ဝင်သွားပြီး အသက်ရှင်လျက်ထွက်မလာဘူး
Vol. 93 Ch. 1295
ဒိဝူသည် ရှီမာယူယူ၏ တောင်းဆိုချက်ကို ကြားလိုက်သည်နှင့် ခေတ္တမျှ မှင်တက်သွားလေသည်။
ရှီမာယူယူ၏ မျက်နှာမှာ နစ်ဝင်သွားလေသည် “ဘာလဲ မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင် မင်းပြန်သင့်တယ်”
“မဟုတ်ဘူး မဟုတ်ပါဘူး မလုပ်နိုင်တာ မဟုတ်ဘူး” ဒိဝူ လျင်မြန်စွာ ငြင်းဆန်လေသည် “လန့်သွားရုံပါ”
“ဘာကိုလန့်တာလဲ”
“ကျွန်တော် ဒီကိုမလာခင်ကို သခင်မလေးပြောတာကို နားထောင်ဖို့ သခင်က ကျွန်တော့်ကိုပြောလိုက်ပါတယ်၊ သခင်မလေး ‘တစ်’ ပြောရင် ကျွန်တော်က ‘နှစ်’လို့ပြောလို့မရဘူး၊ အရှေ့လို့ပြောရင် အနောက်သွားလို့မရ ဘူး၊ သခင်မလေးနဲ့ သခင်တို့ရဲ့ အမိန့်ကတူနေလို့ အံ့ဩသွားတာပါ” ဝိဒူရှင်းပြ လေသည်။
“ဝမ်းကွဲအစ်ကိုကလည်း အဲလိုပြောတာလား” ရှီမာယူယူ၏ စိတ်ထဲတွင် နွေးထွေးသွားသည် “ဝမ်းကွဲအစ်ကိုက အဲလိုပဲပြောမှတော့ မင်းနားထောင်မှာ လား”
“သခင်မလေးပြောတာကို နားထောင်ရမှာပေါ့၊ သခင်မလေး ‘တစ်’ လို့ပြောရင် ကျွန်တော် ဘယ်တော့မှ ‘နှစ်’ လို့မပြောဘူး၊ သခင်မလေးက အရှေ့ ကို သွားခိုင်းရင် သေချာပေါက် အနောက်ကိုမသွားဘူး” ဒိဝူ ပြောလေသည်။
“မင်းပြောတာနော်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း အင်း” ဒိဝူ နားထောင်သည့် အနေနှင့် ခေါင်းညိတ်လိုက်သည်။
“မြေးမလေး သူ့ကိုဘာလို့ လိုက်ခွင့်ပြုလိုက်တာလဲ” ရှီမာကျိယွင်သည် ခွင့်မပြုနိုင်သေးပေ။ သူမဘေးတွင် တစ္ဆေမျိုးနွယ်ရှိနေပါက အန္တရာယ်များနိုင် သည်။
ရှီမန်ဖန်နှင့် ရှီမာလျူယွင်တို့လည်း သူမအား ခွင့်မပြုသလိုကြည့်ကြလေ သည်။
“ဘိုးဘိုးကြီးရော မင်းတို့ရော စိတ်အေးအေးထားပါ သူ့ကို သုံးစရာရှိလို့ ခေါ်ထားလိုက်တာပါ” ရှီမာယူယူ ဆက်ပြောလေသည် “လက်ထောက်လေးက ပြောတယ် အဖေ့ကိုရှာရင် သူ့ကိုပဲခေါ်သွားလို့ရမှာတဲ့”
“ဘာ”
“တကယ်လား”
အားလုံးသည် လက်ထောက်လေးနှင့် ဒိဝူကို ကြည့်လိုက်ကြသည်။ သူမ အဖေရှာဖို့ သူ့ကိုခေါ်သွားရမှာလား။
“မြေးမလေး သေချာရဲ့လား”
“ဘိုးဘိုးကြီးတို့ လက်ထောက်လေးကိုမယုံရင်တောင် အနည်းဆုံးတော့ သူ့ဆရာ ရင်လင်းကိုတော့ ယုံသင့်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို သမီးအဖေက အခုဘယ်မှာလဲ” ရှီမာလျူဖန် မေးလိုက်သည်။
“တစ္ဆေမြို့တော်မှာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒိဝူ တစ္ဆေမြို့တော် ကဘယ်မှာလဲဆိုတာ သိလား”
