← Chapters

ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်၊ နတ်ဆိုးကျင့်ကြံသူများကို ခြေရာခံခြင်း၊ စနစ်၏ တာဝန် (၂)

Vol. 29 Ch. 558

ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်၊ နတ်ဆိုးကျင့်ကြံသူများကို ခြေရာခံခြင်း၊ စနစ်၏ တာဝန် (၂)

Vol. 29 Ch. 558

ထိုကျင့်ကြံသူက စကားပြောပြီးနောက်၊ ကျင့်ကြံသူတိုင်း၏စိတ်ထဲတွင် ထိုမေးခွန်းက ရောက်လာခဲ့သည်။

လူတိုင်း၏မျက်လုံးများက ရှေ့တွင်ရှိသော ကောင်းကင်သခင်များအားကြည့်နေကြသည်။

ကျီယန်မီးတောက်၊ အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်းနှင့် ရွှမ်းယန်တို့က မတတ်နိုင်ဘဲ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။

နောက်ဆုံး၌ ကောင်းကင်သခင်ကျီယန်မီးတောက််က ပြောလာခဲ့သည်။

“မှန်တယ်။ ဒါက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရဲ့ ကပ်ဘေးဖြစ်တဲ့အတွက် မြောက်ပိုင်းနယ်နိမိတ်ထပ် အရှေ့ပိုင်းအစွန်ပိုင်းဒေသ၊ တောင်ပိုင်းသဲကန္တာရ၊ အနောက်ပိုင်းကန္တာရနဲ့ အလယ်ပိုင်းလွင်ပြင်ဒေသတွေမှာလဲ နတ်ဆိုးကပ်ဘေးကို ရှောင်ရှားနိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ နတ်ဆိုးကပ်ဘေးတိုင်းမှာ ကျုပ်တို့မြောက်ပိုင်းနယ်နိမိတ်ကတော့ ထိပ်တိုက်ရင်ဆိုင်ရမဲ့ တိုက်ပွဲကို ရင်ဆိုင်ရမှာ ပထမဆုံးပဲ။ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကကို ကျူးကျော်ရင် မြောက်ပိုင်းဒေသကို အရင်ဖြတ်ကျော်ပြီးမှ အခြားဒေသတွေကို ပျံ့နှံသွားမှာဖြစ်တယ်။

ဒါကြောင့် ယှဉ်ပြောရရင် မြောက်ပိုင်းက ကပ်ဘေးရဲ့စကေးက အခြားနေရာတွေထပ် ပိုကြီးလိမ့်မယ်။

ပြီးတော့လည်း ကျုပ်တို့မြောက်ပိုင်းနယ်နိမိတ်က အခြေအနေက အနှစ်သာရကိုးပါကျင့်ကြံရေးလောကရဲ့ နယ်နိမိတ်ငါးခုမှာ အခက်ခဲဆုံးပဲ။

သူတို့က ဘာလို့ ကျုပ်တို့မြောက်ပိုင်းကို ဘာလို့လာမကူလဲဆိုရင် …..”

ထိုအချိန်၌ ကောင်းကင်သခင်ကျီယန်မီးတောက်က ဒေါသထွက်သည့်အရိပ်အယောင်ကို ပြခဲ့သည်။ “အကြောင်းက သူတို့အကူအညီအတွက် လိုအပ်တဲ့ပမာဏကို ကျုပ်တို့ မပေးနိုင်လို့ပဲ။”

“ဘာ?”

ကျီယန်မီးတောက််ထံမှ ထိုစကားများကို ကြားပြီးနောက် ကျန်းချန်းရွှမ်အပါအဝင် လူတိုင်းသည် သူတို့နားကို မယုံနိုင်ဖြစ်သွားကြသည်။

သူတို့၏အကူအညီအတွက် မတတ်နိုင်ဘူးဟုဆိုခြင်းမှာ တကယ်ပဲ ဘာကိုဆိုလိုတာလဲ?

များစွာသောသူများသည် သူတို့၏ မယုံကြည်နိုင်မှုများကို ပြသနေကြသည်။

အဆုံး၌ သူတို့သည် နတ်ဆိုးကပ်ဘေးကို ရင်ဆိုင်နေရခြင်းဖြစ်ကာ အနှစ်သာရကိုးပါးကျင့်ကြံရေး လောကတစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်သောအရာဖြစ်သည်။

သူတို့က တကယ်ပင်….

