အခန်း (၁၃၃၃)
Vol. 90 Ch. 1333
မြင့်မားလှသော တောင်ကြီးတစ်ခုဆိုသည်နှင့် မိုးကောင်းကင်ဟူသော ခေါင်းစဉ်ကို တပ်သည်မှာ အထက် နယ်မြေ၏ သဘာဝပင်ဖြစ်သည်။ အထက်နယ်မြေတွင် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများသည် အလွန် တရာ ပေါများလွန်းလှသောကြောင့် မိုးကောင်ကင်ဟူသည့် နာမည်ကို တတွင်တွင် သုံးစွဲလျက်ရှိ၏။
ဥပမာအားဖြင့် ထိုက်ရွှမ်အကြီးအကဲ တစ်နှစ်ပတ်လုံး နေထိုင်ရာ ဖန်းချီတောင်ပင် ဖြစ်တော့သည်။ ဤတည်နေရာသည် သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်ပြီး မြင့်မားလှသော တောင်တန်းကြီး ဖြစ်သောကြောင့် မိုးကောင်းကင် တောင်ဟုလည်း ခေါ်ဆိုသည်။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်သည် အနည်းငယ်တော့ တသီးတသန့် နေထိုင် လွန်းလှ၏။ ၎င်းသည် ညဘက်တွင် ကြယ်တာရာများကို ကြည့်ရှုပြီး ကံကြမ္မာဖတ်ခြင်းအတတ်ကိုသာ ပြုလုပ်လျက် ရှိ၏။
သို့ပေမဲ့ လက်ရှိအချိန်တွင် ကြီးမားလှသည့် ကိစ္စရပ်ကြီးတစ်ခု ဖြစ်တော့မည်ဟု မကောင်းသည့်ခံစားချက်များ ရရှိလို့ နေခဲ့၏။ ရက်အနည်းငယ်အတွင်း ဤမကောင်းသည့် ခံစားချက် များသည် တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် သူသည် ဂဏာမငြိမ် ဖြစ်နေတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ထိုက်ရွှမ်အကြီးအကဲသည် မည်သို့မှ မနေနိုင်ချေ။ ထို့ကြောင့် သူ့အနေနှင့် ထပ်ကာ ထပ်ကာ ကံကြမ္မာဖတ်ခြင်း အတတ်ကိုသာ ပြုလုပ်လျက်ရှိနေ၏။ နောက်ဆုံးမှာတော့ ကောင်းကင်၏ လျှို့ဝှက်ချက် ဖြစ်သောကြောင့် ကြည့်ရှု၍ မရနိုင်ဆိုသည့် အဖြေကိုသာလျှင် ရရှိခဲ့၏။
“မဟုတ်သေးပါဘူး”
သူသည် နဝေတိမ်တောင်ဖြင့် ပြောလိုက်မိသည်။ “ငါ အထက်နယ်မြေကို တက်လှမ်း လာကတည်းက အပြင်လောကနဲ့ အဆက်အစပ် မလုပ်ဘဲ အစီအရင်တွေ သုတေသန ပြုတဲ့ကိစ္စကိုသာပဲ အာရုံစိုက်ထားခဲ့တာလေ။ ငါ့ဆီမှာ ဘယ်အချိန်တုန်းက ရန်သူရှိခဲ့တာလဲ”
ထိုက်ရွှမ်အကြီးအကဲသည် ဆက်လက်ကာ တွက်ချက်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ကောင်းကင်၏ လျှို့ဝှက်ချက် ဖြစ်သောကြောင့် ထုတ်ဖော် မပြောနိုင်ဆိုသည့် အဖြေကိုသာလျှင် တတွင်တွင် ရရှိခဲ့၏။
သေချာသည့် အကြောင်းအရာ တစ်ခုတည်းသာရှိ၏။ သူ၏ စိတ်ထဲတွင် ဖြစ်တည်လာသော မကောင်းသည့် အာရုံများသည် တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာခဲ့ခြင်းပင်။ ထိုအရာသည် အချိန်မရွေး သူ့ဆီသို့ ရောက်ရှိ လာနိုင်သည်ဟု တိကျ ခိုင်မာစွာ ခံစားနေမိသည်။ သူသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ကြည့်ရတာ ဇိမ်ကျကျနဲ့ နေခဲ့ရတဲ့ နေ့တွေက ပြီးဆုံးသွားပြီနဲ့တူတယ်”
