← Chapters

ရွှမ်းယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တက်ခြင်း၊ ဓားတစ်ချောင်းနှင့် လူသုံးဦးကိုသတ်ဖြတ်ခြင်း၊ နတ်ဆိုးသားရဲချုပ်ကို ရင်ဆိုင်ခြင်း (၂)

Vol. 29 Ch. 552

ရွှမ်းယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တက်ခြင်း၊ ဓားတစ်ချောင်းနှင့် လူသုံးဦးကိုသတ်ဖြတ်ခြင်း၊ နတ်ဆိုးသားရဲချုပ်ကို ရင်ဆိုင်ခြင်း (၂)

Vol. 29 Ch. 552

ဝှစ်….

ရုတ်တရက် ဖန်းရှင်းချန်း၏ ခန္ဓာကိုယ်ပျောက်ကွယ်သွားသည်နှင့် ဓားအလင်းက ထပ်မံလင်းလက်လာပြန်သည်။

ချက်ခြင်းပင် ခနအကြာတွင် သံဓားအဖြစ်ပြောင်းလဲသွားသော တာအိုဝါဒီခွန်ကျန်းက ရုတ်တရက် လေပေါ်တွင် နှစ်ပိုင်းပြတ်သွားသည်။

ကလန်….

ကျိုးသွားသည့်ဓားသည် ပြုတ်ကျသွားကာ တာအိုဆရာခွန်ကျန်း၏ခန္ဓာကိုယ်ကဲ့သို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ်က ဖန်းရှင်းချန်းကဲ့သို့ စတင်၍ ပျက်စီးသွားခဲ့သည်။ မျက်စိတမှိတ်အတွင်းတွင်ပင် ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားပြန်သည်။

ဝှစ်…..

လေထဲတွင် လေပြင်းတစ်ချို့တိုက်သွားသည်။

ဖန်းဝူကျိကလည်း အခြေတည်ဝိညာဉ်အဆီအနှစ်ကိုပါ လောင်ကျွမ်းလိုက်ပြီး ဖြစ်သည်။

သို့သော် သူစိတ်ပျက်သွားရသည်မှာ သူက မည်မျှတိုက်ခိုက်နေပါစေ သူ၏ပုံရိပ်က မူလနေရာမှ လုံးဝမရွေ့သွားပါ။

ဖန်းရှင်းချန်းနှင့် တာအိုဝါဒီခွန်ကျန်းတို့က စံသခင်ရွှမ်းယန်ထံမှ သတ်ခံလိုက်ရပြီဖြစ်သည်။

သူတို့သည် အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး အဝေးသို့ပျံသွားပုံရသော်လည်း အစမှအဆုံးထိ သူတို့သည် အဝိုင်းပုံလျှောက်နေခြင်းသာဖြစ်သည်။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏ ကြောက်စရာကောင်းသည့် ရှုထောင်ပင်ဖြစ်သည်။

သူတို့သည် နေရာလပ်ထဲ ဖမ်းချုပ်ခံထားရခြင်းဖြစ်သည်။ အခြေတည်ဝိညာဉ်ကျင့်ကြံသူများက ထိုစည်းမျဉ်းများကို သတိမပြုမိကြပဲ ၎င်းသည် အပြည့်အဝ လွမ်းမိုးထားခြင်းပင်ဖြစ်သည်။

သူတို့၏တိုက်ခိုက်မှုများက ဘယ်တော့မှ လွတ်သွားခြင်းမရှိပါ။ ၎င်းသည် ရွှမ်းယန်က ဖန်းရှင်းချန်းနှင့် အခြားသူများကို လွယ်ကူစွာသတ်နိုင်ကာ လွတ်မြောက်သွားနိုင်ခြင်းမှ ကာကွယ်နိုင်ခဲ့သည်။

“ငါလက်မခံနိုင်ဘူး။”

ဖန်းဝူကျိက အော်သည်။

ထိုအချိန်တွင် သူ၏သွေးကြောများ၊ ဓမ္မစွမ်းအင်များနှင့် အခြေတည်ဝိဉာဉ်အဆီအနှစ်များသည် အမြောက်ကဲ့သို့ ပေါက်ကွဲနေခဲ့သည်။

