ရွှမ်းယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တက်ခြင်း၊ ဓားတစ်ချောင်းနှင့် လူသုံးဦးကိုသတ်ဖြတ်ခြင်း၊ နတ်ဆိုးသားရဲချုပ်ကို ရင်ဆိုင်ခြင်း
Vol. 29 Ch. 551
ဖူး…
၎င်းသည် ပူပေါင်းတစ်ခု ပေါက်သွားသကဲသို့ပင်။
ကျန်းချွန်းရွှမ်းဆွဲလိုက်သည့် ပုံရိပ်က ချက်ခြင်းပင် ပျက်စီးသွားသည်။
ထိုအချိန်တွင် ကျန်းချန်းရွှမ်၏ ကြီးမားသောပုံရိပ်က ပူပေါင်းကဲ့သို့ ပေါက်ကွဲသွားသည်။ သူက ပြန်ပေါ်လာချိန်တွင် မီတာတစ်ထောင်အဝေးသို့ ရောက်နေပြီဖြစ်သည်။
ဘွန်း…. အပေါ်ရောအောက်တွင်ပါ ဦးတည်ချက်အမျိုးမျိုးတွင် ကြီးမားသည့် လှံတစ်ခုပေါ်လာခဲ့သည်။
မထိန်းချုပ်နိုင်သောအင်အားဖြင့်၊ နေရာလပ်၏ အဓိကနေရာကို ပြင်းထန်စွာစိုက်သွားသည်။
ခွပ်….
ကွဲကြေသွားသောမှန်တစ်ခုကဲ့သို့၊ နေရာလပ်တွင် ကွဲအက်ရာများပေါ်လာခဲ့သည်။
ပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ယိုင်နဲ့နေသည်။ သူ၏ခန္ဓာကိုယ်က ကိုးရိုးကားရားနှင့် ကွဲကြေနေသော မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားသည်။
“မင်းငါ့လက်ထဲကလွတ်သွားတော့မလို့ပဲ။”
ကျန်းချန်းရွှမ်က ပြောကာ သူ၏မျက်နှာက သတ်ဖြတ်လိုစိတ်နှင့် ပြည့်နေသည်။
ဘွန်း…
ပြောနေရင်းနှင့်ပင် ကျန်းချန်းရွှမ်၏ မြေနက်လှံက ကျရောက်လာပြန်သည်။
အင်အားကြီးသော စွမ်းအားတစ်ခုက လေထဲတွင် ပေါက်ကွဲသွားကာ လေဟာနယ်တစ်ခုကို ဖန်တီးလိုက်သည်။
ထိုဝတ်ရုံနက်နှင့်ပုံရိပ်ကတဖြည်းဖြည်းနှင့် မှေးမှိန်လာသည်။
သို့သော် ထိုအချိန်တွင် ရွှေရောင်ဓား၏ထိပ်က ရုတ်တရက် သူ၏နဖူးကိုဖြတ်သွားသည်။ ၎င်းသည် သူ၏ အထီးကျန်နေသော သေခြင်းတရားနှင့်ပြည့်နေသည့်မျက်လုံးများ၌ ထိတ်လန့်မှုကို ချန်ခဲ့လေသည်။
ခနအကြာတွင် သူ၏ခေါင်းနှင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အလွန်ထက်သည့် ချီဓားမှ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး သူ၏အခြေတည်ဝိဉာဉ်ပါ အပါအဝင်ဖြစ်သည်။
ဘွန်း….
