← Chapters

အခန်း (၁၃၃၄)

Vol. 90 Ch. 1334

အခန်း (၁၃၃၄)

Vol. 90 Ch. 1334

ထိုက်ရွှမ်အဘိုးအို ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသူ၏ နှလုံးသားထဲတွင် အကြံအစည်ကြီးတစ်ခုကို ချမှတ်လိုက်တော့၏။ “ငါ ကျိန်းသေပေါက် ဒီလူရဲ့ပေါင်ကြီးကို ဖက်ရမယ်”

ထဝီ ..။

စနစ်သည် တံတွေးပင် ထ၍ ထွေးမိတော့၏။

လက်ခံသူသည် အားညိုတစ်ယောက် ထိုက်ရွှမ်ကျမ်းစာကို ပေးမည်ဟု ကမ်းလှမ်းခဲ့စဉ်က ဤထိုက်ရွှမ်ကျမ်းစာမှာ အသုံးမဝင်ဘဲ မသတီစရာကောင်းသည့် အရာတစ်ခုကဲ့သို့ ပြောဆိုခဲ့၏။ လက်ရှိအချိန်မှာတော့ တစ်ဖက်သူ အားကောင်းလှသည်ကို မြင်သည်နှင့် တပြိုင်နက် ထိုပေါင်ကြီးကို ဖက်တွယ်ထားရန် စဉ်းစားလျက် ရှိနေ၏။ ၎င်း၏ အပြုအမူသည် ရှက်ရွံ့စရာ ကောင်းလွန်းလှသည်။

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “မင်းအနေနဲ့ ငါချန်ထားတဲ့ သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ခဲ့တယ်။ ဒီတော့ ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် ငါ့ရဲ့ မျိုးဆက်တပည့်တစ်ခုအဖြစ် စဉ်းစား ဆုံးဖြတ်လို့ ရတာပေါ့”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ဆရာကြီး... ကျေးဇူးပြုပြီး ဒီတပည့်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ”

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ အကြီးအကဲ လေးယောက်တို့သည် ၎င်းတို့အား မှီသွား၏။ အရှေ့မှ ဦးဆောင်လာသည့် တတိယမြောက် အကြီးအကဲသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားက ထိုက်ရွှမ် ကျင့်ကြံသူလား”

“အမှန်ပါပဲ” ထိုက်ရွှမ်အဘိုးအိုက ပြုံးကာ ပြောလိုက်သည်။

တတိယအကြီးအကဲက ပြောလိုက်၏။ “ကြည့်ရတာ ခင်ဗျားက အသွင်ပြောင်းအမြူတေအဆင့်ကို ချိုးဖြတ် ရောက်ရှိပြီးသားနဲ့တူတယ်”

“အင်း.... ကျုပ်က ကံကောင်းလို့ အဆင့်ချိုးဖြတ်နိုင်ခဲ့တာပါ”

ထိုက်ရွှမ်အဘိုးအို၏ စကားကို သုံးသပ်ရမည်ဆိုလျှင် သူသည် သိုသိုသိပ်သိပ်နေထိုင်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာ၏။ သို့ပေမဲ့ သူ၏ အနောက်ဘက်ရှိလူမှာတော့ သိုသိုသိပ်သိပ် နေထိုင်တတ်သည့်လူမဟုတ်ဘဲ ပြဿနာကောင်ဖြစ်လို့ နေခဲ့၏။

အထက် နယ်မြေဆီသို့ ရောက်ရှိသည်မှာ တစ်လပင် မကြာသေးပေ။ သို့ပေမဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် အား တစ်ခါတည်း ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။

“ဟမ့်”

တတိယအကြီးအကဲသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့တပည့်က ကျုပ်တို့ အင်ပါရီယန် နတ်ဓားဂိုဏ်းရဲ့ တည်နေရာထဲကို ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ကျုပ်တပည့်တွေကိုလည်း ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်။ ပြီးတော့ ဓားပျံနဲ့ လက်နက်ပစ္စည်းတွေ အကုန်လုံးကို ခိုးယူသွားခဲ့သေးတယ်။ ခင်ဗျားက ဆရာ တစ်ယောက်အနေနဲ့ ရှင်းပြချက် ပေးရမယ်။ ဟုတ်တယ်နော်”

အားအင်အဆင့်အရဆိုလျှင် ၎င်းတို့လေးယောက်သည် ထိုက်ရွှမ်အဘိုးအိုနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့ပေမဲ့ အင်ပါရီယန်နတ်ဓားဂိုဏ်းမှ လူများဖြစ်သည်မို့ ၎င်းတို့ဂိုဏ်းတွင် အသွင်ပြောင်းအမြူတေအဆင့် ကျင့်ကြံသူများ တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် မကြောက်မရွံ့နှင့် ပြန်လည်ကာ တောင်းဆိုနိုင်စွမ်း ရှိနေ၏။

