သဘောတရားတူညီသောခြားနားချက်များ၊ တိုက်ခိုက်သူ(၂)
Vol. 29 Ch. 550
ကျန်းချန်ရွှမ်သည် ချက်ချင်း အပေါ်သို့တက်သွားကာ လေဟာနယ်ကို ဆွဲယူလိုက်သည်။
ဂျိုင်းခနဲအသံတစ်ခု ထွက်လာသည်။
အစိမ်းတောက်တောက်အလင်းတစ်ခုကို ထုတ်လွှတ်နေသော ဓားရှည်တစ်ခုသည် လေဟာနယ်ထဲမှ ဆွဲယူခံလိုက်ရကာ ထိုသုံးခုကို ခုတ်ပိုင်းလိုက်သည်။
ဘွန်း!
တစ်ချိန်တည်း၌ပင်
ရှန်းရူယန်၏လက်ထဲမှ အနီရောင်၊ ငွေရောင်နှင့် အပြာရောင်လျှပ်စီးကြောင်းများကို ပစ်လွှတ်လိုက်သည်။ ၎င်းမှာ သူမ၏ လျှပ်စီးနတ်စွမ်းအားများဖြစ်သည်။
ထို့ပြင် ရှန်းရူယန်သည် အဆုံးမရှိသောလျှပ်စီးတစ်ခုဖြင့် တောက်ပနေသည့် လှံတံတစ်ခုကို သူမ၏လက်ဖဝါးထဲတွင် ပြုလုပ်လိုက်သည်။ ကောင်းကင်တွင် ကြယ်ခုနစ်စင်း ရုတ်တရက် လင်းလက်လာသည်။ ၎င်းသည် သူမ၏လက်ထဲရှိ လှံတံနှင့် ချိတ်ဆက်နေဟန်တူကာ ၎င်းပေါ်ရှိအော်ရာကို ပိုမိုအားကောင်းလာစေသည်။
ရွှီ ရွှီ-
မျက်စိကျိန်းစေမည့်အလင်းတစ်ခု လင်းလက်သွားသည်။ သူမ၏လက်ထဲရှိ လျှပ်စီးလှံတံသည် ဖန်းဝူကျိနှင့် အခြားနှစ်ယောက်၏ တိုက်ခိုက်မှုများဖြင့် ဝင်းလက်သွားသည်။ ကောင်းကင်သို့ အလွန်တောက်ပသော အလင်းတစ်ခု ရုတ်တရက် မြင့်တက်သွားသည်။
ဂျိန်း!
ချီ! ချီ! ချီ! ချီ!
ဘန်း! ဘန်း! ဘန်း! ဘန်း!
ချက်ချင်းဆိုသလိုပင် ဓားပျံများ၊ လှံတံများ၊ မိုးကြိုးများ၊ ဓားအလင်းများနှင့် ပုဆိန်အလင်းတို့သည် ကောင်းကင်တွင် တစ်ချိန်တည်းပေါက်ကွဲသွားကာ လျင်လျင်မြန်မြန်ပင် ကျယ်ပြန့်စွာ ပျံ့ထွက်နေသည့် ကြီးမားသောစက်ဝိုင်းဂယက်များကို ဖန်တီးလိုက်သည်။
ချက်ချင်းပင် မိုင်များစွာအတွင်းရှိ သစ်ပင်များ၊ ကျောက်ဆောင်များနှင့် မြေပြင်အပါအဝင် အရာအားလုံးသည် အသေးငယ်ဆုံးသောဖုန်မှုန့်လေးများအဖြစ် ပြောင်းလဲသွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေထုထဲတွင် ၁၀မီတာခန့်ပြန်လည် တွန်းပို့ခံလိုက်ရကာ သူတို့၏မျက်နှာထားများမှာ တည်ငြိမ်လေးနက်သွားသည်။
ဖန်းဝူကျိနှင့် သူ၏အပေါင်းအပါများသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူဟောင်းများအနေဖြင့် သာမန်နောက်ဆုံးအဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများ နှိုင်းယှဉ်၍မရသည့် အခြေခံအုတ်မြစ်တစ်ခုရှိသည်ကိုတော့ ငြင်းဆို၍မပေ။
ထို့ပြင် သူတို့မှာ နတ်ဆိုးကျင့်ကြံသူ မဟုတ်သောကြောင့် လင်မယားနှစ်ယောက်၏တိုက်ခိုက်မှုသည် သူတို့အပေါ်တွင် ပိုများသောအကျိုးသက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။
သူတို့စတင်တိုက်ခိုက်လိုက်သည်နှင့် လင်မယားနှစ်ယောက်သည် သိသိသာသာအရေးမသာသောအခြေအနေသို့ ရောက်ရှိသွားသည်။ အကောင်းဆုံးအကွက်မှာ နှစ်ဖက်စလုံးသည် ယာယီသရေကျနေခြင်းဖြစ်သည်။ ထို့ပြင် ၎င်းမှာ အမှန်တရားဖြစ်နေသည်။
ထို့နောက်တွင် နှစ်ဖက်စလုံးသည် သူတို့၏နည်းစနစ်များဖြင့် အချင်းချင်းစမ်းသပ်လိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အရေးနိမ့်နေသော်လည်း ခိုင်ခိုင်မာမာရပ်တည်နေသေးသည်။
ဖန်းဝူကျိနှင့် အခြားနှစ်ယောက် မချဉ်းကပ်နိုင်သည်ကို မဆိုထားနှင့် နှစ်ဖက်ကြားရှိ တိုက်ပွဲ၏ တိုက်ခိုက်မှုအပြီးရလဒ်သည် ဓားဖုံးနန်းတော်၏တောင်အကာအကွယ်အစီအရင်ကို ချဉ်းကပ်ရန် အလွန်ခက်ခဲလှပေသည်။
“ဒီလိုဆက်ဖြစ်နေလို့မရဘူး!”
