အမည်းလေးနဲ့ပါလာတဲ့ ရတနာ
Vol. 93 Ch. 1299
ရှီမာယူယူသည် ရှီမန်ဖန်လက်ထဲသို့ အသက်ကျောက်စိမ်းထည့်လိုက် သည်မှာ ရှီမာမျိုးနွယ်သည် သူမ၏ လက်ရှိအခြေအနေကို မသိနိုင်ဟူသည့် အဓိပ္ပာယ် သက်ရောက်လေသည်။
သူ ဒေါသထွက်သည်နှင့် အခန်းထဲမှ ရောင်ဝါသည် လုံးဝ ပြောင်းသွားလေ သည်။ ရှီမာယူယူသည် သူ၏ အတွေးကိုနားလည်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည် “ဘိုးဘိုးကြီး ဘိုးဘိုးကြီးမှာက အဘိုးနဲ့အဘွားတို့ရဲ့ အသက် ကျောက်စိမ်းရှိတယ်လေ”
တစ်ခုခုသာဖြစ်ပါက သူသည် ရှီမာရှုံ့ချီ၏ အသက်ကျောက်စိမ်းမှတဆင့် သိနိုင်သည်။
“ဒါပေမဲ့ အဲဒါက သမီးဟာမှမဟုတ်တာ” ရှီမာကျိယွင် ပြောလိုက်သည်။
“ဘိုးဘိုးကြီး ဘယ်သူ့ဟာပဲဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလား” ရှီမာယူယူ သည် သူ့လက်ကိုဆုပ်ကိုင်ကာ ချွဲလေသည် “ဘယ်လိုပဲဖြစ်ဖြစ် သမီးက တောင် ကြားဒုခေါင်းဆောင်ဖြစ်နေသေးတယ်လေ၊ ပြီးတော့ သမီးဘယ်လိုနေလဲဆို တာ သူတို့သိဖို့လိုတယ်လေ၊ အဘိုးရဲ့နာမည်ပြားကို အသည်းကွဲတောင်ကြား မှာ ထားပြီးတော့ ဘိုးဘိုးကြီးက သမီးဟာကိုယူထားလို့မှမရတာလေ ဟုတ် တယ်မလား”
“ဒါဆိုရင် ဘာမှမရှိ…”
“ကောင်းပြီ ကောင်းပြီ ဒီအတိုင်းပဲထားလိုက်တော့မယ်” ရှီမာယူယူ ပြော လိုက်သည် “ဘိုးဘိုးကြီး သမီးတို့သွားတော့မယ်၊ စိတ်မကောင်းဖြစ်ပြီး သမီးတို့ ကိုပို့မှာတော့ မဟုတ်ဘူးမလား”
ရှီမာကျိယွင်သည် သူမ၏ သွားဖြဲပြီးချွဲသည့်ပုံစံကိုကြည့်ပြီး သူမကို မပျော်မရွှင် မဖြစ်စေချင်သောကြောင့် မတတ်သာစွာပြောလိုက်သည် “ကောင်းပြီလေ ဒါဆိုလည်း ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ် လိမ္မာရမယ် နော်”
“သေချာပေါက် လိမ္မာပါမယ်” ရှီမာယူယူသည် အလျင်အမြန်ပင် ပြန်ဖြေ လေသည်။
“သမီးအဖေကိုကယ်ပြီးတာနဲ့ မျိုးနွယ်ကိုပြန်လာခဲ့ပါ” ရှီမာကျိယွင် ပြော လိုက်သည်။ “သမီး အသည်းကွဲတောင်ကြားကို လက်မလွှတ်နိုင်ဘူးဆိုရင် သူတို့ပါ လာလို့ရတယ်၊ သူတို့လည်းအတွင်းပိုင်းဒေသမှာနေလို့ရတယ်”
