ရွှမ်းယန်၏ အပ်နှင်းခြင်းနည်းစနစ်၊ နှလုံးသားစုံစမ်းခြင်းဓား၊ နတ်ဆိုးကပ်ဘေးသတင်း
Vol. 29 Ch. 553
“သေစမ်း။”
ကြက်သွေးရောင်ဖီးနစ်နတ်ဆိုးသခင်၏ ဒေါသက ထိုမြင်ကွင်းကိုမြင်ကာ ပိုမို၍ ပြင်းထန်လာခဲ့သည်။
သို့သော်လည်း လုပ်ရန်ပြင်ဆင်လိုက်ချိန်တွင်၊ နေရာလပ်က ရုတ်တရက် လောင်ကျွမ်းနေသည့် အပူမီးများနှင့် ပူးပေါင်းကာ လှိုင်းထလာသည်။
နတ်ဆိုးသခင်၏မျက်လုံးက စိုးရိမ်ကြောင့်ကြမှုဖြင့် ကျဉ်းမြောင်းသွားသည်။ ၎င်းသည် နေရာလပ်ဆီသို့ ကြောက်လန့်နေသော အမူအရာဖြင့် ကြည့်နေသည်။
အချိန်ကြာကြာမနေတော့ဘဲ နတ်ဆိုးသုံးကောင်ကိုဆွဲလိုက်ကာ ချက်ခြင်းပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ အဆုံးမရှိသော လေပြင်းများထဲတွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း နှင့် ရင်ဆိုင်တိုက်ခိုက်နေသော ရေနဂါးနတ်ဆိုးသခင်က အောက်မှ အခြေအနေကို အာရုံခံမိကာ ၎င်းသည်လည်း အချိန်မဆွဲနေတော့ပေ။
၎င်း၏ကြီးမားသည့် နဂါးခန္ဓာကိုယ်တွင် အင်အားကြီးသော ဆတ်ခနဲလှုပ်ရှားမှုက ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်း ကို အနည်းငယ်နောက်သို့ပြန်ဆုတ်စေခဲ့ကာ တိမ်တိုက်များကြားတွင် ပျောက်ကွယ် သွားခဲ့သည်။
ထိုအရာကိုမြင်လျှင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း က နောက်ကမလိုက်တော့ပေ။ ထိုအစား သူက အမြန်ဆုံးမြေပြင်ပေါ်သို့ ပြန်ဆင်းကာ ကောင်းကင်သခင် ရွှမ်းယန်ဘေးသို့ လာခဲ့သည်။
ကျီ….
တစ်ချိန်တည်း၌။
သူတို့နှစ်ဦး၏ရှေ့ရှိ နေရာလပ်သည် ဂယက်များထနေသည်။
သူတို့၏ရှေ့တွင် ခရမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက ပေါ်လာသည်။ ကျီယန်နေနန်းတော်မှာ ကျီယန်မီးတောက်ကောင်းကင်သခင်ပင်ဖြစ်သည်။
သူတို့နှစ်ဦးက ကောင်းကင်သခင်ရွှမ်းယန်ကို ဂုဏ်ပြုနေကြသည်။
ကောင်းကင်သခင်ရွှမ်းယန်ကလည်း လောကဝတ်ကို ထိန်းသိမ်းထားသည်။
နှိမ့်ချသည့်အပြင် သူသည် သူ၏ကျေးဇူးတင်စိတ်ကို နှစ်ဦးသားကို ဖော်ပြလိုက်သည်။
အမှန်ပင်။
အကယ်၍ ကောင်းကင်သခင်နှစ်ဦးသာ တစ်ဦးက အမှောင်ထဲမှ တစ်ဦးက အလင်းထဲမှနေ၍ ညွှန်ပြမှုမရှိခဲ့လျှင် ကောင်းကင်သခင်ရွှမ်းယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုထိုးဖောက်နိုင်ဖို့ရန် မဖြစ်နိုင်ပါ။
သုံးဦးလုံးက စကားစမြည်ပြောကြပြီးနောက်၊
လူတိုင်းသည် ကောင်းကင်သခင်ရွှမ်းယန်၏ ဖိတ်ခေါ်မှုကြောင့် ချက်ခြင်းပင် ဓားဖုံးနန်းတော်သို့ ဝင်ကြလေသည်။
သို့သော်လည်း ကောင်းကင်သခင်ရွှမ်းယန်က ပြန်မပေါ်လာတော့ပေ။
စဉ်းစားကြည့်လျှင်၊ အဓိပ္ပာယ်ရှိပါသည်။
ယခုမူ ကောင်းကင်သခင်ရွှမ်းယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မြင့်တင်နိုင်သွားသဖြင့် သူ၏ကျင့်ကြံဆင့်ကို တောင့်တင်းခိုင်မာစေဖို့ရန် အရေးကြီးသည့်အချိန်ဖြစ်ပေသည်။
သဘာဝကျစွာပင် သူသည်လူမှုဆက်ဆံရန်အတွက် အချိန်မရှိတော့ပါ။
အခြားတစ်ဖက်၌ ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့က တာဝန်ယူထားလေသည်။
သူတို့သည် ဓားဖုံးနန်းတော်သို့ ကူညီရန်လာကြသော ကျင့်ကြံသူများကို ဧည့်ခံနေကြသည်။
ကျင့်ကြံသူများပြန်လည်ထွက်ခွာတော့မည့်အချိန်သို့ရောက်လျှင် တိရှင်းကျဲ့က ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား ကျောက်စိမ်းပြားတစ်ခုကို ပေးခဲ့လေသည်။
“အို? တာအိုရောင်းရင်းတိရှင်းကျဲ့၊ ခင်ဗျားဘာလုပ်နေတာလဲ?”