သူ၏နောက်ကျောတွင် သံမဏိဓားတစ်ချောင်းကို သယ်ဆောင်ထားသည့် တာအိုဝါဒီခွန်ကျန်းက ရုတ်တရက် အသံဩဩဖြင့် ပြောဆိုလိုက်သည်။
ဖန်းဝူကျိနှင့် ဖန်းရှင်းချန်းကလည်း သဘောတူညီမှုဖြင်ဘ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် သူတို့သုံးယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားခြင်းအရိပ်အယောင်တစ်ခုကို တွေ့လိုက်ရ၏။
သူတို့သုံးယောက် ထပ်မံတုံ့ဆိုင်းမနေတော့ပေ။
ဖန်းဝူကျိသည် ချက်ချင်း လက်အစီအရင်များကို ပြုလုပ်လိုက်သည်။
သူ၏ရှေ့တွင် အစိမ်းရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ မကြာမီတွင် အစိမ်းရောင်အလင်းတန်းများသည် ဓားများအဖြစ် ပြောင်းလဲသွားသည်။ အဆုံးတွင် ထိုအစိမ်းရောင်ဓားများသည် ရုတ်တရက် ပေ၈၀၀၀ရှည်လျားသည့် ကြီးမားသောဓားအော်ရာတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။
တစ်ချိန်တည်းတွင်
တာအိုဝါဒီခွန်ကျန်းနှင့် ဖန်းရှင်းချန်းတို့ကလည်း နောက်မဆုတ်ပေ။ သူတို့နှစ်ယောက်သည်လည်း သူတို့၏ အစွမ်းထက်ဆုံး နတ်စွမ်းအားများကို အသုံးပြုလိုက်သည်။
တာအိုဝါဒီခွန်ကျန်း၏ နောက်ကျောပေါ်ရှိ သံမဏိဓားသည် ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအရိပ်များအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ကို ကြမ်းတမ်းသောခုတ်ချက်တစ်ခုဖြင့် ပိုင်းခြားနေသော ပုံရိပ်ယောင်အရိပ်တစ်ခု ကောင်းကင်တွင် ဖြတ်သန်းသွားဟန်တူသည်။
အဆုံးမရှိသောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည့် သံမဏိဓားသည် နှစ်ဖက်ကြားထဲရှိ အကွာအဝေးကို ရုတ်တရက် ဖြတ်သန်းသွားကာ ကျန်းချန်ရွှမ်၏ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
ဖန်းရှင်းချန်းသည် သူ၏လက်ထဲရှိ ရှည်လျားသောလှံတံကို အဆက်မပြတ်လွှဲယမ်းလိုက်သည်။
အလွန်တောက်ပသောကြယ်အလင်းတစ်ခုသည် လှံတံတစ်ခုလုံးပေါ်တွင် ဆက်လက်လင်းလက်နေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏လှံတံသည် ကြယ်အလင်းတစ်ခုကဲ့သို့ မထင်မရှားဖြစ်လာကာ ကြယ်တစ်ခုကဲ့သို့ လေးလံလာသည်။ ရုတ်တရက် ၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်းတို့ထဲရှိ ကြောက်မက်ဖွယ်သတ်ဖြတ်လိုသောရည်ရွယ်ချက်သုံးခုကို ခံစားမိလိုက်သည်။ ၎င်းသည် သူတို့၏မျက်လုံးများကို တင်းကျပ်သွားစေသည်။
သူတို့သည် ဖန်းဝူကျိနှင့် အခြားနှစ်ယောက်မှာ သူတို့၏နောက်ဆုံးနည်းလမ်းများကို အသုံးပြုပြီးပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူတို့သည် ယခင်ကဲ့သို့ ရန်သူများကို တိုက်ခိုက်ရန် တူညီသည့်နည်းလမ်းကိုအသုံးပြုပါက ထိုတိုက်ခိုက်မှုများကို မတားဆီးနိုင်လောက်ပေ။
သူတို့ ၎င်းကို တားဆီးနိုင်ခဲ့လျှင်တောင် သိသာသည်ဘတန်ဖိုးတစ်ခုကို ပေးဆပ်လိုက်ရမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူတို့သည် ဖန်းဝူကျိနှင့် အခြားနှစ်ယောက်အပြင် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အခြားတစ်ယောက်မရှိနိုင်ဘူးဟူ၍လည်း အာမမခံနိုင်ပေ။
ထိုသို့ဖြစ်သွားပါက ၎င်းသည် သေချာပေါက် သူတို့အတွက် အလွန်အန္တရာယ်ရှိလာလိမ့်မည်။
ထို့ကြောင့်...
