အကုန်လုံးစုပြီးမှတော့ ထွက်ကြတာပေါ့
Vol. 93 Ch. 1298
“အဲလောက် မအံ့ဩပါနဲ့ သူကချစ်သူဖြစ်ပြီးနေပြီ စုံတွဲလည်းဖြစ်နေပြီ” ရှီမာကျိယွင် ပြောလိုက်သည်။
“အဓိပ္ပာယ်ကို ခန့်မှန်းကြည့်နေတာပါ” ရှီမာရှုံ့ချီသည် ဝူလင်းယူ၏ လက်မောင်းကို ဆွဲထားသော ရှီမာယူယူကို ကြည့်လိုက်သည်။ သူ့အကြည့် သည် ဝူလင်းယူ၏ လက်မောင်းကိုပင် ပေါက်ထွက်မတတ်ပင် “ဝူလင်းယူ ဟုတ်လား ဒီကိုလာခဲ့”
ဝူလင်းယူသည် အရှေ့သွားရာ ရှီမာယူယူသည် ရှီမာရှုံ့ချီ၏ မှောင်နက် သော အမူအရာကိုမြင်လိုက်ရသောကြောင့် မသိမသာ သူ့လက်မောင်းကို ဆွဲ ထားလိုက်သည်။
“ကိုယ်အဆင်ပြေပါတယ်” ဝူလင်းယူသည် သူမလက်ကို ဆွဲပြီး နှစ်သိမ့် လေသည်။
“အဘိုး တစ်ခုခုရှိရင် နောက်မှပြောကြမယ်လေ” ရှီမာယူယူ ပြောလိုက် သည်။
ဟွမ်ရင်ရင်သည် ရှီမာရှုံ့ချီအား ရိုက်ပြီးပြောလိုက်သည် “အခုက ဘယ်လို အခြေအနေလဲ၊ ရှင်က မြေးမလေးကို ခြောက်ပြီးဘာလုပ်မလို့လဲ”
“ဘာမှမလုပ်ပါဘူးဟ” ရှီမာရှုံ့ချီသည် ကာကွယ်ရန် ကြိုးစားလေသည်။
သူမ မြေးမလေးကို ဘယ်လိုလုပ် ကြောက်အောင်ခြောက်မလဲ။
“ဘိုးဘိုးကြီး အဘိုး အဘွား အကုန်လုံးရောက်နေပြီဆိုတော့ တစ္ဆေ မြို့တော်ကို သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူတို့သားမှာ နှစ်ပေါင်းငါးဆယ်ကျော် ပျောက်ဆုံးနေသည်ကို တွေးလိုက် သောအခါ ရှီမာရှို့ချီသည် ဝူလင်းယူကို အချိန်တစ်ခုလွှတ်ထားလိုက်ကာ ပြော လိုက်သည် “တစ္ဆေမြို့တော်ကို သွားချင်တဲ့အချိန် သွားလို့မရဘူး သေချာ ပြင်ဆင်တာလုပ်ရမယ်”
“အဲဒီပြင်ဆင်မှုတွေကို သမီးလုပ်ပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးနဲ့အဘွားလာတာနဲ့ သွားလို့ရပြီ အဘိုးတို့ စိတ်ချပါ”
“ပြင်ဆင်ပြီးသွားပြီလား”
“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဘိုးတို့ကိုစောင့်တုန်းကို လိုအပ်တာတွေကို ဒိဝူကို ပြင်ဆင်ခိုင်းထားတယ်”
တကယ်တော့ ဒိဝူပြောသည်မှာ ရိုးရှင်းသည်။ သူမသည် ဆေးများ၊ ဝိညာဉ်လက်နက်များနှင့် တည်ဆောက်မှုကျောက်များ ပြင်ဆင်ရန်သာဖြစ် သည်။ အထူးသဖြင့် ဆေးများဖြစ်သည်။ အကြောင်းမှာ တစ်ဖက်သည် အမှောင် ဝိညာဉ်စွမ်းအင်များနှင့် အမှောင်ရောင်ဝါများဖြစ်သဖြင့် အနားယူရန်ခက်ပြီး ပြန်ကောင်းရန်ခက်ခဲသည်။ သူတို့သည် နလန်ထူရန် ဆေးကိုသာ အမှီထားရ မည်။
သို့သော် ရှီမာယူယူတွင် လောကအသေးနှင့် ဝိညာဉ်စေတီရှိသည်ကို သူ မသိထားပေ။ ထိုပစ္စည်းနှစ်ခုနှင့်ဆိုလျှင် သူတို့သည် လောကအသေးတွင် ခေတ္တ မျှအနားယူပြီး အားဖြည့်နိုင်သည်။
