← Chapters

အလွန်ကြီးမားသောတိုက်ပွဲ၊ နတ်ဆိုးကျင့်ကြံသူ ရောက်ရှိလာခြင်း၊ လူသားမျိုးနွယ်ကိုလှည့်စားတာလား?

Vol. 29 Ch. 547

အလွန်ကြီးမားသောတိုက်ပွဲ၊ နတ်ဆိုးကျင့်ကြံသူ ရောက်ရှိလာခြင်း၊ လူသားမျိုးနွယ်ကိုလှည့်စားတာလား?

Vol. 29 Ch. 547

ဘန်း! ဘန်း! ဘန်း! ဘန်း!

ချက်ချင်းပင် မရေမတွက်နိုင်သော မီးတောက်များသည် တောင်အကာအကွယ်အစီအရင်ပေါ်တွင် ပေါက်ကွဲသွားသည်။ တောင်အကာအကွယ်အစီအရင်သည် အလင်းဖြင့်ဆက်လက်စီးမျောနေကာ ထိုတိုက်ခိုက်မှုများအားလုံးကို တားဆီးရန် ကြိုးစားနေသည်။

“ဝေါင်း!” စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်း၌ပင်၊ နတ်ဆိုးဧကရာဇ်များကြား၌ အလွန်အားကောင်းသောပုံရိပ်သည်သုံးခုသည် အထက်တွင် ရောက်ရှိလာသည်။ ၎င်းတို့မှာ မီးဖီးနစ်ငှက်တစ်ကောင်၊ ကျားဖြူ‌တစ်ကောင်နှင့် ရေလွှမ်းနဂါးနက်တို့ ဖြစ်သည်။ သူတို့သည် နတ်ဆိုးသားရဲမျိုးနွယ်၏ ကျော်ကြားသော ထိပ်တန်းနတ်ဆိုးဧကရာဇ်များ ဖြစ်ကြသည်။

ဖီးနစ်အလင်းစစ်သည်၊ ပိုင်ရှဲ့နတ်သမီးနှင့် ကောင်းကင်အမှောင်ကျဆုံးခြင်းတို့ ဖြစ်သည်။

စံသခင်ဖုန်းယွင်၊ စုချင်းချန်နှင့် ဓားသခင်အဇူရာလန်တို့ကဲ့သို့ပင် သူတို့သည် အခြေတည်ဝိညာဉ်အထွတ်ထိပ်သို့ ရောက်ရှိပြီးကြပြီဖြစ်သည်။

ထို့ပြင် အချို့ကဏ္ဍများတွင် သူတို့သည် စံသခင်ဖုန်းယွင်နှင့် အခြားနှစ်ယောက်ထက်ပင် ပိုမိုအစွမ်းထက်သေးသည်။

ထိုအချိန်တွင် စံသခင်ဖုန်းယွင်၊ စုချင်းချန်နှင့် ဓားသခင်အဇူရာလန်တို့သည် သူတို့လည်း လှုပ်ရှားမှုတစ်ခုပြုလုပ်ရတော့မည်ကို သိလိုက်သည်။ မဟုတ်ပါက ထိုသူများ အခြားနတ်ဆိုးဧကရာဇ်များနှင့် အင်အားပေါင်းစည်းလိုက်သည်နှင့် တောင်အကာအကွယ်အစီအရင်သည် ၎င်းကို မခုခံနိုင်လောက်တော့ပေ။

၎င်းကိုတွေးတောကာ စံသခင်ဖုန်းယွင်၊ စုချင်းချန်နှင့် ဓားသခင်အဇူရာလန်တို့သည် ဆက်လက်တုံ့ဆိုင်းမနေတော့ပေ။

ယန်ဝူရွှမ်းနှင့် အခြားသူများကို ပြောကြားပြီးနောက် သူတို့သည် တောင်အကာအကွယ်အစီအရင်ကို ထားရစ်ခဲ့ကာ ထိပ်တန်းနတ်ဆိုးဧကရာဇ်သုံးကောင်ကို ရင်ဆိုင်ခဲ့သည်။

ဘွန်း!