သူသည် တောင်ထွတ်တစ်ခုတွင် ထိုင်ပြီးသည့်နောက် သူ၏ သုန်မှုန်လျက်ရှိနေသည့် မျက်လုံးများသည်လည်း စူးရှ လာခဲ့၏။ အချိန်အတော်ကြာ စည်းခတ်ခြင်းကို ခံထားရသော ဓားတစ်စင်းသည် စည်းမှ ပွင့်လှစ်တော့မည် သကဲ့သို့ပင်။
ထိုက်ရွှမ်အကြီးအကဲသည် အထက်နယ်မြေတွင် ကျော်ကြားလှသည့်လူတစ်ယောက် မဟုတ်ချေ။ သူသည် အစီအရင်များကို လေ့လာခြင်းဖြင့်သာ သူ၏နာမည်ကို ကျော်ကြား၏။ သူ၏ အစစ်အမှန် အားအင်အဆင့် သည် ဆန်းကြယ်လှသည့်အရာတစ်ခုအဖြစ် တည်ရှိနေပြီ မည်မျှ အားကောင်းလှသည်ဆိုသည့် မှတ်တမ်းမှတ်ရာ မရှိချေ။ ပြောရမည်ဆိုလျှင် နေထူးနိုင်ကဲ့သို့ပင်ဖြစ်၏။
............
ဘုန်း ဘုန်း
ဖန်းချီမိုးကောင်းကင်တောင်တန်း၏ မိုင်တစ်ထောင်အဝေးမှာတော့ ကျွင်းချောင်ရှောင်းသည် ရေခဲဓားမော့ နတ်ဂိုဏ်းတပည့်များနှင့် တိုက်ခိုက်လျက် ရှိနေ၏။ သူသည် စိတ်ဓာတ်ကျလျက် ရှိနေ၏။ “ငါက အင်ပါရီယန် နတ်ဓားဂိုဏ်းက မဟုတ်ဘူးလို့ ပြောပြီးပြီလေ”
“………”
စနစ်သည် ဆွံ့အလျက် ရှိနေ၏။ ဤမျှ များပြားသော သိုလှောင်လက်စွပ်နှင့် သိုင်းပညာအရင်းအမြစ်များကို လုယူ ခဲ့ပြီးပြီဆိုမှတော့ အင်ပါရီယန်နတ်ဓားဂိုဏ်းက ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရေးမကြီးတော့ချေ။
“ချီးတဲ့မှ”
ရေခဲဓားမော့နတ်ဂိုဏ်းဆီမှ တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့် ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ငါတို့ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ပြန်ပေးစမ်း”
ကျွင်းချောင်ရှောင်းအနေနှင့် သူစားပြီးသွားသော အစားအစာများကို ဘယ်သောအခါကမှ ထွေးထုတ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အရှိန်ကို မြှင့်တင်ပြီးသည့်နောက် ခပ်လှမ်းလှမ်း တည်နေရာဆီသို့ ဆုတ်ခွာသွားရန်သာ ကြိုးစားတော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ရွှမ်အဆင့် ဂိုဏ်းများအား အထင်သေးမိခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ သွားရာလမ်းမှာ သူသည် များပြားလှသော ဂိုဏ်းများ၏ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံနေရ၏။ ၎င်းတို့အားလုံးသည် မတူညီသည့် ဂိုဏ်းသား ဝတ်စုံကို ဝတ်ဆင်ထားကြသေး၏။ အဆုံးသတ်မှာတော့ သူသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အဆုံးစွန်အထိ ထုတ်ဖော်ကာ သိုသိုသိပ်သိပ် ထွက်ပြေးနေရသည်။
