← Chapters

နိုဗာရေပြင်သို့ထွက်ခွာပြီး နတ်ဆိုးသုတ်သင်ရေးခန်းမတွင် စုစည်းခြင်း (၂)

Vol. 29 Ch. 556

နိုဗာရေပြင်သို့ထွက်ခွာပြီး နတ်ဆိုးသုတ်သင်ရေးခန်းမတွင် စုစည်းခြင်း (၂)

Vol. 29 Ch. 556

စံသခင်ကျယ်ပြောခြင်းမြစ်အားဖြင့် ကျန်းချန်ရွှမ်နှင့် အခြားသူများက ခံတပ်ဟုခေါ်သည့် နေရာများသည် ယာယီတဲများဖြစ်ကာ ကျင့်ကြံမှုနှင့် ပါရမီများ၏ ချီစွမ်းအားပေါ်မူတည်၍ ခွဲခြားထား‌ကြောင်းသိရှိခဲ့ရသည်။ အချို့သူများ၌ ချီဝိညာဉ်နည်းပါပြီး အခြားသူများကအများအပြားရရှိပေသည်။

သေချာသည့်နေရာတွင်ရှိသည့် ချီဝိညာဉ်က မီး၊ လေ၊ ရေ နှင့် သစ်သားဓာတ်များနှင့် တိမ်းညွှတ် စေခဲ့ပေသည်။ ကျယ်ပြောခြင်းမြစ်စံသခင်ကဲ့သို့ ထိုနေရာတွင်နေထိုင်သည့် ကျင့်ကြံသူများမှလွဲ၍ ထိုအသေးစိတ်အကြောင်းများကို အပြင်လူများတော်တော်များများ မသိကြပေ။

သူ၏အကြံဉာဏ်ကိုလိုက်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သက်ဆိုင်သည့်နေရာကို ရွေးချယ်ခဲ့ကြသည်။

ထိုနေရာက ဝိညာဉ်ချီသိပ်သည်းဆနှင့် ပင်ကိုယ်အရည်အချင်းတို့ ဟန်ချက်ညီကာ အကောင်းဆုံး ဖြစ်သည့်နေရာဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ စခန်းအစီအရင်၏ အလယ်ဗဟိုနှင့် နီးသောနေရာဖြစ်သည်။

မမျှော်လင့်ထားသော အရာတစ်ခုခုဖြစ်ခဲ့လျှင် သူတို့သည် ယာယီစခန်း၏ အစီအရင်အကာအရံကို မှီခိုနိုင်သည်။ ၎င်းသည် လုံခြုံသည့်နေရာဖြစ်သည်။

ကျန်းချန်ရွှမ်ကသူခေါ်လာသည့် လူများအားလုံးအတွက်နေရာကိုစီစဉ်ပြီးနောက် ယန်ဝူရွှမ်းနှင့် အခြားသူများကို သတင်းပို့လိုက်သည်။

မကြာမီ၊ ယန်ဝူရွှမ်း တိရှင်းကျဲ့ နှင့် အခြားသူများက ကျန်းချန်ရွှမ်၏ဖက်သို့ ရောက်လာကြသည်။

ကျန်းချန်ရွှမ်တို့ ရွေးချယ်ထားသည့် နေရာကိုကြည့်ကာ တိရှင်းကျဲ့က ပြုံးလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ ဒီနေရာမှာ ဝိညာဉ်ချီကတည်ငြိမ်တယ်။ ပြီးတော့ စခန်းတစ်ခုလုံးရဲ့ အဓိကနေရာမှာရှိပြီး တော်တော်လေးကောင်းတဲ့နေရာပဲ။”

“ဟဲဟဲ၊ ဒီအကြောင်းကိုပြောရရင် တာအိုရောင်းရင်း ကျယ်ပြောခြင်းမြစ်ရဲ့ ကျေးဇူးတွေပါပဲ။”

