွင့်ပြီးတော့ Refresh လုပ်လိုက်။ ဒီလို ဂိမ်းဆာဗာ ခိုးယူခြင်းကသာ လက်ခံသူရဲ့ တန်ဖိုးကို ပိုမိုတိုးတက်လာစေမှာ။ လက်ခံသူဆိုတဲ့လူမျိုးက အလုပ်တွေကြိုးစားပြီး တော့ ရှင်သန်နေထိုင်ရတဲ့ အဓိက ဇာတ်ဆောင်မင်းသား မဟုတ်ဘူး”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ငါက ကြည့်ကောင်းလွန်းတဲ့ အသွင်အပြင်နဲ့ အဓိကဇာတ်ကောင်ပဲ။ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ကြည့်ကောင်းလှတဲ့ ငါ့ရဲ့ရုပ်ရည်ကို အသုံးပြုပြီး နေထိုင် လိုက်ရုံပဲ”
........
သုံးလအတွင်း ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ရောက်ရန် တာဝန်ဆိုသည်မှာ ကျိန်းသေပေါက် မဖြစ်နိုင်သည့် တာဝန်ပင်ဖြစ်၏။ ထို့ကြောင့် အရည်အသွေးမြင့် အရောင်းသမားတစ်ယောက်၏ မြူစွယ်မှုနှင့်အတူ ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးအား ဖွင့်လိုက်ရတော့သည်။
သို့ပေမဲ့ ပေါ်ပေါက်လာသည့် စနစ်၏ ပုံပန်းသွင်ပြင် သည် အလွန်ရှေးကျလှသည်ဆိုသော်လည်း ပိုမိုအားကောင်းလှသည့် နည်းပညာများနှင့် ဖန်တီးထားသည့် မျက်နှာ သွင်ပြင်မျိုး ဖြစ်လို့နေ၏။ အထဲတွင် စင်တင်ဘီယာဆိုင်သို့ ရောက်ရှိသွားကဲ့သလိုပင် တလက်လက် တောက်ပနေ သည့် အလင်းများလည်း တဖြတ်ဖြတ် အလင်းပေးလျက်ရှိနေသေး၏။
“ဘာတွေဖြစ်နေတာလဲ” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိသည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူက အထက်နယ်မြေကို တက်လိုက်တဲ့အချိန်မှာ အခြေအနေတွေက ပြည့်စုံ သွားပြီလေ။ ဒါကြောင့် လက်ရှိစနစ်က အစစ်အမှန် Version 2.0 ပဲလေ။ ပိုပြီး ကြည့်ကောင်းသွား တာပေါ့”
“ဒါဆိုရင် အထဲမှာရှိတဲ့ အရာတွေကလည်း ပိုပြီးအားကောင်းသွားမှာလား” ကျွင်းချောင်ရှောင်း၏ မျက်လုံး များသည် လင်းလက်သွား၏။
“အဲလိုတော့လည်း မဟုတ်ဘူး။ အသွင်အပြင် မျက်နှာပြင်လေးပဲ ပြောင်းသွားတာ”
“တောက်... မင်းအခု အပြင်ထွက်လာပြီး ငါရိုက်တာကိုခံစမ်း”
“လက်ခံသူ ငါ့ကို မနိုင်ပါဘူး”
...........
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးအား ဖွင့်လိုက်၏။ အထဲတွင် ရှိနေသော ပုံပန်းသွင်ပြင်များ ပြောင်းလဲသွား သည်ဆိုသော်လည်း ပစ္စည်းများမှာတော့ ယခင်က အတိုင်းပင် ဖြစ်၏။
ထုံးစံအတိုင်းပဲ သူသည် refresh မလုပ်ခင် ဆုတောင်းမှုကို ပြုလုပ်လိုက်သည်။
“လာစမ်း”
အဓိက စီနီယာအဖြူ အား ဦးထိပ်ထားပြီး ရှိရှိနေသမျှသော ကိုးကွယ်၍ရသည့် အရာအားလုံးအား ဆုတောင်းပြီးနောက် ကျွင်းချောင်ရှောင်းသည် စတိုးအား အသာဖွင့်ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင်ရှိသော ပစ္စည်းများသည် ရောင်စုံအလင်းတန်းများ ထွန်းတောက်ကာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။
စနစ်သည် အဆင့်တိုးတက်ပြောင်းလဲပြီးသည့်နောက် refresh လုပ်သည်များသည်ပင် ပြောင်းလဲကုန်ကြ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအသွင်သဏ္ဍာန်များ ပြောင်းလဲမှုကို ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်မှာ အထဲတွင် ရှိသော အရာများသည် သူ့အတွက် အသုံးဝင်မလား ဆိုသည်ပင်။
