← Chapters

နိုဗာရေပြင်သို့ထွက်ခွာပြီး နတ်ဆိုးသုတ်သင်ရေးခန်းမတွင် စုစည်းခြင်း

Vol. 29 Ch. 555

နိုဗာရေပြင်သို့ထွက်ခွာပြီး နတ်ဆိုးသုတ်သင်ရေးခန်းမတွင် စုစည်းခြင်း

Vol. 29 Ch. 555

ကျန်းချန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

“ကျုပ်၊ ကျုပ်ဇနီးနဲ့ ညီအစ်ကိုထန်တို့ကတော့ သေချာပေါက်သွားမယ်။ မင်းတို့အတွက်ကတော့….”

ကျန်းချန်းရွှမ်က ခနရပ်လိုက်ပြီးကာမှ ဆက်ပြောလေသည်။

“ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို မိသားစုကိုကာကွယ်ဖို့နဲ့ မတော်တဆတစ်ခုခုဖြစ်ရင် ကာကွယ်ဖို့ ထားခဲ့ပြီး ကျန်တဲ့သူတွေကတော့ အကုန်လိုက်ရမယ်။ ကျီဖုအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ချီသန့်စင်ခြင်းအဆင့်တွေမှာ ကောင်းတဲ့သူတွေကို ရွေးချယ်ပြီး တို့နဲ့အတူလိုက်ရမယ်။

အချုပ်ပြောရရင် နတ်ဆိုးကပ်ဘေးအတွက် ကျန်းမိသားစု၊ ရှန်းမိသားစုအပါအဝင် ကျုပ်တို့ လူအင်အား ၈၀ ရာခိုင်နှုန်းလောက်ထုတ်ဖို့လိုမယ်။

ကျန်းနိုင်ငံက အခြားဂိုဏ်းတွေနဲ့ မိသားစုတွေကလည်း ခြွင်းချက်မရှိဘူး။ ကျုပ်တို့ရဲ့ စံနှုန်းအတိုင်းပဲ လိုက်ရမယ်။”

ကျန်းချန်းရွှမ်၏ စကားကိုကြားလျှင်၊ လူတိုင်း၏အမူအရာက ပုံမှန်မဟုတ်ဘဲ လေးနက်တည်ငြိမ် သွားကြသည်။

သူတို့သည် ကျန်းနိုင်ငံတစ်ခုတည်းမှပင် ထိုကဲ့သို့ ကျင့်ကြံသူများစွာကို လွတ်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

အခြားနေရာများတွင်ကော?

အရေအတွက်ပိုများလိမ့်မည်လား?

သံသယဖြစ်ဖွယ်မရှိပါ။

အဆုံး၌ စကားပြောပြီးနောက်၊ ကျန်းနိုင်ငံ၏ ကျင့်ကြံသူအရေအတွက်က သံသယမရှိစွာပင် အခြားနိုင်ငံများထပ် နည်းနေသေးသည်။

ထိုနှစ်များ၌ ကျန်းမိသားစုနာမည်ကြီးလာရသည့်အကြောင်းမှာ မဟာကျင့်ကြံသူများနှင့် ယှဉ်နိုင်သော ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကြောင့်သာ ဖြစ်သည်။

ထို့အပြင် သူတို့ ရရှိထားသည့် ကောင်းမြတ်ခြင်းခရမ်းရောင်ချီဘောလုံးက ကျင့်ကြံသူအများအပြားကို သူတို့အကြောင်းပိုမို၍ သိစေခဲ့သည်။

ထိုအချိန်တွင် လူတိုင်းက ဤနတ်ဆိုးကပ်ဘေးတွင် ကျင့်ကြံသူများပြားစွာ ပါဝင်မည့်အကြောင်းနှင့် တိုက်ပွဲတစ်ခုလုံး၏ စကေးကို ခန့်မှန်းမိနေပြီဖြစ်သည်။

ထိုတိုက်ပွဲမျိုးတွင် မည်သူမှ အသက်ရှင်လျှက်ပြန်လာနိုင်မည်အကြောင်း အာမမခံနိုင်ကြပါ။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အပါအဝင်ပင်ဖြစ်သည်။