သူ၏ ပေါက်ကွဲခြင်းစွမ်းအားသည် အင်အားတိုင်ကဲ့သို့စုစည်းသွားပြီး ကောင်းကင်သို့ ပစ်လွတ်လိုက်သည်။

ဂျွတ်…

သို့သော်လည်း သူနှင့်တွေ့သွားသည်မှာ တံခါးလောက်ကြီးမားသည့် လင်းလက်သော ဓားအလင်း ဖြစ်သည်။

ဓားအလင်းတန်းက ကျော်လွန်သွားသည်နှင့် ချီတိုင်သည် ချက်ခြင်း ပျံနှံ့သွားသည်။

ဖန်းဝူကျိသည် ထိုနေရာတွင် တုန်လှုပ်နေခဲ့သည်။

ခနအကြာတွင် သူ၏မျက်စိရှေ့ရှိအလင်းသည် ငြိမ်းသွားပြီး သူ၏ခန္ဓာကိုယ်က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးသွားသော ကျောက်တုံးကဲ့သို့ ပျက်စီးသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးသွားသော ကျောက်တုံးကဲ့သို့ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားခဲ့သည်။

ထိုအချိန်မှသာ လူတိုင်းက ရုတ်တရက် တုံ့ပြန်လာကြတော့သည်။

သူတို့သည် မနေနိုင်ဘဲ စံသခင်ရွှမ်းယန် ဂူပိတ်ကျင့်ကြံသည့်နေရာသို့ ကြည့်လိုက်ကြသည်။

“စီနီယာအစ်ကို ရွှမ်းယန်၊ အောင်မြင်သွားပြီပဲ။”

ယန်ဝူရွှမ်း၏အံ့အားသင့်နေသည့် အသံက ထွက်လာသည်။ သူ့အား စံသခင်ရွှမ်းယန်က ပေါ့ပေါ့ပါးပါး ရယ်ကာ ပြန်ဖြေလိုက်သည်။

“ဂျူနီယာညီမလေးယန်၊ ပြီးတော့ အားလုံးပဲ ကျုပ်ကိုစောင့်ကြပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်၊ ရွှမ်းယန် ဒီကျေးဇူးကို အမြဲမှတ်မိနေပါ့မယ်။”

စကားပြောပြီးသည်နှင့် စံသခင်ရွှမ်းယန်၏ပုံရိပ်က လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

သို့သော်လည်း လက်ရှိသူ၏ပုံသဏ္ဍန်က ကလေးမဟုတ်တော့ဘဲ လူငယ်တစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားသည်။

သူ၏ခန္ဓာကိုယ်မှ အရောင်အဝါသည်ပင် ပုံမှန်မဟုတ်ဘဲ ကျယ်ပြန့်နေကာ အသူရာနှင့်ပင်လယ်ကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို သူ့အား မကြည့်ရဲအောင်လုပ်နေသည်။

“ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားလို့ ဂုဏ်ယူပါတယ် ကောင်းကင်သခင်ရွှမ်းယန်။ အခုကနေစပြီး မသေမျိုးတာအိုတွေအတွက် မျှော်လင့်ချက်တစ်ခုပါပဲ။ အနာဂတ်က သေချာနေပါပြီ။”

ချက်ခြင်းပင် တစ်စုံတစ်ဦးက စံသခင်ရွှမ်းယန်ကို ဂုဏ်ပြုလိုက်သည်။ မဟုတ်ပါ။ ကောင်းကင်သခင်ရွှမ်းယန်ဖြစ်သည်။

ယန်ဝူရွှမ်း၊ တိရှင်းကျဲ့၊ နှင်းပန်းပွင့်စံသခင်နှင့် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း တုံ့ပြန်လိုက်ကြသည်။

သူတို့သည် လက်များကိုဆုပ်ကာ ကောင်းကင်သခင်ရွှမ်းယန်ကို ဂါရဝပြုလိုက်ကြသည်။

“ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်သွားလို့ ဂုဏ်ပြုပါတယ် ကောင်းကင်သခင်ရွှမ်းယန်။ အခုကစပြီး မသေမျိုးတာအိုက ခင်ဗျားလက်ထဲမှာပါပဲ။ အနာဂတ်က သေချာနေပါပြီ။”