အထက်နယ်မြေတွင် ရွှမ်အဆင့်ဂိုဏ်းတစ်ခုဟု သတ်မှတ်ခံရပြီးဆိုကတည်းက များပြားလှသည့် မိတ်ဆွေ အပေါင်းအသင်းနှင့် အဆက်အသွယ်များ ရှိနေမည်မှာ သေချာ၏။ တစ်စုံတစ်ယောက်သည် ဒုက္ခရောက်နေသည် ဆိုသည်နှင့် တခြားသောသူများသည် လာရောက်ကာ ကူညီကြသည်မှာ သဘာဝပင်ဖြစ်၏။
လက်ရှိအချိန်မှာတော့ တခြားသော ပြည်နယ်များတွင် ရှိနေသော ဂိုဏ်းအသီးသီးသည်လည်း လာရောက်ကာ ကူညီကြတော့သည်။
အဆိုးရွားဆုံးကိစ္စမှာ ကျွင်းချောင်ရှောင်းသည် ကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ခြင်းပင်။ သူ့အား တားဆီးရန် တစ်စုံတစ်ယောက်သည် ကြိုးစားနေသည်ဆိုပါက သူသည် ခုခံရုံသာမက ပြန်လည်တိုက်ခိုက်ပြီး တစ်ဖက်လူ၏ သိုလှောင်လက်စွပ်နှင့် သိုင်းပညာ အရင်းအမြစ်များကို လုယူခဲ့၏။ နောက်ဆုံးမှာတော့ သူ နှင့် ပြဿနာဖြစ်ခဲ့သည့်လူများသည် တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့ပြီး ပါဝင်ကာ တိုက်ခိုက်ခဲ့သည့် ဂိုဏ်း အရေအတွက်သည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။
ဆွစ် ဆွစ် ……။
ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ လာရာလမ်းမှာတော့ ဂိုဏ်းအသီးသီးသည် ပျံသန်းနိုင်သော ရတနာများ အားလုံးကို စီးနင်းကာဖြင့် သောက်သူခိုးဓားပြနောက်ဆီသို့ အပြင်းအထန် လိုက်ကြတော့သည်။
ပြောရမည်ဆိုလျှင် ရက်အနည်းငယ်သာ ရှိနေသေးသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းနောက်သို့ လိုက်ပါလာသည့် ဂိုဏ်းများသည် ရွှမ်အဆင့်ဂိုဏ်းခြောက်ဂိုဏ်းနှင့် ဂိုဏ်းအဆင့်မရှိသော ဂိုဏ်းပေါင်း နှစ်ဆယ်မှ သုံးဆယ်နီးပါးခန့်ပင် ရှိနေပြီဖြစ်၏။
သူတို့သည် ကျွင်းချောင်ရှောင်း ပျောက်ကွယ်သွားမည်ကို မစိုးရိမ်ကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သွားနေသည်မှာ ဖန်းချီမိုးကောင်းကင်တောင်တန်းဖြစ်ကြောင်း သိရှိပြီးသောကြောင့်ပင်။ ထို့ကြောင့် ၎င်းတို့ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ထိုက်ရွှမ်အဘိုးအိုသည် ပြန်လည်ကာ ပေးဆပ်ရပေလိမ့်မည်။
တစ်နှစ်ပတ်လုံး တောင်မှ မခွာဘဲ မိမိဝါသနာပါရာကိုသာ အာရုံစိုက်နေသည့် ထိုက်ရွှမ်အဘိုးအိုသည် တခြားသော လူပေါင်းများစွာတို့၏ အပြစ်တင်ဆဲဆိုခြင်း ခံနေရကြောင်းသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် သွေးများပင် အန်ထွက်နေပေလိမ့်မည်။
..............
