← Chapters

အခန်း (၁၃၃၆)

Vol. 90 Ch. 1336

အခန်း (၁၃၃၆)

Vol. 90 Ch. 1336

ထိုက်ရွှမ်အဘိုးအိုသည် အဝေးကြီးဆီသို့ ထွက်ပြေးမသွားခဲ့ချေ။ သူသည် စက်ရုပ်ကြီးကို မောင်းနှင်ကာဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။ ဝါးတောင်တန်း နံပါတ်တစ်ဆိုသည်မှာ အလွန်ပင် အားကောင်းလှသည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ဤတည်နေရာသို့ ရောက်ရှိလာပြီးနောက် လျင်လျင်မြန်မြန်ပဲ နောက်သို့ပြန်ဆုတ်လိုက်ရသည်။

"စီနီယာ … စီနီယာရဲ့စက်ရုပ်ကြီးက အရမ်းကိုမိုက်တယ်"

ကျွင်းချောင်ရှောင်းသည် စက်ရုပ်ကြီးကို လှည့်ပတ်ရှုကာ ပြောလိုက်၏။ "ကျွန်တော်လည်း ဝင်ပြီး စမ်းကြည့်လို့ ရမလား"

"တော်စမ်း"

ထိုက်ရွှမ်အဘိုးအိုသည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက်သူသည် ဝါးတောင်တန်း နံပါတ်တစ်ကို ပြန်လည်သိမ်းဆည်းကာ ပြောလိုက်သည်။

"ဒါက ငါ့ရဲ့ နှလုံးသားတွေ၊ သွေးတွေနဲ့ ရင်းပြီးတော့ ပြုလုပ်ထားတဲ့ ရတနာတစ်ခုလေ။ မိန်းမတစ်ယောက် ထက်တောင် ပိုပြီးတော့ အရေးကြီးသေးတယ်။ ဘယ်သူ့ကိုမှ ထိခွင့်မပေးနိုင်ဘူး..."

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ မည်သူသည် စက်ရုပ်တစ်ရုပ်နှင့် မိန်းမတစ်ယောက်အား နှိုင်းယှဉ်၍ ပြောနေသနည်း။ကုန်းရှန့်အနေဖြင့် သူ၏စိတ်ထဲတွင် ရှိနေသော အတွေးများကို ဖိနှိပ်ကာဖြင့် သတိမေ့လျက် ရှိနေသည့် တတိယအကြီးအကဲနှင့် အခြားသူများထံသို့ သွားလိုက်၏။ ပြီးနောက် ၎င်းတို့ဆီမှ သိုလှောင်လက်စွပ်များကို ယူဆောင်သိမ်းဆည်းလိုက်၏။

ထိုအချင်းအရာကို မြင်တော့ ထိုက်ရွှမ်အဘိုးအိုသည် အဘယ့်ကြောင့် ဤကောင်လေးအား ဂိုဏ်းအသီးသီးတို့ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း နားလည်သွားမိသည်။

"အမှိုက်ကောင်လေး"

သူသည် ဆူငေါက်လိုက်မိ၏။ "ငါသူတို့ကို ရှင်လင်းခဲ့ရတာလေ။ မင်းဘယ်လိုလုပ်ပြီးတော့ သူတို့ အိတ်ကပ်ထဲက ဟာတွေ အကုန်သိမ်းသွားရတာလဲ"

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးထံမှ ဤသို့သော စကားထွက်လာသည်ကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲပြိုလမြတက် ဖြစ်သွားသည်။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။ "ဒါဆိုလည်း ငါးဆယ် - ငါးဆယ် ခွဲယူကြတာပေါ့"

"မရဘူး"

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ "ငါ့ရဲ့ဝါးတောင်တန်း နံပါတ်တစ်က စွမ်းအင်တွေအများကြီး ကုန်ဆုံးခဲ့တယ်။ ဒီတော့ ငါက ကိုးဆယ်ရာခိုင်နှုန်း၊ မင်းက ဆယ်ရာခိုင်နှုန်းပဲယူ"

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်များကို လှမ်းပစ်ကာ ပြောလိုက်၏။ "ဒါတွေအားလုံးက စီနီယာ့အတွက်ပါ။ ကျုပ်ဘာမှ မလိုချင်ပါဘူး"

သိုင်းပညာအရင်းအမြစ်များကို အမြဲတမ်း တန်ဖိုးထားတတ်သော ကုန်းရှန့်သည် လက်ရှိအခြေအနေမှာတော့ သူရရှိခဲ့သမျှ အရာအားလုံးကို ပြန်လည်ကာ ပေးအပ်လျက်ရှိ၏။ ထိုအရာသည် သာမန်မဟုတ်ချေ။

"သွားကြရအောင်"