ရွှက်--

၎င်းမှာ နတ်ဆိုးသားရဲများ၏စုပေါင်းမှုအားထက် ပိုမိုအားကောင်းသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

အခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့်သို့ရောက်ရှိနေကြသည့် ခြောက်ယောက်ကြားရှိတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အုတ်အော်သောင်းတင်းဖြစ်မှုသည် ဝိညာဉ်တည်ဆောက်ခြင်းနှစ်ယောက်ကြားရှိတိုက်ပွဲပြီးပါက ဒုတိယအပြင်းထန်ဆုံးဖြစ်သည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော တောင်များ ပျက်စီးပြိုကွဲသွားသည်။

တောအုပ်မှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

မြစ်မှာ ထက်ဝက်ခြမ်းခံလိုက်ရသည်။

အခြားနတ်ဆိုးဧကရာဇ်များနှင့် ယန်ဝူရွှမ်းနှင့်အခြားသူများကြား၏ ကြားရှိတိုက်ခိုက်မှုများကြောင့် မိုင်ရာချီအတွင်းရှိနယ်မြေသည် ပိုင်ရှင်မဲ့နယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။

ပဉ္စမအဆင့်အောက်နိမ့်သည့် မည်သည့်သက်ရှိမဆိုဝင်ရောက်လာသည်နှင့် သူတို့သည် တိုက်ခိုက်မှုရလဒ်၏ လွှမ်းမိုးမှုအောက်တွင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားလိမ့်မည်။

ဘွန်း!

ထိုအချိန်တွင် အလွန်အမင်းပညာသားပါကာ အလွန်ကြီးစိုးချယ်လှယ်နိုင်ပြီး အဆုံးမရှိသောဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေသည့် ဓားအလင်းတစ်ခုသည် အကာအကွယ်အစီအရင်ပေါ်သို့ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။

ရွှက် ရွှက်--

အလွန်နားကွဲစေလောက်မည့်အသံများ ထွက်ပေါ်လာသည်။

ဒါက...?

လူတိုင်း၏မျက်နှာထားများ ပြောင်းလဲသွားသည်။

သူတို့သည် ဤဓား၏ပိုင်ရှင်မှာ နတ်ဆိုးကျင့်စဉ်နည်းစနစ်ကို ကျင့်ကြံနေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ကြသည်။

‌”ဒါဘယ်သူများလဲ?”

ယန်ဝူရွှမ်းနှင့် အခြားသူများ၏ မျက်လုံးများသည် အလွန်အေးစက်သွားကြသည်။

သူတို့၏အကြည့်များသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ လေ့လာကြည့်လိုက်ပြီးနောက် မကြာမီပင် လီနင်အဝတ်အစားနှင့် သတ်လတ်ပိုင်းလူတစ်ယောက်ဆီသို့ အာရုံစိုက်မိသွားကြသည်။

“ခင်ဗျားလား? ကောင်းကင်ဓားနတ်ဆိုးအရှင်?”

ထိုအချိန်တွင် ထိပ်တန်းနတ်ဆိုးဧကရာဇ်သုံးယောက်ကို သူတို့၏ခွန်အားအကုန်လုံးဖြင့် တိုက်ခိုက်နေသည့် စံသခင်ဖုန်းယွင်နှင့် အခြားနှစ်ယောက်ပင်လျှင် မျက်မှောင်ကြုံ့သွားသည်။

၎င်းမှာ အမှန်တကယ် ဤပုဂ္ဂိုလ်ဖြစ်သည်။ ၎င်းသည် ဒုက္ခဖြစ်စေတော့မည်။

သူတို့သည် ဤကောင်းကင်ဓားနတ်ဆိုးအရှင်မှာလည်း သူတို့ကဲ့သို့ပင် အခြေတည်ဝိညာဉ်အထွတ်ထိပ်သို့ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ကောင်းစွာသိရှိထား၍ဖြစ်သည်။ သို့သော်လည်း သူတို့မမျှော်လင့်ထားသည့်အရာမှာ သူသည် ဤနေရာသို့လာရောက်ရန် သတ္တိရှိနေခြင်း ဖြစ်သည်။

သူတို့ဘက်မှာရှိတဲ့ ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်က သူ့ကိုသေအောင်ရိုက်ပစ်လိုက်မှာ မကြောက်ဖူးလား?

ချွမ်!

