← Chapters

ရွှမ်းယန်၏ အပ်နှင်းခြင်းနည်းစနစ်၊ နှလုံးသားစုံစမ်းခြင်းဓား၊ နတ်ဆိုးကပ်ဘေးသတင်း (၂)

Vol. 29 Ch. 554

ရွှမ်းယန်၏ အပ်နှင်းခြင်းနည်းစနစ်၊ နှလုံးသားစုံစမ်းခြင်းဓား၊ နတ်ဆိုးကပ်ဘေးသတင်း (၂)

Vol. 29 Ch. 554

ထိုအရည်အချင်းနှစ်ခုက မရှိမဖြစ်အရာနှစ်ခုဖြစ်သည်။

တိုက်ဆိုင်စွာပင်၊ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ပါရမီနှင့်ပက်သက်၍ အကောင်းဆုံးဖြစ်နိုင်လောက်သည်။

အထူးသဖြင့် ကျန်းချန်းရွှမ်ဖြစ်သည်။ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးတွင် သူမှလွဲ၍ မည်သူက အခြေတည်ဝိဉာဉ် အထွတ်အထိပ်သို့ ရောက်အောင် စုစည်းနိုင်ခဲ့ပါသနည်း?

သူ၏နောက်ခံနှင့် ပါရမီအပြင် စနစ်ကလည်း အကြိမ်များစွာ အဆင့်မြင်တင်ပေးနေခဲ့သည်။

သူသည် အခြားကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရပေ။

ရှန်းရူယန်အနေဖြင့်…

သူမ၏ အခြေတည်ဝိညာဉ်က အပြစ်အနာအဆာမရှိသည်ကိုမဆိုသေးနှင့် သူမသည် ယခင်ဘဝက မိုးကြိုးကောင်းကင်သခင် ဖြစ်ခဲ့သည့် အမျိုးသမီးတစ်ယောက်ဖြစ်ကာ သူ၏ပါရမီက သေချာပေါက် မဆိုးလှပေ။

ထို့ကြောင့်။

သေချာသည့်ရှုထောင်မှကြည့်လျှင်၊ သူတို့ထက် နှလုံးသားစုံစမ်းခြင်းဓား ကို ကျင့်ကြံရန် သင့်တော်သူ မရှိတော့ပါ။

ကောင်းကင်သခင်ရွှမ်းယန်က သူတို့၏နောက်ခံကို ခန့်မှန်းပြီးဖြစ်လိမ့်မည် ထို့ကြောင့်သာ ထိုနတ်ဘုရားစွမ်းအားကို သူတို့အား ပေးခဲ့ခြင်းဖြစ်လိမ့်မည်။

ပထမဦးစွာ သူအားကူညီကာ စောင့်ကြပ်ပေးခဲ့သည့်အတွက် ပြန်ပေးလိုခြင်းဖြစ်ပေမည်။ ဒုတိယအနေဖြင့် သူတို့နစ်ဦးအား လာမည့်နတ်ဆိုးကပ်ဘေးတွင် မိမိကိုယ်ကိုကာကွယ်နိုင်ရန် အခြေခံများနှင့် စွမ်းရည်များကို ပေးလိုခြင်းဖြစ်လိမ့်မည်။

အဆုံးတွင် ကောင်းကင်သခင်များမှ လွဲ၍ နတ်ဆိုးကပ်ဘေးက မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း မည်သူမှ မသိကြပေ။

သူတို့ကိုယ်တိုင်သည်ပင် ထိုကပ်ဘေးတွင် ရှင်သန်နိုင်ရန် အာမခံချက်မရှိပါပေ။

အချိန်က တစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားသည်။

နှစ်ဝက်ကြာပြီးနောက်တစ်နေ့တွင်။

နှလုံးသားစုံစမ်းခြင်းဓားကို နားလည်သွားသည့် ကျန်းချန်းရွှမ်က ရုတ်တရက် ဆန်းကျယ်သည့် အရောင်အဝါကို ထုတ်လွတ်လာခဲ့သည်။

ဝှစ်….