“ဟမ်” ထိုက်ရွှမ်အဘိုးအိုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ တစ်ဖက်လူသည် သူ၏တပည့် မဟုတ်ကြောင်းကို ရှင်းပြရန် အစီအစဉ်မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ လာသည့် လူတစ်ယောက် ဖြစ်သည်မို့ သူသည် ကူညီရမှာဖြစ်သည်။

“သောက်တလွဲတွေ”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကျုပ် လမ်းပျောက်ပြီး ခင်ဗျားတို့ရဲ့ တည်နေရာထဲ အမှတ်တမဲ့ ဝင်မိတာ‌လေ။ ပြီးတော့ အဲတုန်းက သေသေချာချာ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးကို လျစ်လျှူရှုပြီးတော့ ကျုပ်ကို နာကျင်အောင် တိုက်ခိုက်ခဲ့တယ် မဟုတ်လား။ ကျုပ်က ရွေးချယ်ခွင့် မရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရတာလေ”

အမှန်ပင်ဖြစ်သည်။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် နှစ်ဖက်လုံးသည် အစကတည်းက မှန်ခြင်း၊ မှားခြင်းများ လွဲလျက်ရှိ၏။ သို့ပေမဲ့ လက်ရှိပြဿနာသည် ခွင့်ပြုချက်မဲ့ တည်နေရာထဲသို့ ချိုးဖြတ်ဝင်ရောက်လာသည့် ပြဿနာ မဟုတ်တော့ချေ။ ထိုအစား ဓားပျံနှင့် ပစ္စည်းပစ္စယများအားလုံးကို လုယူသွားသည့် အကြောင်းအရာသာ ဖြစ်တော့၏။

“ထိုက်ရွှမ်ကျင့်ကြံသူ”

တတိယမြောက် အကြီးအကဲသည် ကျွင်းချောင်ရှောင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားအနေနဲ့ သူ့ဘက်က လိုက်မှာလား”

သူ့အနေနှင့် တပည့်တစ်ယောက်နှင့် အော်ဟစ်ရန်ဖြစ်နေရန် စိတ်မဝင်စားချေ။ ထို့ကြောင့် အရေးကြီးသည့် ဆရာ၏ သဘောထားကို တောင်းခံလိုက်ခြင်းပင် ဖြစ်သည်။

“ခင်ဗျား ကျုပ်ကို မေးမယ်ဆိုရင်”

ထိုက်ရွှမ်အကြီးအကဲသည် အချိန်အတော်ကြာ ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ခင်ဗျားတို့ အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ တပည့်တွေက သူ့ကို အနိုင် မတိုက်ခိုက်နိုင်တာလေ။ ဒါက ခင်ဗျားတို့အနေနဲ့ ညံ့လို့ပေါ့။ အခု ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်လုံးက ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီး သတ်ဖြတ်ဖို့ စဉ်းစားနေတယ်။ ဒါ အားနည်းသူကို အနိုင်ကျင့်တာနဲ့ တူမနေဘူးလား”

ဤစကားသည် မာကျောလှသည့် စိတ်ဓာတ်ကြောင့် ဖြစ်ပေါ်လာသည့် သမာဓိ စကားများပင် ဖြစ်တော့၏။

[မင်း အထက်နယ်မြေဆီကို တက်လှမ်းနိုင်တဲ့တစ်နေ့ ငါရှိရာ ဖန်းချီမိုးကောင်းကင်တောင်တန်းကို လာရှာ။ ဒီအဘိုးကြီးက အထက်နယ်မြေဆီ ရောက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီတော့ ငါ့ရဲ့နာမည်ကို ရေးထိုး နိုင်ခဲ့ပြီ။ မင်းလို အခုမှ ရောက်ရှိလာတဲ့ လူတစ်ယောက်ကို ကာကွယ်ပေးဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်ဘူး။]

