← Chapters

ဖခင်သတင်း

Vol. 93 Ch. 1294

ဖခင်သတင်း

Vol. 93 Ch. 1294

လက်ထောက်လေးသည် တက်ကြွနေသော သူမကိုကြည့်ပြီး ပြောလိုက် သည် “ဟုတ်ပါတယ်”

“မင်းဆရာက ဘာပြောလိုက်လဲ၊ ငါ့အဖေရော” ရှီမာယူယူသည် ပူပန်စွာ မေးလေသည်။

“သခင်မလေးယူယူ စိတ်အေးအေးထားပါ အကုန်လုံးဒီရောက်ရင် သခင်မ လေးကို ပြောပြဖို့ ဆရာကမှာလိုက်ပါတယ်” လက်ထောက်လေး၏ ထူးခြား သောအကြည့်သည် သူ၏ဆရာနှင့် အမှန်တကယ်ပင် တူလေသည်။

“ဒါက ငါ့ကိစ္စမဟုတ်ဘူးလား ဘာလို့အကုန်လုံးစုတာကို စောင့်ဖို့လိုတာ လဲ” ရှီမာယူယူသည် နားမလည်စွာမေးလိုက်သည်။

“ကျွန်တော့်ဆရာပြောပါတယ် သခင်မလေးက ကျွန်တော်တို့ကို အများ ကြီးပေးထားလို့ ပြန်ပေးရမယ်တဲ့ အစတော့ ကျွန်တော်တို့က သခင်မလေး အဖေသတင်းကိုပဲ ပြောပြမလို့ပဲ ဒါပေမဲ့ အခု သခင်မလေးအဖေကယ်ဖို့ပါ ကူညီပေးမယ် အဲဒါကြောင့် ကျွန်တော်တို့က သခင်မလေးနဲ့လိုက်ကြမှာ” လက်ထောက်လေးပြောလေသည်။

“မင်းတို့က ဒါကိုဝင်ပါလို့မရဘူးထင်နေတာလေ၊ မင်းတို့ဝင်ပါရင် ထိခိုက် မှုမဖြစ်နိုင်ဘူးလား” ရှီမာယူယူသည် စိုးရိမ်တကြီးမေးလေသည်။

“သခင်မလေးယူယူ သခင်မလေးက ကျွန်တော့်အနာဂတ်ကို ပြောင်းပေး လိုက်တာလေ၊ ကျွန်တော်တို့က ပြန်မပေးဆပ်ရင် ကံတရားကို ပယ်ဖျက်လို့ရ မှာမဟုတ်ဘူး ဒါကကျွန်တော့်အနာဂတ်တဲ့ တိုးတက်မှုပေါ် ပိတ်ဆို့မှုဖြစ်လိမ့် မယ်လို့ ဆရာကပြောတယ်” လက်ထောက်လေး ဆက်ပြောလေသည် “ပြီးတော့ ဆရာက ကျွန်တော့်အတွက် တွက်ချက်ပေးတယ် ထိတ်လန့်စရာ လောက်ပဲဖြစ်မှာ အရမ်းကံမဆိုးပါဘူး ကျွန်တော် မသေနိုင်ဘူး”

သူပြောလိုက်မှပင် ရှီမာယူယူ စိတ်အေးသွားကာ မေးလိုက်သည် “ငါတို့ စောင့်ရမယ်လို့ ပြောတဲ့သူတွေလေ အဲဒါက ဘယ်သူတွေလဲ”

“တစ်ယောက်က ကျွန်တော်ပဲ တစ်ယောက်ကတော့ ရောက်နေပြီ၊ တစ်ယောက်က လမ်းမှာ မကြာခင်တော့ရောက်မှာပါ” လက်ထောက်လေး ပြောလိုက်သည်။

“တစ်ယောက်က ရောက်နေပြီဟုတ်လား ဘယ်သူလဲ”

“သခင်မလေး ခြံအနောက်က တစ္ဆေမျိုးနွယ်ဝင်လေ” လက်ထောက်လေး ပြောလိုက်သည်။

“ဝိဒူလား သူက ဘာလို့ငါတို့နဲ့လိုက်ဖို့လိုတာလဲ” ရှီမာယူယူသည် တအံ့ တဩမေးလိုက်သည်။

“ဆရာက ပြောတယ် ကျွန်တော်တို့ အဲဒီကိုသွားရင် သူက အရမ်းအသုံး ဝင်တယ်တဲ့” လက်ထောက်လေး ပြောလေသည်။

ရှီမာယူယူသည် စိတ်ထဲမှတွက်ချက်လိုက်သည်။ ဝိဒူရောက်လာသည်မှာ တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။

