← Chapters

ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ထွက်မသွားနိုင်ဘူး

Vol. 93 Ch. 1293

ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ထွက်မသွားနိုင်ဘူး

Vol. 93 Ch. 1293

သူမသည် စိတ်ထဲမှ စဉ်းစားရုံသာစဉ်းစားကာ ပါးစပ်မှထုတ်မပြောလိုက် ပေ။ ပြီးတော့ ငရဲခွေးကလည်း ခွေးပဲမဟုတ်ဘူးလား။ သူမသာ ထိုအရာကို ထုတ်ပြောလိုက်လျှင် သူ့ကို ထိခိုက်သွားနိုင်သည်။

“အင်း မင်း တကယ်ပဲငါ့နောက် လိုက်စရာမလိုပါဘူး” သူမအနောက်သို့ သူစိမ်းများလိုက်သည်ကို သူမ အသားမကျပေ။ ထိုအရာမှာ သူမ တစ်ခုခုလုပ် ချင်လျှင် အဆင်မပြေလှပေ။

“ဒါပေမဲ့… ကျွန်တော် သခင်မလေးနောက်မလိုက်ရင်တောင် ပြန်သွားလို့ မရတော့ဘူး” ဒိဝူသည် ရှီမာယူယူအား အသနားခံသော မျက်နှာဖြင့် ကြည့်လေ သည်။

“ပြန်သွားလို့မရဘူးဟုတ်လား ဘာအဓိပ္ပာယ်လဲ”

“လမ်းကြောင်းက တစ်လမ်းသွားပဲ ကျွန်တော် အဲဒီကနေ တစ်ခါပဲလာလို့ ရမယ် ဒီကနေပြန်သွားလို့မရဘူး” ဒိဝူ ပြောလိုက်သည်။

ရှီမာယူယူသည် တည်တံ့သော မျက်နှာဖြင့် ပြောလိုက်သည် “ဝမ်းကွဲ အစ်ကိုက မင်းကိုအဲလိုလုပ်လိုက်တာလား”

“သခင်မလေးက တကယ်ပဲဉာဏ်ကောင်းတယ်”

“လင်းယူ သူ့ကို တစ္ဆေလောကကို ပြန်ပို့ပေးလို့ရမလား” ရှီမာယူယူ၏ အကြည့်သည် ဝူလင်းယူဘက်သို့ လှည့်သွားလေသည်။

“ရတယ်” ဝူလင်းယူ ခေါင်းညိတ်လေသည်။

“သခင်မလေး မလုပ်ပါနဲ့ ကျွန်တော့်ကိုပြန်ပို့လိုက်ရင် သူတို့က လှောင် လိမ့်မယ်” ဒိဝူ အော်လေသည် “ကျွန်တော် လူသားလောကမှာပဲ သေမယ်”

“…..”

တစ္ဆေမျိုးနွယ်တွေက လူတွေက အမြဲတမ်း မှောင်ရိပ်သန်းနေတာမဟုတ် ဘူးလား။ အဲဒါတွေ အကုန်လုံးက စနောက်နေတာလား။ ဒိဝူက တည်ငြိမ်တဲ့ ဒိလျူနဲ့ ဘာလို့ အဲလောက်ကွာရတာလဲ။

“ဒိဝူ တကယ်ပဲ လိုက်လာစရာမလိုပါဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “ငါ့မှာ လုပ်စရာအရမ်းများတယ်၊ ငါ့ဘေးမှာ ကပ်နေရင် ငါလုပ်နိုင်မှာ မဟုတ်ဘူး”

“သခင်မလေး ဒီအတိုင်းပဲ ကျွန်တော့်ကို လျစ်လျူရှုလိုက်ပါ၊ စကားလည်း မပြောသလို ဘာမှလည်းမလုပ်ပါဘူး၊ သခင်မလေးဘေးမှာ အန္တရာယ်တစ်ခုခု ရှိမှာစိုးလို့ ပတ်ပတ်လည်ကိုသာ ကြည့်မှာပါ သခင်မလေးလုပ်သမျှကို ဘာမှ မနှောင့်ယှက်ပါဘူး” ဒိဝူ ပြောလေသည်။

“….”