တစ်ချိန်တည်းမှာပင်။
အခြားတစ်ဖက်၌ ရှန်းရူယန်၏လက်ထဲတွင် ခရမ်းရောင်အဆောင်တစ်ခုပေါ်လာသည်။
သူက ထိုခရမ်းရောင်အဆောင်ကို အသက်သွင်းလိုက်ရာ လောကထဲရှိအရာအားလုံးကို လောင်ကျွမ်းစေလိုက်တော့မည့်ပုံစံရှိသော ကျီယန်မီးတောက်များက ထွက်ပေါ်လာလေသည်။
ဖန်းဝူကျိနှင့် အခြားနှစ်ယောက်တို့၏ တိုက်ခိုက်မှုက ရောက်လာခဲ့ပြီး သူတို့သည် ကျီယန်မီးတောက်များ၏ ဝါးမြိုခြင်းကို လုံးဝခံလိုက်ရသည်။
“အဲ့တာက ကောင်းကင်ဘုံကျီယန်နေမီးတောက် အဆောင်ပဲ။”
ဖန်းဝူကျိနှင့် အခြားနှစ်ယောက်၏အမူအရာများက ချက်ခြင်းပြောင်းလဲသွားသည်။ သူတို့သည် ရှန်းရူယန်၏လက်ထဲမှ အဆောင်ကို မှတ်မိခဲ့ကြလေသည်။ ထို့ကြောင့် သူတို့၏ အမူအရာများက ချက်ခြင်းရှုံမဲ့သွားကြသည်။
ကျီယန်မီးတောက််ကောင်းကင်သခင်၏ ကောင်းကင်ဘုံကျီယန်နေမီးတောက်အဆောင်သည် မည်မျှအစွမ်းထက်ကြောင်း မည်သူမှသူတို့ထပ်ပိုမသိပါ။
၎င်းသည် အဆင့်(၅) အဆင့်မြင့်အဆင့်တွင်သာရှိသော်လည်း၊
သို့သော်လည်း နဝမအဆင့်အခြေတည်ဝိဉာဉ်ကျင့်ကြံသူများက ၎င်းနှင့် ထိတ်တိုက်ရင်ဆိုင်တွေ့ရန် မရဲပါ။
အကြောင်းအရင်းမှာ ကောင်းကင်ဘုံကျီယန်နေမီးတောက်အဆောင်က အဆင့် (၆)နီးပါး ရှိနေသောကြောင့် ဖြစ်သည်။
“သေစမ်း။ ရှန်းရူယန်မှာ ကောင်းကင်ဘုံကျီယန်နေမီးတောက်အဆောင်က ဘယ်လိုလုပ်ရှိနေတာလဲ?”
ဖန်ရှင်းချန်း၏အမူအရာက သုန်မှုန်သွားသည်။
ဖန်းဝူကျိက ပြောသည်။ “ကျီယန်မီးတောက်် ကောင်းကင်သခင်က ပေးထားတာဖြစ်လိမ့်မယ်။ မဟုတ်ရင် ကောင်းကင်ဘုံကျီယန်နေမီးတောက်အဆောင်ကို ပိုင်ဆိုင်နိုင်တဲ့သူကို ဒီလောကမှာ ရှိမယ်လို့ငါမထင်ဘူး”
“သွားကြမယ်။ ဒီအဆောင်နဲ့ဆိုရင် ဒီမှာ ဆက်နေနေစရာအကြောင်းမရှိတော့ဘူး။ ငါတို့ အကောင်းဆုံးလုပ်ပြီးသွားပြီ။
တာအိုဝါဒီ ခွန်ကျန်းက ကောင်းကင်ပေါ်သို့ကြည့်ကာ ဖန်းဝူကျိနှင့် ဖန်းရင်ချန်တို့အား လေးပင်စွာ ပြောလိုက်သည်။
ထိုနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့သည် တစ်ဦးက အသက်ကိုစွန့်လွတ်လိုစိတ်ရှိမှသာ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း သိလိုက်ကြသည်။
ထိုသို့စဉ်စားလိုက်ပြီး သုံးဦးသားသည် ထွက်ခွာဖို့ရန် လုပ်လိုက်ချိန်တွင် သူတို့၏ခန္ဓာကိုယ်များသည် မလှုပ်နိုင်ကြောင်း ထိတ်လန့်စွာ သိလိုက်ရသည်။
သူတို့ရှိနေသည့် နေရာက မထိုးဖောက်နိုင်သည့် နံရံကဲ့သို့ဖြစ်ကာ ပျံသန်းရန်မဟုတ်သေးဘဲ လှုပ်ရှားရန်ပင် ခက်ခဲနေသည်။
ဘယ်လိုဖြစ်တာလဲ?