“တစ္ဆေမြို့တော်” ဒိဝူသည် ထိုစကားလုံးကိုကြားသည်နှင့် အလန့်တကြား ထခုန်မိလေသည်။
“ကြည့်ရတာ မင်းသိတဲ့ပုံပဲ” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒီကို ဘယ်လိုသွားရမလဲဆိုတာ သိထား”
ဒိဝူ၏ မျက်နှာအမူအရာမှာ ပျက်သွားကာ ရှီမာယူယူအား အကျပ်ရိုက်စွာ ကြည့်လေသည် “သခင်မလေး တစ္ဆေမြို့တော်က သာမန်နေရာမဟုတ်ဘူး တကယ်ပဲ အဲဒီနေရာသွားချင်တာလား”
“သွားမှဖြစ်မယ်” ရှီမာယူယူသည် ပြတ်သားစွာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီနေရာက အရမ်းကိုအန္တရာယ်များတယ်”
“ငါ့အဖေက အဲဒီမှာ ပိတ်မိနေတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါ့ စကားနားထောင်မယ်လို့ မင်းပဲပြောတယ်နော်”
ဒိဝူ နှုတ်ဆိတ်သွားလေသည်။
“မြေးမလေး သမီးအဖေက တကယ်ပဲ တစ္ဆေမြို့တော်မှာလား” ရှီမာကျိယွင် မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ သူသည် တစ္ဆေ မြို့တော်အကြောင်းကို သိသည့်ပုံပင်။
“မျိုးနွယ်ခေါင်းဆောင် တစ္ဆေမြို့တော်အကြောင်းကို သိထား” ရှီမာလျူဖန် မေးလိုက်သည်။
“အင်း အရင်ကကြားဖူးတယ် အဲဒါကိုဒဏ္ဍာရီလို့ပဲ အမြဲထင်နေခဲ့တာ” ရှီမာကျိယွင် ဆက်ပြောလေသည် “ဒါပေမဲ့ သူ အဲဒီနေရာကိုသွားမယ်လို့ ထင် မထားဘူးပဲ”
“အဲဒီနေရာက ဘယ်မှာလဲ” ရှီမာလျူယွင် မေးလိုက်သည်။
ဦးတည်ဘက်သာ အစကတည်းက မမှန်လျှင် နှစ်ပေါင်းများစွာရှာဖွေပြီး နောက်တွင် အားစိုက်မှု အလဟသမဖြစ်ပေဘူးလား။
“အဲနေရာက လူသားလောကနဲ့ တစ္ဆေလောကတို့ ဆုံမှတ်ဖြစ်ပေမဲ့ တော်တော်များများက မသိကြဘူး” ရှီမာကျိယွင် ဆက်ပြောလေသည် “အဲဒါကို ဒဏ္ဍာရီလို့ထင်ထားတာ တကယ်ရှိလိမ့်မယ်လို့ ထင်ထားဘူးပဲ”
“အဲနေရာက ဘယ်လိုအန္တရာယ်များတာလဲ” ရှီမာလျူဖန် မေးလေသည်။
“အဲဒီမှာနေတဲ့သူတွေက အမှောင်ဝိညာဉ်သခင်တွေမဟုတ်ရင် တစ္ဆေ မျိုးနွယ်ဝင်တွေပဲ အဲဒါကြောင့် အဲမှာနေရတာ ဘယ်လိုလဲဆိုတာ စဉ်းစားကြည့် လိုက်လေ၊ လူတွေကတော့ အဲဒီကနေ အသက်ရှင်လျက်ထွက်မလာနိုင်ဘူးပဲ” ဒိဝူ ပြောလိုက်သည်။
“အဲဒီက ဝိညာဉ်သခင်တွေအကုန်လုံးက အမှောင်အရည်အချင်းသုံးတာ လား”
“အင်း ကျွန်တော် သခင့်ဆီကကြားတာပဲ၊ သခင်လည်း သခင်မလေး အမေဆီကကြားတာထင်တယ်” ဒိဝူ ဆက်ပြောလေသည် “သခင်မလေးအမေ က ဘယ်ကနေကြားလာတာလဲတော့မသိဘူး”