ထိုက်ရွှမ်အဘိုးအိုသည် ထိုအရာများကို ရေပင်မရေချေ။ တစ်ခါတည်း ယူဆောင်ကာ ပြောလိုက်၏။ "ဒီကနေ မြန်မြန်ထွက်သွားစို့ "

သူ့အနေဖြင့် တည်နေရာချိုးဖျက်ခြင်းအဆင့် သုံးရာကျော်တို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်လိုက်သည် ဆိုသော်လည်း ၎င်းတို့၏ နောက်ခံဂိုဏ်းများက တည်ရှိနေသေး၏။ သူတို့အား လွယ်လွယ်ကူကူနှင့် လက်လွတ်ပေးလိမ့်မည် မဟုတ်ချေ။ အကောင်းဆုံးသော ရွေးချယ်မှုသည် တောင်ပြောင်းကာ နေထိုင်ခြင်းပင် ဖြစ်သည်။

အင်း ..။

ထိုက်ရွှမ်အဘိုးအိုသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်၏။

"ငါသိုသိုသိပ်သပ်နဲ့ နေချင်တာလေ။ ဒါပေမဲ့ ငါရဲ့အားအင်အဆင့်က ဒီလိုလုပ်ဖို့ ခွင့်ပြုမပေးခဲ့ဘူးပဲ"

"...."

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ပြီးနောက် ပြောလိုက်၏။ "ဒီအဘိုးကြီးက နည်းနည်းဟန်ထုတ်လွန်းတယ်"

စနစ်က ပြောလိုက်သည်။ "ထိုက်ရွှမ်လှိုဏ်ဂူထဲမှာ သူပြောခဲ့တာကို ကြည့်တာနဲ့ သူက သိုသိုသိပ်သိပ် နေထိုင်တတ်တာကို ကြိုက်တယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့ သူက စိတ်လှုပ်ရှားရတာကို ကြိုက်တဲ့ပုံပဲ"

"ဒါတော့ဟုတ်တယ်" ကျွင်းချောင်ရှောင်းသည် စိတ်လိုလက်ရ သဘောတူလိုက်မိ၏။

"ကောင်လေး ဘာကိုစောင့်နေတာလဲ။ လာသွားကြရအောင်" ထိုက်ရွှမ်အဘိုးအိုသည် ဆော်သြလိုက်သည်။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် ထွက်ခွာမသွားချေ။ ထိုအစား ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာပြောလိုက်၏။ "ဒီမှာရှိတဲ့မြင်ကွင်းက တကယ်ကိုလှတယ်လို့ထင်တယ်။ ဘာလို့ ဒီမှာပဲမနေတာလဲ။ အများဆုံး ဘယ်သူပဲလာလာ ရင်ဆိုင်လိုက်ကြတာပေါ့..."

ထိုက်ရွှမ်အဘိုးအိုသည် ကျွင်းချောင်ရှောင်းအား တစ်ချက်စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ရွှမ်ဂိုဏ်းတွေ အကုန်လုံးဆီမှာ အမြူတေ ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတွေ အများကြီးရှိတယ်လေ။ သူတို့ရောက်လာရင် ငါမင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး"

ကျွင်းချောင်ရှောင်းအနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ လာရောက်သည့်အချက်အလက်ကြောင့်သာ မဟုတ်ပါက သူသည် အဓိကဂိုဏ်းများနှင့် သွားရောက်တိုက်ခိုက်နေလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူသည် လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။

ကောင်းမွန်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း ရှုပ်ထွေးလှသည့် ဆက်ဆံရေးရှိသော ဂိုဏ်းများနှင့် နှိုင်းယှဉ်၍တော့ မရချေ။

ထို့ပြင် အထက်နယ်မြေတွင် ပြောစရာဆိုရိုးစကားရှိ၏။ အပြင်ဖက်တွင် ခွေးတစ်ကောင်နှင့် တွေ့သည်ဆိုလျှင်တောင်မှ သွား၍ရန်စလို့မရနိုင်ချေ။ ၎င်း၏နောက်တွင် များပြားလှသည့် ဂိုဏ်းများ တည်ရှိနေနိုင်၏။

ထိုက်ရွှမ်အဘိုးအိုသည် စိတ်လှုပ်ရှားရသည်ကို နှစ်သက်ခုံမင်သည့် လူတစ်ယောက်ဖြစ်သော်လည်း အစီအရင်များ ဖန်တီးခြင်းနှင့် ကံကြမ္မာဖတ်ခြင်းကိုသာ လေ့လာချင်မိ၏။ အပြင်ဘက်သို့ထွက်၍ အခြားသူများ နှင့် တိုက်ခိုက်သည့်ကိစ္စကို မပြုလုပ်ချင်ပေ။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “အမှန်ပြောရရင် ဒီဂျူနီယာက တောင်းဆိုစရာရှိလို့ လာခဲ့တာပါ"

