← Chapters

အခန်း (၁၃၄၁)

Vol. 90 Ch. 1341

အခန်း (၁၃၄၁)

Vol. 90 Ch. 1341

ရှေးယခင်ကတည်းက လေဟာနယ်ကို ချိုးဖြတ်ပြီး အထက်နယ်မြေဆီသို့ တက်လှမ်းချင်သည့်လူများသည် စမ်းသပ်မှု မျိုးစုံကို ကျော်ဖြတ်ခဲ့ရ၏။ သာမန်အားဖြင့် မိုးကြိုးနှင့် အပစ်ခံရခြင်းဖြစ်ပြီး ထိုအရာကို ကပ်ဘေး ကျော်ဖြတ်ခြင်းဟုလည်း လူသိများလှ၏။ ထိုကပ်ဘေးကျော်ဖြတ်ခြင်းသည် အထက်နယ်မြေဆီမှ ဆင်းသက်လာ ခြင်းဖြစ်ပြီး တော်ဝင်လမ်းစဉ်၏ နိယာမများဖြင့် ဖွဲ့စည်းထား၏။

သာမန်အခြေအနေအရဆိုလျှင် အပေါ်သို့ တက်လှမ်းလာသည့်လူသည် တစ်ကြိမ်တော့ မိုးကြိုးပစ်ခံရ၏။ သို့ပေမဲ့ လုံလောက်အောင် အားကောင်းသော လူများသည် အကြိမ်ပေါင်းများစွာ မိုးကြိုးနှင့် အပစ်ခံရ၏။ အကယ်၍ အသက်ရှင် ကျန်ရှိမည်ဆိုပါက အောင်မြင်စွာဖြင့် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်မှာဖြစ်ပြီး မအောင်မြင်ပါက ၎င်းတို့၏ ဝိညာဉ်တစ်ခုလုံးသည် ဖျက်ဆီးခံရမှာ သေချာသည်။

ကပ်ဘေးဆိုသည်မှာ အစဉ်အမြဲ တူညီသည်တော့ မဟုတ်ပေ။ ထို့ကြောင့် တချို့သော စည်းကမ်းမကျသည့် သေမျိုးများသည် အထူးဆက်ဆံမှုများကို ခံယူရန် လိုအပ်နေ၏။ ထို့ကြောင့် အထက်နယ်မြေသည် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင်ကြီးကို အထူးဖန်တီးခဲ့၏။

ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန် ခေါ်ဆောင်လာ ခဲ့၏။ ထို့ကြောင့် အထူး - အထူးကို စည်းမျဉ်းမကိုက်ညီသည့် လူတစ်ယောက်ဟု သတ်မှတ်ရမှာ ဖြစ်၏။ ထိုသို့သောလူမျိုးကို အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင်ထဲသို့ စေလွှတ်ခြင်းဆိုသည်မှာ အထူး ဆက်ဆံခြင်းပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ဖြူမဲညီနောင်တို့၏ မျက်နှာအမူအရာမှာတော့ ပြောင်းလဲသွားခဲ့ကြသည်။ ၎င်းတို့သည် ကပ်ဘေးတကာ ကပ်ဘေးများထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော ဤကပ်ဘေးအစီအရင်ကြီးအား ကောင်းကောင်းကြားဖူး ခဲ့ပြီး ဖြစ်၏။ ထိုအရာသည် စတင်ဖန်တီးကတည်းက မည်သူမှ အောင်မြင်ခဲ့သည်ဟူ၍ မရှိချေ။ ဝိညာဉ်များ သည်သာ ဖျက်ဆီးခံခဲ့ရ၏။

ထို့အပြင် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကြီး၌ ကျဆင်းလာခဲ့သည့် မိုးကြိုးအရေအတွက်သည် မတူညီသလို တစ်ခုထက် တစ်ခု ပိုမိုကာလည်း အားကောင်းလာသေး၏။ ထို့ကြောင့် ထူးခြားသော ပြင်ပ ပစ္စည်းများကို အသုံးပြုပြီး ဤအရာကို ဖြေရှင်းရန်ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။

