← Chapters

အဘိုးနဲ့အဘွား

Vol. 93 Ch. 1297

အဘိုးနဲ့အဘွား

Vol. 93 Ch. 1297

သူမ စကားလုံးများမှာ သဘောမကျခြင်းများပြည့်နှက်နေသော်လည်း သူမ မျက်နှာမှအမူအရာသည် အလွန်ပင် နူးညံ့နေသည်။

“မင်းရဲ့အနံ့လေးကို ကိုယ်ချစ်တယ်” ဝူလင်းယူသည် လုံးဝရှက်ရွံ့ခြင်းမရှိ ပေ။

“အစ်ကို့ရဲ့အပေါင်းအဖော်တွေသာ ဒီဟာကိုသိရင် နှစ်ပေါင်းထောင်ချီပြီး တည်ဆောက်လာတဲ့ အစ်ကို့ရဲ့ဂုဏ်သတင်းကတော့ ခဏလေးအတွင်းမျာ ပျက်စီးသွားမှာပဲ၊ ဪ အခုလေးတင်တည်ဆောက်လိုက်တဲ့ ဂုဏ်သတင်းက လည်း မီးတောက်ထဲမှာပျောက်ကွယ်သွားမှာပဲ”

ရှီမာယူယူသည် သူ့နဖူးအား လက်ဆန့်ကာ တောက်ပြီးစနောက်လိုက် သည်။

ဝူလင်းယူသည် မတ်မတ်ထိုင်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူသည် သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

ရှီမာယူယူသည် သူ ခြေထောက်ချိတ်ထားသည်ကို မြင်သောအခါ သက်တောင့်သက်သာပင် မှီလိုက်သည်။ သူသည် သူမကိုဖက်ပြီး ပခုံးပေါ်မှီစေ သည်။

“ယူယူ”

“ဟင်” ရှီမာယူယူသည် ခေတ္တမျှစောင့်နေလိုက်သည်။ သူ ဆက်မပြော သည်ကိုမြင်သောအခါ ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည် “ဘာလဲ”

“ဘာမှမဟုတ်တော့ဘူး”

“အစ်ကိုနဲ့မတူလိုက်တာ” ရှီမာယူယူသည် သူ့လက်ချောင်းများဖြင့် ကစားလေသည် “ညီမရဲ့အဘိုးအဘွားတွေကို စိတ်ပူတာလား မဟုတ်ရင် နောက်သွားမဲ့တစ္ဆေမြို့တော်ကို စိတ်ပူတာလား”

“ဖြစ်နိုင်ရင် မင်းကို တစ္ဆေမြို့တော်ကိုမသွားစေချင်ဘူး အဲဒီမှာအရမ်း အန္တရာယ်များတယ်” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ သွားဖို့ကို အခုတားဖို့ မဖြစ်နိုင်ဘူးဆိုတာ ကိုယ်သိပါတယ်”

ရှီမာယူယူသည် လှည့်ပြီးနောက် သူပခုံးများအပေါ်သို့ လက်နှစ်ဖက်တင် ပြီး ပြောလိုက်သည် “ညီမအရင်က ဘာကိုဘယ်လိုပဲ လုပ်ချင်ခဲ့လုပ်ချင်ခဲ့ စိတ်မပူခဲ့ဘူး ဒါပေမဲ့ အခုစိတ်ပူနေတယ် ဒီတစ်ခါကရော ဘာလဲ”

“တစ္ဆေမြို့တော်… အဲနေရာက လူသားတွေ တော်ရုံဝင်သွားလို့ရတဲ့နေရာ မဟုတ်ဘူး” ဝူလင်းယူ ပြောလေသည် “ကိုယ် နောက်တစ်ခေါက် အိပ်ပျော်သွား ပြီး စွမ်းအားတွေဆုံးရှုံးတော့မယ်လို့ ခံစားနေရတယ်၊ မင်းသာ အဲဒီကိုရောက် နေရင် မင်းကို ကိုယ်မကာကွယ်နိုင်ရင် ဘယ်လိုလုပ်မှာလဲ”

သို့သော် ရှီမာယူယူသည် ထိုအရာကို အာရုံမထားပေ။ သူမသည် ချက်ချင်းပင် သူ့လက်ကို ဆုပ်ကိုင်ကာ စမ်းသပ်ပြီး ပြောလိုက်သည် “အဲတုန်းက အံ့ဖွယ်နယ်မြေကြောင့် အစ်ကိုသတိမေ့သွားတာမလား”