မရည်ရွယ်ဘဲ လင်မယားနှစ်ယောက် အချင်းချင်း ကြည့်မိလိုက်သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်၏လက်ထဲမှ တောက်ပသောမီးတောက်များနှင့် ဘောလုံးနှစ်လုံး ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက်တွင် မီးတောက်နှစ်ခုသည် ရုတ်တရက်ပေါင်းစပ်သွားကာ ပင်ပေါင်ဘောလုံးအရွယ်အစားကဲ့သို့ အစိမ်းဖြူဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်း၌ပင် ရှန်းရူယန်သည် လက်အစီအရင်များကို လျင်မြန်စွာပြုလုပ်လိုက်သည်။
သူမ၏မျက်ခုံးများကြားရှိ လျှပ်စီးနတ်အစီအရင်စင်စစ်သည် ရုတ်တရက် တောက်ပစွာလင်းလက်လာသည်။
ထို့နောက်တွင် သူမ၏လက်ဆီမှာ မတူညီသောငါးရောင်ဖြင့်လျှပ်စီးတစ်ခုကို ပစ်လွှတ်လိုက်သည်။
ကျယ်လောင်သောမြည်သံတစ်ခု ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း လင်မယားနှစ်ယောက်၏နတ်စွမ်းအားများသည် ဖန်းဝူကျိနှင့်အခြားနှစ်ယောက်၏ တိုက်ခိုက်မှုများနှင့် တိုက်မိသွားသည်။ မယှဉ်သာသည့် တုန်လှုပ်မှုလှိုင်းတစ်ခု မြင့်တက်လာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့အနေဖြင့် ထိုသုံးယောက်၏စုပေါင်းတိုက်ခိုက်မှုကို တားဆီးရန်မှာ ခက်ခဲကြောင်း ချက်ချင်းသဘောပေါက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ဆံခြည်တစ်မျှင်ကိုပင် ထောင်မတ်စေနိုင်လောက်သည့် အေးစက်သောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တစ်ခုသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
တောင်အကာအကွယ်အစီအရင်ထဲရှိ ယန်ဝူရွှမ်းနှင့် အခြားသူများသည် အံ့ဩထိတ်လန့်စွာ ပြောကြားလိုက်ကြသည်။
“သတိထား!”
ဝှစ်!