ဆွစ် ဆွစ်
ကောင်းကင်ယံတွင်တော့ ဓားအလင်းတန်းတစ်ခုသည် ပျံသန်းသွားခဲ့၏။
“ခပ်ဝေးဝေး တည်နေရာက တောအုပ်ကြီးကို ဖြတ်သန်းသွားပြီးရင် ဖန်းချီမိုးကောင်းကင်တောင်တန်းကို ရောက်ပြီပဲ” ကျွင်းချောင်ရှောင်းသည် မြေပုံကို အသာထုတ်ကြည့်ပြီးနောက် သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာသည်။
သူ၏ အထင်အရဆိုလျှင် ထိုက်ရွှမ်အဘိုးအိုကို ရှာဖွေတွေ့ရှိသည် ဆိုသည်နှင့် အထက်နယ်မြေဆီသို့ သူ၏ တပည့်များကို ခေါ်နိုင်ရန် ရာခိုင်နှုန်းသည် သုညအဆင့်မှသည် တစ်ခုခုဆီသို့ တိုးတက်သွားမှာ သေချာ၏။ မည်မျှ ရာခိုင်နှုန်းအထိ တိုးတက်သွားမည်ဆိုခြင်းမှာ ကိစ္စမရှိပေ။ မျှော်လင့်ချက် ရှိနေဖို့သာလို၏။
ဆွစ် ဆွစ်
သို့ပေမဲ့ သူ့အနေနှင့် တောအုပ်ထဲသို့ ရောက်ရောက်ခြင်းမှာပဲ များပြားလှသော အလင်းတန်းများသည် အောက်ဘက်ဆီမှ ထိုးတက်လာပြီး ကုန်းရှန့်အား ဝိုင်းရံလိုက်တော့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီး သည့်နောက် ဓားများကို ကိုင်ဆောင်ထားသော အကြီးအကဲလေးယောက်တို့သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်မတ် ရပ်နေကြသည်။
“ကောင်လေး”
ရှေ့ဆုံးမှ ဦးဆောင်လာခဲ့သည် တတိယအကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းရဲ့ဓားပျံကို လွှဲပေးစမ်း”
“ဒီမှာလေ”
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်ဓားပျံတစ်စင်းကို ထုတ်ယူပြီးသည့်နောက် အားကုန် လက်လွှဲကာ ပစ်လိုက်၏။
ဆွစ်
အကြီးအကဲတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်သည်။
ဆွစ်
ထိုအခြေအနေကို အခွင့်အရေးယူပြီးနောက် ကျွင်းချောင်ရှောင်းသည် နောက်ထပ် ဓားပျံတစ်စင်းကို ထုတ်ယူ ကာဖြင့် အဝေးဆုံးသို့ ထွက်ပြေးတော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ပါးစပ်ထဲမှ လျှာပင်ထွက်လုမတတ် ပြေးနေရ၏။ သူ၏ ဦးတည်ချက်သည် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့သာ ဖြစ်လေ၏။
............
ကျွီ
တာအိုပုံစံဘုရားကျောင်းတစ်ခုနှင့် ဆင်တူလှသော အဆောက်အဦတစ်ခု၏ တံခါးသည် ရုတ်တရက် ဖြည်းညှင်းစွာဖြင့် ပွင့်လာခဲ့သည်။ ဘာမှန်းမသိသည့် ခံစားချက်များကို ရရှိနေသည့် ထိုက်ရွှမ်အဘိုးအိုသည် အပြင်ဘက်သို့ ထွက်လျှောက်လာပြီးသည့်နောက် ကြည်လင်ရှင်းလင်းနေသည့် ကောင်းကင်ယံသည် ရုတ်တရက် တိမ်မဲများ ဖုံးလွှမ်းလာသည်ကို ကြည့်ပြီးသည့်နောက် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိသည်။ “ဆိုးရွားတဲ့ အရာကြီးက ဖြစ်လာတော့မှာပဲ”
“စီနီယာထိုက်ရွှမ်”
ရုတ်တရက် အဝေးဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ “ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါအုံး”
“အမ်”
ထိုအရာကို ကြားတော့ ထိုက်ရွှမ်အဘိုးအိုသည် ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ သူသည် တစ်စုံ တစ်ခုကို စဉ်းစားမိကာ အံ့အားသင့်သွားသည်။ “ဒါက ထိုက်ရွှမ်လှိုဏ်ဂူထဲမှာ ကြုံခဲ့တဲ့ လူငယ်လေးရဲ့ အသံပါလား”
ဟူး ဟူး