ထိုကဲ့သို့ စဉ်းစားလိုက်သည်နှင့်၊ သူတို့သည် ဓားဖုံးနန်းတော်ဖက်မှ ရုတ်တရက်ထွက်လာသည့် ခပ်မှိန်မှိန်အသံကို ကြားလိုက်ရသည်။
“တာအိုရောင်းရင်းတို့ ကျုပ်ရဲ့ ဓားဖုံးနန်းတော်ကိုလာတယ်ဆိုမှတော့ ဒီနေ့တော့ဒီမှာနေလိုက်ကြပါ။”
“စံသခင်ရွှမ်းယန်လား”
ထိုအသံကိုကြားလိုက်ရသောအခါ ဖန်းဝူကျိ၊ တာအိုဝါဒီ ခွန်ကျန်းနှင့် ဖန်းရှင်းချန်းတို့၏ အမူအရာများက ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
သူကထိုးဖောက်တာအောင်မြင်သွားပြီလား?
ဒါဘယ်လိုဖြစ်နိုင်မှာလဲ?
သူတို့၏စိတ်များကိုဖတ်နိုင်နေသကဲ့သို့ စံသခင်ရွှမ်းယန်၏အသံက ထွက်လာပြန်သည်။
“အစကတော့၊ ငါက ငါ့အင်အားကို နတ်ဆိုးသားရဲတွေ (သို့) နတ်ဆိုးကျင့်ကြံသူတွေနဲ့ရင်ဆိုင်ဖို့ ထိန်းသိမ်းထားမလို့ပဲ၊ ဒါပေမဲ့ မင်းတို့ကလည်း ပါချင်တယ်ဆိုတော့ ငါ့ကိုအပစ်တင်လို့မဖြစ်ဘူးနော်။” သူသည် စကားပြောပြီးသည်နှင့် နေကဲ့သို့ တောက်ပသောဓားအလင်းက ရုတ်တရက် ဓားဖုံးနန်းတော်ဖက်မှ ပျံဝဲတက်လာလေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ပတ်ဝန်းကျင်မှ အသံများအားလုံးကို တိတ်ဆိတ်သွားစေသည်။
“အိုး… မဟုတ်ဘူး..”
ဖန်းဝူကျိနှင့်အခြားနှစ်ယောက်၏ အမူအရာများက ပြင်းထန်စွာပြောင်းလဲသွားကြသည်။
ထိုဓားကိုရင်ဆိုင်ရင်း သူတို့သည် သေခြင်းတရားက နီးကပ်လာပြီကို ခံစားမိလိုက်ကြရသည်။
သူတို့သည် ထိုဓားက သူတို့ သုံးဦးလုံးကို သတ်နိုင်သည့်စွမ်းအားရှိကြောင်း သံသယမရှိကြပါ။
“လူခွဲကြ။”
ဖန်းဝူကျိက ချက်ခြင်းအော်လိုက်သည်။
ထိုအချိန်တွင်၊ သူတို့သုံးဦးလုံးက အခြားအရာများကို ဂရုမစိုက်နိုင်တော့ပါ။
သူတို့၏ခန္ဓာကိုယ်မှ ဓမ္မစွမ်းအင်များက လျှင်မြန်စွာလိမ့်တက်လာကြသည်။
ဝှစ်….ဝှစ်….ဝှစ်..
ချက်ခြင်းပင်၊ ဖန်းဝူကျိနှင့်အခြားနှစ်ယောက်သည် ဦးတည်ချက်သုံးခုသို့ ပျံသန်းသွားသည်။
“အသုံးမဝင်ဘူး။”
စံသခင်ရွှမ်းယန်၏ ဂရုမစိုက်သည့် အသံက ဓားဖုံးနန်းတော်မှ ထပ်မံ၍ ထွက်လာသည်။
မကြာမီ၊ လူတိုင်းက နေကဲ့သို့တောက်ပသည့် ဓားအလင်းက ရုတ်တရက် လေထဲတွင် လင်းလက်သွားသည်ကို မြင်လိုက်ရသည်။
ခနအကြာတွင် အရှေ့ဖက်သို့ ပျံသွားသည့် ဖန်းရှင်းချန်းက ရုတ်တရက် ရပ်သွားခဲ့သည်။
ပြီးနောက် လူတိုင်း၏မျက်စိအောက်တွင်ပင် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ဖန်းရှင်းချန်း၏ ခန္ဓာကိုယ်က ပျက်စီးသွားကာ သဲမှုန်များကဲ့သို့ ပပျောက်သွားသည်။
သူ၏အခြေတည်ဝိညာဉ်သည် ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
***