အခန်း (၁၃၃၀)
Vol. 90 Ch. 1330
အင်ပါရီယန်နတ်ဓားဂိုဏ်း အဓိကဟောခန်း
အနိမ့်ပိုင်းရှိထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေသည့် သူတော်စင်ကဲ့သို့သောအကြီးအကဲများသည် ဒေါသတရားများ ကြောင့် မျက်မှောင်ကုတ်လျက် ရှိနေကြ၏။အတားအဆီးအစီအရင်ထဲတွင် ရှိနေသော သူတို့၏ တည်နေရာ ပိုင်နက်သို့ တစ်စုံတစ်ယောက်သည် အမှန်ပင် ခိုးကာဝင်ရောက်ခဲ့၏။
၎င်းတို့၏ တပည့်နှစ်ဆယ်ကျော်နှင့် တပည့်ခေါင်းဆောင်တို့ကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ရုံသာမက ၎င်းတို့၏ ဓားပျံနှင့် လက်နက်ပစ္စည်းများကို လုယူသွားခဲ့သေး၏။ ဤကဲ့သို့ ကိစ္စမျိုးကို မည်ကဲ့သို့သော ခန္တီစတရားဖြင့် သည်းခံနိုင်မည်နည်း။
"လင်းလန်ပြောတာတော့ .."
အကြီးအကဲတစ်ယောက်သည် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်၏။ "ထွက်မသွားခင်မှာ အဲကောင်က ဂိုဏ်းနာမည်ကို ပြောခဲ့တယ်တဲ့။ ဂိုဏ်းနာမည်က ပြိုင်စံရှားဂိုဏ်းလို့ ပြောတယ်"
"ပြိုင်စံရှားဂိုဏ်း ဟုတ်လား"
ငွေရောင်ဆံပင်များနှင့် အကြီးအကဲတစ်ယောက် မထီတရီနှင့် ထကာပြောလိုက်သည်။ “ဟမ့် .. မောက်မာလိုက်တဲ့ နာမည်ပါလား။ အထက်နယ်မြေမှာ ဒီလိုဂိုဏ်းတစ်ခုရဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ နတ်ဂိုဏ်းဆိုတဲ့ နာမည်မပါဘူးဆိုမှတော့ အဆင့်မရှိတဲ့ ဂိုဏ်းတစ်ခုပဲ ဖြစ်လိမ့်မယ်"
"ဒီလိုဆိုမှတော့ ဒီကောင်တွေက အဆက်အသွယ်ကောင်းပြီး ကျောထောက်နောက်ခံရှိတဲ့ပုံ မပေါ်ဘူး။ လူတွေကိုစေလွှတ်ပြီးတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး စုံစမ်းဖို့ ခိုက်းလိုက်။ ဖြစ်နိုင်ရင် အမြန်အဆန်ဖမ်းပြီးတော့ ဂိုဏ်းဆီခေါ်လာခဲ့ကြ"
"ကျုပ်စိုးရိမ်တာက "
ပိုမို၍ ညဏ်ကောင်းပုံပေါ်သော အဘိုးအိုက ပြောလိုက်၏။ "သူ့အနေနဲ့ ဂိုဏ်းတစ်ခုရဲ့နာမည်ကို ကြုံသလိုပြောလိုက်တာပဲ ဖြစ်ရမယ်။ ဒါမှ ကျုပ်တို့က အဲ့ဂိုဏ်းနောက်ကိုလိုက်ပြီး လမ်းလွဲသွားမှာလေ "
"အင်း … အဲလိုလည်း ဖြစ်နိုင်တယ်"
ပိုမိုသည့်အခွင့်အာဏာကို ပိုင်ဆိုင်သည့် တတိယအကြီးအကဲသည် တီးတိုးပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းဆိုတဲ့ ကိစ္စကို လက်ရှိအချိန်မှာ ဂရုမစိုက်နဲ့အုံး။ အရင်ဆုံး အဲကောင်ကို ဖမ်းရအောင်။ ကောင်းကင်ဘုံမျက်လုံး ဟောခန်းကလူတွေကို တိုက်ခိုက်ပွဲဖြစ်ခဲ့တဲ့တည်နေရာကို စေလွှတ်ပြီးတော့ စုံစမ်းခိုင်းထားလိုက်။”