ထိုအချိန်တွင် ကျန်းချန်းရွှမ်က ကျန်းအန်းရန်ဖက်သို့လှည့်ကာပြောလိုက်သည်။

“အန်းရန်၊ နတ်ဆိုးကပ်ဘေးနဲ့ စစ်ပွဲအတွက်ပြင်ဆင်ဖို့အတွက်ကိစ္စနဲ့ပက်သက်ပြီး ငါမင်းကို ဂိုဏ်းအသီးသီးနဲ့ မိသားစုအသီးသီးကို ကိုယ်တိုင်သွားပြီး ညွှန်ကြားချက်တွေပေးစေချင်တယ်။”

“ဟုတ်ကဲ့ပါ ဆရာ။”

ကျန်းအန်းရန်က တည်ငြိမ်စွာပင် အမိန့်ကိုနာခံလိုက်သည်။

ထို့နောက် ကျန်းချန်းရွှမ်က ကျန်းရန်ယီ၊ ကျန်းရန်တောက် နှင့် အခြားသူများကို ကြည့်လိုက်သည်။

“ကျန်းမိသားစုက ဘယ်သူ့ကိုပို့မလဲဆိုတာ မင်းတို့ပေါ်မူတည်သွားပြီ။ ဒီကိစ္စအတွက် ငါမင်းတို့ကို တလအချိန်ပေးမယ်။ တစ်လအတွင်း လူတိုင်း နိုဗာရေပြင်ကိုသွားဖို့ ပြင်ဆင်ထားကြပါ။”

“ဟုတ်ကဲ့ပါခင်ဗျ”

ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် အခြားသူများသည်လည်း အမိန့်ကိုတည်ငြိမ်စွာလက်ခံလိုက်သည်။

….

ရက်အနည်းငယ်အကြာတွင်။

ကျန်းမိသားစု၏ အမိန့်အောက်မှ ကျန်းနိုင်ငံတစ်ခုလုံးသည် လှုပ်ရှားမှုများနှင့် ပြည့်နေလေသည်။

ကျန်းမိသားစုနှင့်ရှန်းမိသားစုတို့မှစ၍ ကျောက်စိမ်းရေဓားစင်မြင့်၊ ကောင်းကင်ယွဲ့ဂိုဏ်း၊ ကန်းယန်ဂိုဏ်း၊ ပိုင်ယွင်ဂိုဏ်းနှင့် အခြားတို့ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်အထက်မှ အင်အားစုတိုင်းက ထိုအမိန့်ကို နာခံရသည်။

ထိုအကြောင်းကြောင့် အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်ဖြစ်သောထန်ပိုင်ရှန်းသည်ပင် ကျန်းအန်းရန်ကိုကူညီရန် ကိုယ်တိုင်လိုက်သွားပေးသည်။

ထိုတစ်ချက်လွတ်အမိန့်ကြောင့် မည်သည့်အင်အားစုမှ ကျန်းနိုင်ငံတစ်ခုလုံးက မငြင်းပယ်ရဲကြပါ။

….

တစ်လအကြာတွင်။

မှော်ဝင်တိုင်တောင်၏ပတ်ပတ်လည်တွင် ကြီးများသည့် တိုက်လေသင်္ဘောများသည် ကြမ်းကြုတ်သော သားရဲများဆက်သွယ်ထားသည့် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ထိုနေရာ၌ အဆင့်(၅) တိုက်လေသင်္ဘော ၆စီးနှင့် အဆင့်(၄)တိုက်လေသင်္ဘောအစီး ၂၀ ကျော် ရှိလေသည်။

အဆင့်(၃) တိုက်လေသင်္ဘောအနေဖြင့် အစီး ရာကျော်ပင် ရှိလေသည်။

ကျန်းချန်းရွှမ်၏ အမိန့်နှင့် တိုက်လေသင်္ဘောများနှင့် ကျင့်ကြံသူများသည် စထွက်ကြသည်။

များမကြာမှီတွင်၊ ကောင်းကင်ယံ၌ အလင်းတန်းများတောက်ပသွားသည်။

ခနအကြာတွင်၊ အလင်းတန်းများက နိုင်ငံကို ထွက်ခွာသွားကာ နိုဗာရေပြင်ကို ဦးတည်၍ ပျံသန်းသွားသည်။

…..

