← Chapters

ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်၊ နတ်ဆိုးကျင့်ကြံသူများကို ခြေရာခံခြင်း၊ စနစ်၏ တာဝန်

Vol. 29 Ch. 557

ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်၊ နတ်ဆိုးကျင့်ကြံသူများကို ခြေရာခံခြင်း၊ စနစ်၏ တာဝန်

Vol. 29 Ch. 557

ထိုမြင်ကွင်းသည် ချက်ခြင်းပင် လူတိုင်းကို ပင့်သက်ရှိုက်စေခဲ့သည်။

၎င်းသည် အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးကျင့်ကြံသူ ၈ဦး ဖြစ်သည်။

မှန်၏အောက်၌ သူတို့သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး မပျက်စီးသွားခင်အချိန်ထိ အသက်တစ်ချက်ပင် မရှုနိုင်ခဲ့ပါ။

လူတိုင်း ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က သန့်စင်သောယန်စစ်မှန်ရတနာနှင့်ပူးပေါင်းလျှင် မည်မျှစွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းကြောင်းခန့်မှန်းနိုင်သည်။

ကျီ…

ခနအကြာတွင် ကောင်းကင်သခင်ကျီယန်မီးတောက်က လက်ကို မြောက်လိုက်သည်။

မဟာနေမင်းမှန်မှ ပုံရိပ်ယောင်တစ်ထောင်ကျော် ထွက်ပေါ်လာကာ ရှိနေသောသူအယောက်စီတိုင်း၏ လက်ထဲ ညှင်သာစွာသက်ဆင်းသွားသည်။

ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့က ရုတ်တရက် သူတို့လက်ထဲ မှန်တစ်ချပ်ပေါ်လာကြောင်း တွေ့လိုက်ရသည်။

ထိုမှန်၏ မျက်နှာပြင်ပေါ်တွင် မြူများဝေနေသည့် ရတနာအလင်းက သက်ရောက်နေကာ ဆန်းကြယ်သည့်အရှိန်အဝါကို ထုတ်လွတ်နေသည်။

“စီနီယာကျီယန်မီးတောက်၊ ဒါက…?”

ထိုအချိန်တွင် လူတစ်ဦးက မနေနိုင်ဘဲ ကျီယန်မီးတောက်ကောင်းကင်သခင်ကို မေးလိုက်သည်။

ကောင်းကင်သခင်ကျီယန်မီးတောက်် က ဖြည်းဖြည်းပြောသည်။

“ခင်ဗျားတို့အားလုံးရတဲ့မှန်က သန့်စင်သောယန်စစ်မှန်ရတနာ မဟာနေမင်းကနေပြီး ဖန်တီးထားတာပါ။ ဒါကခင်ဗျားတို့ထဲက ကျင့်ကြံသူတစ်ဦးတစ်ယောက်က နတ်ဆိုးလမ်းစဉ်ကို ပြောင်းသွားမယ်ဆိုရင် ခင်ဗျားတို့ကို ကူညီနိုင်မှာပါ။

အသုံးပြုရမဲ့နည်းလမ်းကတော့ အရမ်းရိုးရှင်းပါတယ်။ ခင်ဗျားတို့လက်ထဲမှာရှိတဲ့ မှန်ကို ကြည့်ခိုင်းလိုက်ရုံပါပဲ။

အကယ်၍ အခြားတစ်ဖက်က နတ်ဆိုးနည်းလမ်းသို့ နတ်ဆိုးကျင့်ကြံသူတစ်ဦးရဲ့ အရှိန်အဝါရှိနေရင် ခင်ဗျားတို့ရဲ့လက်ထဲကမှန်က ချက်ခြင်း တုံ့ပြန်မှာပါ။ ဆန့်ကျင်ဘက်ဆိုရင်တော့ အဲ့ဒီလူက အဆင်ပြေပါတယ်။

ဒါပေမဲ့ … ဒီမှန်က အခြေတည်ဝိညာဉ်အဆင့်အောက်က ကျင့်ကြံသူတွေကိုသာသုံးလို့ရတယ်။ အသုံးပြုပြီးရင် ပျောက်ကွယ်သွားမှာပါ။ ဒါကြောင့် ဒီမှန်ကိုမသုံးခင်မှာ သင့်တော်တဲ့ စီစဉ်ထားမှုတွေ လုပ်ထားဖို့ လိုပါမယ်။”

ထိုအချိန်တွင်၊ ကောင်းကင်သခင်ကျီယန်မီးတောက််က ခနရပ်လိုက်ကာ ဆက်ပြောသည်။

“အခု ကျုပ်တို့ နတ်ဆိုးကပ်ဘေးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးနိုင်ပြီ။”

ထိုစကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်အပါအဝင် လူတိုင်းက နားစွင့်နေကြသည်။