“ရက်အနည်းငယ်အတွင်းမှာ တိကျတဲ့ တည်နေရာတစ်ခုကို သူတို့ရှာဖွေနိုင်လိမ့်မယ်လို့ ထင်တယ်" စတုတ္ထအကြီးအကဲသည် လေးနက်တည်ကြည်စွာ ပြောလိုက်မိ၏။
ဂိုဏ်းတာအိုကို ကျွမ်းကျင်သော ရွှမ်အဆင့်ဂိုဏ်းတစ်ခုဖြစ်သည်နှင့်အညီ ၎င်းတို့သည် အဆင့်တူ ဂိုဏ်းများကြားထဲတွင် ပိုမို၍ကြီးမားသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သည်။ သူတို့ အနိုင်ကျင့်ရိုက်နှက်ခံရသည်ကိုသာ သိရှိသွားပါက ၎င်းတို့၏ ဂုဏ်ကျက်သရေသည် ကျဆင်းသွားမှာဖြစ်၏။ ထို့ကြောင့် အဆုံးထိလိုက်လံစုံစမ်းမှ ဖြစ်ပေလိမ့်မည်။
ရက်အနည်းငယ်ကြာပြီးနောက် ခပ်တောင့်တောင့် သက်လတ်ပိုင်း လူတစ်ယောက်သည် အဓိကခန်းမအတွင်းသို့ ဝင်ရောက်လာကာ ပြောလိုက်၏။ "အကြီးအကဲတွေကို သတင်းပို့ပါတယ်။ အဲကောင်ရဲ့အော်ရာကို အာရုံခံမိပါပြီ"
"ကောင်းပြီ"
တတိယအကြီးအကဲသည် ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။ "လူတွေကိုခေါ်ပြီး အဲကောင်ကို ချက်ချင်းလိုက်ကြ"
တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ပိုင်ဆိုင်သော တပည့်ခေါင်းဆောင်သည် ရိုက်နှက်ခံရခြင်းကြောင့် တံခါးပိတ်ကျင့်ကြံကာ ပြန်လည်အားမွေးနေရ၏။ ထို့ကြောင့် အင်ပါရီယန်နတ်ဓားဂိုဏ်း အနေဖြင့် ပြိုင်ဖက်ကို အထင်မသေးရဲချေ။ တည်နေရာချိုးဖျက်ခြင်း အထက်အဆင့်ပိုင်ဆိုင်သူနှင့် တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကိုပင် စေလွှတ်ခဲ့၏။ ၎င်းတို့စီးနင်းသွားသည့် ဓားပျံများသည်လည်း ထိပ်တန်းအဆင့်ကို ပိုင်ဆိုင်ကြ၏...။
"အကြီးအကဲသုံးယောက်တို့"
အော်ရာများကို အာရုံခံလိုက်နေသောလူသည် ကျွင်းချောင်ရှောင်း နားနေခဲ့သည့် လှိုဏ်ဂူတစ်ခု၏ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ "သူဒီနေရာကို ရောက်လာခဲ့တယ်"
"အခုဘယ်ရောက်သွားပြီလဲ"
"အရှေ့ဘက်ကို ထွက်သွားတယ်"
"လိုက်ကြရအောင်"
ရွှီ .. ရွှီ …။
ဓားပျံလေးစင်းသည် ကောင်းကင်ဆီသို့ ပျံတက်သွားပြီး အရှေ့ဘက်ဆီသို့ ဦးတည်ပျံသန်းတော့၏။ ၎င်းတို့သည် ရှုပ်ထွေးလျက်ရှိနေသည့် တောနက်ကြီးထဲသို့ ရောက်ရှိသွား၏။