ဓားရာက သူ၏ရှေ့မှ မြေပြင်ပေါ်တွင် ထင်သွားသည်။

ချက်ခြင်းပင်ခနအကြာတွင် ဓားရာက ဗိုင်းရပ်စ်ကဲ့သို့ ပျံ့နှံသွားသည်။

ဝှစ်….

ဓားရာက ပြန့်နှံသွားသည့်နေရာတိုင်းတွင် အစ၌ အက်ကွဲသွားပြီး တန်ပေါင်း ရာချီထောင်ချီ ဖိအားကို ခံစားရသကဲ့သို့ဖြစ်ကာ အမှုန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းက နှလုံးသားစုံစမ်းခြင်းဓားကို နားလည်ရန်ကြိုးစားနေသော ရှန်းရူယန်အား ထိတ်လန့် သွားစေသည်။

သူက မနေနိုင်ဘဲ ကျန်းချန်းရွှမ်ကို ကြည့်ကာမေးလိုက်သည်။

“ယောက်ျား၊ ရှင် အောင်မြင်သွားပြီပေါ့?”

“ဟုတ်တယ်။”

ကျန်းချန်းရွှမ်က သူ၏မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူက ပြုံးလိုက်ကာ ရှန်းရူယန်အား ခေါင်းညိတ်ပြလိုက်သည်။

“ကိုယ် အခြေခံအဆင့် ရောက်ခါနီးပြီ။ နောက်တစ်ကြိမ် အကယ်၍ ကိုယ် ဒီဓားနတ်ဘုရားစွမ်းအင်ကို ပိုကောင်းတဲ့စွမ်းအားထုတ်ချင်ရင် ထပ်နားလည်အောင်လုပ်ဖို့လိုနေသေးတယ်။”

ပြောလိုက်ရင်းနှင့်ပင် ကျန်းချန်းရွှမ်က မတ်တပ်ရပ်လိုက်ကာ ဘေးမှ သစ်ကိုင်းတစ်ခုကို ယူလိုက်ပြီးသူ၏ဘေးမှ ကျောက်တုံးကိုထိုးလိုက်သည်။

ဝှစ်….

အလွန်သေးငယ်သည့် ဓားအပေါက်ရာက ထိုကျောက်တုံးပေါ်တွင် ပေါ်လာသည်။

သို့သော် မကြာမီတွင်ပင် အလယ်ဗဟိုမှ ထိုသေးငယ်သည့်အပေါက်ရာမှ မရေတွက်နိုင်သည့် အက်ကွဲရာများသည် အမြန်ပင် ဦးတည်ချက်များစွာကို ပျံနှံသွားတော့သည်။

နောက်ဆုံး၌ အက်ကွဲသွားသောအသံနှင့်အတူ ကျောက်တုံးတစ်ခုလုံးသည် အမှုန်များအဖြစ်သို့ ကွဲကြေသွားကာ ပျက်စီးပျောက်ကွယ်သွားသည်။

“ဘာ…?”

ရှန်းရူယန်၏မျက်လုံးက ပြူးကျယ်သွားသည်။

သူမသည် ယခုပင် ကျန်းချန်းရွှမ်က သစ်ကိုင်းဖြင့် ထိုးခွဲရာတွင် ဓမ္မစွမ်းအင်နည်းနည်းမှ မသုံးသည်ကို ရှင်းလင်းစွာမြင်ခဲ့သည်။

သူသည် ဓားနည်းစနစ်ကိုသာ မှီခို၍ လုပ်ခဲ့ခြင်းဖြစ်သည်။

သူသည် ကျောက်တုံး၏အားအနည်းဆုံးနေရာကို ထိုးခွဲကာ အခြားနေရာများကို ကိုယ်တိုင် ပြိုကွဲသွားအောင် လုပ်ခဲ့သည်။ ၎င်းသည် အားအနည်းဆုံးနေရာမှ အမှုန်များအဖြစ်သို့ပင် ပြောင်းလဲသွားစေသည်။