“ဒါဆိုရင် မင်းပြောတဲ့ နောက်တစ်ယောက်ကရော” သူမ မေးလိုက်သည်။

“နောက်တစ်ယောက်က သခင်မလေးရဲ့ သူငယ်ချင်းဟောင်းပဲ၊ ဆရာက သူ့ကိုရှာဖို့လူလွှတ်လိုက်တာ သူကလည်း ကူညီဖို့သဘောတူပြီးပြီ” လက်ထောက်လေး ပြောလေသည်။

“ငါ့သူငယ်ချင်းဟောင်း ဟုတ်လား ဘယ်သူလဲ” ရှီမာယူယူသည် သူမ ဘာသာ စဉ်းစားလိုက်သည်။ သူမ သူငယ်ချင်းဟောင်းဆိုတော့ ရှင်းမိုနဲ့ မိုဒိဆန်း မဟုတ်ဘူးလား။

“သေချာပေါက် ငါပဲပေါ့” မိုဒိဆန်း၏ အသံသည် အပြင်မှထွက်လာပြီး နောက် ပုံရိပ်တစ်ခုလျှောက်ဝင်လာလေသည်။

“လူဆိုးကြီးဒိဆန်း တကယ်ပဲ မင်းပဲ” ရှီမာယူယူသည် မိုဒိဆန်းကို ပျော်ရွှင်အံ့ဩစွာြဖင့် ကြည့်လိုက်သည်။

“ဒါပေါ့” မိုဒိဆန်း လျှောက်လာပြီး သူမ ပခုံးမကိုပုတ်ပြီး ပြောလိုက်သည် “မင်းမှာ ပြဿနာရှိနေတာကို ငါက ဘာလို့မလာရမှာလဲ”

“ဟီးဟီး ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် မိုဒိဆန်း၏ ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် ထိုးလိုက်ကာ လှည့်ပြီးနောက် လက်ထောက်လေးကို မေး လိုက်သည် “ဒါပေမဲ့ သူက ဘာလို့ငါတို့နဲ့လိုက်ရမှာလဲ”

“ဆရာပြောတယ် သူက ဝိညာဉ်ရှာဖွေတဲ့နေရာမှာ အတော်ဆုံးတဲ့ သူရှိ ရင် သခင်မလေးအဖေကို ကယ်ဖို့ကို အာမခံပေးနိုင်တယ်တဲ့” လက်ထောက် လေးပြောလေသည်။

“ဝိညာဉ်ရှာဖွေမယ် ဟုတ်လား ငါလည်းလုပ်နိုင်ပါတယ်”

“ဆရာက အဲလိုပြောမှတော့ သူ့အကြောင်းအရင်းနဲ့သူရှိမှာပါ” လက်ထောက်လေး ပြောလေသည်။

“ဟုတ်ပြီ ဒါဆိုရင် ဒိဝူကလည်း ငါတို့နဲ့လိုက်ရမှလား” ရှီမာယူယူ မေး လိုက်သည်။

“သူရှိရင် အဲနေရာကိုသွားလို့ရတယ်လေ”

“ငါ့အဖေက တစ္ဆေလောကမှာလား”

“အဲလိုပါပဲ” လက်ထောက်လေး ဆက်ပြောလေသည် “တစ္ဆေလောကက လူသားလောကနဲ့ ဖြတ်လို့ရတဲ့နေရာရှိတာ သခင်မလေး သိတယ်မလား”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ အဲနေရာကို ဘာလို့အရင် ကမကြားဖူးတာလဲ။

“တစ္ဆေမြို့တော်လား” မိုဒိဆန်း ပြောလိုက်သည်။

“ဟုတ်တယ်”

“အဲနေရာက ဒဏ္ဍာရီလာမဟုတ်ဘူးလား”

“မဟုတ်ဘူး တကယ်ရှိတယ်” လက်ထောက်လေး ဆက်ပြောလေသည် “အဲနေရာက ကျွန်တော်တို့ ရှိရမဲ့နေရာမဟုတ်လို့ လူသားတွေက အဲအကြောင်း ကိုမသိကြတာ”

“ဒါဆိုရင် တစ္ဆေမြို့တော်က အတိအကျဆိုရင် ဘယ်မှာလဲ”

“လူသားလောကနဲ့ တစ္ဆေလောကတို့ ဆက်ထားတဲ့လမ်း” လက်ထောက် လေး ဆက်ပြောလေသည် “အတိအကျတော့ ဘယ်နေရာမှာလဲမသိဘူး”

“မင်းပဲပြောတာလေ” မိုဒိဆန်း ဆက်ပြောလေသည် “ဒါဆိုရင် လူသား လောကနဲ့ တစ္ဆေလောကတို့ ဆက်ထားတဲ့နေရာကဘယ်မှာလဲ”

“အဲဒါလည်းမသိဘူး” လက်ထောက်လေးသည် ရိုးသားသည့်အကြည့်ဖြင့် ပခုံးတွန့်လေသည်။

“….”