“ဝင်သွားပြီးရင် အသက်ရှင်လျက်ထွက်မလာနိုင်ဘူး ဟုတ်လား” ရှီမာယူယူသည် သူမအဖေကို အားနာမိသည်။ ထိုနေရာအကြောင်း သူသိထားမှ တော့ ထိုနေရာသည် မည်မျှအန္တရာယ်များကြောင်းကို သူ သေချာပေါက် သိလိမ့် မည်။ ထိုသို့ဆိုလျှင်တောင် သူသည် နှစ်ခါမတွေးဘဲ အမေ့ကိုသွားကယ်ရန် ထိုနေရာသို့ သွားရှာခဲ့သည်။
“ယူယူ ဘယ်တော့သွားမှာလည်း ဦးလေးတို့လည်း အတူသွားကြမယ်” ရှီမာလျူဖန် ပြောလိုက်သည်။
“အဲနေရာက အရမ်းအန္တရာယ်များတယ်၊ လူအများကြီးသွားတာက အကြံ ကောင်းဖြစ်မယ်လို့တော့ မထင်ဘူး” ဒိဝူ ဆက်ပြောလေသည် “လူကြီးမင်းတို့ က အမှောင်အရည်အချင်းရှိ ဝိညာဉ်သခင်တွေလည်းမဟုတ်ကြဘူး လူကြီးမင်း တို့ သွားမယ်ဆိုရင် ပိုပြီးပြဿနာဖြစ်နိုင်တယ်”
“ဒါပေမဲ့ မင်းတို့ လူနည်းနည်းပဲသွားမယ်ဆိုရင် ငါလည်း စိုးရိမ်နေရမှာပဲ” ရှီမာကျိယွင် ခွင့်မပြုပေ။
“ငါတို့ကို မင်းရဲ့လောကအသေးထဲထည့်သွားရင်ရော” ရှီမာလျူဖန် ဆက်ပြောလေသည် “မင်းနောက်မလိုက်ရရင် ငါတို့စိတ်ချမှာမဟုတ်ဘူး”
ရှီမာယူယူသည် ခေတ္တမျှတိတ်သွားကာ ပြောလိုက်သည် “အဲလိုပဲလုပ်ကြ တာပေါ့”
“ငါလည်း လိုက်မယ်” ရှီမန်ဖန် ပြောလိုက်သည်။
ရှီမာယူယူသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ဖန်အာ နင်နဲ့ အသည်း ကွဲတောင်ကြားအဖွဲ့ဝင်တွေ သွားလို့မရဘူး”
“ဘာလို့လဲ”
“နင်တို့မှာ လုပ်စရာတွေအများကြီးပဲ၊ ဒါက ဘယ်လောက်ကြာမလဲဆို တာလည်းမသိဘူး နင်က အသည်းကွဲတောင်ကြားကို ကြည့်ပေးဖို့လိုသေး တယ်လေ စီးပွားရေးကိုလည်း အမြန်စရတော့မယ်” ရှီမာယူယူ ဆက်ပြောလေ သည်။ “နင်သွားရင် အဲဒါတွေဘယ်သူလုပ်မှာလဲ”
“ဒါပေမဲ့ ငါ စိတ်မချဘူး” ရှီမန်ဖန် ပြောလိုက်သည်။
“သွေးမိစ္ဆာမြို့တော်အဖွဲ့ဝင်တွေရော ငါနဲ့ပါတယ် ဘာတွေစိုးရိမ်စရာရှိ လို့လဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့…”
“ဖန်အာ မစိုးရိမ်ပါနဲ့ ငါ ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “ဒီမှာ သူတို့က နင့်ကိုလိုတယ်လေ”
ရှီမန်ဖန်သည် သူမ အခိုင်အမာပြောနေသည်ကို ကြည့်ပြီး သဘောတူရုံ သာရှိလေသည်။
“နင် ဂရုစိုက်ရမယ်နော် နင့်ကိုအသည်းကွဲတောင်ကြားမှာ စောင့်နေမယ်”
“မစိုးရိမ်ပါနဲ့ ငါပြန်လာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
ရှီမန်ဖန်သည် ဝူလင်းယူကို ကြည့်ပြီး ပြောလိုက်သည် “မင်း သူမကို ကာကွယ်ရမယ်နော်”
“သေချာတာပေါ့”
“ငါလည်း လိုက်ချင်တယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“မရဘူး” ရှီမာယူယူသည် တွေဝေခြင်းမရှိ ငြင်းလိုက်လေသည်။