သူမ ဆွံ့အသွားအောင်ပြုလုပ်နိုင်သော ထိုလူ၏ အရည်အချင်းကို သိ လိုက်ရသည်။ သူမ ပြောတာကို သူ ဘာလို့နားမလည်နိုင်တာလဲ။

သူမဘက်တွင် လူမည်မျှရှိသည်ကို သူမ စိတ်ထဲမထားပေ။ အကြောင်းမှာ သူမ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိသောကြောင့်ဖြစ်သည်။

သို့သော် သူမ မည်သည့်စကားပြောချင်သည်ကို နားမလည်သည့်အပြင် သူ အရှုပ်မလုပ်ပါဘူးဟုတောင် ရှေ့တန်းဆင်ပြောနေသေးသည်။

“ကိုယ့်ကိုလုပ်စေချင်လား” ဝူလင်းယူ မေးလိုက်သည်။

“မင်း…” ရှီမာယူယူသည် ဒိဝူ၏ နာကျင်သောအကြည့်ကိုမြင်ပြီး ‘လုပ်လိုက်’ ဟူသည့် စကားလုံးသည် လည်ချောင်းတွင်တစ်သွားလေသည်။

ဒီလူ ချစ်စရာကောင်းအောင် သရုပ်ဆောင်ဖို့ ဘယ်သူကသင်ပေးလိုက် တာလဲ။

ဒိဝူသည် ရှီမာယူယူ စိတ်ပျော့သည်ကို မြင်သောအခါ သူမဆီသို့ အလျင်အမြန် ကပ်ကာ ပြုံးပြီးပြောလေသည် “သခင်မလေး မစိုးရိမ်ပါနဲ့ လိမ္မာ တဲ့ကောင်လေးဖြစ်ပါ့မယ်”

ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်နှာ အချိုးအစားမှာပြေပြစ်သည်။ သို့သော် ထိုအရုပ်မျက်နှာလေးနှင့် သစ္စာဖောက် မည့် မျက်လုံးများနှင့် မလိုက်ဖက်ပေ။

“မင်းကို ပြန်ပို့တာကောင်းမယ်လို့ ခံစားနေရတယ်” ရှီမန်ဖန် ဆက်ပြော လေသည် “ငါတို့က တစ္ဆေမျိုးနွယ်ကိစ္စကို ဖြေရှင်းလိုက်တာလေ အဲဒါကို တစ္ဆေ မျိုးနွယ်က တစ်ယောက်နဲ့အတူရှိတာ လူတွေသိကုန်ရင် ပိုပြီးပြဿနာများမယ်”

ဒိဝူသည် ရှီမန်ဖန်ကို နာကျည်းစွာကြည့်လိုက်သည်။ သခင်မလေး တောင် အတွေးပျောက်နေတာကို ဒီလူက မီးရှို့ပေးနေသေးတယ်၊ တော်တော် ဆိုးတာပဲ။

“ငါ ဖန်အာနဲ့ကတိပေးထားတယ်၊ တစ္ဆေမျိုးနွယ်က ပြဿနာအကြီးကြီး လုပ်ထားလို့ တိုင်းပြည်ကလူတွေက အခုဆိုတစ္ဆေမျိုးနွယ်ကို ပိုမုန်းနေတာ၊ မင်း သူတို့ကိုကယ်ရင်တောင် အဲဒါအတွက်ကြောင့်နဲ့ တစ္ဆေမျိုးနွယ်အပေါ်မှာရှိတဲ့ အမုန်းတရားကလျော့သွားမှာမဟုတ်ဘူး၊ အဲအစား မင်းကိုပဲ အပြစ်တင်ကြလိမ့် မယ်” ရှီမာကျိယွင်သည် အတွေ့အကြုံပိုရှိသဖြင့် တခြားသူများအတွေးကို နားလည်ထားသည်။

ရှီမာယူယူ ပြုံးပြီး ဒိဝူအား ပြောလိုက်သည် “ကြည့်လေ သဘောမတူတာ ငါတစ်ယောက်တည်းမဟုတ်ဘူး မင်းနေရင် တကယ်ပဲအဆင်မပြေဘူး”

“ကျွန်တော်… ကျွန်တော် ဂရုမစိုက်ဘူး ကျွန်တော်မပြန်ဘူး သခင်မလေး နောက်ပဲလိုက်ချင်တယ်” ဒိဝူ ဆက်ပြောလေသည် “ကျွန်တော်ပြန်ရင် ဘယ်သူ့ ကိုမှမျက်နှာပြရဲတော့မှာမဟုတ်ဘူး”

ပိုင်ထာ့ဝင်လာချိန်တွင် အရင်ကတစ်ခါမှမမြင်ဖူးသည့် လူကိုပထမဆုံး အကြိမ်မြင်လိုက်ရာ ရှီမာယူယူအား အလိုမကျခြင်း၊ အရှက်မဲ့သည့် အပြုအမူ များပြုသကဲ့သို့ ဖြစ်သွားလေသည်။