ရုတ်တရက် အဆိပ်ရှိသောမြွေတစ်ကောင်၏လျှာနှင့်တူသည့် အနက်ရောင်ဓားအလင်းတစ်ခုသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လည်ပင်းနောက်တွင် ထွက်ပေါ်လာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်းဆီမှ အထိုးခံရပါက သေဆုံးသွားမည်မှာ သံသယမရှိဖွယ်ပင်။
သူတို့ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့လျှင်တောင် အပြင်းအထန်ဒဏ်ရာရပြီး သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် ကျန်းချန်ရွှမ်မှာ ဤမြင်ကွင်းကို မျှော်လင့်ပြီးသားဖြစ်ဟန်တူသည်။
သူ၏နဂိုက ကြီးမားသောခန္ဓာကိုယ်သည် ထပ်မံမြင့်တက်သွားပြန်သည်။
၎င်းသည် ပေ၅၀၀မှ ၅၅၀ သို့ ရောက်ရှိသွားသည်။
သူသည် သူနှင့် ရှန်းရူယန်ကို ချိန်ရွယ်နေသည့် အနက်ရောင်ဓားအလင်းကို ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိပေ။
ငါးရောင်စုံအဟန့်အတားတစ်ခု သူ၏ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။
တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်သည် တောက်ပသောအလင်းဖြင့် ဝင်းလက်သွားသည်။
အသေအချာပင် သူသည် ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ် အကန့်အသတ်မဲ့ဘီးကို အလွန်အမင်းလည်ပတ်ထားသည်။
ပေါက်ကွဲသံတစ်ခုဖြင့် ခုခံရေးခေါင်းစဉ်အောက်တွင် မည်သည့်ခုခံရေးရတနာစင်စစ်ထက်မဆိုသာလွန်သည့် ကာကွယ်ရေးအဟန့်အတားသည် ရုတ်တရက် မှေးမိန်သွားသည်။
ထို့နောက်ချက်ချင်းပင် မျက်နှာပြင်ပေါ်၌ သိသာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
အခြားဖက်၏တိုက်ခိုက်မှုမှာ မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း စိတ်ကူးယဉ်ကြည့်နိုင်ပေသည်။
ကျယ်လောင်သောအသံတစ်ခုဖြင့်
ကျန်းချန်ရွှမ်သည် သူ၏အားအကောင်းဆုံးခုခံမှုဟု သဘောထားသည့် ကာကွယ်ရေးအဟန့်အတားသည် ရုတ်တရက် အလင်းစက်များအဖြစ်ပေါက်ကွဲသွားကာ ကောင်းကင်တွင်ပြည့်နှက်သွားပြီးနောက် လွင့်စင်ပပျောက်သွားသည်။
တစ်ချိန်တည်းတွင် အနက်ရောင်ဓားအလင်းထဲရှိ ကျန်ရှိနေသော စွမ်းအားသည် ကျန်းချန်ရွှမ်၏ ညာဘက်ပခုံးကို ထိုးဖောက်လိုက်သည်။
ခရက်--
ဖန်ခွက်၏ပွတ်တိုက်မှုကဲ့သို့ နားကျိန်းစေလောက်သည့်အသံမျိုး ထွက်ပေါ်လာသည်။
ကျန်းချန်ရွှမ်၏ ညာဘက်ပခုံးမျက်နှာပြင်ပေါ်တွင် မီးစက်မီးပွားများ ရုတ်တရက် တရစပ်ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်၏မျက်လုံးများထဲ၌ အလွန်အေးစက်သည့် သတ်ဖြတ်လိုသောရည်ရွယ်ချက်တစ်ခု ထွက်ပေါ်လာသည်။
“တုံးလိုက်တဲ့ကြွက်! ငါနောက်ဆုံးတော့မင်းကိုမိပြီ!”
ရွှရက်-
ကျန်းချန်ရွှမ်သည် သူ၏ညာဘက်လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။
ချီ! ချီ! ချီ! ချီ!
ထိုအချိန်တွင် သူ၏ညာဘက်ပခုံးပေါ်ရှိ ကာကွယ်ရေးအလင်းမှာ နောက်ဆုံးတွင် ကျိုးပဲ့သွားသည်။
အနက်ရောင်ဓားအလင်း၏ နောက်ဆုံးအမျှင်တန်းသည် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ကို နောက်ဆုံးတွင် ဖောက်ထွင်းသွားသည်။ ကျန်းချန်ရွှမ်သည် ရုတ်တရက် တစ်စုံတစ်ယောက်ကို ဆွဲယူလိုက်သည်။
ထိုပုဂ္ဂိုလ်သည် အနက်ရောင်ကို ဝတ်ဆင်ထားသည်။ သူ၏မီးခိုးရောင်မျက်လုံးများထဲတွင် အဆုံးမရှိသောအထီးကျန်မှုနှင့် သေဆုံးမှုတို့သာ ရှိသည်။
သူတည်ရှိသည့် နေရာကို အခြားတစ်ဖက်မှ ဖော်ထုတ်ကာ သိရှိသွားသည်ကိုမြင်သောကြောင့် သူ့တွင် လွတ်လမ်းမရှိတော့မှန်း သိရှိသွားသည့်အတွက် အရာအားလုံးကို လောင်ကျွမ်းပစ်ကာ ကျန်းချန်ရွှမ်ကို အဆုံးသတ်တိုက်ခိုက်မှု ပေးလိုက်ချင်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်က သူ့ကို ဘာလို့ ဒီလိုအခွင့်အရေးမျိုး ပေးရမှာလဲ?
သူ၏နောက်ရှိ နဂါးနှင့်ဆင်ပုံရိပ်မှာ ရုတ်တရက် ဖြတ်ပြေးသွားသည်။
ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်၊ သွေးချီနှင့် ခွန်အားထဲရှိ ဓမ္မစွမ်းအားသည် ချက်ချင်း ပေါက်ကွဲသွားသည်။
သူသည် ထိုလူကို ဆွဲယူကာ သူ၏လက်ချောင်းများကို ရုတ်တရက် ချုပ်ထားလိုက်သည်..
***