“ဘာလို့လဲ” ရှီမာကျိယွင် သူမ ချက်ချင်းငြင်းလိုက်သဖြင့် နာကျင်သွား လေသည်။
ရှီမာယူယူသည် သူ၏တုံ့ပြန်မှုကို မြင်သောအခါ သူ့ဆီသို့သွားပြီး လက် ကိုကိုင်ကာ ပြုံးပြလိုက်သည် “ဘိုးဘိုးကြီး သမီး တစ္ဆေမြို့တော်ကိုသွားရင် ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်ဘူး ဘိုးဘိုးကြီးက မျိုးနွယ်ခေါင်းဆောင် လေ၊ အခုမျိုးနွယ်မှာ ဖြစ်ပျက်နေတာတွေက အများကြီးပဲ ဘိုးဘိုးကြီးသွားမယ် ဆိုရင် သူတို့လိုတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ”
ထိုသည်မှာ ရှီမာယူယူ သူ့အနီးသို့လာသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။ ထိုသို့ရင်းနှီးလာသည်မှာ သူ့ကိုပျော်ရွှင်စေသော်ငြား သူမ၏ စကားများ သည် မပျော်ရွှင်စေပေ။
“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့လည်း မသွားတာကောင်းမယ်လို့ ထင်တယ်” ရှီမာကျိယွင် သူ့ကိုစိုက်ကြည့်နေသည်ကို မြင်သောအခါ ရှီမာလျူဖန်သည် လည်ပင်းပုကာ ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင် မျိုးနွယ်နဲ့ဂူမျိုးနွယ်တို့က အခြေအနေတင်းမာနေ ကြတယ်လေ ဟုတ်တယ်မလား” ရှီမာလျူယွင် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်တော့ ငပေငတေလေးတွေ” ရှီမာကျိယွင်သည် ဒေါသထွက်လေသည်။ ဒီနှစ်ကောင်က ရှီမာယူယူလိုပဲ သူ့ကိုဘာလို့လာတား နေတာလဲ။
“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်က အမှန်တရားကိုပြောနေတာပါ” အနောက်တွင်ပုန်းနေသော ရှီမာလျူဖန်နှင့်မတူဘဲ ရှီမာလျူယွင်သည် ခုခံနိုင် စွမ်းရှိသည်။
အချိန်ကောင်းမဟုတ်သည်ကို ရှီမာကျိယွင်သိသည်။ သို့သော် သူတို့ နောက်လိုက်ရန် စဉ်းစားနေတုန်းပင်။ သို့သော် ရှီမာယူယူ သဘောမတူသည်ကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည် “ကောင်းပြီလေ ဒါပေမဲ့ မင်းတို့တွေ ဒီလိုမျိုးသွားလို့မရဘူး”
“ဒါဆိုရင် ဘယ်လိုသွားရမှာလဲ” ရှီမာလျူဖန် မေးလိုက်သည်။
“မင်းတို့ဘေးမှာနေ” ရှီမာကျိယွင်သည် သူ့ကိုစိုက်ကြည့်ပြီးဆက်ပြော လေသည် “မင်းတို့နဲ့လိုက်ဖို့ ရှုံ့ချီကို လူခေါ်လာခိုင်းလိုက်မယ်”
ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့သည် လန့်သွားလေသည် “ဦးလေးကြီးနဲ့ တခြားသူတွေပြန်လာမှာလား”
“ရှုံ့ချီက ဘယ်သူလဲ” ရှီမာယူယူမေးလိုက်သည်။
“မင်းအဘိုး ရှီမာရှုံ့ချီလေ”
***