ဤစကားများသည် ထိုက်ရွှမ်အင်မော်တယ်လှိုဏ်ဂူမှာတုန်းက ပြောဆိုခဲ့သည် စကားလုံးများပင် ဖြစ်၏။ ထို့ကြောင့် သူအနေနှင့် သူ၏ကတိစကားကို ပြည့်စုံစေရန်အတွက် အထက်နယ်မြေဆီသို့ တက်လှမ်းလာသည့် ကျွင်းချောင်ရှောင်းကို ကာကွယ်ပေးမှ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ လက်ရှိအချိန်မှာတော့ သူသည် မကောင်းသည့်ခံစားချက်များကို အဘယ်ကြောင့် ရက်ပေါင်းများစွာ ခံစားနေရသည်ဆိုခြင်းကို နားလည်သွားမိ၏။ ဤအရာသည် တူညီသည့် ဂြိုဟ်တစ်ခုဆီမှ လူငယ်လေး ယူဆောင် လာခဲ့သော ပြဿနာများပင် ဖြစ်နေတော့၏။

“ဆရာကြီး”

ကုန်းရှန့်သည် တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့၏။ သေချာပေသည်။ သူ့အနေနှင့် ရွေးချယ်ခြင်း မှန်ကန်သွားခဲ့၏။ ဤလူသည် ယုံကြည်ရလောက်သည့် စီနီယာတစ်ယောက်ဖြစ်ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဟု သတ်မှတ်ကြသည်မှာ မလွန်ချေ။

အင်ပါရီယန်နတ်ဓားဂိုဏ်းမှ အကြီးအကဲလေးယောက်တို့၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့ကြ၏။ တစ်ချိန်လုံး ဖန်းချီမိုးကောင်းကင်တောင်တန်းထဲတွင် ပုန်းအောင်းနေသည့် အဘိုးအိုသည် အမှန်တကယ်ပင် စူးရှပြီး ခက်ထန် လွန်းလှ၏။

တတိယအကြီးအကဲသည် တီးတိုးပြောလိုက်သည်။ “ဆိုလိုတာက ခင်ဗျားတပည့် မှန်တာ၊ မှားတာဖြစ်ဖြစ် ခင်ဗျားတပည့်ကို ကာကွယ်ပေးမယ်လို့ ဆိုလိုတာလား”

“ဆရာတစ်ယောက်အနေနဲ့ သူ့တပည့်ကို ကာကွယ်ပေးတယ်ဆိုတာ သာမန်ပဲ မဟုတ်ဘူးလား” ထိုက်ရွှမ် အကြီးအကဲသည် ပြန်ကာ မေးလိုက်၏။

ဟုတ်ပေသည်။ သူ့အနေနှင့် ကုန်းရှန့်မှာ သူ၏တပည့်ဖြစ်ကြောင်း သက်သေပြ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သို့ပေမဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ပြဿနာတစ်ခု တက်လာပြီ ဆိုလျှင် ဆရာများသည် တပည့်ကို ကာကွယ်ပေးရသည်ဆိုသည်မှာ သဘာဝပင် မဟုတ်ပါလား။ သို့ပေမဲ့ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ တပည့်များမှာတော့ ဆရာတပည့်ဖြစ်သည်ဟု မှတ်ထင်သွားခဲ့ကြ၏။

“ဟင်း” ကုန်းရှန့်သည် ရှိရှိသမျှသော အပြစ်တင်မှုအား ထိုက်ရွှမ်အကြီးအကဲ၏ ခေါင်းပေါ်သို့ တင်ပေးလိုက်ပြီ ဖြစ်၏။ ဤအရာမှာ အလွန်လှပလွန်းချေသည်။

“ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ”

တတိယအကြီးအကဲသည် အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက တစ်ချိန်လုံး တပည့်ဘက်က လိုက်ပြီးတော့ မှန်မှန်မှားမှား ကာကွယ်ပေးနေမယ်ဆိုရင် ရိုင်းပျတယ်ဆိုပြီး ကျုပ်တို့ကို အပြစ်မတင်နဲ့။”

တိုက်ခိုက်ဖို့တော့ မဖြစ်နိုင်ပေ။ ထို့အပြင် သူသည် အမြူတေမွေးဖွားခြင်းအဆင့်တစ်ယောက်သာ ဖြစ်သေး၏။ ထိုသို့ဆိုလျှင် သူ ဘာလုပ်ရမည်နည်း။ သူ့အနေနှင့် တခြားသော စစ်ကူများကို ခေါ်ယူသည့်နည်းလမ်းကိုသာ အသုံးပြုရပေလိမ့်မည်။

“မင်းတို့လေးယောက်”

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်သည်။ “ငါ ဒီမှာ ကျင့်ကြံစရာ ရှိသေးတယ်။ ဒီကို လိုက်မပို့ပေးနိုင်တာကို ခွင့်လွှတ်ပေးပါ”