ကောင်းကင်သခင်ရွှမ်းယန်က ဂုဏ်ပြုစကားကို အပြုံးနှင့်တုံ့ပြန်လိုက်သည်။

“အားလုံးပဲ ယဉ်ကျေးနေပါပြီ။ ကျုပ်အစောက စကားကိုပဲထပ်ပြောပါရစေ။ ကျုပ်၊ ရွှမ်းယန်က ခင်ဗျားတို့ကူညီမှုကို မေ့မှာမဟုတ်ပါဘူး။”

ထိုကဲ့သို့ပြောလိုက်ပြီး သူ၏အကြည့်က နေရာလပ်ကိုထွင်းဖောက်ကာ ဖီးနစ်အလင်းစစ်သည်၊ အခြားနတ်ဆိုးနှစ်ယောက်နှင့် တိုက်ခိုက်နေသော စံသခင်ဖုန်းယွင်တို့နား ရောက်သွားသည်။

၎င်းသည် နတ်ဆိုးသုံးဦး၏ ခန္ဓာကိုယ်ကို တောင့်သွားစေသည်။

ထိုသုံးဦးသည် အခြေတည်ဝိဉာဉ်အဆင့်တွင်မည်မျှအင်အားကြီးစေကာမူ ကောင်းကင်သခင်ရွှမ်းယန် ရှေ့တွင်တော့ ဘာမှ မဟုတ်ပါ။

ချက်ခြင်းပင် နတ်ဆိုးသုံးဦးက ပျံသန်းရန် ရည်ရွယ်လိုက်သည်။

သူတို့က သံပြိုင်ဟိန်းလိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်များ၊ ပြင်းထန်သော လေပြင်းများနှင့် ကြမ်းတမ်းသည့် လှိုင်းများသည် စံသခင်ဖုန်းယွင်နှင့် အခြားနှစ်ဦးအပေါ်သို့ လိမ့်တက်လာခဲ့သည်။

“ဟမ်း… မင်းတို့ဒီထိတောင်လာခဲ့တာပဲ။ ဒီကနေ အဲ့လိုပြန်ထွက်သွားချင်လို့ ဘယ်ရမလဲ?”

အေးစက်သည့်ပြက်ရယ်ပြုသံနှင့်အတူ၊ စံသခင်ရွှမ်းယန်၏မျက်လုံးထဲတွင် မရေတွက်နိုင်သော တောက်ပသည့် ဓားအလင်းက ရုတ်တရက်ပေါ်ထွက်လာသည်။

ထိုဓားအလင်းများသည် မိုးစက်များ၊ ကျည်ဆံများနှင့် ထက်ရှသော အပ်များအဖြစ်သို့ ပြောင်းလဲကာ ပျံသန်းသွားသော နတ်ဆိုးများဆီသို့ ဦးတည်သွားသည်။

သူတို့၏နောက်မှ ပြင်းထန်သော သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကိုခံစားမိလျှင် နတ်ဆိုးသုံးကောင်သည် သူတို့၏စိတ်တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပါ။

ဖီးနစ်အလင်းစစ်သည်က စူးရှစွာ အော်လိုက်သည်။ “ဘိုးဘေး ကျွန်တော့ကို ကယ်ပါ။”

ဘွန်း….

ဖီးနစ်အလင်းစစ်သည်က စကားပြောပြီးသည်နှင့် ဆူနာမီကဲ့သို့သော ပင်လယ်လှိုင်းလုံးများသည် အနီးရှိ ကောင်းကင်ပေါ်တွင် လိမ့်တက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူက ပတ်ဝန်းကျင်၏ နေရာလပ်တွင် အမှောင်ထုနှင့်ပြည့်သွားစေသည်။

အသက်ကြီးနေသော အသံတစ်ခုက ပဲ့တင်ထပ်လာသည်။

“ရွှမ်းယန်၊ မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီပဲ။ ဘာလို့ အားနည်းတဲ့သူကို လိုက်ထိုးနှက်နေရတာလဲ?”

“အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လား?”

ထိုအသံကို ကြားလျှင် ဓားဖုံးနန်းတော်မှ ထွက်လာပြီးဖြစ်သော ရွှမ်းယန်က သူ၏မျက်လုံးထဲရှိ အေးစက်မှုများကို ပြလိုက်သည်။

သူသည် ကြောက်စရာကောင်းသော မီးပင်လယ်ကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

“ငါကဘယ်သူများလဲလို့သိချင်နေတာ။ ဒါဆိုမင်းပေါ့ ကြက်သွေးရောင်ဖီးနစ်နတ်ဆိုးသခင်။

မင်းက မျက်နှာ အရင်ကထပ် ပိုပြောင်လာတာပဲ။ သူတို့ငါ့ကို ဘာလုပ်ထားလဲကော မသိဘူးလား? သူတို့က ဂျူနီယာတွေဆိုပေမဲ့၊ ငါ့ရဲ့လမ်းကိုလာပိတ်တယ်။ ဒီကိစ္စက စကားလုံး အနည်းငယ်နဲ့တော့ ပြီးသွားနိုင်တယ်လို့ ထင်ထားတာတော့ မဟုတ်ဘူးမလား?”

သူသည် စကားပြောပြီးပြီးချင်း ထက်သည့်ချီဓားက ရုတ်တရက် စံသခင်ရွှမ်းယန်၏ ရှေ့တွင် ဖွဲ့စည်းသွားသည်။

ထိုအချိန်တွင်၊ ဓားစွမ်းအင်က မပြန့်သွားဘဲ ပေတစ်ထောင်မြင့်သည့်ကြောက်မက်ဖွယ်ကောင်းသော ချီဓားတောင်ကြီးအဖြစ် ဖွဲ့စည်းသွားပြီး နတ်ဆိုးသုံးဦးဆီသို့ လှည့်ပတ်ကာ သွားနေသည်။

“အကယ်၍ မင်းသူတို့ကို ကာကွယ်ချင်ရင် လုပ်လေ။ မင်းအခုဘာထပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”

“မင်းက သေလမ်းရှာနေတာပဲ။”

ကောင်းကင်သခင်ရွှမ်းယန်၏ ဓားတောင်ကြီးကို မြင်လျှင် မီးတောက်ပင်လယ်ထဲတွင် ရှိသော ကြက်သွေးရောင်နတ်ဆိုးသခင်က သိသာစွာ ဒေါသများထွက်နေလေသည်။

၎င်းသည် ရှည်ကြာသည့် အော်သံကြီးကို ထုတ်လွှတ်လိုက်သည်။

ခနအကြာတွင်၊ ဆူနာမီနှင့်တူသည့် မီးပင်လယ်ကြီး က ၃၀ ရာခိုင်နှုန်းထိ ချက်ခြင်း မြင့်တက်လာသည်။ ၎င်းသည် မြည်ဟိန်းကာ ကောင်းကင်သခင်ရွှမ်းယန်၏ ချီဓားတောင်ကြီးနှင့် တိုက်မိသွားခဲ့သည်။

ဂျုန်း…

၎င်းသည် နျူကလီးယားဗုံး တန် ဘီလီယံနှင့်ချီ၍ ပေါက်ကွဲသွားသကဲ့သို့ပင်။

ကောင်းကင်ကြီးက ရုတ်တရက် ထူးခြားသောအသံနှင့် ကွဲအက်သွားခဲ့သည်။

ယခင်က အကောင်းပကတိကောင်းကင်က ကျယ်ပြန့်ကာမြင်နိုင်လောက်အောင် ပက်ကြားအက် သွားခဲ့သည်။ ဖရိုဖရဲနေရာလပ် မုန်တိုင်းက သဲကြီးမဲကြီးဖြစ်နေကာ ထိုမြင်ကွင်းကိုမြင်ရသူတိုင်း၏ နှလုံးသားတွင် ကြက်သီးများထသွားစေသည်။