ဝူလင်းယူသည် နှစ်စက္ကန့်လောက်တွေဝေသွားရာ သူမသည် ပါးနပ်စွာ ဖြင့် သူ့မျက်လုံးများကို သတိထားမိကာ ပြောလိုက်သည် “အဲကြားထဲမှာကို မေ့လဲသွားသေးတာလား”

ဝူလင်းယူသည် သူ့လက်ကိုဖယ်ပြီး ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ တစ်ခါ နှစ်ခါပါပဲ”

“အဲဒါတော့ မဟုတ်သေးဘူးလေ” ရှီမာယူယူသည် သူ့လက်ကို ပြန်ဆုပ် ကိုင်ပြီး သေချာအောင် စမ်းသပ်လေသည်။

“ကိုယ်ဘယ်တုန်းက မင်းကိုလိမ်ဖူးလို့လဲ တကယ်ပဲ တစ်ခါနှစ်ခါပဲဖြစ် တာပါဆို” ဝူလင်းယူသည် သူမအား အလန့်တကြားကြည့်ကာ ရယ်မောရင်း ပြန်ဖြေလေသည်။

“အဲဒါမဟုတ်သေးဘူးလို့ ပြောတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ပုံမှန်ဆိုရင် အစ်ကိုအိပ်မောကျပြီးရင် ဝိညာဉ်ကအရင်ကထက်ပိုပြီး ပေါင်းစပ်ရမှာ ဒါပေမဲ့ ညီမသွေးကြောစမ်းလိုက်တော့ ဘာလို့အရင်တစ်ခေါက် ကထက် ပိုအားနည်းနေတာလဲ”

“နည်းနည်းပဲ အားနည်းသွားတာကို မင်းက ဒါကိုတောင် သတိထားမိ တယ်ပေါ့၊ မင်းရဲ့ဆေးပညာက အရမ်းကို အားကောင်းတာပဲ” ဝူလင်းယူ ပြော လိုက်သည်။

ရှီမာယူယူသည် သူ့မျက်နှာလှုပ်မရအောင် လက်နှစ်ဖက်ဖြင့် အုပ်ထား လိုက်သည်။ လေးနက်သောအမူအရာဖြင့် သူမ ပြောလိုက်သည် “ညီမကို လာ မလှိမ့်နဲ့နော် ပြော ဘယ်တုန်းကစတာလဲ”

“ကိုယ်နတ်ဆိုးလောကကို သွားပြီး ၂ နှစ်ကြာတော့” ဝူလင်းယူသည် အရိုးသားဆုံး ပြန်ဖြေလေသည်။

“နတ်ဆိုးလောကကိုသွားတုန်းကို ဘာဖြစ်ခဲ့တာလဲ”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းနည်းနည်းလောက် လူသတ်၊ တိုက်ခိုက်ပြီး လူစုဆောင်းတာ အဲဒါမျိုးပါပဲ”

“အဲတုန်းက ဝိညာဉ်ထိခိုက်ခဲ့တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် အစ်ကို့ဝိညာဉ်က ထိခိုက်အောင်လုပ်လိုက်တာလား”

သူမ ပြောလေလေ ပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်သည်။ သူ့ကို ဆုပ်ကိုင် ထားသော လက်များမှာတုန်ယင်ပြီး သူမ မျက်လုံးများမှာ ဝေဖန်မှုများပြည့်နှက် နေသည်။

ဝူလင်းယူသည် သူမခါးကို သိုင်းဖက်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ မျက်နှာကိုနူးညံ့စွာ ပွတ်သတ်ပြီး ပြောလိုက်သည် “ပြဿနာမရှိပါဘူး၊ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့ ကိုယ်အဆင်ပြေတယ်”

“အဲတုန်းက မင်းဒဏ်ရာရတာကို ကိုယ်ပစ်ထားလိုက်ရင် တစ်သက်လုံး ကိုယ့်ကိုယ်ကိုမုန်းသွားမှာ” ဝူလင်းယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မိန်းကလေး ထိခိုက်တာကိုပစ်ထားမယ့် ယောက်ျားဆိုတာမရှိဘူးလေ”