ဂိုဏ်းချုပ်သည် တပည့်ပေါင်းတစ်သိန်းကို ခေါ်ဆောင်ပြီး အထက်နယ်မြေဆီသို့ တက်လှမ်းလာခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းအား နယ်မြေဟောခန်းသည် သိရှိသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကပ်ဘေးအစီအရင်ကြီး၏ စမ်းသပ်မှု ကို ခံယူရတော့မှာဖြစ်သည်။

“ညီငယ်လေး”

အမဲရောင်နတ်ဆိုးသည် အလောတကြီးဖြင့် အသံပို့လွှတ်လိုက်၏။ “ဉာဏ်ကောင်းတဲ့လူတွေ အကုန်လုံးက ကိုယ်ပိုင်ပြီဆိုမှ လုပ်ကြတာလေ။ ဒီတော့ ငါတို့ အောက်ကို အရင်ဆုံး ပြန်ဆင်းကြရအောင်”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “အထက်နယ်မြေဆီကို သွားစရာရှိတာ ဆက်သွား ရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကို ဘယ်သူမှ တားလို့မရဘူး”

အစီအရင်ကြီးအား ထောက်ပံ့ပေးထားသော ဓာတ်ငါးပါးစွမ်းအင်များသည် တစ်ဝက်လောက် အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်ပြီးချိန်တွင် နောက်တစ်ကြိမ် ပြန်လည်ကာ အသက်သွင်းနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ အပေါ်သို့ဆက်ကာ တက်လှမ်းမှ ဖြစ်ပေလိမ့်မည်။

“ငါ မင်းကို သတိပေးချင်တယ်”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး ထဲမှာရှိတဲ့ မိုးကြိုးတွေက ကပ်ဘေးတကာ့ ကပ်ဘေးတွေထဲမှာ အားအကောင်းဆုံးပဲ။ ပြီးတော့ လူအရေအတွက်အရ ပိုပြီးတော့လည်း အားကောင်းလာသေးတယ်။ မင်းက လူပေါင်းများစွာကို ခေါ်ယူလာခဲ့တယ်ဆိုတော့ မင်းခံယူရမယ့် စမ်းသပ်မှုက ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မယ်”

“လိုရင်းကို ပြောရအောင်”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ကျုပ် အလျင်လိုနေတယ်။ မြန်မြန် အစီအရင်ကိုသာ အသက်သွင်းလိုက်တော့”

သူ့အနေနှင့် သူ၏ရှေ့တွင်ရှိနေသော အမျိုးသမီး၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့်အော်ရာများသည် ပြိုင်ဘက်ကင်းလှသည်ကို သိရှိပြီးဖြစ်၏။ သူမသည်သာ သူ့ကို တိုက်ရိုက်တိုက်ခိုက်မည်ဆိုလျှင် သူ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကပ်ဘေးကြီးအား အသုံးပြု၍ သူ့ကို တားဆီးမည်ဆိုခြင်းမှာ မျှော်လင့်ချက်ရှိသည်ဟု ဆိုရမည်။

“ဒီလို ခေါင်းမာနေပြီဆိုမှတော့ အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးကြီးထဲမှာ အပြစ်ပေးခံရဖို့ ပြင်ဆင်လိုက် တော့”

ဧကရီလင်းရောင်သည် ပြောပြောပြီးချင်းမှာပဲ အပြင်ဘက်ဆီသို့ ပျံသန်းထွက်ခွာလိုက်သည်။ သူမသည် ရီရှင်းချန်၏ တည်ရှိမှုကို သတိပြုမိသည်ဆိုသော်လည်း တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။

“သခင်”