သို့သော် အဆိုးဆုံးအခြေအနေအတွက်သာ ပြင်ဆင်ရန်ဖြစ်သည်။ သူမ သည် ဒိဝူကိုကိစ္စတချို့ ပြင်ရန်ခိုင်းစေတုန်းပင်။
“အကုန်လုံးကို ပြင်ဆင်ပြီးပြီဆိုမှတော့ အခုပဲသွားကြတာပေါ့၊ စောစော သွားလေလေ သမီးအဖေကို စောစောရှာတွေ့လေပဲ” ဟွမ်ရင်ရင် ပြောလေ သည်။
“ငြင်းစရာမရှိတော့ရင် မြန်မြန်သွားလို့ရတယ်၊ သွားလို့ရအောင် အကုန်စု လိုက်တော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ သွားပါ”
ရှီမာယူယူသည် ဝူလင်းယူအားဆွဲပြီး မိုဒိဆန်းနှင့် ဒိဝူတို့ကိုရှာရန် ထွက် သွားလေသည်။
သူတို့ထွက်သွားသည်နှင့် ရှီမာကျိယွင်သည် ပြုံးပြီး ခေါင်းညိတ်လေသည် “သူတို့နှစ်ယောက်က တကယ်ပဲလိုက်ဖက်ပေတယ်၊ သူတို့ နောက်ကျောလေး ကိုကြည့်တာနဲ့တင် စိတ်ချမ်းသာစရာကောင်းနေပြီ”
ရှီမာရှုံ့ချီသည် ထိုအရာကို မကျေနပ်ပေ။ သူသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “မျိုးနွယ်ခေါင်းဆောင် သူတို့အတူရှိတာကို ဘာလို့များ အလွယ်တကူ ခွင့်ပြုလိုက်တာလဲ ယူယူက ရှီမာမျိုးနွယ်ရဲ့ ကလေးပဲ၊ ဘယ်လို လုပ် ပညာရှိစံအိမ်တော်ကလူနဲ့ အတူရှိနေနိုင်တာလဲ”
“ဒါဆိုရင် သူတို့နှစ်ယောက်ကိုခွဲနိုင်လား၊ အဲလိုလုပ်လိုက်ရင် ယူယူက မင်းကို ဘယ်လောက်ဆိုးဆိုးဝါးဝါး ဆက်ဆံမလဲကြည့်လိုက်၊ မင်းအဲလိုလုပ်ရဲ တယ်ဆိုရင် ယူယူက ချက်ချင်းပဲ မင်းမပါဘဲ ထွက်သွားမယ်လို့ ငါလောင်းရဲ တယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်တောင်မှ ဒီလူကိုခွင့်ပြုမှတော့ မကောင်းတာမဖြစ် နိုင်ပါဘူး” ဟွမ်ရင်ရင် ပြောလိုက်သည် “မျိုးနွယ်ခေါင်းဆောင်က မငြင်းဘူးဆို မှတော့ သူ့သရုပ်မှန်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နဲ့တော့”
“အမှန်ပဲ” ရှီမာကျိယွင်သည် သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည် “ယူယူ ဒီကလေးက ကြမ်းတမ်းတဲ့နည်းလမ်းတွေနဲ့ မဟုတ်ဘဲ နူးညံ့တဲ့နည်းလမ်းနဲ့မှ စိတ်လှုပ်ရှားတတ်တာ၊ သူမက မင်းကိုအသိအမှတ်ပြုတာနဲ့ မင်းကို စိတ်ရင်း တစ်ခုလုံးနဲ့ ဆက်ဆံလိမ့်မယ်၊ မင်း သူမနဲ့ သဘောထားမတူလို့ကတော့ နောက် ကို သူမ ဘယ်တော့မှအသိအမှတ်ပြုမှာမဟုတ်ဘူး၊ သူမ ငါ့ကိုအသိအမှတ်ပြုဖို့ ကို ငါ အများကြီးအားထုတ်ခဲ့ရတာ ဒါပေမဲ့ သူမကို မျိုးနွယ်ထဲမခေါ်နိုင်သေးဘူး အဲဒါကြောင့် သူမက စိတ်မပြောင်းသေးဘူး အခုထိ ပြန်ဖို့ကို ဆန္ဒမရှိသေးဘူး”
“ကျွန်တော်တို့က သူမရဲ့ သွေးသားရင်းတွေလေ ဘယ်လိုဖြစ်လို့ ပြန် မလိုက်တာလဲ”