“ဘိုးဘိုးကြီး သူတို့က အသည်းကွဲတောင်ကြားမှာအဆင်ပြေကြပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အသည်းကွဲတောင်ကြားက ဗျူဟာကျတဲ့မြေပြင် ရှိတယ်၊ အဆိပ်သတ္တဝါတွေကို အကာအကွယ်အဖြစ်သုံးလို့ရတယ်၊ ရန်သူတွေ များတဲ့ သမီးရဲ့အဖွဲ့ဝင်တွေအတွက်ကောင်းတယ်၊ သမီးကတော့ အဖေ့ကို ရှာ တွေ့မှာ ပြောကြတာပေါ့”
သူမသည် တထစ်ချမပြောပေ။ ဆိုလိုသည်မှာ သူမ ပြန်လာနိုင်သလို မပြန်လာနိုင်သည်လည်း ဖြစ်နိုင်သည်။ အရာအားလုံးမှာ ရှီမာလျူရွှမ်အပေါ် တွင်မူတည်နေသည်။
ရှီမာကျိယွင်သည် သူမ၏ စိတ်ကိုအမြဲတမ်းသိနေခဲ့သည်။ သူမကို တွန်း သည်မှာ အသုံးမဝင်သည်ကိုသိသဖြင့် သူမပခုံးကို ပုတ်ကာ ပြောလိုက်သည် “ဒါဆိုရင် သမီးအဖေကို သေချာပေါက် ကယ်ရမယ်၊ သမီးတို့နှစ်ယောက်လုံး အိမ်ပြန်လာမှာကိုစောင့်နေမယ်”
“သေချာပေါက် ပြန်လာမှာပါ ဘိုးဘိုးကြီး စိတ်ချနေပါ”
ရှီမာရှုံ့ချိနှင့် ဟွမ်ရင်ရင်တို့သည် သူတို့နှစ်ယောက် အပြန်အလှန် ပြောဆို ပုံကိုကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြလေသည်။ အဖေက တကယ့်ကို ယူယူ့ကို အလိုလိုက်တာပဲ။ သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် တရင်းတနှီးဆက်ဆံနေသည်ကို မြင်သောအခါ ရှီမာယူယူသည် မျိုးနွယ်တစ်ခုလုံးတွင် သူ့ကို ထိုသို့ဆက်ဆံရဲသော တစ်ဦးတည်းသောသူဖြစ်ရ မည်ဟု တွေးမိကြလေသည်။
“ဝုတ် ဝုတ် ဝုတ်”
ဟောင်သံတစ်ခုသည် အားလုံးကို လန့်သွားစေသည်။ သူတို့သည် အနီး အနားတွင် ဝိညာဉ်သားရဲရှိနေသည်ကို အမှန်တကယ်ပင် သတိမထားမိကြပေ။
အမည်းလေး မည်သည့်နေရာမှလာသည်ကို မည်သူမှမသိကြပေ။ သူသည် ပါးစပ်တွင် ပလွေတစ်ချောင်းကိုက်ထားပြီး ရှီမာယူယူဘေးသို့လာလေ သည်။
ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ခေါင်းကိုပုတ်ပြီး ပြော လိုက်သည် “ဒီရက်တွေမှာ ဘယ်တွေပြေးလွှားနေတာလဲ”
“ဝုတ် ဝုတ် ဝုတ်”
အမည်းလေးသည် ပါးစပ်ထဲမှ ပလွေကို သူမလက်ထဲသို့ထည့်ပြီး နှစ်ချက် မျှ ထပ်ဟောင်လေသည်။