မြေပေါ်တွင် တိုက်ပွဲဖြစ်ထားသည့် လက္ခဏာများကို တွေမြင်လိုက်ပြီး တည်နေရာတစ်ခုလုံးတွင် သွေးများ ပြန့်ကြဲနေသည်။
"ဒါက သားရဲတွေရဲ့သွေးပဲ"
ကောင်းကင်ဘုံမျက်လုံးဟောခန်းသခင်သည် တိကျသေချာစွာ ပြောလိုက်၏။ "ဒါ ဟိုကောင်လုပ်တာပဲ ဖြစ်ရမယ်"
"ထူးဆန်းလိုက်တာ"
အကြီးအကဲများထဲမှ တစ်ယောက်သည် ဇဝေဇဝါဖြစ်မိနေသည်။ "လက်ရှိသွေးတွေကိုကြည့်ရမယ်ဆိုရင် သူတော်စင်သားရဲတွေဆိုတာ သေချာတယ်။ ဒါပေမဲ့ ဘာလို့ သားရဲတွေရဲ့ အမွေးအမျှင်တစ်ခုတောင် မတွေ့ရတာလဲ။ ဒီကောင်အကုန်လုံးယူသွားတယ်လို့တော့ မပြောနဲ့နော် "
"ဒီတောနက်ထဲမှာရှိနေတဲ့ သူတော်စင်သားရဲတွေက အများဆုံးမှ တတိယအဆင့်နဲ့ ဒုတိယအဆင့် သားရဲတွေပဲလေ။ ဈေးသွားပြီးရောင်းမယ်ဆိုရင်တောင် ဘာမှ ထိုက်တန်မှာမဟုတ်ဘူး။ ဒီအမှိုက်ကောင်ရဲ့ဦးခေါင်းကတော့ တစ်စုံတစ်ခုလွှဲမှားနေပြီထင်တယ်..."
ဟတ်ချိုး
မိုင်တစ်ထောင်အဝေးမှာတော့ ကျွင်းချောင်ရှောင်းသည် နှာချေလျက်ရှိနေ၏။ သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အသုံးပြုကာဖြင့် သူတော်စင်သားရဲ၏ အရေခွံကိုခွာလျက်ရှိနေသည်။ ပြီးနောက် စပ်ဖြီးဖြီးနှင့်ပြောလိုက်သည်။ "အထက်နယ်မြေဆိုတဲ့အတိုင်းပဲ။ အမှတ်မထင်တွေ့ရှိလိုက်ရတဲ့ သားရဲတွေကတောင် သိုင်းအင်ပါယာအဆင့်နဲ့ နှိုင်းယှဉ်လိုရတဲ့ အဆင့်တွေဖြစ်နေတာကိုး"
စနစ်သည် စိတ်ဓာတ်ကျလျက်ရှိနေ၏။ "ငါတို့ မြန်မြန်သွားလို့မရဘူးလား"
အချိန်သည် အရေးကြီးနေ၏။ လက်ခံသူသည် ဤနေရာတွင် လာရောက်ကာ အမဲလိုက်လျက်ရှိနေသည်။
"ကောင်းပြီ"
သူသည် ဓားပျံတစ်စင်းကိုထုတ်ယူကာ အရှေ့ဘက်ဆီသို့ ပျံသန်းသွားလိုက်၏။ ဖန်းမိုးကောင်းကင်တောင်တန်းသည် မည်သည့်နေရာတွင်ရှိမှန်း သူသေချာမသိသေးချေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူလုပ်ရမည်မှာ မြို့တစ်မြို့ကို ရှာဖွေရန်ပင် ဖြစ်၏။ အထက်နယ်မြေနှင့် ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်ကို ရှာဖွေကာ လမ်းမေးမှ ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ အထက်နယ်မြေမှာ အလွန်တရာကျယ်ဝန်းလွန်းလှချေသည်။ ကုန်းရှန့်အနေဖြင့် သုံးရက်တိတိပျံသန်းပြီးနောက် ရေတွက်၍မရအောင် များပြားသော တောင်များ၊ ချောင်းများ ကို ဖြတ်ကျော်ခဲ့ရ၏။
နောက်ဆုံးမှာတော့ အဝေးတစ်နေရာတွင်ရှိနေသော မြို့ငယ်လေးကို မြင်လိုက်ရသည်။