“တောင်ကြားသခင်၊ ဒုတောင်ကြားသခင် ဒါက…”

“လောင်ဘိုင် သူ့ရောင်ဝါကို အာရုံခံမိလား” ရှီမာယူယူ မေးခွန်းထုတ်လေ သည်။

ပိုင်ထာ့သည် အာရုံခံနိုင်ရန်ကြိုးစားပြိး ပြောလိုက်သည် “အာရုံခံလို့မရ ဘူး ဒီလူငယ်က ဘယ်မျိုးနွယ်ကလဲ”

“သူ့ဆီက တစ္ဆေမျိုးနွယ်ရောင်ဝါကို အာရုံမခံမိဘူးလား”

“သူက တစ္ဆေမျိုးနွယ်ဝင်လား၊ တောင်ကြားသခင် တစ္ဆေမျိုးနွယ်ဝင်က ဘာလို့ဒီမှာရောက်နေတာလဲ” ပိုင်ထာ့သည် အံ့အားသင့်သွားသည်။ ထိုလူသည် တစ္ဆေမျိုးနွယ်မှဆိုသည်ကို သူ အမှန်တကယ်ပင်မသိပေ။

ရှီမာယူယူသည် အံ့အားသင့်သွားသည်။ ထိုလူသည် လှည့်ဖြားသည်ဟု ထင်ထားသော်လည်း ထိုမျှလောက် အရည်အချင်းရှိလိမ့်မည်ဟု ထင်မထားပေ။

“ထပ်စမ်းကြည့်ရအောင်” ရှီမာယူယူ ဆက်ပြောလေသည် “အဘိုးဘိုင်နဲ့ တခြားသူတွေကို သွားစမ်းကြည့်လိုက် သူတို့ကိုကြိုမပြောနဲ့”

“ဟုတ်ကဲ့” ပိုင်ထာ့သည် လှည့်ထွက်မည်အပြုတွင် သူလာရသည့် အကြောင်းအရင်းကို ရုတ်တရက် မှတ်မိသွားသည်။ သူ နောက်ပြန်လှည့်ပြီး ပြောလိုက်သည် “တောင်ကြားဒုသခင် ဂမ္ဘီရပညာရှင်အဖွဲ့ဝင်က တွေ့ဖို့တောင်း ဆိုထားပါတယ်”

“ဂမ္ဘီရပညာရှင်ဟုတ်လား ရင်လင်းလာတာလား” ရှီမာယူယူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။

“သခင်ကြီးရင်လင်းမဟုတ်ပါဘူး လူငယ်လေးတစ်ယောက်ပဲ လက်ထောက်ကလေးလို့ပြောပါတယ်” ပိုင်ထာ့ပြောလေသည်။

“လက်ထောက်လေးလာတာလား သူဘယ်မှာလဲ”

“သူ ခန်းမထဲမှာစောင့်နေပါတယ်” ရှီမာယူယူ ဘာကြောင့် စိတ်လှုပ်ရှား နေသည်ကို ပိုင်ထာ့ မသေချာတော့ပေ။

“ငါ အဲဒီကိုတိုက်ရိုက်သွားလိုက်တော့မယ် အဘိုးဘိုင်နဲ့ တခြားသူတွေကို ဒီကိုခေါ်လာခဲ့လိုက်”

ရှီမာယူယူ ပြောပြီးနောက်တွင် ခြံဝန်းထဲမှလူများကို ထားခဲ့ကာ ပြေးထွက်ခဲ့လိုက်သည်။

ဟုတ်တယ်၊ သူမ ပြေးရမယ်။ ဒါမျိုးအရင်က မဖြစ်ဖူးဘူးလေ။

“ဒီကောင်မကလေး ငါ့ကိုတွေ့တော့တောင် ဒီလိုမပျော်ပါဘူး” ရှီမာကျိယွင်သည် မပျော်မရွှင်ဖြစ်ကာ သဝန်တိုပြီး နာကျင်မိလေသည်။