“သူမကို ခြိမ်းခြောက်တာက အသုံးမဝင်ဘူး၊ ဒီအချိန်အတွင်းမှာ ငါ သူမ ရဲ့အကျင့်ကို ရင်းနှီးနေပြီ၊ သူမကို ဖိအားပေးလို့မရဘူး၊ သူမကို စိတ်ရင်းနဲ့ ဖျောင်းဖျမှရမယ်၊ အဲဒါကြောင့် မင်းတို့ နည်းနည်းလောက်ပိုပြီး အာရုံစိုက်ထား ရမယ်၊ သူမကို ကာကွယ်ချင်တာအပြင် မျိုးနွယ်ကိုပြန်ဖို့ သူမကို ဖျောင်းဖျရ မယ်” ရှီမာကျိယွင် အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
“ဒီတစ္ဆေမြို့တော်က အမြဲတမ်း ဒဏ္ဍာရီထဲမှာပဲရှိခဲ့တာ၊ ဘယ်သူမှမမြင် ဖူးသလို တစ်ခါမှလည်းမတွေ့ဖူးကြဘူး၊ အဲဒါကြောင့် အထဲမှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဘယ်သူမှမသိဘူး၊ မင်းတို့ အဲဒီရောက်ရင် ဂရုစိုက်ရမယ်၊ ယူယူကို အဲဒီကို ခေါ်သွားပြီး သေချာပေါက် ပြန်ခေါ်လာနိုင်ရမယ်”
“အဲလိုလုပ်ပါ့မယ် မျိုးနွယ်ခေါင်းဆောင်” ရှီမာရှုံ့ချီ ပြန်ဖြေလေသည်။
မျိုးနွယ်ခေါင်းဆောင်သည် အရင်ကထိုသို့မဖြစ်ဖူးပေ။ သို့သော် သူသည် မြည်တွန်တောက်တီးသည့် ပုံစံပေါက်နေလေသည်။
“နောက်ဆိုရင် အပြင်လူတွေမရှိရင် ငါ့ကိုအဖေလို့ခေါ်စမ်းပါ” ရှီမာကျိယွင် ပြောလိုက်သည်။
ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့ မှင်တက်သွားကြသည်။ သူ မျိုးနွယ် ခေါင်းဆောင်ဖြစ်ကတည်းက်ပင် အားလုံးသည် သူ့ကို မျိုးနွယ်ခေါင်းဆောင်ဟု သာ အမည်တပ်ခဲ့ကြသည်။ သူ့သားနှင့် ချွေးမပင် သူ့ကို တခြားအမည်တပ်ခွင့် မရှိပေ။ သူတို့က အချိန်အကြာကြီး ဒီလိုပဲခေါ်ခဲ့တာကို အခုမှရုတ်တရက်ကြီး ဘာလို့ ဒါကိုစဉ်းစားမိတာလဲ။
“ယူယူ ပြောတာမှန်တယ်၊ မျိုးနွယ်ခေါင်းဆောင်လို့ခေါ်တာက အရမ်းကို ထုံးတမ်းအစဉ်အလာဖြစ်လွန်းတယ်၊ ငါတို့ရင်းနှီးမှုကို ဝေးကွာစေတယ်၊ အဲဒါ ကြောင့် ဘယ်သူမှမရှိရင် မင်းတို့နှစ်ယောက်လုံး ငါ့ကိုအဖေလို့ခေါ်ကြ”
“ဟုတ်ကဲ့ပါ အဖေ”
ရှီမာယူယူသည် မိုဒိဆန်းနှင့် ဒိဝူကို ခေါ်လာသည်။ ရှီမာလျူယွင်နှင့် ရှီမာလျူဖန်တို့လည်း အတူလိုက်လာကြသည်။
နောက်တွင် ရှီမန်ဖန်နှင့် တခြားသူများသည် ရောက်လာကြသည်။
“ကောင်းပြီ အကုန်ရောက်ပြီ သွားဖို့ပြင်ရအောင်” ရှီမာယူယူ ပြောလိုက် သည်။
သူတို့အပြင် လူမများလှသည်ကို ရှီမာရှုံ့ချီ မြင်လိုက်ရသည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “ငါတို့လူနည်းနည်းနဲ့ပဲဆိုရင် အန္တရာယ် မများလွန်းဘူးလား”
သူတို့စောင့်နေစဉ်အတွင်းတွင် တစ္ဆေမြို့တော်၏ အန္တရာယ်များပုံကို ရှီမာကျိယွင် ပြောပြခဲ့သည်။ သို့သော် သူတို့လူနည်းနည်းနှင့်သွားလိုက်ပါက သေတွင်းသို့ သွားလိုက်သည်နှင့် မတူပေဘူးလား။