"ဟင် … စီးဆင်းရေမြို့ ဟုတ်လား"
မြို့တံခါး၏ရှေ့သို့ ရောက်ရှိပြီးနောက် မြို့၏နံမည်ရေးသားသော ဆိုင်းဘုတ်အား ဖတ်ရှုကြည့်လိုက်မိ၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားခဲ့မိ၏။ "ဒီမြို့လေးကတောင်မှ ချင်းယန်မြို့ထက် ပိုပြီးတော့ အဆပေါင်းများစွာကြီးမားတာကို"
စီးဆင်းရေမြို့သည် အထက်နယ်မြေတွင် သာမန်မြို့လေးတစ်မြို့သာ ဖြစ်၏။ မြို့ထဲ၌ နေထိုင်ကျသည့် လူဦးရေသည် ငါးသန်းခန့်သာရှိသည်။ သို့ပေမဲ့ အထဲတွင်များပြားလှသော စီးပွားရေးလုပ်ငန်းများ တည်ရှိလို့နေသည်။
ကျွင်းချောင်ရှောင်းသည် အထဲသို့ဝင်ရောက်ပြီး လမ်းဘေးဈေးသည်များ၏ အဆင့်ကို ကြည့်ရှုလိုက်ချိန်မှာတော့ သာမန်မဟုတ်သည်ကို သိရှိလိုက်ရ၏။
သူသည်သက်ပြင်းကို ကြိတ်ကာချလိုက်မိသည်။ “ဘာပဲပြောပြော အထက်နယ်မြေမှာလည်း သာမန်လူတွေ ရှိနေသေးတာပဲ"
စနစ်က ပြောလိုက်၏။ "ဟ … အထက်နယ်မြေကလူတွေအကုန်လုံးက တည်နေရာချိုးဖျက်ခြင်းအဆင့်ကို ပိုင်ဆိုင်နေတာမှ မဟုတ်တာ..."
ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်မှ သူ့အား ဖြတ်ကျော်သွားသည့် လူများအား လက်ညိုးထိုးကာ ပြောလိုက်သည်။ "အစ်ကိုကြီး ဒီလူတွေအားလုံးက သာမန်လူတွေထက် ပိုပြီးအားကောင်းကြတယ်လေ။ ဒါက သာမန်မှမဟုတ်တာ။ သာမာန်ဆိုပေမဲ့ သာမာန်မှ မဟုတ်တာ"
"ဒါက သာမန်ပဲလေ"
စနစ်က ပြောလိုက်၏။ "အထက်နယ်မြေဆိုတာ ကောင်းကင်နဲ့မြေကြီးဓာတ်သဘာဝတွေ အရမ်းကိုပေါများတာ မဟုတ်လား။ မင်းအနေနဲ့ ခွေးတစ်ကောင်ကို ခေါ်လာပြီး နေ့စဉ်နေ့တိုင်းအသက်ရှုသွင်းခိုင်းရုံနဲ့ ခွေးအင်ပါယာအဆင့်ကို ချိုးဖျက်ရောက်ရှိနိုင်တယ်"
"ဒါကို ငါမယုံနိုင်ဘူး"
"အစ်ကိုကြီး"
အသံတစိခုသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ ကြီးမားလှသည့် ကျောက်တုံးတစ်တုံးသည် လေထဲတွင် လွင့်မြောလျက်ရှိေကျောက်တုံးပျံများလား။
နောက်ဆုတ်၍ သေချာကြည့်လိုက်ချိန်မှာတော့ ထိုကျောက်တုံးကြီးအား သယ်ဆောင်လာသည့် အသက်သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ်ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုကလေးသည် ကျောက်တုံးကြီးအား လက်တစ်ဖက်ဖြင့် ဆွဲမထား၏။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါအုံး"
"....."
ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင်နှင့် ဘေးတစ်ဖက်ဆီသို့ ရှောင်ပေးလိုက်သည်။ ကောင်ကလေးသည် ရှေ့ဆီသို့ တစ်လှမ်းခြင်း လျှောက်သွားပြီး ခြံဝန်းတစ်ခု၏ရှေ့ဆီသို့ ရောက်ရှိသွားသည်။ ပြီးနောက် ကျောက်တုံးကြီးအား ဘုတ် ဟူ၍ ပစ်ချလိုက်၏။ ပြီးနောက် လက်နှစ်ဖက်ကို အသာခါယမ်းကာ ပြောလိုက်၏။ "အမေ ကျောက်တုံးကြီးကိုသယ်လာပြီ။ အခုစားလို့ရပြီလား"
"သောက်ကလေး"
သာမာန်ပုံပေါ်သော အမျိုးသမီးတစ်ယောက်သည် ခြံဝန်းထဲမှ လျှောက်လာခဲ့၏။ ပြီးနောက် သူမသည် ခါးထောက်ကာ ပြောလိုက်သည်။ "မိုင်ငါးရာခရီးလေး အသွားအပြန်လုပ်တာကို ဘယ်လိုဖြစ်ပြီးတော့ မနေ့ကထက် ဆယ့်ငါးမိနစ်နောက်ကျရတာလဲ … ဟမ်"
ကလေးသည် ခေါင်းကုတ်ကာဖြင့် အားပျော့သလို ပြောလိုက်၏။ "လမ်းမှာ ယုန်တစ်ကောင်တွေ့လို့ လိုက်ဖမ်းနေတာပါ"
"ဒါဆိုရင် ညစာကို တစ်ဝက်ပဲရမယ်"
"အား … မလုပ်ပါနဲ့ မလုပ်ပါနဲ့"
ကျွင်းချောင်ရှောင်းသည် သားအမိနှစ်ယောက် ပြောဆိုသည့် စကားများကို နားထောင်ပြီးသည့်အချိန်မှာတော့ နဝေတိမ်တောင် ဖြစ်လို့နေ၏။
အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ်ကလေးသည် ကလေးတစ်ယောက်လို နေထိုင်ရမည်မဟုတ်လား။ ဥပမာအားဖြင့် ရွှံ့ထဲတွင် ကစားရင်း တွေ့ကရာနေရာမျိုးတွင် သေးပန်းရမည်ဖြစ်၏။ အဘယ့်ကြောင့် ကျောက်တုံးကြီးကို ဆွဲမပြီး မိုင်ငါးရာခရီးကို အသွားအပြန်လျှောက်နေရသနည်း။
ဤအရာသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ပင် ပြုလုပ်နိုင်သော အရာမျိုးမဟုတ်ချေ။
ဘုန်း … ဘုန်း
ထိုအခိုက်မှာပဲ အနောက်ဘက်ဆီမှ ရန်ဖြစ်သည့်အသံများ ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် အသာလှည့်၍ ကြည့်ရှုလိုက်သည့်အခါမှာတော့ အထမ်းသမားနှစ်ယောက်သည် အသည်းအသန် ထိုးနှက်နေကြကြောင်း တွေ့မြင်လိုက်ရ၏။
၎င်းတို့နှစ်ယောက်သည် ပထမအော်ဟစ်ဆဲဆိုလျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ တစ်ခါတည်း တိုက်ခိုက်ကြသည်။
သိုင်းပညာမျိုးစုံကို ထုတ်ဖော်တိုက်ခိုက်သည့် အခါမှာတော့ ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။
ဟေး ….. ဟော….