“ဒါ ဘာလဲ” ရှီမာယူယူသည် ထိုပလွေလေးကို ကြည့်လိုက်သည်။ ပလွေ သည် ၁၀ စင်တီမီတာအရှည်ရှိပြီး နို့နှစ်ရောင်ကိုယ်ထည်နှင့်ဖြစ်သည်။ အဆုံး တစ်ဖက်တွင် အရိုးခေါင်းရှိပြီး ထိလိုက်သည်နှင့် အေးစိမ့်မှုကို ခံစားရလေသည်။
ဘေးတွင်ရပ်နေသော ဒိဝူသည် အလန့်တကြားထခုန်ပြီး အော်လေသည် “အရိုးပလွေ”
“အရိုးပလွေဟုတ်လား အဲဒါဘာလဲ” ရှီမာယူယူသည် ခေါင်းမော့ပြီး မေး လိုက်သည်။
“တစ္ဆေလောကမှာ အမှောင်ကိရိယာတွေ အများကြီးရှိတယ်၊ အရိုးပလွေ ကထွက်လာတဲ့ သံစဉ်က လူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်၊ ဒါက တစ္ဆေ လောကမှာ အဆင့် ၁၀ ရှိတဲ့ အမှောင်လက်နက်ကိရိယာပဲ၊ ကျွန်တော်မှန်းတာ မမှားရင် အရင်တစ်ခေါက် အရှေ့မျှတမှုမြို့တော်မှာဖြစ်ခဲ့တာတွေက ဒီအရိုး ပလွေကိုသုံးပြီး လူတွေကိုထိန်းချုပ်ပြီးတော့ အပေါက်ဖွင့်ခဲ့တာပဲ” ဒိဝူ ပြော လေသည်။
“ဒီတစ်ခုကလား” ရှီမာယူယူသည် လက်ထဲမှ အရိုးပလွေကို ကြည့်လိုက် သည် “အခုမင်းပြောမှပဲ အရှေ့မျှတမှုမြို့တော်မှာ ပလွေသံတကယ်ပဲရှိခဲ့ တယ်… အဲဒါက ဒီပစ္စည်းကနေထုတ်တာလား”
“ဖြစ်နိုင်လောက်မယ်” ဒိဝူ ပြောလိုက်သည် “ဒီအရိုးပလွေ သခင်မလေး မှာရှိတယ်ဆိုတာကို တခြားဘယ်သူ့ကိုမှ အသိပေးလို့မရဘူး၊ မဟုတ်ရင် တစ္ဆေ မျိုးနွယ်ကလူတွေက သခင်မလေးကို သေချာပေါက် ပြဿနာလာရှာလိမ့်မယ်”
“ဒါက အဲလိုသွေးဆောင်နိုင်တာလား” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက တစ္ဆေလောကရဲ့ အဆင့် ၁၀ အမှောင် လက်နက်ကိရိယာပဲ၊ တစ္ဆေတစ်ရာအလံတော်၊ အရိုးပလွေ၊ ဝိညာဉ်ဆွဲချိပ် အဲလိုမျိုးတွေက ထိပ်တန်းပစ္စည်းတွေပဲ၊ အမှောင်အံ့ဖွယ်လက်နက်တွေပိုင်တဲ့ လူပေါ်လာရင် တစ္ဆေလောကကို အချင်းချင်းပြန်တိုက်ခိုက်စေပြီး သွေးမုန်တိုင်း တိုက်သွားစေနိုင်တယ်”
“အားကောင်းလိုက်တာ” ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် ရတနာ များကို နှစ်သက်သည်။
“ဝုတ် ဝုတ် ဝုတ်” အမည်းလေးသည် ရှီမာယူယူ ပျော်ရွှင်သည်ကိုမြင် သောအခါ သူပါ လိုက်ပျော်လာသည်။