ခါးကုန်းကုန်းနှင့် အကြီးအကဲသည် အသံပို့လွှတ်လိုက်၏။ “အထက်နယ်မြေက သူတို့ကို တားဆီးဖို့ သခင့်ကို စေလွှတ်လိုက်တယ်ဆိုတာ အကြောင်းအရာတစ်ခုခု ရှိနေနိုင်တယ်လေ။ ဒီတော့ ဒီလို အစီအရင်ကြီးနဲ့ ကျော်ဖြတ်ခိုင်းခဲ့တာက ပြဿနာတစ်ခု ဖြစ်မလာနိုင်ဘူးလား”

“ငါက သူတို့ ဖန်တီးထားခဲ့တဲ့ ဥပဒေအတိုင်း ပြုလုပ်ခဲ့တာလေ။ သူတို့က ဘာပြောနိုင်မှာလဲ” ဧကရီလင်းရောင်က ပြန်မေးလိုက်သည်။

“..........”

ခါးကုန်းကုန်းနှင့် အဘိုးအိုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဆွစ်

ဧကရီလင်းရောင်သည် ပြိုင်စံရှားဂိုဏ်းအနီးပတ်ဝန်းကျင်မှ ပျံသန်းထွက်ခွာသွားပြီးသည့်နောက် မူလအားဖြင့် ဖိနှိပ်ထားသည့် သူမ၏ စွမ်းအင်များကို ပြန်လည်ကာ အသက်သွင်းလိုက်တော့သည်။ ထို့အတူ ပြိုင်စံရှားဂိုဏ်းအား ဖိနှိပ်ထားသည့် အားအင်များသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် အပေါ်သို့ တက်ရောက်ရာလမ်းသို့ ဆက်လက်ကာ ရွှေ့လျားသွားခဲ့သည်။

ဒွီ

အထက်နယ်မြေနှင့် အောက်နယ်မြေကြား တည်နေရာခံတပ်၏ အတားအဆီးနေရာတွင် သာမန်မျက်စိနှင့်ပင် မြင်နိုင်သော အစီအရင်တစ်ခုသည် ဖြစ်တည်လာခဲ့တော့၏။ ဆန်းကြယ်လွန်းလှသော မိုးကြိုးဓာတ်သဘာဝ စွမ်းအင်များသည် ထိုတည်နေရာဆီမှ ထွက်ပေါ်လျက်ရှိ၏။ ထိုအရာသည် အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေး အစီအရင်ကြီးပင် ဖြစ်တော့၏။ လူများဖန်တီးပြုလုပ်ထားသည့်အရာဟု ပြောဆို၍ ရသော်လည်း ဤအစီအရင်၏ အလယ်ဗဟိုတွင် တည်ရှိနေသည့်စွမ်းအင်များသည် သေမျိုးလူသားများ ခုခံနိုင်သည့်အရာမျိုး မဟုတ်ချေ။

ကျွတ် ကျွတ် ကျွတ်

အသက်သွင်းခဲ့ပြီဖြစ်သော မိုးကြိုးကပ်ဘေးကြီး၏ အရှေ့ ခပ်လှမ်းလှမ်းတည်နေရာတွင် မတ်တပ်ရပ်လျက် ရှိသော ရွှေရောင်ချပ်ဝတ်နှင့်လူသည် စစ်ရထားကြီးကို စီးနင်းကာဖြင့် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။ သူက ပြောလိုက်သည်။ “နယ်မြေဟောခန်းသခင်က သူတို့ကို တားဆီးဖို့ ခင်ဗျားကို စေလွှတ်လိုက်တာလေ။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူတို့ကို ဖျက်ဆီးပစ်ဖို့။ ဒါပေမဲ့ ဘာလို့ အသင်္ချေမိုးကြိုး တစ်သောင်းကပ်ဘေး အစီအရင်ကြီးကို ဖန်တီးပြီးတော့ ဖြတ်ကျော်ခွင့်ပေးရတာလဲ”

“ဘာလဲ... ကျွန်မ မှားသွားလို့လား” ဧကရီလင်းရောင်သည် ထူးမခြားနားသလို မေးလိုက်၏။

“မှန်ပါတယ်”