ကျန်းချန်ရွှမ်သည်လည်း အနည်းငယ်အံ့အားသင့်သွားသည်။

အမှန်မှာ ဤအချိန်တွင် မနှစ်မြို့ဖွယ်ကောင်းသည့်ကိစ္စက ရှောင်လွဲ၍ မရနိုင်ပါ။

ဤအခြေအနေ၏ လေးပင်မှုကို ထိုသူများက နားမလည်ခြင်းဖြစ်နိုင်ပါသလား? သို့မဟုတ် မြောက်ပိုင်းနယ်နမိတ်ကျဆုံးရခြင်းအဓိပ္ပါယ်ကို မသိခြင်းဖြစ်နိုင်ပါသလား?

ကျန်းချန်ရွှမ်က ယုံကြည်နိုင်ရန်ခက်ခဲကြောင်း‌တွေ့ရှိခဲ့ရသည်။

သို့သော် သူတို့အား အကူအညီတောင်းသည်ထက် ကောင်းကင်သခင်များသည်ပင် သဘောတူ လက်ခံနိုင်ခြင်းမရှိသော တောင်းဆိုချက်များကို တောင်းဆိုခဲ့သေးသည်။ ၎င်းသည် သူတို့၌ ပြသနာတစ်စုံတစ်ခုမဖြစ်လျှင် ဘယ်တော့မှ နိုးထလာတော့မည်မဟုတ်ကြောင်း ဖော်ပြနေသည်။

ထိုအချက်ကြောင့် ကျန်းချန်ရွှမ်နှင့်လူတိုင်းက မြောက်ပိုင်းမှကျင့်ကြံသူများက အခြားဒေသများသို့ သွားလျှင် အဘယ်ကြောင့်အထင်သေးခံရပြီး တောသားများဟု အဘယ်ကြောင့် သတ်မှတ်ကြကြောင်း ကို နားလည်သွားခဲ့ကြသည်။

သူတို့၏နှလုံးသားထဲတွင် မရှောင်လွှဲနိုင်သော ဒေါသများ၀င်လာခဲ့ကြသည်။

မြောက်ပိုင်းဒေသမှ စစ်ပွဲများကို အစဉ်အမြဲ သည်းခံထား၍သာ အခြားဒေသများက သက်တောင့် သက်သာနှင့် နောက်တန်းတွင် နေနိုင်ခြင်းဖြစ်၍ လွယ်ကူသောအချိန်များရနိုင်ခြင်း မဟုတ်ပါလား? ဆုံးရှုံးခြင်းနှင့်ယှဉ်လျှင် သူတို့သည် မြောက်ပိုင်းဒေသထက် အစဉ်အမြဲနည်းပါးခဲ့သည်။

ဤခေါင်းစဉ်တွင် အချိန်ဆွဲမနေတော့ပဲ ကျီယန်မီးတောက််နှင့် အခြားသူများသည် အစီအရင်ကို စတင်ပုံဖော်တော့သည်။

သူတို့ထဲတွင် ကျန်းချန်ရွမ်နှင့် ရှန်းရူယန် တို့သည် အဆင့် ၅ အစီအရင် ချပ်ပြားဝိုင်းကို ပြုလုပ်ရန် တာ၀န်ချခံရသည်။ အကြောင်းရင်းမှာ နှစ်ဉီးစလုံးမှာ အဆင့် ၅ အစီအရင်ဆရာများ ဖြစ်ကြသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် နတ်ဆိုးကပ်ဘေးမစမီ လေးနှစ်မတိုင်ခင် ဖြစ်သည်။ သို့ရာတွင် အမှန်မှာ သူတို့၏အချိန်က ကပ်နေပြီဖြစ်သည်။

အဆုံး၌ အလွန်ကြီးမားသည့် အဆင့် ၆ အစီအရင်ကို စတင်ချမှတ်ခြင်းသည် လွယ်ကူသည့်အလုပ် မဟုတ်ပါ။

ကံကောင်းစွာပင် ရှိနေသောကျင့်ကြံသူများသည် အစီအရင်နှင့်ပက်သက်သည့်ဗဟုသုတက အဆင့် ၃ နှင့် အထက်တွင်ရှိကြသည်။

လူတိုင်း၏ကြိုးစားမှုနှင့်အားထုတ်မှုကြောင့် သူတို့သည် ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်ကို အချိန်တိုတွင်း တတ်နိုင်သလောက်ပြီးစီးနိုင်လိမ့်မည်ဖြစ်သည်။

မကြာမီ။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် ကျန်းမိသားစု၏ခံတပ်သို့ ပြန်လာကြသည်။

ပြန်ရောက်ပြီးမကြာခင်တွင်ပင်၊ ကျန်းချန်ရွှမ်က လူတိုင်းကို ဆင့်ခေါ်လိုက်သည်။

ပြီးနောက် မဟာနေမင်းမှန်၏ အစိတ်အပိုင်းဖြစ်သော မှန်ကိုထုတ်ယူလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။