သို့သော် ထိုသည်မှာ သူမအတွက် လုံးဝအသုံးမဝင်ပေ။ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းအပြင် အရင်ကလေ့လာခဲ့သည့် ဆေးစာအုပ်ထဲမှ ဆင်တူသည့် အရာကို တွေ့မိမလားဟု သူမ မှတ်မိရန်ကြိုးစားနေမိသည်။

သူမ ခါးကိုဖက်ထားသည့် လက်ဖြင့် ဝူလင်းယူသည် သူမ သတိပြန်ဝင် လာရန် သူမကိုပြန်ဆွဲလိုက်သည်။ သူသည် သူမ နှုတ်ခမ်းကို အသာအယာ ကိုက်ပြီး စကားနားမထောင်သည့်အနေနှင့် အပြစ်ပေးလိုက်သည်။

သို့သော် သူမ နှုတ်ခမ်းနားသို့ ကပ်သွားသည့်အခိုက်တွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။ သူသည် ထို့ထက်ပိုပြီး လုယူချင်မိသည်။ သူ့ကိုယ်သူ နစ် သထက်နစ်မြောလိုက်ပြီး ခေတ္တမျှနှစ်သိမ့်မှုပေးလိုက်သည်။

“အင်း… တစ်ယောက်ယောက်လာနေတယ်…” ရှီမာယူယူသည် လူ တစ်ယောက် သူတို့ခြံဝန်းသို့လာနေသည်ကို ခံစားမိပြီး သူ့ပခုံးကို အသာအယာ ပုတ်လိုက်သည်။

ဝူလင်းယူသည် သူမနှုတ်ခမ်းကိုလွှတ်ပေးလိုက်သည်။ သူတို့ ခွာလိုက် သည်နှင့် မရှင်းလင်းသော သွားရည်တစ်မျှင်ကျန်ခဲ့လေသည်။

“ကိုယ်မင်းကို တကယ်အပြစ်ပေးချင်တယ်”

သူသည် ခေါင်းငုံ့ကာ သူမနဖူးတွင် မှီလိုက်ရာ ခေါင်းငုံ့လိုက်သောကြောင့် အသံများ ပြာသွားလေသည်။

ရှီမာယူယူသည် သူထ,ရန် ပခုံးကိုရိုက်ပြီး ပြောလိုက်သည် “ကောင်းပြီလို့ လူတစ်ယောက်လာနေတယ်”

ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်ပြီး သူမကို နေရာတွင် ပြန်ထိုင်ခိုင်း လိုက်သည်။ စားပွဲပေါ်မှ လက်ဖက်ရည်သည် အေးစက်နေချေပြီ။

ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ လက်ဖက်ရည်အစုံလိုက်သည် လုံးဝပျောက်ကွယ်သွားပြီး ထိုနေရာတွင် အသစ်တစ်စုံ ချက်ချင်းပင်ပေါ်လာ သည်။

ရေဆူသည်နှင့် ရှီမာကျိယွင်သည် မရင်းနှီးသော အမျိုးသားနှင့်အမျိုးသမီး တစ်ယောက်ကို ခေါ်လာသည်။ သူတို့ ရှီမာယူယူကို မြင်လိုက်သည်နှင့် ‌နှစ် ယောက်လုံးသည် အမြန်လျှောက်လာကြသည်။

“ကြည့်ရတာ မင်းအဘိုးနဲ့ အဘွားလာတာဖြစ်မယ်၊ ကိုယ့်ကို ပုန်းစေချင် လား” ဝူလင်းယူ မေးလိုက်သည်။

“မလိုဘူးရယ် ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုလည်း သူတို့ကိုတွေ့ရမှာပဲကို” ရှီမာယူယူ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင် ဒါက ရွှမ်အာရဲ့ကလေးလား” အမျိုးသမီးကြီးသည် ရှီမာယူယူအရှေ့တွင်ရပ်ကာ စိတ်ခံစားချက်ပြင်းပြစွာဖြင့် ကြည့်လေသည်။ သူမသည် စိတ်မကပ်သလိုဖြစ်ကာ ပြောလေသည် “ကလေး ငါက မင်းရဲ့ အဘွားပဲ”

“အ..ဘွား…” ရှီမာယူယူသည် မသိစိတ်မှ ရှီမာကျိယွင်ကို ကြည့်မိသည်။ သူ မငြင်းဆန်သဖြင့် သူတို့သည် သူမ၏ အဘိုးအဘွားများဖြစ်သည်ကို သိလိုက် ရသည်။