လအနည်းငယ်အကြာတွင်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က ကိုယ်တိုင် ကျင့်ကြံသူအုပ်စုတစ်ခုကိုဦးဆောင်ကာနိုဗာရေပြင်ဆီသို့ သွားလိုက်ကြကာ သူတို့သည် ကျင့်ကြံသူအများစုက ထိုနေရာတွင်စုစည်းနေကြပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သူတို့အထဲတွင် နိုဗာရေပြင်မှ ကျင့်ကြံသူများသာမက ကျန်းချန်းရွှမ်းတို့ကဲ့သို့ ဖိတ်ခေါ်ခြင်းခံရသော ကျင့်ကြံသူများလည်း ပါကြသည်။

ကြည့်လိုက်သောအခါ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်သည် အမြန်ပင် ကျင့်ကြံသူများထဲတွင် ရင်းနှီးသည့်သူများကို တွေ့လိုက်ကြရသည်။

စံသခင်ကျယ်ပြောခြင်းမြစ်နှင့် သူ၏တပည့် ကွမ်းရှင်းထင်နှင့် အခြားသူများလည်းရှိနေသည်။

ထိုသူတို့ထပ် သူတို့ထပ်အရင်ရောက်နေသော ယန်ဝူရွှမ်း၊ တိရှင်းကျဲနှင့် အခြားသူများကိုလည်း တွေ့လိုက်ရသည်။

မကြာမီ သူတို့သည် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ရှေ့သို့ ရောက်လာကြသည်။

စကားစမြည်ပြောကြပြီးနောက် ယန်ဝူရွှမ်းက ပြုံးကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ ရှင်တို့အခုမှ ရောက်တာဆိုတော့ အရင်နေဖို့လုပ်လိုက်ပါဦး။ ရှင်တို့ရဲ့လူတွေကိုနေရာချပေးပြီးမှ ကျွန်မတို့နဲ့အတူ နတ်ဆိုးသုတ်သင်ရေးခန်းမကို သွားရအောင်။

စကားမစပ် နတ်ဆိုးသုတ်သင်ရေးခန်းမက ကျွန်မတို့ ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုတွေက ဆောက်ထားတဲ့ အဓိကကိစ္စကြီးတွေကို ဆွေးနွေးကြတဲ့နေရာပါ။”

ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများက ခေါင်းညိတ်လိုက်သည်။

မကြာမီ ယန်ဝူရွှမ်နှင့် တိရှင်းကျဲ့တို့က အရေးကြီးကိစ္စများ တက်ရောက်စရာရှိသဖြင့် နှုတ်ဆက်သွားခဲ့သည်။

စံသခင်ကျယ်ပြောခြင်းမြစ်က ပြုံးကာ ပြောသည်။ “တာအိုရောင်းရင်းတို့ အကယ်၍ ခင်ဗျားတို့ စိတ်မရှိရင် ကျွန်တော်ခင်ဗျားတို့နေဖို့ ခံတပ်ကိုရွေးရအောင် ခေါ်သွားပေးပါ့မယ်။”

စံသခင်ကျယ်ပြောခြင်းမြစ်၏စကားကိုကြားလျှင် ကျန်းချန်းရွှမ်က ပြုံးကာ သူ့အား ကျေးဇူးတင်လိုက်လေတော့သည်။

“အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်း။”

သူစကားပြောရင်း စံသခင်ကျယ်ပြောခြင်းမြစ်၊ ကွမ်းရှင်းထင်နှင့် အခြားသူများက ကျန်းချန်းရွှမ်နှင့် အခြားသူများကို အချို့ခံတပ်နေရာများသို့ ခေါ်သွားလေသည်။

***

All Chapters