ရွှေရောင်ချပ်ဝတ်နှင့်လူသည် ပြုံးလိုက်မိသည်။ “ဒါက အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ပါဝင်တဲ့ အရာပဲလေ။ ဒါပေမဲ့ …”

သူက ရပ်တန့်လိုက်၏။ ပြီးနောက် ဆန်းကြယ်စွာ ရယ်မောလိုက်သည်။ “ခင်ဗျား မျှော်လင့်ချက်တွေ သိပ်ထားမနေနဲ့။ ပြီးတော့ အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးဆိုတာက ကြောက်ဖို့ အရမ်း ကောင်းတဲ့ အရာတစ်ခုပဲ။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာရှိတဲ့ မိုးကြိုးအပစ်ပေးမှုနဲ့ လုံးဝကို ခြားနားတယ်။ အထဲကို ဝင်သွားပြီဆိုတာနဲ့ သူတို့အားလုံး ကျိန်းသေပေါက် သေသွားမှာပဲ”

ဧကရီလင်းရောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျွန်မက သူတို့ကို ကူညီပြီးတော့ အသင်္ချေမိုးကြိုး တစ်သောင်းအစီအရင်ထဲကို ကျော်ဖြတ်စေတယ်လို့ ထင်နေတာလား”

“ခင်ဗျားရဲ့အားအင်အဆင့်အရဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေ အကုန်လုံးကို လွယ်လွယ်ကူကူနဲ့ ဖိနှိပ်နင်းချေပစ်လို့ရတယ်လေ။ ဘာလို့ အလုပ်ရှုပ်ခံပြီးတော့ ဒီကိစ္စတွေ လုပ်နေရတာလဲ”

ရွှေရောင်ချပ်ဝတ်နှင့်လူသည် ပခုံးကို တွန့်လိုက်၏။ “ဘာလို့လဲဆိုတော့ အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးလို့ပေါ့။ သူတို့ကိုသာ အထဲကို ထည့်လိုက်မယ် ဆိုရင် တရားဝင် အထက်နယ်မြေဆီကို တက်လှမ်းသွားနိုင်ခွင့်လည်း ရရှိသွားနိုင်တယ်လေ။ ဒါဆိုရင် နယ်မြေ ဟောခန်းကလည်း ဘာတစ်ခုမှ မပြောနိုင်ဘူး မဟုတ်လား”

“ကျင်းဟောင်”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ရှင့်လိုမျိုး များများစားစား လျှောက်တွေးတက်တဲ့လူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတတ်တယ်”

“ဟား ဟား ဟား ဟား”

ကျင့်ဟောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်ကို တိတ်တဆိတ် သတ်ဖြတ်ပစ်ဖို့ ကြံနေတာလား”

မြူများ ရစ်သိုင်းလျက်ရှိသော ဧကရီလင်းရောင်သည် သူမ၏ မျက်နှာသွင်ပြင်ပြောင်းလဲသွားမှုကို မြင်နိုင်ရန်တော့ ခက်ခဲလှချေသည်။ “အသင်္ချေမိုးကြိုးတစ်သောင်းအစီအရင်ကို အသုံးပြုပြီးတော့ သေမျိုးတွေ အများကြီး တက်လာတာကို တားဆီး တယ်ဆိုတာ ပြဿနာတစ်ခု ရှိနေလို့လား”

ကျင်းဟောင်သည် သူ၏ လက်များကို ဖြန့်ကားကာ ပြောလိုက်၏။ “အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးကြီးက ဘယ်လောက်အားကောင်းတယ်ဆိုတာကို ခင်ဗျားလည်း သိပြီးသားပဲ။ ဒီတော့ ဘာတွေပဲစဉ်းစား စဉ်းစား၊ နောက်ဆုံးမှာ သေသွားမှာပါပဲ”