ရှီမာယူယူသည် အရိုးပလွေကို သိမ်းပြီး အမည်းလေးကို ကောက်ချီကာ ပြောလိုက်သည် “အရင်ပိုင်ရှင်က မိုးကြိုးဘေးသင့်မှုကြောင့် သေသွားတာဖြစ် မယ် အဲဒါကြောင့် ဒီမှာကျန်ခဲ့တာပဲ၊ အမည်းလေး မင်းက ငါ့အတွက် အထူး တလည် ကောက်လာတာမား”
“ဝုတ် ဝုတ် ဝုတ်” အမည်းလေးသည် ပျော်ရွှင်စွာြဖင့် အမြီးနန့်လေသည်။
“အိမ်ပြန်တဲ့အထိစောင့်ပြီးမှ အချိန်ယူပြီး ဒီအကြောင်းကို ထပ်ပြီး ရှာကြည့်ရမယ်၊ ကောင်းပြီ သွားရအောင်” သူမသည် တစ်ခါသုံးဖြတ်လမ်း တည်ဆောက်မှုထုတ်ပြီး အားလုံးကိုပြောလိုက်သည်။
“ဂရုစိုက်ပါ” ရှီမန်ဖန် ပြောလိုက်သည်။
“ဆရာ ဘေးကင်းကင်းနဲ့ပြန်လာမယ်ဆိုတာ ကျွန်တော်ယုံတယ်” ဖန်ခိုင် ပြောလိုက်သည်။
“ဒီဘက်ကကိစ္စတွေကို ကျုပ်တို့ ဖြေရှင်းလိုက်ပါမယ်၊ ဒုခေါင်းဆောင် အဲဒီကိုရောက်ရင် ဒီကကိစ္စတွေကို စိုးရိမ်ဖို့မလိုပါဘူး” ဘိုင်ရှန်း ပြောလေသည်။
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး ခေါင်းညိတ်ပြီးနောက် တည်ဆောက်မှု ကို အသက်သွင်းလိုက်ရာ အားလုံးလျှောက်ဝင်သွားလေသည်။
သူတို့ပတ်ပတ်လည်တွင် တည်ဆောက်မှုအလင်းတန်းထွက်ပေါ်လာပြီး သူတို့သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
“အသည်းကွဲတောင်ကြားမှာ ပြဿနာတစ်ခုခုဖြစ်ရင် ဒါကိုသုံးပြီး ကျုပ်ကို လာရှာပါ” ရှီမာကျိယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ရှီမန်ဖန်လက် ထဲသို့ထည့်လိုက်သည် “ဒါကို ဘယ်လိုသုံးပြီး ကျုပ်ကိုရှာရမလဲဆိုတာကို သိ တယ်မလား”
“သိပါတယ်” ရှီမန်ဖန် ပြောလိုက်သည်။
“အင်း သူမသွားပြီဆိုတော့ မင်းတို့ကို ဂရုစိုက်ပေးရမှာပေါ့၊ ဘယ်လိုလုပ် ရမယ်ဆိုတာ သိမှတော့ ထပ်ပြီးမပြောတော့ဘူး” ပြောပြီးနောက်တွင် သူ ဝင်ပေါက်ဖွင့်ကာ လေဟာပြင်ကိုဖြတ်ပြီး ထွက်သွားလေသည်။
ဘိုင်ရှန်းသည် ရှီမန်ဖန် စိုးရိမ်နေသည်ကို မြင်သောအခါ ပြောလိုက်သည် “စိတ်ချပါ ယူယူ ဘယ်လောက်သန်မာလဲဆိုတာ ခေါင်းဆောင်လည်းသိတာပဲ သူမ အဆင်ပြေမှာပါ ဘယ်လိုပဲဖြစ်ဖြစ် သွေးမိစ္ဆာမြို့တော်က လူတွေလည်းရှိ သေးတယ်လေ”
“အင်း သွားကြတာပေါ့ ရင်ယန်နဲ့ ကျုံကျန်းမျိုးနွယ်ကို ရှင်းဖို့အချိန် ရောက်ပြီ”
….