“ယူယူ ငါ့ကလေး” ဟွမ်ရင်ရင်သည် ရှေ့တိုးကာ ရှီမာယူယူအား သိုင်းဖက်လိုက်သည်။ အတန်ကြာမှပင် သူမကိုလွှတ်လိုက်လေသည်။ သူမ သည် ယူယူ၏ မျက်နှာနှင့် နှုတ်ခမ်းများကို ထိတွေ့တာ “မင်းက မင်းအမေနဲ့ တူ ပေမဲ့ မင်းအဖေနဲ့လည်းတူတာပဲ”

ရှီမာယူယူသည် ချင်ချင်းပင် သူမ၏ နွေးထွေးသောမျက်လုံးများကြောင့် ရင်ထဲထိသွားရသည်။ သူမ ဘေးမှလူအများစုမှာ ယောက်ျားသားများဖြစ်သည်။ သူမတွင် အဒေါ်သုံးနှင့် တခြားသူများရှိသော်လည်း သူတို့သည် သူမ၏ သွေးသားရင်းမိသားစု မဟုတ်ပေ။ အခု ဟွမ်ရင်ရင်ကိုမြင်သောအခါ အမှန် တကယ်ပင် မတူပေ။

“ယူယူ ဒါက သမီးရဲ့ အဘိုးလေ” ဟွမ်ရင်ရင်သည် ဝင်လာကတည်းက ပါးစပ်မဟသော ရှီမာရှုံ့ချီကို ဆွဲလာပြီး မိတ်ဆက်ပေးလေသည်။

ရှီမာယူယူသည် ရှီမာရှုံ့ချီကို ကြည့်လိုက်သည်။ သူသည် အဘိုးအရင်းဖြစ် ကာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသော လူတစ်ယောက်ပင်ဖြစ်သည်။ သူမ သည် မိဘများကို တစ်ခါမှမတွေ့ဖူးရာ သူတို့သည် မည်သည့်ပုံစံရှိသည်ကို မသိ ပေ။ သို့သော် သူသည် ရှီမာကျိယွင်နှင့် တူလေသည်။

သို့သော် သူသည် သူမ၏ ဘိုးဘိုးကြီးထက်ပင် တည်တံ့လေသည်။ သူ့ မျက်နှာတွင် အပြုံးဟူသည်မှာ မရှိပေ။ သူ့မျက်လုံးထဲမှ ရှားပါးသော ကြည်လင် မှုကြောင့်သာမဟုတ်လျှင် သူမကို ဒေါသထွက်နေသလားဟုပင် ထင်ရသည်။

“အဘိုး” သူမ ခေါ်လိုက်သည်။

“အဲလောက်ကြီး တည်မထားနဲ့လေ ယူယူလန့်သွားတော့မယ်”

ရှီမာရှုံ့ချီကို ဝေဖန်ရဲသူမှာ သူ၏ ဖခင်အရင်းပင်ဖြစ်သည်။ သူသည် ရှီမာယူယူ အနည်းငယ်လန့်သွားသည်ကို သတိပြုမိသည်။ ထို့ကြောင့် သူ အနည်းငယ်နွေးထွေးလာကာ အသာအယာပြုံးပြီး ပြောလိုက်သည် “မင်းပြန် လာတာ ကောင်းတယ်”

သူသည် အမှန်တကယ်ပင် အထက်လူကြီးကဲ့သို့ ပြောလေသည်။

ရှီမာယူယူသည် ဝူလင်းယူကို ဆွဲခေါ်လိုက်သည်။ “အဘိုး အဘွား မိတ်ဆက်ပေးရဦးမယ် ဒါက သမီးရဲ့ စီနီယာဝူလင်းယူတဲ့ ပညာရှိစံအိမ်တော် က မြင့်မြတ်သောသားတော် သမီးရဲ့ချစ်သူလည်းဟုတ်တယ်”

သူမ နောက်ဆုံးပြောလိုက်သော စကားကြောင့် ရှီမာရှုံ့ချီ၏ ကနဦး တည်ငြိမ်သော အမူအရာသည် ဒေါသထွက်သွားလေသည်။ သူသည် ဝူလင်းယူ အား စိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလေသည် “ချစ်သူဟုတ်လား”

***

All Chapters