စကားပြောနေရင်းနှင့် သူတို့သည် နတ်ဆိုးသုတ်သင်ရေးခန်းမသို့ ပျံသန်းသွားကြသည်။

နတ်ဆိုးသုတ်သင်ရေးခန်းမသည် ကြီးကျယ်ခမ်းနားသောနန်းတော်ခန်းမကြီးဖြစ်သည်။

ထိုနေရာတွင် ကန့်သတ်ထားသော အစီအရင်များပါရှိသည်။ အထူးသဖြင့် နတ်ဘုရားအာရုံခံ ခြင်းအမျိုးအစားများအား သီးသန့်ခွဲထုတ်လျှင်ပင် ထို့ထက်ပို၍သာလွန်နေသေးသည်။

သူတို့ကဲ့သို့ အခြေတည်ဝိညာဉ်ကျင့်ကြံသူများကိုမဆိုနှင့်၊ ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင် များပင် အထဲတွင်ရှိသောကန့်သတ်ချက်များနှင့် အစီအရင်များကိုဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲသည်။

ကျန်းချန်ရွမ်နှင့်အခြားသူများကနတ်ဆိုးသုတ်သင်ရေးခန်းမသို့၀င်လာစဉ် အခြားသူများက စုဝေးနေကြပြီ ဖြစ်ကြောင်း‌တွေ့ရှိခဲ့ကြသည်။

ထို့အပြင် ရှိနေသောသူများက အခြေတည်ဝိညာဉ်အဆင့်များဖြစ်ကြသည်။

သူတို့အထဲတွင်ရှိသောသူများက နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်သခင်တို့ဖြစ်ကြသည်။

ထို့အပြင် ချောင်၊ လျူနှင့် လုမိသားစုများမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် မင်ကျန်းဂိုဏ်းမှ ဖေ့တောက်ချီကို တွေ့ခဲ့ရသည်။

“တာအိုရောင်းရင်းကျန်း….”

ထိုအချိန်တွင် သူတို့ထပ် အရင်ရောက်နေသော နှင်းပန်းပွင့်စံသခင်နှင့်ကြယ်ပင်လယ်စံသခင်တို့က သူတို့ဆီသို့လျှောက်လာခဲ့သည်။ ထိုအချိန်တွင်သူတို့နောက်မှ လူနှစ်ဦးလိုက်လာခဲ့သည်။

အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုအမျိုးသားသည် ကျက်သရေရှိကာ ယဉ်ကျေးသိမ်မွေ့ပြီး အမျိုးသမီးသည် သိက္ခာရှိကာ လှပသည်။ သူတို့၏ ကျင့်ကြံဆင့်များသည် အခြေတည်ဝိညာဉ်အလယ်ဆင့်များ ဖြစ်ကြသည်။

နှစ်ဖက်စလုံးတွေ့ ကြသည်နှင့် ကြယ်ပင်လယ်သခင်ကပြုံးကာ သူတို့အား ကျန်းချန်ရွှမ်တို့နှင့် မိတ်ဆက်ပေးလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ယောက်ကတော့ ကြယ်ပင်လယ်ဂိုဏ်းက အကြီးအကဲများဖြစ်ကြတဲ့ တုကူးပိုင်ဖေးနှင့် စစ်ထူရှန်းတို့ပါ ”

ပြီးနောက်သူသည် တုကူးပိုင်ဖေးနှင့် စစ်ထူရှန်းတို့အား ကြည့်ကာပြုံးလိုက်သည်။

“ဒါကတော့ ကျုပ်အရင်ကပြောဖူးတဲ့ တာအိုရောင်းရင်းကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ပါ။ ဒါကတော့ ကျန်းမိသားစုရဲ့ အကြီးအကဲ ထန်ပိုင်ရှန်းပါ။”

“တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်းတို့ စွမ်းအားကြီးတာကို ကြားဖူးတာ ကြာပါပြီ။ ဒီနေ့တွေ့တော့ ဂုဏ်သတင်းအတိုင်းပါပဲလား။”