ဆန်းကြယ်လွန်းလှသော စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက် အကူအညီတောင်းခံသည့် အသံရှိရာ ဆီသို့ ကြည့်ရှုလိုက်၏။ ချက်ချင်းပဲ တည်နေရာချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်တို့ နောက်မှ လိုက်နေသောကြောင့် ဓားပျံတစ်စင်းနှင့် အူယားဖားယား ပြေးလျက်ရှိနေသည့် လူငယ်တစ်ယောက်ကို သူမြင်လိုက်ရ၏။
“မဟုတ်သေးပါဘူး”
ထိုက်ရွှမ်အဘိုးအိုသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ “သူ လှိုဏ်ဂူထဲကို ရောက်ခဲ့တာ ဆယ်နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီးတော့ အထက်နယ်မြေဆီ တက်လှမ်းနိုင်တာလဲ”
ဘုန်း ဘုန်း …။
အဝေးကောင်းကင်ယံထက်ဆီမှ များပြားလှသော ဓားစွမ်းအင်လှိုင်းများသည် ပျံသန်းလာခဲ့၏။ ကျွင်းချောင်ရှောင်း အနေဖြင့် အချိန်အတော်ကြာ ရှောင်ရှားခဲ့သည်ဆိုသော်လည်း သူ၏နောက်ကျောကို လာရောက်ကာ ထိမှန်နေသေး၏။ ထို့ကြောင့် ဆိုးဆိုးရွားရွား အခြေအနေနှင့် သူသည် အပြင်းအထန်ဆုံး ပြေးလွှားလျက် ရှိနေ၏။ သူသည် စပီကာကြီးကို ထုတ်ယူပြီးသည့်နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဆရာကြီး... ကျုပ်ကို လာပြီး ကယ်ပါအုံး”
ဟူး ဟူး
များပြားလွန်းလှသော ဓားစွမ်းအင်များသည် သူ၏တည်နေရာဆီသို့ ရောက်ရှိလာ၏။ စုဝေးလာသည့် စွမ်းအင်လှိုင်း များကို သုံးသပ်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ကာ ခုခံထားရသည်ဆိုသော် လည်း ဒဏ်ရာတော့ ရရှိနေသေး၏။
“ချီးတဲ့မှ... နောက်မှ ငါ မင်းတို့နဲ့ အပြင်းအထန် တိုက်ခိုက်မယ်” ကုန်းရှန့်၏ မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေသည်။
သူ့အနေနှင့် တောင်၏ အနောက်ဘက်ဆီမှ အလွန် အားကောင်းလှသော လေလှိုင်းများ ထွက်ပေါ်လာသည်ကို ခံစားရသည့်အချိန်မှာတော့ စည်းဓားမော့ကြီးကို ထုတ်ယူကာ အသုံးပြုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ၏ အနောက်ဘက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာ၏။ ၎င်းသည် လက်ကြီးကို ယမ်းခါပြီးသည့်နောက် သူ့ဆီသို့ ရောက်ရှိလာသော ဓားစွမ်းအင်များကို ဖယ်ရှား လိုက်၏။
“ဒါက”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ရုတ်တရက် တစ်စုံတစ်ယောက်သည် သူ၏ အနောက်ဘက်ဆီသို့ ရောက်ရှိလာ၏။ ထိုသူသည် ပျံသန်းနိုင်သည့်ရတနာများကို အသုံးပြုစရာမလိုဘဲ လေထဲတွင် ပျံသန်းလျက်ရှိ၏။ ဆိုလိုသည်မှာ အလွန်ပင် အားကောင်းလှသည်ဟု ဆိုလိုခြင်းဖြစ်မည်။
“ကောင်လေး”
ကုန်းရှန့်သည် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် ပြုံးကာ ပြောလိုက်၏။ “ဒီလိုမျိုး ပြန်ဆုံလိမ့်မယ်လို့ မထင်မိဘူး”
ရင်းနှီးနေသည့်အသံ။
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိသည်။ “ဆရာကြီး”
ထိုက်ရွှမ်အဘိုးအိုသည် အနည်းငယ်မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ငါ အခုအချိန်ထိ တစ်ယောက်တည်း ကျင့်ကြံခဲ့တာလေ။ ဘယ်တုန်းကမှ တပည့် မမွေးဖူးဘူး။ မင်းက …”
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပြောလိုက်၏။ “ကျုပ်က ထိုက်ရွှမ်လှိုဏ်ဂူထဲကနေပြီး အရမ်းကို နက်နဲလွန်းတဲ့ သိုင်းနည်းစနစ်ကို ရရှိခဲ့တာလေ။ ဒါကြောင့် အထက်နယ်မြေဆီကို တက်လှမ်းနိုင်ခဲ့တာပေါ့။ လောကဝတ်တွေအရ ပြောရမယ်ဆိုရင် ဆရာကြီးက ကျုပ်ရဲ့ဆရာကြီးပဲ။ ကျုပ်ကတော့ ဆရာကြီးရဲ့ ဆက်ခံသူပေါ့”