သူ့အနေနှင့် ပြော၍မပြီးခင်မှာပဲ မျက်မှောင်ကုတ်မိလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဖန်းချီ မိုးကောင်းကင်တောင်တန်း ၏ အပြင်ဘက်တွင် များပြားလှသောလူများ ပျံသန်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့်ပင်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည်။ “ဒီလူတွေ အားလုံးက ကျုပ်ကို ပြဿနာ ရှာခဲ့တာပဲလေ”

ထိုက်ရွှမ်အကြီးအကဲသည် ဆွံ့အသွားမိ၏။ ၎င်းတို့၏ အဝတ်အစားများကို ကြည့်ရှုရမည်ဆိုလျှင် ဂိုဏ်းပေါင်း နှစ်ဆယ်မှ သုံးဆယ်နီးပါး အနည်းဆုံးရှိမှာ သေချာ၏။ ထိုကဲ့သို့သော လူများအားလုံးသည် ဖန်းချီမိုးကောင်းကင် တောင်တန်းတွင် လာရောက်ကာ စုဝေးလျက်ရှိနေ၏။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “မင်း ဘာတွေ လုပ်ထားတာတုန်း”

“ဟမ့်”

ရေခဲဓားမော့ဂိုဏ်း၏ ကျွမ်းကျင်သူများသည် အရင်ဦးဆုံး ရှေ့ဆီသို့ ရောက်လာပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ထိုက်ရွှမ်ကျင့်ကြံသူ... ခင်ဗျားရဲ့တပည့်က ကျုပ်ဂိုဏ်းထဲမှာရှိတဲ့ ရေတွက်လို့မရအောင် များပြားတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို လုယူသွားခဲ့တယ်။ ဒီတော့ ဒီနေ့ကောင်းကောင်းရှင်းပြချက် ပေးပါ။ မပေးဘူး ဆိုရင် ကျုပ်တို့က မသေမချင်း ပြဿနာရှာနေရမှာပဲ”

“ဒါအမှန်ပဲ”

တခြားသောဂိုဏ်းများတွင်ရှိသော သိုင်းကျင့်ကြံသူများသည်လည်း သံပြိုင်ဆိုသလို အော်ဟစ်လိုက် ကြ၏။ အစတုန်းက သူတို့သည် ကုန်းရှန့်နှင့် မည်သည့် ပဋိပက္ခမှ မရှိခဲ့ချေ။ သို့ပေမဲ့ ၎င်းတို့၏ သိုလှောင်လက်စွပ် များသည် တစ်ခုပြီးတစ်ခု လုယူခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးဆီသို့ ရောက်ရှိသွားခဲ့ ခြင်းပင်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ကျုပ်ရဲ့ လုံခြုံရေးကို ဆရာကြီးဆီ ဝကွက်အပ် ပါတယ်”

“.........”

ထိုက်ရွှမ်အကြီးအကဲသည် သွေးအန်လုမတတ် ဖြစ်မိနေ၏။ သူ၏ တပည့်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည့် လူတစ်ယောက်သည် အပြင်ဘက် လောကထဲတွင် ရှိရှိသမျှသော ပြဿနာပေါင်း များစွာကို ရှာဖွေခဲ့၏။ သို့ပေမဲ့ ထိုသူရှာခဲ့သည့် ပြဿနာများအားလုံးသည် နောက်ဆုံးတွင် သူ၏ခေါင်းဆီသို့ ရောက်ရှိလာခဲ့သည်။

“အားလုံးပဲ”

ထိုက်ရွှမ်အကြီးအကဲသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးညွှန်ပြကာ လေးလေးနက်နက် ပြောလိုက်၏။ “သူက ကျုပ်ရဲ့တပည့် မဟုတ်ဘူး။ ဒီတော့ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”

သူ့အတွက် ရေခဲဓားမော့ဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ မခက်ခဲချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် အလွန်တရာ များပြားလှ၏။ အနည်းဆုံး အားကောင်းလှသည့်ဂိုဏ်းများ ဆယ်ခုကျော်လောက် ပါဝင်နေသေး၏။ မည်သူက ထိုအရာကို ခုခံနိုင်မည်နည်း။

“.......”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျဆင်းသွားခဲ့တော့၏။ တစ်ဖက်လူသည် သူ့ဆီသို့ ရောက်ရှိလာပါက သူ့အား ကာကွယ်ပေးမည်ဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ များပြားလှသောလူများကို မြင်ရသည့်အချိန်၌ စိတ်ကူးပြောင်းသွားခဲ့၏။

“ဆရာကြီး”

ကုန်းရှန့်သည် သူ၏ ရင်ဘတ်ကို အသာဖိကိုင်ကာဖြင့် ကြေကွဲဝမ်းနည်းနေသည့်အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကို စိတ်ပျက်စေခဲ့ပြီ”