ဥပမာအားဖြင့် အထက်နယ်မြေနှင့် အောက်နယ်မြေကို ချိတ်ဆက်ထားသည့် တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်များ တည်ရှိနေသည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် မရှိချေ။ သို့ပေမဲ့ လအလင်း ရတနာသေတ္တာဆိုသည့်အရာ တစ်ခုက တည်ရှိနေ၏။
“ဖြစ်နိုင်တာက” ကျွင်းချောင်ရှောင်းသည် မိတ်ဆက်ကို အလျင်အမြန်ဖွင့်၍ ကြည့်ရှုလိုက်သည်။
“ပစ္စည်း - လအလင်းရတနာသေတ္တာ
မိတ်ဆက် - လအလင်းကို အသုံးပြုပြီးသည့်နောက် တည်နေရာ ခရီးသွားလာနိုင်သည်။
အစွမ်းသက်ရောက်မှု - အသက်သွင်းပြီးသည့်နောက် အသုံးပြုသူသည် သတ်မှတ်ထားသည့် တည်နေရာတစ်ခု ဆီသို့ ရွှေ့ပြောင်းနိုင်စွမ်းရှိ၏။ များပြားလှသည့် စကြဝဠာအတွင်းရှိ ဂြိုဟ်များဆီသို့ မိမိနှစ်သက်ရာကို သွားလာ နိုင်စွမ်းရှိသည်။
အကျိုးမသက်ရောက်မှု - တစ်ကြိမ်သာ အသုံးပြုနိုင်သည့် ပစ္စည်းလည်းဖြစ်၏။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် တစ်သိန်း။
အဆင့် - မသိ”
မိတ်ဆက်ကို ဖတ်ပြီးသည့်နောက် သူသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ သူသည် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် ရှိနေသည်။ သူ့အနေနှင့် ငိုနေသည်လား၊ ရယ်နေသည် လားပင် မသိတော့ချေ။
ငိုခြင်းနှင့်ရယ်ခြင်း နှစ်ခုလုံးလည်း ဖြစ်နိုင်၏။ သူ ရယ်မောနေခြင်းမှာ စိတ်ဓာတ်ကျ အကူအညီမဲ့နေသည့် အချိန်တွင် refresh တစ်ခါလုပ်ရုံနှင့် သူ့အား နွေးထွေးသည့်ခံစားချက်ကို ပေးစွမ်းသည့် စနစ် ကို ရရှိထားသောကြောင့်ပင် ဖြစ်၏။ ငိုနေခြင်းမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ပြီး သူ၏ တပည့် များကို ထပ်မံတွေ့ရမည်ဖြစ်ပြီး ပျော်ရွှင်ရလွန်းသောကြောင့် မျက်ရည်ဝိုင်းနေခြင်းပင်ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ ဘာကို စောင့်နေသနည်း။ ကျိန်းသေပေါက် ဝယ်ယူရတော့မည်ဖြစ်၏။
လအလင်းရတနာသေတ္တာသည် တစ်ကြိမ်တစ်ခါတည်း အသုံးပြုရမည်ဆိုလျှင်တောင်မှ သူသည် ဂိုဏ်းစုဆောင်း မှတ်များကို အသုံးပြု၍ တစ်ခါတည်း နှောင့်နှေးခြင်းမရှိဘဲ ဝယ်ယူမှာ သေချာသည်။
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို အသုံးပြုပြီးသည့်နောက် လအလင်း ရတနာသေတ္တာအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၁၀၀”
ရွှီး
ကျွင်းချောင်ရှောင်းသည် လအလင်းရတနာသေတ္တာဟု ရေးထိုးထားသော သေတ္တာတစ်ခုအား ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ထိုအနားဆီသို့ သွားကာ ကြည့်ရှုလိုက်၏။ တိုက်ဆိုင်စွာပင် အပြင်ဘက်တွင် ညရောက် နေပြီဖြစ်သည်။ လအလင်းများသည် ကျဆင်းလျက် ရှိ၏။
“နေအုံး”
သူ့အနေနှင့် ထိုအရာကို သုံးရန်ပြင်လိုက်သည့်အချိန်မှာပဲ စနစ်သည် သူ့အား တားဆီးလိုက်သည်။ “လက်ခံသူ... သေသေချာချာ တွေးအုံး”
“ဘာကို တွေးရမှာလဲ” ကျွင်းချောင်ရှောင်းက ပြန်လည် မေးခွန်းထုတ်လိုက်မိ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ရိုက်ပြန်ဖို့ဆိုတာလေ။ အခု ပြန်သွားလို့ရတယ်။ ဒါပေမဲ့ …”