"ဘာလဲ"

ထိုက်ရွှမ်အဘိုးအိုသည် နှုတ်ခမ်းများပင် တုန်ယင်လျက်ရှိနေ၏။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ခေါ်ဆောင်လာပြီးနောက် ဤကောင်ကလေးသည် ကောင်းမွန်သည့်လူတစ်ယောက်မဟုတ်ကြောင်း သူခံစားမိ၏။

ထင်မှတ်ထားသည့်အတိုင်းပင် ကျွင်းချောင်ရှောင်း၏ စကားကို ကြားရသည့်အချိန်မှာတော့ အချိန်အတော်ကြာ ဆွံ့အလျက်ရှိနေ၏။ ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "မင်းရူးများနေပြီလား"

"ဒီဂျူနီယာက မရူးပါဘူး"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပင် ပြန်ပြောလိုက်၏။ "ဒီဂျူနီယာက ဂိုဏ်းတစ်ခုလုံးကို အထက်နယ်မြေကို ခေါ်ဆောင်ချင်ရုံလေးပါပဲ"

"...."

ထိုက်ရွှမ်အကြီးအကဲ၏ မျက်နှာအမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်သွား၏။ ယခင်တုန်းက သူသည် အထက်နယ်မြေဆီ လှမ်းတက်နိုင်ဖို့ အစီအရင်တစ်ခုကို ဖန်တီးခဲ့စဉ်က အလွန်ရဲတင်းလွန်းလှသည်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခဲ့၏။ သို့ပေမဲ့ ဤကောင်လေးသည် သူတစ်ယောက်တည်း သာမက ဂိုဏ်းတစ်ခုလုံးကိုပါ အထက်နယ်မြေသို့ ခေါ်ဆောင်ရန် တွေးတောနေသည်။

"လူဘယ်လောက် လောက်လဲ"

"တစ်သိန်းကျော်ပါ"

"……."

ထိုက်ရွှမ်အဘိုးအိုသည် မြေပေါ်သို့ လဲကြလုမတတ် ဖြစ်သွား၏။ အထက်နယ်မြေအား ၎င်း၏ အိမ်ခြံဝန်းဟု ထင်မှတ်နေသည်လားမသိချေ။

များပြားလှသော လူများကို စိတ်သဘောကျ ခေါ်ဆောင်နိုင်မည်ဟု တွေးနေသော ကောင်လေးသည် တော်လွန်းလှချေ၏။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "လူတစ်ဦးတစ်ယောက်အတွက် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဖန်တီးနိုင်ပြီ ဆိုမှတော့ လူပေါင်းများစွာအတွက်လည်း ဖန်တီးနိုင်ရမှာပေါ့"

သူသည် လက်တလောရရှိထားသည် သိုင်းအရင်းအမြစ်များကို ထုတ်ယူကာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကူညီပါအုံး"

"ဒါက များလွန်းတယ်"

ထိုက်ရွှမ်အကြီးအကဲသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဒီအဘိုးကြီး ကူညီချင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်နိုင်တာ ဘာမှမရှိဘူး..."

ကျွင်းချောင်ရှောင်းသည် စိတ်ပျက်သွားမိ၏။ ထိုက်ရွှမ်အဘိုးအိုအား ရှာဖွေနိုင်ခဲ့လျှင် သူသည် ဂိုဏ်း တစ်ခုလုံးအား ခေါ်ဆောင်နိုင်မည်နည်းလမ်းကို ရှာဖွေနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့ပေမဲ့ အမှန်တရားသည် ရက်စက်လွန်းလှချေ၏။ ဤအကြောင်းကို ကြားရပြီးနောက် သူသည် စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်များ ပျောက်ဆုံးသွားရသည်။

"စီနီယာ … အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်ပန်ပါတယ်" သူသည် ထုတ်ယူထားသော သိုင်းအရင်းအမြစ်များကို သိမ်းစည်းကာဖြင့် ထွက်ခွာရန် ပြင်လိုက်၏။

"ကောင်လေး "

ထိုက်ရွှမ်အဘိုးသည် ပြောလိုက်သည်။ "ငါ့ဆီမှာ လူပေါင်းများစွာကို အထက်နယ်မြေကို ခေါ်ဆောင်နိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမဲ့ မင်းအနေနဲ့ အောက်နယ်မြေကို ပြန်နိုင်မှ ဖြစ်လိမ့်မယ်"

အစောတုန်းက စိတ်ဓာတ်ကျလျက်ရှိသော ကျွင်းချောင်ရှောင်းသည် မျှော်လင့်ချက်များ ပြန်လည်ပြည့်နှက်လာ၏။ သူသည် ဘတ်ခနဲ လှည့်ကာဖြင့် သိမ်းဆည်းထားသော သိုင်းအရင်းအမြစ်များကို ပြန်ပေးလိုက်၏။ "ဘာနည်းလမ်းလဲ"