တိရှင်းကျဲ့၏ အမူအရာကိုမြင်လျှင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က အံ့ဩသွားကြသည်။
တိရှင်းကျဲ့ကပြုံးကာ ပြောသည်။
“တာအိုရောင်းရင်းတို့ ကျွန်တော့ရဲ့ စီနီယာအစ်ကိုက ခင်ဗျားတို့ကို ဒီကျောက်စိမ်းပြား ပေးခိုင်းလိုက်လို့ပါ။ ဒီထဲမှာ သာမန်ထပ်ထူးကဲတဲ့ ဓားနတ်ဘုရားစွမ်းအင် မှတ်တမ်းရှိပါတယ်။ သူက ဒီအရာက ခင်ဗျားအတွက် အရမ်းအသုံးဝင်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ခင်ဗျားတို့ကိုပေးပေးဖို့ ကျွန်တော့်ကို အထူးမှာထားတာပါ။”
“ဟမ်.. အလွန်ထူးကဲ့တဲ့ဓားနတ်ဘုရားအစွမ်းလား?”
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ကြောင်အသွားသည်။
ခနအကြာတွင်၊ သူတို့သည် ကျောက်စိမ်းပြားပေါ်တွင်ရေးထွင်းထားသော စာလုံးသုံးလုံးကို တွေ့လိုက်ရသည်။
“နှလုံးသားစုံစမ်းခြင်းဓား”
နာမည်ကိုကြည့်လျှင်ပင် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့သည် ထိုကျောက်စိမ်းပြားပေါ်တွင် ရေးထွင်းထားသည့် ဓားနတ်ဘုရားစွမ်းအားသည် သာမန်အမွေအနှစ်မဟုတ်ကြောင်းကို ခံစားလိုက်ကြရသည်။
သူတို့၏စိတ်ကို သိနေပုံဖြင့် တိရှင်းကျဲ့က မနေနိုင်ဘဲ အပြုံးဖြင့်ပြောလိုက်သည်။
“ရိုးရိုးသားသားပြောရရင်၊ စီနီယာအစ်ကိုက ကျွန်တော်နဲ့ စီနီယာအစ်မယန်တို့ကို ဒီဓားနတ်ဘုရား စွမ်းအားကို နားလည်သဘောပေါက်ဖို့ပေးခဲ့သေးတယ်။
ဒါပေမဲ့လည်း၊ ကျွန်တော်နဲ့ စီနီယာအစ်မယန်နဲ့က အဲ့လိုအရည်အချင်းမရှိခဲ့ဘဲ ဒီနတ်ဘုရားစွမ်းအားရဲ့ ထူးကဲမှုကို နားမလည်နိုင်ခဲ့ဘူး။
ဒါမဲ့ စီနီယာအစ်ကိုက ပြောတယ် ဒီနတ်ဘုရားစွမ်းအင်က ခင်ဗျားနဲ့ လိုက်တယ်တဲ့။ ခင်ဗျားရဲ့ စွမ်းအားအတွက် ကောင်းမွန်တဲ့ အကူအညီဖြစ်လိမ့်မှာပါတဲ့။”
“အဲ့လိုလား?”