ထိုတည်ဆောက်မှုသည် သူမ စောင့်ဆိုင်းနေသည့်အချိန်အတွင်း ဖန်မင်မှ သူမကို ကူညီပြီးလုပ်ပေးခဲ့သည့်အရာဖြစ်သည်။ သည်တစ်ခေါက် အကွာအဝေး မှာဝေးကွာလှဖြင့် ထိုမျှအကွာအဝေးကို ရှီမာယူယူ ဆောက်ရန်မဖြစ်နိုင်သေး ပေ။
သူမ တောင်လွင်တီးခေါင်မြေသို့ ဘာကြောင့်သွားချင်သည်ကို ဖန်မင် သိချင်သော်လည်း များများစားစား မမေးဘဲ သူမအတွက်လုပ်ပေးလိုက်သည်။
တောင်လွင်တီးခေါင်မြေ၏ တောင်ဘက်သည် အဆုံးမရှိသော စိမ့်မြေ ဖြစ်သည်။ အလယ်ပိုင်းဒေသများတွင် အန္တရာယ်အများဆုံး စိမ့်မြေဟု လူသိများ သည်။ ထိုစိမ့်မြေသည် စေးကပ်ပြီး ဝါးမျိုနိုင်သည့် ရွံ့မြေဟုပင် ပြောကြသည်။ လူတစ်ယောက်ဝင်သွားပါက ထွက်လာရန်ခက်ခဲသည်။
စိမ့်မြေ၏ နေရာလွတ်တစ်ခုတွင် တည်ဆောက်မှုဝင်ပေါက် ရုတ်တရက် ပေါ်လာပြီး ရှီမာယူယူတို့ အဖွဲ့ထွက်လာကြသည်။
ရှီမာရှုံ့ချီသည် အနည်းငယ်ကြည့်လိုက်သည်နှင့် ထိုနေရာကို မှတ်မိသွား ပြီး ပြောလိုက်သည် “ဒါက တောင်လွင်တီးခေါင်မြေရဲ့ နုံးမြေပဲ”
“တောင်လွင်တီးခေါင်မြေရဲ့ နုံးမြေဟုတ်လား ဘာလို့ဒီကိုရောက်လာတာ လဲ” ရှီမာလျူဖန်သည် ထိုနေရာအကြောင်းကို သိသည်။ သူတို့ ချက်ချင်းပင် ထိုနေရာသို့ရောက်လာလိမ့်မည်ဟု ထင်မထားကြပေ။
“တစ္ဆေမြို့တော်က ဒီမှာလား” ရှီမာလျူယွင် မျက်မှောင်ကြုတ်လိုက် သည်။
“ရင်လင်းပေးတဲ့ နယ်နိမိတ်ကိုသုံးပြီး ဥက္ကဌဖန်ကို အကူအညီတောင်းပြီး ဒီတည်ဆောက်မှုကို လုပ်လိုက်တာပဲ၊ အဲတော့ မှန်လောက်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“တစ္ဆေမြို့တော်ကို သွားဖို့ဆိုရင် တောင်လွင်တီးခေါင်မြေကို ဖြတ်ဖို့လို မယ်လို့ ဆရာအရင်ကပြောတယ်” လက်ထော်ကလေးသည် သူတို့နေရာမှန် ကြောင်းကို သက်သေထူပြောလေသည်။
“ဒါပေမဲ့ ငါတို့အရင်က ဒီကိုရောက်ဖူးတယ် ဘာမှထူးခြားတာမတွေ့ဘူး” ရှီမာလျူဖန် ပြောလိုက်သည်။
ရှီမာလျူရွှမ်ကိုရှာရန်အတွက် ထိုနှစ်များတွင် သူတို့သည် နေရာများစွာ ကိုသွားခဲ့သည်။ တောင်လွင်တီးခေါင်လည်း အပါအဝင်ပင်။ သူတို့အရင်က ထိုနေရာသို့လာစဉ်က ပုံမှန်မဟုတ်သည်ကို မတွေ့ခဲ့ပေ။
“လက်ထော်ကလေးသိမှတော့ လမ်းပြပေးပါ”
လက်ထောက်လေးခေါင်းရမ်းလိမ့်မည်ဟု မည်သူမှမထင်မှတ်ထားပေ။ သူပြောလိုက်သည်မှာ “ဒါပြီးရင် လမ်းကြောင်းကို ကျွန်တော်လည်းမသိဘူး”
***