တုကူးပိုင်ဖေးက လက်များကိုဆုပ်ကာ ကျန်းချန်ရှန်နှင့်ရှန်းရူယန်ကို နွေးထွေးစွာနှုတ်ဆက်လိုက်သည်။

တစ်ချိန်ထဲမှာပင် သူတို့ဘေးတွင်ရှိနေသော ထန်ပိုင်ရှန်ကိုလဲမမေ့ပဲ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

ထိုစကားကိုကြား၍ ကျန်းချန်ရွှမ်ကလဲ လက်များကိုဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း တုကူး၊ ခင်ဗျားကျုပ်ကို မြှောက်နေတာပဲ၊ ကျုပ်တို့ဇနီးမောင်နှံကလဲ တောင်ပိုင်းပင်လယ်က မသေမျိုးနှစ်ယောက်ဖြစ်တဲ့ခင်ဗျားတို့ ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပါပြီ။

ဒီနေ့ဒီမှာတွေ့ရတာ ၀မ်းသာဂုဏ်ယူစရာပါပဲ”

ကျန်းချန်ရွှမ်က လူသစ်မဟုတ်တော့ပဲ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ ကျင့်ကြံခြင်းအဆင့်တွင် သူတို့၏အဆင့်အတန်းကို အမှတ်တမဲ့ဖြစ်နေခဲ့သည်။

အနည်းဆုံး သူနှင့်ရှန်းရူယန်တို့က သူတို့အား ကြားဖူးသည်။ သူတို့သည် မှန်ကန်သောကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။

အရေးကြီးဆုံးအချက်မှာ သူတို့၏ကျင့်ကြံဆင့်က အခြေတည်ဝိညာဉ် အလယ်ဆင့်သာရှိသေးသည်။

ကျန်းချန်ရွမ်သိသလောက်ယခင်နှစ်အစောပိုင်းများက ထိုနှစ်ယောက်သည် အထူးခုတ်ပိုင်းသည့် တိုက်ခိုက်မှုနည်းစနစ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။

တစ်ကြိမ်တိုးတက်သွားသည်နှင့်ချက်ခြင်းပင်၊ သူတို့၏အခြေတည်ဝိညာဉ်အလယ်ဆင့်၏ စွမ်းအားကို ကျော်လွန်သွားစေပြီး မဟာကျင့်ကြံသူအဆင့်သို့ ရောက်ရှိသွားစေမည်ဖြစ်သည်။

ထိုကြောင့်..

များစွာသောကျင့်ကြံသူများသည်တောင်ဖက်ပင်လယ်မှ မသေမျိုးနှစ်ဦးကို အခြေတည်ဝိညာဉ် နောက်ဆုံးဆင့်ဟု သတ်မှတ်ထားကြသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများက စကားပြောနေရင်း နတ်ဆိုးသုတ်သင်ရေးခန်းမသို့ အခြားသူများထပ် ဝင်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းတွင်ပင်၊ နတ်ဆိုးသုတ်သင်သူခန်းမတွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူ အရေအတွက်သည် တစ်ရာကျော်ပင် ရှိလာခဲ့သည်။ ထိုအချိန်၌ပင် များစွာသော လွန်ကဲသည့် စွမ်းအားကြီးသော အရောင်အဝါများသည် ရုတ်တရက် လူတိုင်း၏နတ်ဘုရားအာရုံတွင်ပေါ်လာခဲ့သည်။

လူတိုင်းက ချက်ခြင်းပင် လှည့်ကြည့်လိုက်ကြသည်။

ပြီးနောက် ထိပ်တွင် ပုံရိပ်လေးခုထွက်ပေါ်လာခဲ့ပြီး တည်ငြိမ်စွာရပ်နေကာ သူတို့၏ အရိပ်က ဝိုးတဝါးဖြစ်လျှက် နတ်ဘုရား၏အသွင်ကို ဖော်နေသည်။