အင်အားကြီးပါသည်။ အလွန်အင်အားကြီးလှသည်။

သိထားရမည်မှာ ၎င်းသည် အခြေခံအဆင့်ပင်ရှိသေးသည်။

အကယ်၍ ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံနိုင်သွားလျှင် ထိုစွမ်းအားသည် မည်မျှအင်အားကြီး လိမ့်မည်နည်း?

သာမန် အခြေတည်ဝိညာဉ်ကျင့်ကြံသူ အထွတ်အထိပ်အဆင့်များသည်ပင် သူ့ထံမှ ထိုတစ်ချက်ကို ခံနိုင်မည်မဟုတ်ပါ။

ထိုအချိန်တွင်၊ ထိုစုံတွဲသည် မနေနိုင်ဘဲ ထိုဓားနတ်ဘုရားစွမ်းအားက မည်မျှထုတ်လွတ်နိုင်ဦးမည်နည်း ဟု သိချင်နေကြသည်။

ကျန်းချန်းရွှမ်က အခြေခံအဆင့်သို့ရောက်ပြီး နှစ်လအကြာတွင် ရှန်းရူယန်သည်လည်း အခြေခံအဆင့်၏ စမှတ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

သုံးနှစ်ကြာပြီးနောက်တွင်။

ထိုနှစ်ဦးသည် ဓားနတ်ဘုရားစွမ်းအင်တွင် ကြီးမားသည့်ခြေလှမ်းကိုလှမ်းနိုင်ခဲ့ကာ မြင့်မားသော အဆင့်သို့ ရောက်နိုင်ခဲ့သည်။

ထိုမတိုင်မှီတွင်၊ သူတို့၏ အင်အားသည် မဟာကျင့်ကြံသူများထဲ အလယ်အလတ်၏ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိခဲ့သည်။

ယခုမူ သူတို့၏အင်အားသည် မဟာကျင့်ကြံသူအဆင့်သို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း၊ ကျင့်ကြံရေးအဆင့်အနေနှင့် သူတို့သည် အခြေတည်ဝိညာဉ်၏ အလယ်ဆင့်တွင်ပင် ရှိနေပြီး အဆင့်မြင့်အဆင့်သို့မရောက်သေးပါ။

ကျန်းချန်းရွှမ်းက ဆဠမအဆင့်သို့ပင်မရောက်သေးပါ။

ထို့အပြင်၊ လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့၏ ကျန်းမိသားစုထဲတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထပ်တိုးလာခဲ့သည်။

ထိုသူမှာ မိသားစုခေါင်းဆောင် ကျန်းရန်ယီမဟုတ်ဘဲ သူ၏ဒုတိယညီဖြစ်သူ ကျန်းရန်ချွမ်းလည်း မဟုတ်ပါ။ ထိုအစား ကျန်းရန်တောက်၏သား ကျန်းယွင်ချန်းပင်ဖြစ်သည်။

ထိုကလေး၏ ခံနိုင်ရည်က အလွန်အံ့အားသင့်စရာကောင်းသည်။

သူ၏တာအိုနှလုံးက ထူးကဲစွာခိုင်မာသည်။

သူသည်ယခင်က တိုက်ပွဲများစွာတွင်ပါဝင်ကာ စုဆောင်းထားမှုများဖြင့်၊ နောက်ဆုံး၌ သူ၏ ဦးလေးကြီးနှင့် ဦးလေးငယ်ကို ကျော်လွန်၍သာမက ကျန်းမိသားစု၏အခြားတပည့်သားများကိုပါ ကျော်လွန်ကာ သူ၏အဖေဖြစ်သူ ကျန်းရန်တောက်၊ အကြီးအကဲ လျူလင်းလုံနှင့် ကျန်းအန်းရန်တို့၏ နောက်မှ ကျန်းမိသားစု၏လေးယောက်မြောက် ရွှေအမြုတေကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