ထိုနေရာလပ်မုန်တိုင်းက သူတို့အား အနည်းငယ်ထိလျှင်ပင် အသေးငယ်ဆုံးသောဖုန်မှုန့်အဖြစ် ပိုင်းဖြတ်လိုက်နိုင်ကာ ခြေရာပင်မကျန်နိုင်သည်ကို သံသယမရှိကြပါ။

သူတို့အထဲမှ အကြောက်ဆုံးသူများမှာ နတ်ဆိုးသုံးကောင်ပင်ဖြစ်သည်။ သူတို့သည် ထိုကွဲအက်နေသည့် နေရာနှင့် အနီးဆုံးဖြစ်ကာ အသေးငယ်ဆုံးသော အမှားတစ်ခုသည်ပင်လျှင် ပြန်လည်မပြင်ဆင်နိုင်သည့် ကံကြမ္မာနှင့် တွေ့သွားနိုင်သည်။

ထိုအချိန်တွင် သူတို့သည် အခြားသံသယမရှိတော့ဘဲ အင်အားကြီးသူနှစ်ဦးထိပ်တိုက်တွေ့နေသည့် နေရာမှလွတ်မြောက်ရန် သူတို့၏ နတ်ဆိုးအဆီအနှစ်များကို လောင်ကျွမ်းလိုက်ကြတော့သည်။

“ဟိန်းသံများ…”

နတ်ဆိုးသုံးကောင်သည် သူတို့၏ နတ်ဆိုးအဆီအနှစ်များကို လောင်ကျွမ်းလိုက်သည်နှင့် ဟိန်းသံများသည် ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်နေသည်။

သူတို့၏နောက်မှ ဖီးနစ်၊ ကျား၊ နဂါးတို့၏ ပုံရိပ်ယောင်များပေါ်ထွက်လာသည်။ ထို့နောက် နတ်ဆိုးသုံးကောင်၏ အရှိန်နှင့် အင်အားများက ရုတ်တရက် နှစ်ဆတိုးသွားသည်။

ကျယ်လောင်သည့် ဘန်းဟူသော မြည်သံထွက်လာကာ တိုက်လေယာဉ်က နိမ့်သောကြိမ်နှုန်းနှင့် ပျံသန်းသွားသကဲ့သို့ အသံထွက်လာသည်။ နတ်ဆိုးသုံးကောင်က ထိုနေရာမှ ပျောက်ကွယ် သွားတော့သည်။

သူတို့ပြန်ပေါ်ထွက်လာသောအခါ၊ မိုင်ပေါင်းတစ်ထောင်အဝေးသို့ ရောက်နေပြီဖြစ်သည်။

အခြားအလင်းရောင်တစ်ခုနှင့် သူတို့သည် ပို၍ ဝေးဝေးသို့ ပျံသန်းသွားသည်။

ထိုအချိန်တွင် မွန်းကြပ်ကာ အန္တရာယ်ကျရောက်နေသော နေရာမှလွတ်လာသောကြောင့် အနည်းငယ်အဆင်ပြေသွားသည်။

သို့သော်လည်း၊ သူတို့ပေးခဲ့ရသည့် တန်ဖိုးက မသေးငယ်လှပါ။

သူတို့သည် နတ်ဆိုးအဆီအနှစ်ဆုံးရှုံးသွားကာ အဆင့် (၆) သို့ တက်နိုင်မည့်အခွင့်အရေးမှာ နှောင့်နှေးသွားသည် သာမကပဲ ချက်ခြင်းပင် ရွှမ်းယန်၏ ချီဓားချက်တစ်ချို့ကိုလဲ ခံခဲ့ရသေးသည်။

သူတို့၏ အင်အားကြီးသည့် ခန္ဓာကိုယ်က သည်းမခံနိုင်တော့ဘဲ ကုသရန်အတွက် သူတို့၏သက်ဆိုင်ရာ အသိုက်များသို့ ပြန်သွားရန်လိုအပ်လာခဲ့သည်။

သူတို့ပြန်လည်ကုသရန်အချိန်က အနည်းဆုံးနှစ်ပေါင်း သုံးရာကျော် သုံးရလိမ့်မည်ဖြစ်သည်။

***

All Chapters