သူတို့သည် အရေးကြီးသည့် အပိုင်းသည် နောက်ဆုံး၌ ရောက်လာပြီဖြစ်ကြောင်း သိကြသည်။

ထိုအချိန်တွင် ကောင်းကင်သခင်ကျီယန်မီးတောက် ဘေးတွင်ရှိနေသည့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က လေထဲသို့ လက်ညိုးထိုးလိုက်သည်။

ပြီးနောက်အလွန်ကြီးမားသည့် ပင်လယ်မြေပုံက လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က စကားစပြောသည်။

“ကျုပ်ရဲ့မှန်းဆချက်နဲ့ တာအိုရောင်းရင်းကျီယန်မီးတောက်တို့ရဲ့ မှန်းဆချက်များအရ နတ်ဆိုးကပ်ဘေးဟာ ပင်လယ်ကွေ့မှာ စတင်ပေါ်ပေါက်လာမှာဖြစ်တယ်။”

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်သည် ပြောရင်းနှင့် ပင်လယ်ကွေ့ကို လူတိုင်းကိုညွှန်ပြကာ မည်သို့သောနေရာဖြစ်ကြောင်းကိုပြသသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း အံ့ဩသွားကြသည်။

နှစ်ဦးသားသည် မမျှော်လင့်ထားဘဲ နတ်ဆိုးကပ်ဘေး၏ စတင်မည့်နေရာက ပင်လယ်ကွေ့တွင် ဖြစ်နေခဲ့သည်။

“ဒီအချိန်မှာ နိုဗာရေပြင်ရဲ့တစ်ဝက်လောက်မှာ နတ်ဆိုးကျင့်ကြံသူတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့လုပ်ဖို့လိုအပ်တာတစ်ခုက သူတို့ကို တားဆီးထားဖို့နဲ့ တိုက်ပွဲကို နိုဗာရေပြင် ပိုင်နက်အတွင်းမှာပဲ ဖြစ်ပွားစေဖို့ အကောင်းဆုံးကြိုးစားကြရမယ်။

ဒါပေမဲ့…

လိုအပ်လာခဲ့ရင် ကျုပ်တို့ရဲ့ ခုခံရေးလိုင်းကို ထပ်တိုးချဲ့နိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ဟာ သူတို့ကို ကောင်းကင်ဘုံအက်ကွဲကြောင်းလျိုစောက်နက် အပြင်ဖက်ထိ တားဆီးထားရမယ်။ ပြီးတော့ ကောင်းကင်ဘုံအက်ကွဲကြောင်းလျိုစောက်နက်ကို လုံးဝဖောက်ဝင်နိုင်စေလို့မရဘူး။”

ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ကောင်းကင်ဘုံအက်ကွဲကြောင်းလျိုစောက်နက်က နိုဗာရေပြင်နှင့် မြောက်ပိုင်းနယ်နိမိတ်အတွင်းရှိမြေများအကြား နယ်စပ်ဖြစ်သည်။

အကယ်၍ နတ်ဆိုးကျင့်ကြံသူများအား ကောင်းကင်ဘုံအက်ကွဲကြောင်းလျိုစောက်နက်ကို ဖောက်ထွင်း ဝင်ရောက်ခွင့် ပြုလိုက်ကာ မြောက်ပိုင်းနယ်နိမိတ်၏ နိုင်ငံများသို့ ဝင်ရောက် ခွင့်ပြုလိုက်ပါက အရင်က မဖြစ်ခဲ့ဘူးသော ရုတ်တရက်ဖြစ်လာသည့် ကပ်ဘေးတစ်ခုဖြစ်လိမ့်မည်။

ထိုအချိန်တွင် လူပေါင်းများစွာ သေဆုံးကြရတော့မည်ဖြစ်သည်။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ မြောက်ပိုင်းနယ်နိမိတ်ရှိလူတိုင်းက ထိုနတ်ဆိုးကျင့်ကြံသူများ လက်ချက်ဖြင့် သေဆုံးသွားရလျှင် လူသားမျိုးနွယ်၏ အခြေခံက လျော့ပါးသွားရတော့မည်ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် လူသားတို့၏ အသွေးနှင့် ဘဝများကို သုံးကာ ထိုနတ်ဆိုးကျင့်ကြံသူများက ပို၍ အဆုံးမရှိ သန်မာလာကြလိမ့်မည်ဖြစ်သည်။

လူသားကျင့်ကြံသူများက နတ်ဆိုးကျင့်ကြံသူများအား အမြစ်ဖြတ်မသုတ်သင်နိုင်လျှင် မြောက်ပိုင်းနယ်နိမိတ်၏ လူသားမျိုးနွယ်က အလွန်အန္တရာယ်များသည့် အခြေအနေသို့ ရောက်သွားလိမ့်မည်။