အကယ်၍ ရှန်းမိသားစုမှ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့သာ ပါဝင်ခဲ့လျှင် ကျန်းမိသားစုတွင် ရွှေအမြုတေကျင့်ကြံသူစုစုပေါင်း ၆ယောက်ရှိပေသည်။

ထို့ပြင် ကျန်းရန်ယီက ထိုနှစ်များတွင် ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း သူသည် ပဏာမအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အနာဂတ်တွင် ရွှေအမြုတေအဆင့်သို့ ထိုးဖောက်နိုင်ရန် သူ့အတွက် အလွန်ခက်ခဲတော့မည်မဟုတ်ပါ။

ကျန်းရန်ချွမ်း၊ ကျန်းယွင်ရုံ၊ ဟွမ်းလင်းအာနှင့်အခြားသူတို့အတွက်မူ။

သူတို့၏ကျင့်ကြံဆင့်သည်လည်း ရွှေအမြုတေအဆင့်နှင့် မဝေးကွာတော့ပါ။

သို့ရာတွင်

ကျန်းမိသားစု၏ လက်ရှိဖွဲ့စည်းပုံက တကယ်ပင် အလွန်မသန်မာသေးပါ။

သို့သော် ၎င်းသည် ကူညီနိုင်သည့်ကိစ္စမဟုတ်ပေ။

ကျန်းမိသားစု၏အခြေခံက မူလကတည်းက အားနည်းသောကြောင့် ကျင့်ကြံခြင်းက ကြိုးစားသော်လည်း အရာမထင်ပေ။

သူတို့သည် ကျင့်ကြံရေးပစ္စည်းများ အားမနည်းသော်လည်း သူတို့၏ အခြေခံကို စုစည်းရန် အချိန်များစွာ သုံးရဦးမည်ဖြစ်သည်။

သို့ရာတွင် လက်ရှိအခြေအနေအရ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တွင် မည်သည့်ကိစ္စမှမဖြစ်သရွေ့ ကျန်းမိသားစု၏ အနာဂတ်သည် ရှေ့လျှောက် အလွန်မျှော်လင့်ရလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ထိုစုံတွဲက ကျန်းမိသားစုကို စုစည်းကာ သူတို့၏ခန္ဓာကိုယ်တွင် ရှိသည့် ဆက်သွယ်ရေး ကျောက်စိမ်းပြားအကြောင်းကို ပြောပြလေသည်။

၎င်းသည် ဓားဖုံးနန်းတော်မှ သူတို့ထွက်လာစဉ်က တိရှင်းကျဲ့ကိုယ်တိုင်ပေးခဲ့သော အထူး ဆက်သွယ်ရေးကျောက်စိမ်းပြားဖြစ်လေသည်။

အကယ်၍ တောင်များနှင့်မြစ်များကြားခံနေလျှင်ပင် မြောက်ပိုင်းနယ်နိမိတ်တွင် ရှိနေသရွေ့ သတင်းက တိုက်ရိုက်ရောက်ရှိနိုင်သည်။

ထိုအချိန်တွင် ထိုစုံတွဲက ထိုကျောက်စိမ်းပြားမှ အကြောင်းအရာများကို ဖတ်ပြီးနောက် သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

ထန်ပိုင်ရှန်းက တစ်ခုခုကိုအာရုံခံမိကာ သူတို့အား တည်ငြိမ်သည့်အမူအရာနှင့်မေးလေသည်။

“တစ်ခုခုဖြစ်လို့လား?”