၎င်းတို့သည် မြောက်ပိုင်းနယ်နိမိတ်က ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များ ဖြစ်ကြသည်။

ကောင်းကင်သခင်ကျီယန်မီးတောက််၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းနှင့် မကြာသေးမီက အဆင့်တက်သွားသော ကောင်းကင်သခင် ရွှမ်းယန်တို့ဖြစ်ကြသည်။

ထိုသူလေးဦးက ဤနတ်ဆိုးကပ်ဘေးကိုတားဆီးမည့် စစ်ပွဲကို ဦးဆောင်သူများဖြစ်ကြသည်။

ထိုအချိန်တွင် ကောင်းကင်သခင်ကျီယန်မီးတောက််မှ ပြောလိုက်သည်။

“ကျုပ်ခင်ဗျားတို့ကို ဒီမှာစုဝေးစေရတဲ့အကြောင်းအရင်းကတော့ ဒီနတ်ဆိုးကပ်ဘေးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးကြဖို့ပါ။ ဒါပေမဲ့လဲ အဲ့တာမလုပ်ခင်မှာ ကျုပ်တို့လုပ်ရမဲ့ ပထမဆုံးတစ်ခုက နတ်ဆိုးကျင့်ကြံသူများထဲက သူလျိုရှိမရှိဆိုတာ အတည်ပြုဖို့လုပ်ရမှာပါ။”

“နတ်ဆိုးကျင့်ကြံသူ သူလျိုတွေလား?”

သူတို့သည် ကောင်းကင်သခင် ကျီယန်မီးတောက်၏စကားကိုကြားလျှင် လူအများစု၏အမူအရာက အေးစက်သွားသည်။

အခြေတည်ဝိညာဉ်ကျင့်ကြံသူများတစ်ဦးပြီးတစ်ဦး နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားသည်ကို သိသောကြောင့် ရှိနေသောလူတိုင်းကို စစ်ဆေးရန်လိုအပ်ကြောင်း စဉ်းစားမိကြသည်။

မဟုတ်လျှင် နတ်ဆိုးကျင့်ကြံသူ သူလျိုများက နတ်ဆိုးကပ်ဘေးကို ရင်ဆိုင်မည့် သူတို့၏နည်းလမ်း များကို သိသွားလျှင် လူသားများဖက်မှ ကျရှုံးမည်မှာ မခန့်မှန်းနိုင်တော့ပါ။

ထိုကိစ္စသည် ဟာသတစ်ခုမဟုတ်ပေ။

ဒါကြောင့်… ကောင်းကင်သခင်ကျီယန်မီးတောက်က ပြောပြီးသည်နှင့် ကျင့်ကြံသူများက ထောက်ခံသည်ကို ပြကြသည်။

“စီနီယာကျီယန်မီးတောက်ပြောတာ အဓိပ္ပာယ်ရှိတယ်။ စီနီယာကျီယန်မီးတောက်် ကျေးဇူးပြု၍ ကျုပ်တို့ထဲမှာ နတ်ဆိုးကျင်ကြံသူ သူလျိုရှိမရှိကိုသေချာအောင် လုပ်ပေးပါ။”

လူတိုင်းက စကားပြောပြီးသည်နှင့်၊ ကောင်းကင်သခင်ကျီယန်မီးတောက်် တုံ့ဆိုင်းမနေတော့ပေ။

သူက သူ၏လက်များကိုမြောက်ကာ ဝေ့ယမ်းလိုက်သည်။

ကျီ….