“သူတို့တွေနဲ့ မကျော်ဖြတ်သွားနိုင်ရင် သေဆုံးဖို့ ထိုက်တန်လို့ပေါ့။ ကျော်ဖြတ်သွားနိုင်မယ်ဆိုရင်တော့ ကံတရား ကြောင့်ပေါ့။ ဒီတော့ ရှင့်အနေနဲ့ ဒါကို စိတ်ပူစရာ မလိုအပ်ပါဘူး” ဧကရီလင်းရောင်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“ကျုပ်ထွက်သွားမှာ မဟုတ်ဘူး”

ကျင်းဟောင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ နယ်မြေဟောခန်းက ဒီနေရာကို လာပြီး ကြည့်ရှုဖို့ စေလွှတ်လိုက်လို့။ တစ်စုံတစ်ယောက်က ကိုယ်ရဲ့ဂြိုဟ်ကလူတွေ တက်လာတယ် ဆိုပြီးတော့ သနားညှာတာစွာနဲ့ လုပ်နေမှာစိုးလို့”

ရွှီး …. ဂျိန်း …။

ထိုအချိန်မှာပဲ အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကြီးဆီမှ မိုးကြိုးများသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဓာတ်သဘာဝများသည် ကျွင်းချောင်ရှောင်းအား အပြစ်ပေးခဲ့သည့် မိုးကြိုးအပစ်ပေးမှု စွမ်းအင်များနှင့် တူညီလွန်းလှသည်။ သို့ပေမဲ့ အရှိန်အဟုန်နှင့် အားအင်အဆင့်မှာတော့ ပိုမိုကာ အားကောင်းလွန်းနေချေ၏။

“ညီငယ်လေး”

အမဲရောင်နတ်ဆိုးသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် မိုးကြိုးအပြစ်ပေးမှု တည်နေရာဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ “တကယ်ပဲ အထဲကို ဝင်သွားမှာ သေချာလား”

“သေချာတာပေါ့”

ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ပြီးသားအကြည့်နှင့် ကြည့်ကာ ပြောလိုက်၏။ အချိန်သည် သူ့အား ထပ်မံကာ မပေးခဲ့ချေ။ ထို့ကြောင့် ရှေ့တွင် ဓားတောင်ကြီးပဲဖြစ်ဖြစ်၊ မီးပင်လယ်ကြီးပဲဖြစ်ဖြစ် ကျိန်းသေ ကျော်ဖြတ်သွားမှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် မိုးကြိုးပစ်ခံရသည့် အတွေ့အကြုံလည်း သူ့တွင် အလွန်တရာ ပေါများလွန်းလှ၏။ ထို့ကြောင့် အနည်းဆုံးတော့ သူ့တွင် ယုံကြည်ချက် ရှိလို့နေသေးသည်။

“ကောင်းပြီ”

အမဲရောင်နတ်ဆိုးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “အစ်ကိုကြီးတို့ကလည်း မင်းနဲ့ တူတူ လိုက်မယ်”

“ချီးတဲ့မှ”

အဖြူရောင်နတ်ဆိုးသည် သူ၏ အင်္ကျီလက်ကို ခေါက်တင်ကာဖြင့် ကျိန်ဆဲလိုက်မိ၏။ “ငါ့ ဘဝ တစ်သက်တာမှာ များပြားလွန်းလှတဲ့ အတွေ့အကြုံတွေကို ကျော်ဖြတ်ခဲ့တယ်။ အရာအားလုံးကိုလည်း မြင်ဖူးခဲ့ပြီးပြီ။ ဒါပေမဲ့ တစ်ခါမှ မိုးကြိုးအပစ်မခံရဖူးဘူး”

၎င်းတို့နှစ်ယောက်သည် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးကြီး မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူတို့၏ ညီငယ်လေးသည် နောက်မဆုတ်တမ်း ရှေ့ကို ဆက်သွားမည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် သွေးသောက်ညီအစ်ကိုများဖြစ်သည့် သူတို့သည် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများကို အတူတူ မျှဝေရမှာ သဘာဝပင် ဖြစ်သည်။