ကျန်းချန်းရွှမ်နဲ့ ရှန်းရူယန်တို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံသခင် ရွှမ်းယန်က တိရှင်းကျဲ့နှင့် ထိုကျောက်စိမ်းပြားကိုပေးခဲ့ခြင်းဖြစ်သဖြင့် သူတို့ မငြင်းနိုင်ပါ။
သူ့အား ကျေးဇူးတင်ပြီးနောက် နှစ်ဦးသားသည် ကျောက်စိမ်းပြားကို ယူသွားလိုက်ကြသည်။
ထို့နောက် နှစ်ဦးစလုံး ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း၊ ထိုအချိန်တွင် တိရှင်းကျဲ့က သူတို့အား ထပ်ပြောလိုက်သည်။
“တာအိုရောင်းရင်းတို့၊ နတ်ဆိုးကပ်ဘေးက ရောက်လာခါနီးပြီ။ အဲ့ဒါက ဘာကိုဆိုလိုလဲဆိုတာ ခင်ဗျားတို့သိမှာပါ။
ကျွန်တော်တို့ အားလုံးကို ဒီနတ်ဆိုးကပ်ဘေးကိုရင်ဆိုင်ဖို့ မစုစည်းရသေးတဲ့အကြောင်းရင်းက ကောင်းကင်သခင်တွေက နတ်ဆိုးကပ်ဘေးစတင်ဖြစ်လာမဲ့ နေရာအတိအကျကို တွက်ချက်လို့ မပြီးသေးလို့ပဲ။
ဒါမဲ့လည်း ကျွန်တော်ရဲ့စီနီယာအစ်ကို ပြောပုံအရ ဒီကိစ္စက အနည်းဆုံးတစ်နှစ်ကနေ အများဆုံး ငါးနှစ်အတွင်းဖြစ်နိုင်တယ်။ ကောင်းကင်သခင်တွေက တကယ်စတင်ဖြစ်လာမဲ့ အချိန် အတိအကျကိုတော့ တွက်ချက်နိုင်ကြမှာပါ။
အဲ့ဒီအချိန်ရောက်ရင်၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့က တိုက်ပွဲထဲကိုသွားကြရမယ်။
ဒါကြောင့်… ကျန်နေတဲ့အချိန်အတွင်း၊ ကျွန်တော် ခင်ဗျားတို့နှစ်ဦးက ပြင်ဆင်မှုတွေစောစောလုပ်ထားကြဖို့ မျှော်လင့်ပါတယ်။”
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က ကောင်းကင်သခင်ရွှမ်းယန်က တိရှင်းကျဲ့မှတဆင့် သူတို့ကို သတိပေးခြင်းဖြစ်ကြောင်း သိပါသည်။
သူ့အား ကျေးဇူးတင်ပြီးနောက် မတုံ့ဆိုင်းနေတော့ဘဲ ချက်ခြင်းဓားဖုံးနန်းတော်မှ ထွက်လာခဲ့သည်။
မကြာမီတွင် သူတို့သည် မှော်ဝင်တိုင်တောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မှော်ဝင်တိုင်တောင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်၊ သူတို့နှစ်ဦးသည်ချက်ခြင်းပင် ကျန်းမိသားစုအား နတ်ဆိုကပ်ဘေး၏အကြောင်းကို ပြောပြလိုက်ကြသည်။
ထို့နောက် သူတို့သည် ရွှမ်းမင်တောင်ထိပ်သို့တက်ကာ တိရှင်းကျဲ့ပေးသော ကျောက်စိမ်းပြားအား စတင်လေ့လာတော့သည်။
…
အစ၌…
သူတို့က ထိုဓားနတ်ဘုရားစွမ်းအား အကြောင်းများကို အကြမ်းဖျင်းဖတ်ရှုခဲ့ကြရသည်။ ယခုမူ သူတို့သည် ရွှမ်းမင်တောင်ထိပ်သို့ ပြန်ရောက်ပြီဖြစ်သောကြောင့် ထိုအရာကိုသေချာစွာဖတ်ရန် အချိန်များစွာ ရလေသည်။
ဖတ်ရှုပြီးနောက် ထိုစုံတွဲက နှလုံးသားစုံစမ်းခြင်းဓား ဟုခေါ်သည့် ဓားနတ်ဘုရားစွမ်းအားသည် သာမန်နတ်ဘုရားစွမ်းအားမဟုတ်သည်ကို ထိတ်လန့်စွာကြည့်ရှုခဲ့ကြရသည်။ ထိုအစား ၎င်းသည် ရန်သူ၏အားနည်းချက်ကို တိုက်ခိုက်ရာတွင်အထူးပြုထားသည့် စွမ်းအားတစ်ခုဖြစ်သည်။
အကယ်၍ ရန်သူကတိုက်ခိုက်လျှင် သူ၏အားနည်းချက်က အဆုံးမရှိသည်ထိပုံကြီးချဲ့ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဂယက်ရိုက်စေလိမ့်မည်။နောက်ဆုံး၌ တောင်ပေါ်မှနှင်းထုများကြီးမားလာပြီး လျောကျသကဲ့သို့ ထိန်းချုပ်၍ ရတော့မည်မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ တစ်စုံတစ်ဦးက အကယ်၍ထိုနတ်ဘုရားစွမ်းအားကို ကျင့်ကြံချင်လျှင် သူတို့၌ သာမန်ထပ်ပိုသော ပါရမီနှင့်နားလည်နိုင်စွမ်းတို့ ရှိရလိမ့်မည်။
***