စနစ်သည် လေးလေးနက်နက် ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အထက်နယ်မြေကို ဂိုဏ်းရဲ့တပည့်တွေ ပြန်ခေါ်လာဖို့ အတွက် နည်းလမ်းရှိပြီလား”
“ဒါက” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကိုးနှစ်တာလုံး ကြိုးကြိုးစားစား ဖန်တီးထားသည့် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်သည် တစ်ခါသာ အသုံးပြု၍ရသည့်အရာမျိုးဖြစ်၏။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံကာ အသုံးမပြုနိုင်ချေ။ အသုံးပြုနိုင်မည် ဆိုပါကလည်း တစ်ယောက်တည်းသာလျှင် ရွှေ့ပြောင်းအသုံးပြုနိုင်ပေလိမ့်မည်။
“သူတို့ကို ပြန်ခေါ်လာဖို့ နည်းလမ်း မရှိသေးဘူးဆိုရင် …”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ဘာလုပ်ဖို့ ပြန်မှာလဲ။ တာဝန်ကျရှုံးလို့ ချိန်ကိုက်ဗုံးရတဲ့အချိန်မှာ ကိုယ့်ရဲ့မိသားစုတွေ၊ တပည့်တွေကို တစ်ခါတည်း ခေါ်ပြီးတော့ သေစေချင်တာလား”
“..........”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဘာကို ဆိုလိုတာလဲ”
“တပည့်တွေကို အထက်နယ်မြေဆီခေါ်ဖို့ နည်းလမ်းတစ်ခု အရင်ဆုံးရှာရမယ်။ ပြီးမှ ဒီ လအလင်း ရတနာသေတ္တာ ကို အသုံးပြုပြီး ပြန်ရမယ်လေ” စနစ်က ပြောလိုက်သည်။ တစ်ကြိမ်သာ အသုံးပြုရသည် ဖြစ်သောကြောင့် သွားပြီးလျှင် ပြန်လာ၍ မရနိုင်ချေ။ ဤအရာသည် အလွန်ပင် တန်ဖိုးကြီးမားလှ၏။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။ “ဒါဆိုရင် နည်းလမ်းတစ်ခုကို အရင်စဉ်းစားရမယ်”
အပေါ်ဆီသို့ တက်လှမ်း ချင်သည်ဆိုပါက သူသည် စတိုးကိုသာ အမှီအခို ပြုရမှာဖြစ်၏။
“ငါနားလည်ပြီ။ ငါနားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်သည်။ “ထိုက်ရွှမ်အကြီးအကဲကို သွားပြီးရှာရမယ်။ သူက တစ်စုံတစ်ယောက်အနေနဲ့ အထက်နယ်မြေဆီကို တက်လှမ်းနိုင်တဲ့နည်းကိုတောင် ဖန်တီးထားနိုင်တယ်ဆိုမှတော့ လူတွေအများကြီး အထက်နယ်မြေဆီ တက်လှမ်းနိုင်မယ့် အစီအရင်လည်း ဖန်တီးထားမှာပေါ့”
“ဒါက အမှန်ပဲ”
စနစ်သည် ကုန်းရှန့်အား refresh ထပ်၍ မလုပ်ခိုင်းချေ။ ပထမဦးဆုံးအချက်အနေဖြင့် ကုန်းရှန့် တွင် ဂိုဏ်းစုဆောင်းမှတ် များများစားစား မကျန်တော့ချေ။ ဒုတိယအနေဖြင့် ကံတရားဆိုသည်မှာ အရေးကြီးလွန်း လှ၏။ တတိယအနေဖြင့် အောက်နယ်မြေသို့ သွားကာ အခွင့်အလမ်း ရှာဖွေခြင်းထက် အထက်နယ်မြေတွင် နေထိုင်ပြီး အခွင့်အလမ်းကို ရှာဖွေခြင်းသည် ပို၍ ယုတ္တိတန်လှသည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် မေးလိုက်မိ၏။ “ထိုက်ရွှမ်အကြီးအကဲက ဘယ်မှာနေတယ်လို့ ပြောတာလဲ”
“ဖန်းချီမိုးကောင်းကင် တောင်တန်းလေ”
“ဒါဆိုရင် သူ့ကို သွားရှာရအောင်”
ညနက်နေပြီး တစ်နေကုန် တိုက်ပွဲနှစ်ခု တိုက်ခိုက်ပြီး ပင်ပန်းနေပြီ ဖြစ်သော်လည်း ကျွင်းချောင်ရှောင်းသည် ပြန်လည် ထွက်ခွာသွားရန်ကိုသာ ရွေးချယ်ခဲ့၏။ သူ့တွင် အချိန်သည် အကန့်အသတ် ရှိလို့နေ၏။
………
ဝေးကွာလှသည့် တောင်တစ်ခု၏ ထိပ်တွင်တော့ ထိုက်ရွှမ်အကြီးအကဲသည် ကောင်းကင်တွင်ရှိနေသော ကြယ်များကို လေ့လာလျက် ရှိနေ၏။ သူသည် မျက်မှောင်ကိုကုတ်ကာ ပြောလိုက်မိသည်။ “ရုတ်တရက် ကြယ်တွေက ထွန်းတောက်လာခဲ့တာပဲ။ ဒါက မကောင်းတဲ့ အတိတ်နမိတ်ပဲ”