“အားလုံးပဲ တန်းစီပြီး ဒီမှန်ရှေ့ကနေ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားပေးပါ။”

ကျန်းမိသားစုမှ ကျင့်ကြံသူများသည် ကျန်းချန်ရွှမ်၏ တောင်းဆိုမှုကို ပဟေဠိဖြစ်နေကြသော်လည်း မည်သူမှ မငြင်းဆန်ရဲကြပါ။

မိသားစုခေါင်းဆောင်ကျန်းရန်ယီမှစ၍ အားလုံးက မှန်ရှေ့မှ ဖြတ်သွားကြသည်။ ကျန်းချန်ရွှမ်နှင့် အခြားသူများက စောင့်ကြည့်နေကာ မှန်တွင် မည်သူမှ တုံ့ပြန်မှုမပြသောကြောင့် စိတ်အေးနေကြသည်။

သို့ရာတွင် စိတ်ကိုလျော့လိုက်ချိန်တွင် ကျန်းမိသားစု၏ဧည့်ကျင့်ကြံသူတစ်ဦး၌ ရုတ်တရက် ကတ္တရာစေးကဲ့သို့အနက်ရောင် နတ်ဆိုးချီက ထွက်ပေါ်လာခဲ့သည်။

မှန်၏ လွှမ်းမိုးမှုအောက်၌ သူသည် မနေနိုင်ဘဲ ရွှေရောင်မီးတောက်များက သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသကဲ့သို့ စိတ်ကောကိုယ်ပါနာကျင်ခံစားရပုံနှင့်အော်နေလေသည်။

ထိုမြင်ကွင်းသည် ကျန်းမိသားစုမှ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

သို့သော် အချို့လူများက ချက်ခြင်းဘာဖြစ်နေသည်ကိုနားလည်သွားကာ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

“မကောင်းတော့ဘူး။ ဒီလူက နတ်ဆိုးကျင့်ကြံသူပဲ။”

ထိုစကားလုံးများထွက်လာသည်နှင့် ကျန်နေသောသူများကလည်းတုံ့ပြန်လာကြသည်။

ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးအရှိန်အဝါက ထွက်လာသည်နှင့် နတ်ဆိုးကျင်ကြံခြင်း နည်းလမ်းများက ထွက်ပေါ်လာတော့သည်။

ထိုမှန်က တကယ်ပင် နတ်ဆိုးကျင့်ကြံသူကို ခွဲခြားပေးနိုင်ပေသည်။

ထိုအချိန်တွင် ကျန်ရှိနေသည့် အနည်းငယ်သော ကျင့်ကြံသူဧည့်သည်များက မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။

စကားမပြောဘဲ သူတို့သည် လှည့်ကာပျံသန်းရန် လုပ်တော့သည်။သို့သော် ထိုအချိန်တွင် သူတို့၏နားထဲတွင် အေးစက်သည့် ထေ့ငေါ့သံကိုကြားလိုက်ရသည်။

ချက်ခြင်းပင်၊ ထိုသူများက အလင်းတန်းများနှင့် ထိုးဖောက်ခံလိုက်ရကာ သူတို့၏ နား၊ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်များတွင် သွေးများထွက်လာခဲ့သည်။

သို့သော်လည်း ကျန်းချန်ရွှမ်က သူတို့အား သတ်ဖြတ်ရန်မလောဘဲ သူ၏လက်များကို သူတို့၏ခေါင်းများပေါ်တွင် တင်ထားလိုက်သည်။

ဝိညာဉ်ရှာဖွေခြင်း။

ပြောရလျှင် ထိုနည်းလမ်းက တနည်းအားဖြင့် ကောင်းကင်ကို ဆန့်ကျင်နေသော နည်းလမ်းဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်က ထိုနတ်ဆိုးကျင့်ကြံသူများအတွက်မူ အထူးသဖြင့် သူတို့၏ ကျန်းမိသားစုထဲတွင် ပုန်းအောင်းနေသောကြောင့် ၎င်းသည် လိုအပ်သောလုပ်ရပ်ပင်ဖြစ်သည်။

မကြာမီ ကျန်းချန်ရွှမ်က ထိုသူများ၌ အရေးပါသည့်အရာမရှိကြောင်း တွေ့ရှိခဲ့ရသည်။

စဉ်းစားကြည့်လျှင်မူ၊ အဓိပ္ပာယ်ရှိပါသည်။

ကျန်းနိုင်ငံတစ်ခုလုံးက ကျန်းမိသားစု၏ပေးထားသော စနစ်၏လက်အောက်တွင်ရှိရာ နတ်ဆိုးကျင့်ကြံသူများနေထိုင်ရန် နေရာမရှိပါ။