“ကျွန်တော့်ကိုတွေ့တော့လည်း အဲလိုမပျော်ပါဘူး” ဝူလင်းယူ တစ်သံ တည်းထွက်လေသည်။

“မင်းလည်း အဲလိုဆက်ဆံမခံရဘူးလား” ရှီမာကျိယွင်သည် အခုမှ ဘက်ညီသွားသလိုခံစားလိုက်ရသည်။ သူ့တစ်ယောက်တည်းကိုပဲ အဲလိုလုပ် တာမဟုတ်ဘူးထင်တယ်။ “ဪ ဟုတ်သားပဲ ဂမ္ဘီရပညာရှင် မျိုးနွယ်ဝင်က သူမကို ဘာလို့ရှာတာလဲ”

“သူမ အဖေသတင်းပြောဖို့ လာတာဖြစ်ရမယ်” ဝူလင်းယူသည် ခန့်မှန်းရုံ သာဖြစ်သောလည်း အသံမှာသေချာနေသည်။

“ဘာပြောလိုက်တယ်” ရှီမာကျိယွင်သည်လည်း ပျော်သွားလေသည် “ဂမ္ဘီရပညာရှင်က တကယ်ပဲ ရွှမ်အာအကြောင်းပြောဖို့လာတာလား”

“ရှီမာမျိုးနွယ်က အဲအကြောင်းမသိသေးဘူးလား” သူ အံ့ဩသွားသည် ကိုကြည့်ပြီး ဝူလင်းယူ ပြောလိုက်သည် “ရင်လင်းက ယူယူ့ကို ထာဝရရှင်သန် သူ နယ်မြေက အသန့်စင်ဆုံးရေကိုယူလာခိုင်းတယ် သူမသာ ရှာတွေ့ရင် သူမ အဖေအကြောင်း ပြောပြမယ်လို့ပြောခဲ့တယ်၊ အဲလိုနဲ့ သူမ ထွက်လာတော့ အချိန်မကျသေးဘူးလို့ ရင်လင်းပြောခဲ့တယ်၊ အဲတုန်းက သူမ ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခံရလို့ ဖြစ်မယ်၊ အခု သူမ ဝိညာဉ်စွမ်းအင် ပြန်ရပြီဆိုတော့ သူမကို အကြောင်း ပြောပြဖို့လာတာဖြစ်မယ်”

ရှီမာကျိယွင်၏ မျက်နှာမှာ မှိုင်းသွားခဲ့သည် “ဒီလောက်အရေးကြီးတဲ့ ကိစ္စ ကိုငါမသိထားဘူး”

“ဦးလေးနှစ်ယောက်က အဘိုးကိုမပြောဘူးလား” ဝူလင်းယူသည် လွတ်ခနဲထွက်သွားလေသည်။

“ဒီလူမိုက်ကောင်တွေ ဒီလောက်အရေးကြီးတဲ့ သတင်းကို ဘာလို့ငါ့ကို မပြောရတာလဲ၊ ငါ ပြန်ရောက်ရင် သူတို့ကို ဘယ်လိုဖြေရှင်းမလဲကြည့်ကြည့် လိုက်”

ရှီမာကျိယွင် ပြောပြီးနောက်တွင် ရှီမာလျူဖန်၏ အိမ်ဆီသို့ စာရင်းရှင်းရန် သွားလေသည်။

ဝူလင်းယူသည် ပါးမို့များတက်အောင် ပြုံးလိုက်သည်။ ကျွန်တော် အောက်ရောက်နေတော့ စကားကောင်းလေးတစ်ခွန်းတောင် မပြောပြတာလေ အခုတော့ ခံစားကြည့်လိုက်ကြပေါ့။

“ဒီနည်းလမ်းက အညှာတာမဲ့လိုက်တာ ဦးလေးနှစ်ယောက်လုံးက ဘိုးဘိုးကြီးကို အရင်ကတည်းက ကြောက်ရတာ” ရှီမန်ဖန် ဆက်ပြောလေသည် “သူတို့က မင်းကို ရန်စထားလို့လား”

“မဟုတ်ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။ သို့သော် သူထိုသို့မတွေးပေ။

ဘေးတွင်ရပ်နေသော ဒိဝူသည် အရာအားလုံးကိုမြင်ရသည်။ သို့သော် ဝူလင်းယူသည် နောက်တစ်ချိန်တွင် ရန်စသင့်သည်လူမဟုတ်ကြောင်းမြင် လိုက်ရသည်။ သူ့ကိုနောက်တစ်ခါ ရန်မစတာကောင်းမယ်။

ရှီမာယူယူသည် ခန်းမသို့လာရာ လက်ထောက်လေးသည် သူမကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

“လက်ထောက်လေး မင်းဆရာက ငါ့ကိုသတင်းပေးဖို့ လွှတ်လိုက်တာ လား”

***

All Chapters