ဖြောက် ဖြောက် ဖြောက် …….။

ခရမ်းရောင်ဘုရင်သည် စိတ်ဝိညာဉ်သားရဲတောင်ထွတ်ဆီမှ ခုန်ချလာ၏။ ပြီးနောက် လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လိုက်၏။ “ဒီလိုမျိုး တစ်ခါမှ မကစားဖူးဘူး။ စိတ်လှုပ်ရှားစရာပဲ”

ပျော်ရွှင်စေရန်အတွက် နဂါကလန်ထဲသို့ ဝင်ရောက်ကာ နဂါးဥများကို ခိုးယူခဲ့သောသူသည် ကောင်းကင်တာအို၏ စိတ်ဆန္ဒများ ပါဝင်လျက်ရှိနေသည့် ဤကပ်ဘေးကြီးအား ဝင်ရောက်ကာ ပျော်ပျော်ပါးပါး နှင့် ကစားချင်နေမိ၏။

ဖောင်း ဖောင်း …..။

အကြီးအကဲဝေ၊ တင်းရှင်းဝမ်နှင့် တခြားသော ဂိုဏ်း၏အထက်ပိုင်း အကြီးအကဲများသည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့ကြသည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏အနောက်တွင် မတ်မတ်ရပ်လျက်ရှိပြီး စိတ်ခိုင်မာ ဆုံးဖြတ်ပြီးသော အကြည့်များဖြင့် ကြည့်ရှုနေ၏။

“ဒီမှာ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒါတွေအကုန်လုံးကို ငါနဲ့ ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူနှစ်ယောက်တို့ တာဝန် ထားလိုက်တော့။ မင်းတို့ ပြန်ဝင်ကြ”

ဖြောင်း ဖြောင်း ဖြောင်း ……။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော အတွင်းစည်းတပည့်များသည်လည်း လျှောက်လာကြ၏။ ၎င်းတို့သည် နောက်ဘက်တွင်ရပ်ကာ အော်ဟစ်လိုက်ကြ၏။ “အားလုံးက ပြိုင်စံရှားဂိုဏ်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့အတူ မျှဝေရမယ်”

မိုးကြိုးကပ်ဘေးကြီးတွင် ကောင်းကင်တာအို၏ စွမ်းအင်များ ပါဝင်လျက် ရှိသည်ကို သူတို့ ခံစားမိသည်။ ထိုကဲ့သို့ အားကောင်းလွန်းလှသော အော်ရာများသည် သူတို့ကို အသက်ရှုရန်ပင် ခက်ခဲစေ၏။ သို့ပေမဲ့ တပည့် အားလုံးသည် တစ်ချက်ကလေးမှ မကြောက်ရွံ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ ပထမဦးဆုံး ဆောင်ပုဒ်သည် သံမဏိကဲ့သို့သော စိတ်ဓာတ်ဖြင့် သံမဏိကဲ့သို့သော အရာများကို ပြုလုပ်ရန်ပင်ဖြစ်တော့သည်။

“ကိုယ့်လူတို့”

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေ၏ အခွင့်အာဏာဖြင့် အထက်နယ်မြေကို ညွှန်းဆိုပြသနေ သည့် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးကြီးအား ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် တင်းမာခက်ထန်သည့်အသံ နှင့်အတူ ပြောလိုက်၏။ “ပထမဦးဆုံး ငါနဲ့လိုက်ခဲ့ပြီး ကြီးကျယ်ခမ်းနားလွန်းတဲ့ လောကကြီးကို သိမ်းပိုက်ကြတာပေါ့”

ဝုန်း ဝုန်း

တပည့်တစ်သိန်းကျော် ပါဝင်လျက်ရှိနေသည့် သံမဏိအရိုးတောင်ကြီးသည် အကြောက်အလန့်ကင်းစွာဖြင့် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ခဲ့၏။ ပြီးသည့်နောက် အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေး အစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့တာ့သည်။

All Chapters