ထိုသူများသည် လွန်ခဲ့သောနှစ်များတွင် ကျန်းမိသားစုတွင်းထိုးဖောက်ဝင်ရောက်နေနိုင်ခဲ့သည်။

သူတို့သည် မဟာနေမင်းမှန်မှ ဖော်ထုတ်ခံရသည့် ယနေ့ထိ ကောင်းမွန်စွာပုန်းကွယ်နေနိုင်ရန် စီစဉ်နိုင်ခဲ့ပေသည်။

သို့ပါသော်လည်း လိုအပ်သည့်စစ်ဆေးမှုကတော့ ထပ်မံပြုလုပ်ရပေဦးမည်။

ကျန်းချန်ရွှမ်သည် ကျန်းရန်ယီအား ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းကဲ့သို့ အခြားဂိုဏ်းများမှ ကျင့်ကြံသူများကိုလည်း ခေါ်ခိုင်းလိုက်သည်။

ထိုစုံစမ်းစစ်ဆေးမှုသည် ပုန်းကွယ်နေသည့် နတ်ဆိုးကျင့်ကြံသူအနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။

ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုက ပုန်းကွယ်နေသည့် နတ်ဆိုးကျင့်ကြံသူများကို ရင်ဆိုင်နေရင်း နေ့တစ်ဝက်ကကုန်ဆုံးသွားသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့က ကျန်ရှိနေသည့် လူများကို ကောင်းကင်သခင် ကျီယန်မီးတောက််တို့ ပေးသောတာဝန်များကို စတင်ခွဲဝေပေးလိုက်သည်။

သူတို့သည် အသေးစိတ်ကိုမူ မပြောပြဘဲ လူတိုင်းကို ထိုနတ်ဆိုးကပ်ဘေးသည် ဤတစ်ခေါက် မစ်ရှင်ပေါ်တွင် မူတည်နေကြောင်း သတိပေးခဲ့သည်။

လူတိုင်းက အခြေအနေ၏ ကြီးလေးမှုကို နားလည်ထားကြပြီး အမြန်ပင် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ကြတော့သည်။

တစ်ချိန်တည်းမှာပင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့နေရာချထားသည့် ယာတီဂူထဲသို့ ပြန်ဝင်သွားကြသည်။

သူတို့ နတ်ဆိုးသုတ်သင်ရေးခန်းမထဲကမထွက်ခင်တွင် ကောင်းကင်သခင်လေးဦးက သူတို့အတွက် အဆင့် ၅ အစီအရင်ချပ်ပြားဝိုင်းနှင့် အစီအရင်မျက်စိ ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများကို စီစဉ်ပေးခဲ့ပြီးဖြစ်သည်။

သူသည် ကျန်းမိသားစု၏ ကျင့်ကြံသူများ ပြုလုပ်ရမည့် အဆင့်နိမ့် အစီအရင်ချပ်ပြားဝိုင်းများ အတွက်လည်း လိုအပ်သည့် ပစ္စည်းများကို စီစဉ်ပေးခဲ့ပြီးဖြစ်သည်။

ထို့အပြင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်ထဲမှ အရေးကြီးဆုံးအစီအရင်မျက်စိထဲက တစ်ခုကို ယူထားရပြီး ကောင်းကင်သခင်လေးဦး၏ ယုံကြည်မှုကို ရယူထားနိုင်မှုမှာ ထင်ဟပ်နေခဲ့လေသည်။

ထိုစုံတွဲက အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားများများမပြောတော့ဘဲ အလုပ်စလုပ်ကြတော့သည်။

သူတို့သည် လူတိုင်းကိုပြောခဲ့သလိုပင် ထိုတာဝန်က နတ်ဆိုးကပ်ဘေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် အဓိကပင်ဖြစ်သည်။

ထို့ကြောင့် သူတို့အပါအဝင်အားလုံးက လျစ်လျူမရှုထားရဲကြပါ။

[ဒင်]

ကျန်းချန်ရွှမ်က အဆင့် ၅ အစီအရင်ချပ်ပြားဝိုင်းကို စတင်သန့်စင်ရန် လုပ်နေစဉ်မှာပင် စနစ်၏ အသိပေးချက်က သူ၏ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။

[အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ Host ကျေးဇူးပြုပြီး အစီအရင်မျက်စိနှစ်ခုကို ပြီးအောင်လုပ်ပါ။]

***

All Chapters