“မင်းက ဂမ္ဘီရပညာရှင်ပဲ မင်းဆရာက ရင်လင်းလေ ဒါကိုတောင် ဘယ်လို လုပ်မသိနိုင်ရတာလဲ” မိုဒိဆန်းသည် လက်ထောက်လေးကို ကြည့်လိုက်သည်။

“ဘယ်နေရာမှာလဲဆိုတာ ဆရာမပြောဘူး၊ တစ္ဆေမျိုးနွယ်ဝင်ကပဲ သိလိမ့် မယ်လို့ သူပြောတယ်” လက်ထောက်လေး ပြောလေသည်။

“ဒါဆိုရင် တစ္ဆေမျိုးနွယ်ဝင်ကို ခေါ်ပြီးမေးလိုက်ရအောင်”

“ခဏလေး” ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို တားလိုက်သည် “လူသားလောကနဲ့ တစ္ဆေလောကက ဘယ်တုန်းကတည်းက ဆက်စပ်သွားတာ လဲ၊ ငါ နားလည်သလောက်တော့ လူသားတစ်ယောက်သေသွားရင် သေပြီးတာ နဲ့ တစ္ဆေလောကကို အလိုလိုရောက်သွားတယ် ဒါပေမဲ့ တစ္ဆေလောကက လူ တွေက ဒီကိုလာလို့မရဘူးမဟုတ်ဘူးလား၊ တကယ်လို့လမ်းရှိတယ်ဆိုရင် အရှေ့မျှတမှုမြို့တော်က ကိစ္စတွေက ဘာလို့ဖြစ်နေတာလဲ”

“တစ္ဆေမြို့တော်က တစ္ဆေလောကနဲ့ လူသားလောကကိုဆက်ထားတယ် ဆိုပေမဲ့ အဲဒီကနေ ထွက်ဖို့က ကောင်းကင်ဘုံကိုရောက်တာထက်တောင် ခက်ပေးတယ်၊ တစ္ဆေမျိုးနွယ်ကလည်း တစ္ဆေမြို့တော်ကနေလာတာထက် အရှေ့မျှတမှုမြို့တော်လိုမျိုး နည်းလမ်းကိုပဲ ရွေးကြမှာပဲ” မိုဒိဆန်း ရှင်းပြလေ သည်။

“ဘာလို့လဲ” ဒီအတိုင်းလေး လမ်းလျှောက်ပြီး ဝင်လာလို့ရတဲ့ လမ်းရှိနေ တာကို ဘာလို့ဒီလိုနည်းလမ်းသုံးရတာလဲ။

“အဲဒီမှာ မိုးကြိုးဘေးသင့်မှုက စောင့်နေတယ်လေ ပြီးတော့ လူသားတွေ ရောပဲ” လက်ထောက်လေး ပြောလေသည်။

“ဪ ဒါဆိုရင် သူတို့က တခြားနည်းလမ်းကို သုံးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

တစ္ဆေမျိုးနွယ်ဝင်များသည် လာသည်နှင့် မိုးကြိုးဘေးသင့်မှုကို ရင်ဆိုင်ရ မည်။ ထိုသည်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့မိုးကြိုးဘေးသင့်မှုကို ဖြတ်ကျော်နိုင်လျှင်တောင် အပြင်တွင်လူသားများစောင့်နေကြသည်။ ဒဏ်ရာရ လာသော တစ္ဆေမျိုးနွယ်ကို တွေ့ပါက လူသားများသည် ချက်ချင်းပင် သတ် လိုက်နိုင်သည်။

“လာဖို့မကြိုးစားတဲ့သူ မရှိတာတော့ မဟုတ်ဘူး၊ အရင်တုန်းက နည်းနည်းတော့ဖြစ်ဖူးတယ်”

“လူသားတွေကရော အဲဒီကိုလွတ်လွတ်လပ်လပ်သွားလို့ရတလား” ရှီမာယူယူ မေးလိုက်သည်။

“လူသားတွေ အဲဒီကိုဖြတ်သွားမယ်ဆိုရင်လည်း မိုးကြိုးဘေးသင့်မှုကို ဖြတ်ကျော်ရမှာပဲ” လက်ထောက်လေး ဆက်ပြောလေသည် “ဒါပေမဲ့ တစ္ဆေ တွေက တစ်ခါတလေ လိုဏ်ခေါင်းတွေတူးပေမဲ့ လူသားတွေကျက တစ္ဆေ လောကကိုသွားချင်ရင် အဲဒီကနေပဲ သွားလို့ရမယ်”