နေရာလပ်ထဲမှ အလင်းအလွှာများကိုထုတ်လွတ်နေသော ရတနာမှန်သည် ထွက်ပေါ်လာခဲ့သည်။

၎င်းသည် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်နှင့်အခြားသူများ ပူးပေါင်းသန့်စင်ထားသည့် အဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာ မဟာနေမင်းမှန်ဖြစ်သည်။

ထိုမှန်၏ ရုတ်တရက်ထွက်ပေါ်လာမှုကို မြင်လိုက်ရသောကြောင့် ကျင့်ကြံသူမျာက ချက်ခြင်း ထိတ်လန့်သည့်အမူအရာများပြလာကြသည်။

သို့ရာတွင်သူတို့ဘာမှ မလုပ်နိုင်မီတွင် လင်းလက်တောက်ပနေသည့် ရွှေရောင်အလင်းက မှန်မှ ထွက်ပေါ်လာခဲ့သည်။

၎င်းသည် ကြီးကျယ်ကာ ခမ်းနားသည်။

၎င်းသည် ရှေ့တွင်ရှိနေသောလူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ကျရောက်သွားသည်။

ချက်ခြင်းပင် ကျန်းချန်ရွမ်နှင့် အခြားသူများက ချက်ခြင်းပင် သူတို့အား ပွတ်သပ်နေပုံရသည့် အလွန်နူးညံ့သိမ်မွေ့သောစွမ်းအားကို ခံစားလိုက်ရသည်။ ၎င်းသည် သူတို့၏စိတ်များကို ချက်ခြင်း တုန်လှုပ်သွားစေသည်။

သို့ရာတွင် တစ်ချိန်တည်း၌ လူအုပ်ထဲမှ ၇ ယောက် ၈ ယောက်ခန့်က ရုတ်တရက် ဝမ်းနည်းဖွယ် အော်မြည်လာကြသည်။

ထိုသူများ၏ ခန္ဓာကိုယ်တွင် သိပ်သည်းသော နတ်ဆိုးချီများဖြင့် ဖုံးလွမ်းနေသည်။

နတ်ဆိုးချီထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အော်သံများက ရူးသွပ်စွာရုန်းကန်နေကြပြီး မဟာနေမင်းမှန်၏အလင်းတန်းအား ချိုးဖောက်နေသကဲ့သို့ပင်။

“ဟစ်…”

များစွာသောလူများက မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်ကြသည်။

သူတို့အထဲတွင် ထိုမျှလောက်များသော နတ်ဆိုးကျင့်ကြံသူများက ပုန်းအောင်းနေကြမည်ဖြစ်ကြောင်း သူတို့မထင်ထားကြပါ။

အကယ်၍ သူတို့သည် ဂရုမစိုက်ဘဲ ဤခြေလှမ်းကို ကျော်သွားမိခဲ့လျှင်….

ဖြစ်နိုင်ချေရှိသည့် အကျိုးဆက်များကိုတွေးနေရင်း သူတို့ကမနေနိုင်ပဲ ချွေးစေးများပြန်လာကြသည်။

“ဟွန်း”

တစ်ချိန်ထဲမှာပင် ကောင်းကင်သခင် ကျီယန်မီးတောက်က အေးစက်စွာနှာခေါင်းရှုံလိုက်သည်။

အမှန်မှာ…

သူသည်ပင် ထိုမျှလောက်များပြားသောနတ်ဆိုးကျင့်ကြံသူများသည် သူတို့ထဲတွင် ပုန်းအောင်နေလိမ့်မည်ဟု မထင်ထားပေ။

ခုနှစ်ဦးရှစ်ဦးက များနေပြီဖြစ်သည်။

ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူသည် ညာတာမှုမရှိတော့ပါ။

မဟာနေမင်းမှန်က များစွာသော ပြင်းထန်သည့်အလင်းတန်းများကို ဆက်တိုက်ထုတ်လွှတ်ခဲ့သည်။

အော်သံများက ရုတ်တရက်ပြင်းထန်လာခဲ့သည်။ ခဏအကြာတွင် နတ်ဆိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် ပြာများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

သူတို့၏ခန္ဓာကိုယ်နှင့်ဝိညာဉ်များသည် လုံး၀ဖျက်ဆီးခံလိုက်ရသည်။

***

All Chapters