လူတိုင်း၎င်းကိုတွေးတောနေစဉ် သူတို့သည် ကောင်းကင်ဓားနတ်ဆိုးအရှင်၏လက်ထဲတွင် အလွန်မည်းနက်သောဓားတစ်ချောင်း ရောက်ရှိလာသည်ကို ရုတ်တရက်မြင်လိုက်ကြရသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော နတ်ဆိုးချီများသည် နတ်ဆိုးဓားထဲတွင် စုဝေးသွားသည်။

အလွန်အမင်း ဆိုးယုတ်သော၊ ကြမ်းတမ်းသော၊ အေးစက်သောအော်ရာတစ်ခုသည် ဓားမှ ပေါက်ထွက်လာသည်။

တောင်အကာအကွယ်အစီအရင်ထဲရှိ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်လုံးများ ကျုံ့သွားခဲ့ကြသည်။

ကျန်းချန်ရွှမ်က ပြောလိုက်သည်။

“တာအိုရောင်းရင်းယန်၊ တာအိုရောင်းရင်းတိရှင်းကျဲ့၊ ကျွန်တော်တို့ဒီနှစ်ယောက်ကို ရင်ဆိုင်လိုက်မယ်”

သို့နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တုံ့ဆိုင်းမှုမရှိဘဲ တောင်အကာအကွယ်အစီအရင်အပြင်ဘက်သို့ ရောက်ရှိသွားသည်။

၎င်းသည် ကျင့်ကြံသူတော်တော်များများကို နားမလည်နိုင်ဖြစ်စေခဲ့သည်။

ကျန်းချန်ရွှမ်က ဒီနှစ်ယောက်လို့ ပြောလိုက်တာလား?

လူကနှစ်ယောက်ရှိတာလား?

သူမှားပြောတာလား ဒါမှမဟုတ် သူတို့ပဲနားကြားမှားတာလား?

လူတိုင်း ဤကဲ့သို့တွေးတောနေစဉ် သူတို့သည် တောင်အကာအကွယ်အစီအရင်အပြင်ဘက်မှ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။

ရွှက် ရွှက်-

သိပ်သည်းသောဓားချီများ တရစပ်လိုက်ပါကာ လူတိုင်းသည် ကောင်းကင်ဓားနတ်ဆိုးအရှင်၏ အခြားတဖက်တွင် ပုန်းအောင်းနေသော အခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရှိသေးကြောင်း သဘောပေါက်သွားသည်။

“ဒီလူက? သူက ကောင်းကင်ဓားရှည်နတ်ဆိုးအရှင်ပဲ!”

တစ်စုံတစ်ယောက်က ထိုသူကို သတိပြုမိသွားသည်။

ချက်ချင်းဆိုသလိုပင် လူတော်တော်များများ ပင့်သက်ရှိုက်လိုက်ကြသည်။

အခြေတည်ဝိညာဉ်အထွတ်ထိပ်သို့ရောက်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူနှစ်ယောက်သာ တောင်အကာအကွယ်အစီအရင်ကို တိုက်ခိုက်ပါက ၎င်းသည် သေချာပေါက် သူတို့၏အစီအရင်ပေါ်တွင် အတော်လေးကြီးမားသည့်ပြဿနာတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

ချန်!

ကျန်းချန်ရွှမ်ရောက်လာသည်နှင့် သူသည် သူ၏ရွှေဗလာနယ်ဓားကို ထုတ်ယူလိုက်သည်။

ချက်ချင်းပင် အနက်ရောင်နှင့် ရွှေရောင်ဓားအလင်းများ‌ လေထဲတွင် ရောယှက်သွားကာ တိုက်ခိုက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း ဓားအလင်းနှစ်ခုမှာ ပျံသန်းပို့လွှတ်ခံလိုက်ရသည်။

ဓားဖုံးနန်းတော်ရှိကျင့်ကြံသူများအားလုံး အံ့အားသင့်သွားခဲ့သည်။

သူတို့သည် အခြေတည်ဝိညာဉ်အလယ်ဆင့်ပဲရှိသေးသည့် ကျန်းချန်ရွှမ်မှာ အမှန်တကယ်ပင် ကောင်းကင်ဓားနတ်ဆိုးအရှင်နှင့် သာတူညီမျှနေမည်ဟု မမျှော်လင့်ခဲ့ပေ။

သူတို့၏တိုက်ပွဲစွမ်းအားများမှာ တကယ်ပင်...

သူတို့ဆက်လက်မတွေးတောနိုင်ခင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှာ စတင်မြင့်မားလာသည်။

ဝေါင်း!

နဂါးနှင့် ဆင်တို့၏ ဟိန်းဟောက်သံများ လေထဲတွင် ထွက်ပေါ်လာဟန်တူသည်။

ခနအတွင်းပင် အလွန်အားကောင်းသောအော်ရာတစ်ခုသည် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ရှေ့မှ ပေါက်ထွက်လာသည်...

***

All Chapters