မည်သူပင်သေဆုံးစေကာမူ သူတို့၏ဝိညာဉ်သည် တစ္ဆေလောကသို့ အလိုလိုရောက်သွားမည်။ သို့သော် လူသားတစ်ယောက်သည် တစ္ဆေလောက ကိုသွားမည်ဆိုပါက တစ္ဆေမြို့တော်ကို ဖြတ်သွားရန်သာရှိလေသည်။

“အဲတော့ အဖေက အမေ့ကိုရှာဖို့ တစ္ဆေလောကကိုသွားချင်တယ် ဒါပေမဲ့ တစ္ဆေမြို့တော်ရဲ့ နေရာကို သူဘယ်လိုသိတာလဲ” ရှီမာယူယူသည် သံသယဝင် မိသည်။ သို့သော် သူ့ကိုရှာတွေ့မှပင် ထိုအဖြေကိုရလိမ့်မည်။

“မင်းအဖေက မင်းအမေကို သွားရှာဖို့ အဲဒီကနေ တကယ်ပဲဖြတ်သွားမယ် ဆိုရင် သူ အဲဒီမှာပိတ်မိနေမှာပဲ” မိုဒိဆန်း ဆက်ပြောလေသည် “မင်းဦးလေး နှစ်ယောက်လုံးက ဒီလောက်ကြာအောင်ရှာလာတာ၊ သူတို့သာ တစ္ဆေမြို့တော် နေရာကိုသာ မသိရင် သေချာတာတော့ သူတို့ သူ့ကိုရှာနိုင်မှာမဟုတ်ဘူး”

“ဖြစ်နိုင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့ ငါ့နောက်လိုက် ခဲ့ တစ္ဆေမြို့တော်က ဘယ်မှာလဲဆိုတာ ဒိဝူကိုမေးရအောင်၊ တစ်ခါတည်း ဦးလေးတို့ကိုလည်း တစ္ဆေမြို့တော်အကြောင်းသိလားမေးရမယ်”

သူတို့သုံးယောက်သည် ခြံဝန်းအနောက်သို့ သွားလိုက်ကြရာ ဘိုင်ရှန်း၊ ဖန်ခိုင်နှင့် တခြားသူများရှိနေကြသည်။ သူတို့သည် ဒိဝူကိုဝိုင်းထားကြပြီး မေးစေ့များပွတ်သပ်ကာ ဝိုင်းပတ်လျှောက်ကာ ပြောလိုက်သည် “သူက တကယ်ပဲ တစ္ဆေမျိုးနွယ်ကလား၊ ဘယ်လိုလုပ် သူ့ဆီက ရောင်ဝါနည်းနည်း တောင် မခံစားရတာလဲ”

ဒိဝူသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

ရှီမာယူယူသည် လျှောက်သွားကာ ပြောလိုက်သည် “ဒိဝူ မင်းနေလို့ရပြီ”

“တကယ်လား သခင်မလေး သဘောတူလိုက်ပြီလား” ဒိဝူသည် ပျော်ရွှင် မှုကြောင့် က,ပင်ကလေသည်။

ရှီမာယူယူ၏ ရုတ်တရက်ဆန်သော ပြောင်းလဲမှုကြောင့် ရှီမန်ဖန်နှင့် တခြားသူများသည် ထူးဆန်းသည်ဟု ခံစားရသည်။ သူမ ထွက်သွားပြီးတော့ ဘာလို့ စိတ်ပြောင်းသွားတာလဲ။

“အင်း ငါ သဘောတူတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ တောင်းဆိုစရာရှိတယ်”

“ပြောပါ သခင်မလေး ကျွန်တော့်ကိုသာ နှင်မလွှတ်ရင် လိုချင်သလောက် တောင်းဆိုပါ”

“မင်း ငါ့နောက်လိုက်ချင်ရင် ငါ့စကားကိုနားထောင်ရမယ်၊ ငါ ‘တစ်’လို့ ပြောရင် မင်း ‘နှစ်’ပြောလို့မရဘူး ငါ အရှေ့ကိုသွားလို့ပြောရင် မင်းအနောက်ကို မသွားရဘူး ငါရပ်လို့ပြောရင် မင်းရှေ့ဆက်လျှောက်လို့မရဘူး မင်းလုပ်နိုင် မလား”

***

All Chapters