သူ၏စကားများကိုကြားလျှင် ကျန်းမိသားစုမှ ကျင့်ကြံသူများက စိုးရိမ်လာကြသည်။

ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

နောက်ဆုံး၌ ကျန်းချန်းရွှမ်က စပြောသည်။

“ကောင်းကင်သခင်ရွှမ်းယန်က ကိုယ်တိုင်သတင်းပို့လိုက်တယ်။ သူက နတ်ဆိုးကပ်ဘေးရဲ့ အချိန်နဲ့နေရာကို ကြိုတင်ခန့်မှန်းလို့ရသွားပြီတဲ့။ နတ်ဆိုးကပ်ဘေးဟာ လေးနှစ်အတွင်းမှာစဖြစ်ပေါ်လာမယ်။ နေရာအတွက်ကတော့ နိုဗာရေပြင်တစ်နေရာမှာဖြစ်လိမ့်မယ်။”

“ဘာ?”

ကျန်းချန်းရွှမ်၏စကားများကိုကြားလျှင် လူတိုင်း၏အမူအရာကပြင်းထန်စွာပြောင်းလဲသွားသည်။ သူတို့က ထိုအတွက်ကြိုတင်ပြင်ဆင်ထားသော်လည်း၊ နတ်ဆိုးကပ်ဘေးရောက်လာတော့မည်သတင်းသည်သူတို့အတွက် ဖိအားများစွာပေးနိုင်နေသေးသည်။

အခြေတည်ဝိညာဉ်အဆင့်ဖြစ်သည့် ထန်ပိုင်ရှန်းသည်ပင် မျက်နှာက ရှုံမဲ့နေသည်။

လူတိုင်းက ထိုနတ်ဆိုးကပ်ဘေးသည် နတ်ဆိုးသားရဲများပင်မဟုတ်ကြောင်းသိကြသည်။ ၎င်းသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးအတွက် ကပ်ဘေးကြီးဖြစ်သည်။

စကေး (သို့) အန္တရာယ်အရ ၎င်းသည် နတ်ဆိုးသားရဲအဓိကရုဏ်းထပ် အဆပေါင်းများစွာပိုကြီးသည်။ အဆုံး၌ အခြားတစ်ဖက်၏ ပန်းတိုင်က သေမျိုးဖြစ်စေ မသေမျိုးဖြစ်စေ လူတိုင်းကို သတ်ဖြတ်ရန်ဖြစ်သည်။ ၎င်းတို့နှင့် အပေးအယူလုပ်ခြင်း (သို့) ညှိနှိုင်းခြင်းပြုလုပ်၍ ရမည်မဟုတ်ပါ။

သူတို့အဓိကဂရုစိုက်သည်မှာ ဖျက်စီးရန်ပင်ဖြစ်သည်။

ထို့ကြောင့်..

အကယ်၍ သူတို့အား အမြစ်ပြတ်မသုတ်သင်လျှင် လူသားမျိုးနွယ်က ပျက်သုန်းရတော့မည်ဖြစ်သည်။

“ဘိုးဘေး၊ ကောင်းကင်သခင် ရွှမ်းယန်က အခြားတစ်ခုခုပြောသေးလား?”

ထိုအချိန်၌ ကျန်းရန်တောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ဥပမာအနေနဲ့ ကျွန်တော်တို့ကျန်းမိသားစုက လူဘယ်လောက်ရွှေ့ပြောင်းရမလဲ? ကျန်းနိုင်ငံက ကျင့်ကြံသူဘယ်လောက်လောက် တိုက်ပွဲကို ပါဝင်ဖို့လွတ်ပေးရမလဲ? ဆိုတာမျိုးပေါ့။”

၎င်းသည် ရှိနေသောလူတိုင်းက သိချင်နေသော မေးခွန်းများဖြစ်သည်။ ချက်ခြင်းပင် ထန်ပိုင်ရှန်း အပါအဝင် လူအားလုံးက ကျန်းချန်းရွှမ်ကို ပြန်ကြည့်လိုက်လေသည်။

***

All Chapters