“အဘိုး လွဲနေပါပြီ သူတို့မပါဘူး”
“ဒါဆိုရင် ဒီမှာဘာလို့ တခြားသူတွေရှိနေတာလဲ ငါတို့လူများရင် ပိုဘေးကင်းတာပေါ့” ဟွမ်ရင်ရင် ပြောလိုက်သည်။
“အဘွား အဲလိုမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဖန်အာ အဘိုးဘိုင်နဲ့ တခြားသူတွေက ဒီအတိုင်းလိုက်ပို့တာပါ သူတို့က သမီးတို့နဲ့ မလိုက်ကြဘူး”
“သူတို့က မလိုက်ဘူးလား”
“ဟုတ်ပါတယ်” ရှီမာယူယူ ရှင်းပြလိုက်သည် “မိုဒိဆန်း၊ လက်ထောက် လေး၊ ဒိဝူနဲ့ဆိုရင်ကို လောက်ပြီလို့ ရင်လင်းပြောပါတယ်၊ ဒါပေမဲ့ အဘိုးနဲ့ အဘွားက စိုးရိမ်နေကြတော့ လိုက်ခိုင်းလိုက်တာပါ၊ ဒီအတိုင်း မြင်ရတာထက် လူနည်းနေတာပဲရှိတာပါ”
“ငါတို့လူနည်းနည်းနဲ့ဆိုရင် ရှင်သန်နိုင်ပါ့မလား” ဟွမ်ရင်ရင်သည် သူမ ကိုယ်သူမ မယုံခြင်းမဟုတ်ပေ။ သို့သော အစောပိုင်းက ရှီမာကျိယွင် သူတို့ကို ပေးသော ညွှန်ကြားချက်အရ တစ္ဆေမြို့တော်သည် မည်မျှအန္တရာယ်များ ကြောင်းကို သူတို့နားလည်ပြီးသားဖြစ်သည်။
“အဘွားစိတ်ချပါ သမီးတို့တင်မဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီအတိုင်းပဲ လျှောက်သွားမှာပါ”
သူမသည် သွေးမိစ္ဆာမြို့မှလူများ သူတို့နှင့်လိုက်ပါမည်ဟု မပြောဘဲ လူများသည်ဟုသာ ပြောခဲ့သည်။ ရှီမာကျိယွင်သည် သူမကို မကန့်ကွက်သည် မှာ အကြောင်းအရာတစ်ခုကို ပြနေသလိုပင်။ ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့ စိတ်ချမှပင် ပြောလေသည် “သူတို့က သွားနှင့်ပြီလား ဒါဆိုရင် ငါတို့လည်း သွား ကြတာပေါ့”
ရှီမာယူယူသည် လှည့်ပြီး ရှီမန်ဖန်ကို ကြည့်လိုက်သည်။ ရှီမန်ဖန်သည် ရှေ့တိုးပြီး သူမကို ဖက်ပြီး ပြောလိုက်သည် “ငါတို့ အသည်းကွဲတောင်ကြားမှာ နင်ပြန်လာတာကို စောင့်နေမယ်၊ နင် ပြန်မလာရင် ငါ့လူတွေနဲ့ အဲဒီကိုလာပြီး သတ်မှာ”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ထိတ်လန့်မှုနှင့် စိုးရိမ်မှုကို မြင် သောအခါ အသာအယာပြုံးလိုက်သည် “စိတ်ချပါ ငါ သေချာပေါက် ပြန်လာမှာ ပါ၊ အဖေနဲ့လေ၊ တောင်ကြားကလူတွေကိုတော့ နင်ပြန်ပြီး အစီအစဉ်ဆွဲပြီးတာ နဲ့ ဆက်လုပ်တော့လေ၊ ငါပြန်လာရင် သတင်းကောင်းကြားရဖို့ မျှော်လင့်ပါ တယ်”
“ကောင်းပြီလေ သေချာပေါက် အဲလိုလုပ်မှာပါ”
“ဒါယူထား” ရှီမာယူယူသည် သူမ၏ အသက်ကျောက်စိမ်းကို ရှီမန်ဖန်၏ လက်ထဲသို့ထည့်လိုက်ရာ ရှီမာကျိယွင်သည် ချက်ချင်းပင် စိတ်မကောင်းဖြစ် သွားကာ သူ၏အမူအရာသည် ချက်ချင်းပင် ရှုံ့တွသွားလေသည်။
***