“ဆရာကြီးလို့ မခေါ်နဲ့”

ထိုက်ရွှမ်အကြီးအကဲသည် အော်ဟစ်လိုက်သည်။ “ငါ့ဆီမှ မင်းလိုတပည့်မျိုး ရှိတောင် မရှိဘူး”

အမှန်ပင်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် ဆရာနှင့်တပည့် ဆက်ဆံရေးလည်း မဟုတ်ချေ။ သို့ပေမဲ့ ဆရာကြီး၊ ဆရာကြီးဟု တောက်လျှောက်ခေါ်ဆိုနေမည်ဆိုလျှင် အပြင်လူများအနေဖြင့် ဆရာတပည့်ဟု ထင်မှတ်သွားနိုင် ၏။

“ဟမ့်”

တတိယအကြီးအကဲသည် နှာခေါင်းရှုံ့လိုက်သည်။ “ထိုက်ရွှမ်ကျင့်ကြံသူ... ခင်ဗျားရဲ့တပည့်က အမှားလုပ်ခဲ့ တယ်လေ။ ဆရာတစ်ယောက်အနေနဲ့ ခင်ဗျားက တာဝန်ယူမှု ရှိရမယ်။ ခင်ဗျားတို့ ဆက်ဆံရေးကို ဖျက်ဆီး လိုက်ရုံနဲ့ ဒီကိစ္စက ပြီးသွားတာ မဟုတ်ဘူး”

တစ်ဖက်လူ၏ ခေါင်းမာမှုကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ဤနှစ်ယောက်သည် ဆရာတပည့်ဆက်ဆံရေး ဖြစ်မည်ဟု ကျိန်းသေပေါက် တွက်ချက်လိုက်ကြ၏။

“အမှန်ပဲ၊ မြန်မြန်… ခင်ဗျားတပည့် ခိုးသွားတဲ့အရာတွေ အားလုံးကို ပြန်ပေး။ ဒါတွေအကုန်လုံးကို ပြန်မပေးဘူး ဆိုရင် ဖန်းချီမိုးကောင်းကင်တောင်တန်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

များပြားလှသော ဂိုဏ်းများရှိ သိုင်းကျင့်ကြံသူများသည် သူ့အား စူးစိုက်ကြည့်နေကြ၏။ ၎င်းတို့သည် အမြူတေ အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက်တည်း ဖြစ်နေသည်မို့ ကြောက်လန့်ခြင်း မရှိကြချေ။

“........”

ထိုက်ရွှမ်အကြီးအကဲ၏ လက်ရှိဖြစ်နေသည့် စိတ်အခြေအနေကို ဖော်ညွှန်းရမည်ဆိုလျှင် သောက်ကျိုးနည်းလှ ချေ၏ ဟုပင် ဖြစ်ပေမည်။ သူခံစားခဲ့ရသည့် မကောင်းသည့် ခံစားချက်များအားလုံးသည် ဤအရာဆီမှာ ဖြစ်တည်လာခြင်းပင်။ လူတစ်စုံတစ်ယောက်တည်းနှင့် ရန်ငြိုးဖြစ်တည်လာခြင်း မဟုတ်ဘဲ ဂိုဏ်းပေါင်းများစွာနှင့် ရန်ငြိုးဖြစ်တည်လာခဲ့ သည့် လူတစ်ယောက်သည် သူ၏ရှေ့ဆီသို့ ရောက်ရှိနေပြီဖြစ်၏။ ထို့အပြင် ရှာဖွေခဲ့သမျှ အရှုပ်ထုပ်များအားလုံးကို သူ၏ခေါင်းပေါ်ဆီသို့ လာတင်ထားသေး၏။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် အသာအနားသို့ တိုးလာပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျုပ်တို့ အတူတူ အလုပ်လုပ်မယ်။ ပြီးရင် … ”

ပြော၍ မပြီးသေးခင်မှာပဲ ထိုက်ရွှမ်အဘိုးအိုသည် သူ၏ အဝတ်အစားထုပ်ကြီးကို ပခုံးပေါ်သို့ ထမ်းတင်ကာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “တောင်ကြီးက ပြောင်းလဲမှာ မဟုတ်ပေမယ့် မြစ်တွေကတော့ ထာဝရ ပြောင်းလဲနေတယ်။ ငါတို့ ရေစက်ရှိရင် အနာဂတ်မှာ ထပ်တွေ့ကြတာပေါ့”

ဆွစ်

ပြီးသည့်နောက်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် ချက်ချင်းထွက်ခွာသွားလေသည်။။

All Chapters