ထိုအခြေအနေအား ရှိနေသောသူတစ်ယောက်ကမှ မမြင်ချင်ပါ။

“ဒီနတ်ဆိုးကပ်ဘေးကိုတားဆီးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သံသယမရှိစွာ အစီအရင်တွေကို အသုံးပြုဖို့ပါပဲ။”

ထိုအချိန်တွင် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ဆက်ပြောသည်။

“အထူးသဖြင့် အလွန်ကြီးမားတဲ့ အဆင့် ၆ အစီအရင်ဖြစ်တယ်။ ဒါက ခင်ဗျားတို့ကို ဒီကိုခေါ်လိုက်ရတဲ့ အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုပဲ။

ဒီအစီအရင်ကို စတင်နိုင်ဖို့က အဆင့် ၄ နဲ့ အဆင့် ၅ အစီအရင်ဆရာတွေကို လိုအပ်တယ်။ ပြီးတော့ ကျင့်ကြံသူအရေအတွက်အများကြီးကိုလည်း လိုအပ်သေးတယ်။

ဒါက ခင်ဗျားတို့ခေါ်လာတဲ့ခင်ဗျားတို့အပါအဝင် ကျင့်ကြံသူတစ်ယောက်ခြင်းဆီနဲ့ သက်ဆိုင်တဲ့ တာဝန်လို့ပြောရင် ချဲ့ကားရာမရောက်ဘူး။”

ကောင်ကင်သခင်အဆုံးမဲ့ပင်လယ်သည် ပြောရင်းနှင့်ပင်၊ အထူးကြီးမားသောအဆင့် ၆ အစီအရင်၏ အကြောင်းကို အားလုံးကို ပြောပြလိုက်သည်။

ထိုအစီအရင်၏နာမည်က ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်ဖြစ်သည်။

စခန်းမှ ကြယ်ကိုးခုနှင့်အတူ ပင်လယ်ထဲမှ ဝိညာဉ်သွေးကြောက အကူဖြစ်ပြီး..

ထိုနေရာတွင် စုစုပေါင်း အဓိကအစီအရင်ဗဟို (၁၀၈) ခု၊ အလယ်အလတ်အစီအရင်ဗဟို (၃၆၅) ခု၊ နှင့် အသေးဆုံး အစီအရင်ဗဟို (၁၀၈) ခု ပါရှိသည်။

အားလုံးပေါင်း ထိုနေရာတွင် အစီအရင်ဗဟိုပေါင်း (၃၆,၀၀၀) ရှိပေမည်။

ကျင့်ကြံသူများပါဝင်ရမည့်အရေအတွက်မှာ (၄၀,၀၀၀) နီးပါးဖြစ်သည်။

နတ်ဆိုးကပ်ဘေးတွင် ထိုကဲ့သို့သော စီစဉ်မှုမျိုးက မြောက်ပိုင်းနယ်မြေရှိလူများအား အကျိုးအမြတ် ရရှိစေခဲ့သည်။

ကြီးမားသည့်အစီအရင်၏ စွမ်းအားကိုမှီခိုရင်း သူတို့ကဆယ်စုနှစ် သို့ ရာစုနှစ် နတ်ဆိုးကျင့်ကြံသူ များကိုရင်ဆိုင်ရလျှင်ပင် အရေးကြီသော ပြသနာမဟုတ်ပါ။

အကယ်၍ အရာအားလုံးက ချောမွေ့စွာပြီးသွားလျှင် သူတို့က ဤနတ်ဆိုးကပ်ဘေအား (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းထိ စော၍ပြီးဆုံးသွားစေရန် အခွင့်အရေးရှိသည်။

ထိုအချိန်တွင် တစ်ယောက်ယောက် ရုတ်တရက်မေးလာခဲ့သည်။

“ကျွန်တော် ကောင်းကင်အရှင်တွေကို တစ်ခုလောက်မေးလို့ရမလားခင်ဗျ။ နတ်ဆိုးကပ်ဘေးက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရဲ့ ကပ်ဘေးဆိုရင် မြောက်ပိုင်းနယ်နိမိတ်ကို ကူညီဖို့ အခြားနေရာတွေက လာတာ ဘာလို့မတွေ့ရတာလဲ?

အရှေ့ပိုင်းအစွန်ပိုင်းဒေသ၊ တောင်ပိုင်းသဲကန္တာရ၊ အနောက်ပိုင်းကန္တာရနဲ့ အလယ်ပိုင်းလွင်ပြင်ဒေသ တွေက သူတို့အားလုံးလည်း နတ်ဆိုးကပ်ဘေးကို ရင်ဆိုင်နေကြရတာလား?”

***

All Chapters