ကလေးအနည်းငယ်တို့သည် သူ၏ဘေးမှ ဖြတ်ပြေးသွားကြ၏။ ၎င်းတို့၏ ပြေးလွှားဆော့ကစားနေသည့် ဟန်ပန်အမူအရာနှင့် အားအင်ကို ကြည့်ရှုလိုက်မည်ဆိုလျှင် အနည်းဆုံး သိုင်းစစ်သူကြီးအဆင့် အားအင်ကို ပိုင်ဆိုင်နေကြကြောင်း ထိတ်လန့်ဖွယ်ရာ သိရှိလိုက်ရသည်။
ဤမြို့ထဲရှိလူများအားလုံး၏ ၉၀ ရာခိုင်နှုန်း သည် သိုင်းပညာရှင်များ ဖြစ်နေကြ၏။ သာမန်ထက်ပိုသည့် လူများနှင့် သာမန်ထက်ပိုသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူများ ဖြစ်ကြ၏။
ကုန်းရှန့်သည် အလယ်တွင် ငူငူကြီးရပ်လျက်ရှိပြီး တစ်လောကလုံးသည် သူနှင့်မသက်ဆိုင်သလို ခံစားနေရ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူသည် နှလုံးသားထဲတွင် ဖြစ်တည်နေသော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာဖြင့် ပြောလိုက်မိသည်။
"အင်း ဘာပဲပြောပြော တည်နေရာအသစ်တစ်ခုကို ရောက်ရှိမှတော့ အသားကျအောင် ကြိုးစားရတော့မှာပေါ့"
ကုန်စုံဆိုင်လေးတစ်ခုထဲမှာတော့ ……
ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လိုက်၏။ သူသည် လမ်းတစ်လျှောက်တွင် ရယူခဲ့သည့် တိရိစ္ဆာန်အရေခွံများနှင့် အရိုးများကို ရောင်းချင်သောကြောင့် ဖြစ်၏။
သို့ပေမဲ့ သူ့အနေဖြင့် ကောင်တာဆီသို့ ရောက်ရှိသွားသည့်အချိန်မှာပဲ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် သူ၏ရှေ့မှ အသာဖြတ်ကျော်သွား၏။ ပြီးနောက် စားပွဲပေါ်သို့ လက်တင်ကာ အော်ဟစ်လိုက်သည်။ "ကျုပ်တစ်လလုံး တောထဲမှာလျှောက်သွားနေတာ သူတော်စင်သားရဲတွေပဲ တွေ့ခဲ့တယ်။ အဘိုးကြီးလီ … ဒါကိုဈေးသတ်မှတ်ပေးအုံး"
"မရဘူး"
ဆိုင်ပိုင်ရှင်လီက ပြောလိုက်၏။ "ဒီလိုအရာမျိုးတွေက ကောင်းကောင်းရောင်းလို့ရတာမဟုတ်ဘူး။ ဝယ်မယ်ဆိုရင်တောင်မှ ဆိုင်ထဲမှာ ပစ္စည်းရှုပ်တာပဲရှိတယ် ။ တခြားကိုသာ သွားရောင်းလိုက်ပါ"
"နားလည်ပါပြီ"
ထိုသိုင်းကျင့်ကြံသူသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချကာ ထွက်ခွာသွား၏။ အဘိုးကြီးလီသည် ဤလူနှင့် ရင်းနှီးပြီးသားဖြစ်၏။ ထို့ကြောင့် ပြောလိုက်သည်။ "ဂရုစိုက်ပါ။ နောက်တစ်ခါကျရင် အဲလိုသားရဲတွေကို အမဲလိုက်မလာနဲ့"
"ဟမ် …. နေပါအုန်း ခုနတုန်းက ဒီနားမှာ လူရှိပါတယ်။ အခု ဘယ်ရောက်သွားတာလဲ"
"သိမ်ငယ်မှုများစွာရယ်.."
တောင်ကြားတစ်ခုထဲမှာအေလွန်ဆွေးမြေ့လှသည့် လေသံဖြင့် သီချင်းအော်ဆိုနေ၏။
ဖြတ်သွားဖြတ်လာများသည် ထိုအသံကို နားထောင်လိုက်သည့် အချိန်မှာတော့ သွေးများပင်ဆူပွက်လာ၏။ တစ်ချို့ဆိုလျှင် မည်သို့မျှမခံနိုင်ဘဲ မြေပေါ်သို့လဲကျကာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်နှင့် တုန်ယင်နေလေသည်။