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ "ငါဖန်တီးထားတဲ့ အစီအရင်က ဓာတ်ငါးပါးစွမ်းအင်တွေကို အခြေပြုထားတာလေ။ ဒါပေမဲ့ အောက်နယ်မြေမှာရှိတဲ့ ဓာတ်ငါးပါး အကန့်အသတ်တွေကြောင့်လူတစ်ယောက်ကို ပို့ဆောင်ပေးနိုင်တာ။ တစ်ကယ်လို့ ဓာတ်ငါးပါး စွမ်းအင်တွေသာ လုံလုံလောက်လောက် ရရှိမယ်ဆိုရင် လူပေါင်းများစွာကို တစ်ခါတည်း ပို့ဆောင်လို့ရတယ်"

"စီနီယာ ဆိုလိုတာက ဓာတ်ငါးပါးနဲ့ပတ်သက်တဲ့ စွမ်းအင်တွေကို ပိုမိုရှာဖွေနိုင်မယ်ဆိုရင် အထက်နယ်မြေကို အကုန်လုံးခေါ်လာလို့ရမှာပေါ့"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလာခဲ့၏။

ထိုက်ရွှမ်အကြီးအကဲသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "မင်းအနေနဲ့ သူတို့ကို အထက်နယ်မြေခေါ်ဆောင်လာနိုင်မလားဆိုတာ ငါအာမ မခံနိုင်ဘူး။ ဒါပေမဲ့ ဓာတ်ငါးပါးနဲ့ ပတ်သက်တဲ့ အားကောင်းတဲ့ အစီအရင်တွေကို ရှာဖွေနိုင်မယ်ဆိုရင်တော့ လူတစ်ယောက်ထပ်ပိုပြီးတော့ ခေါ်ဆောင်လာလိမ်မယ်လို့ ငါထင်မိတယ်"

"ဓာတ်ငါးပါးစွမ်းအင်တွေ"

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။ "စီနီယာ အထက်နယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝတွေမှာ ဓာတ်ငါးပါးတွေလည်း ပါဝင်တယ်လေ။ ဒီတော့ ဒီနေရာက ဓာတ်ငါးပါးစွမ်းအင်တွေ ပိုပြီးတော့ အားကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား"

"အမှန်ပဲ"

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ "အထက်နယ်မြေက အဆင့်မြင့်ဂြိုဟ် တစ်ခုပဲ။ တည်နေရာကြီးတစ်ခုလုံးက ကျယ်ပြောပြီး အထဲမှာရှိတဲ့ ဓာတ်သဘာဝတွေက သာမန်ထက်ပိုတယ်။ နှစ်ပေါင်းများစွာ ပျိုးထောင်ပြီးတဲ့အချိန်မှာ ဓာတ်ငါးပါးနဲ့ ပတ်သက်တဲ့ ရတနာတွေ ဖြစ်တည်လာခဲ့တယ်။ ဉပမာ မီးနီသန့်စင်ခြင်းနယ်မြေမှာ ရှိတဲ့ မီးနီနတ်ဘုရား ပုတီးစေ့တို့၊ နိဗ္မာန ေ"အဲတာတွေက တိတိကျကျ ဘယ်နေရာမှာရှိတာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်၏။

စနစ်က ပြောလိုက်သည်။ "သွားပြီ … သွားပြီ။ တစ်ကယ့်ကို သွားပြီ။ ဒီလိုမျိုး ရတနာတွေကိုသာ လိုက်ရှာနေရမယ်ဆိုရင် အနည်းဆုံး တစ်လနှစ်လလောက်တော့ ကြာမှာပဲ"

"အဲနေရာတွေမှာ ထူးခြားတဲ့အရာတွေ အများကြီးရှိနေတယ်။ ဒီတော့ မင်းအဲနေရာကို သွားရင်သေမှာပဲ"

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ "ဒါပေမဲ့ ငါ့ဆီမှာ ဓာတ်ငါးပါးနဲ့ပတ်သက်ပြီး ကိုယ်စားပြုနိုင်တဲ့ ရတနာတွေတော့ ရှိတယ် ။ ဒါတွေက ခုနက ရတနာတွေထက် အားမကောင်းဘူးဆိုပေမဲ့ သေမျိုးလောကမှာထက်တော့ အဆပေါင်းများစွာ ပိုပြီးတော့ အားကောင်းတဲ့အရာတွေပဲ"

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။

စနစ်သည် အော်ဟစ်လိုက်မိ၏။ "ငါ လျှာရှည်ပြီး ဝင်ပြောမိလိုက်ပြန်ပြီ"

All Chapters