← Chapters

ကပ်ဘေးကရောက်လာပြီ

Vol. 29 Ch. 559

ကပ်ဘေးကရောက်လာပြီ

Vol. 29 Ch. 559

ထိုစနစ်၏အသံကို ကြားလျှင် ကျန်းချန်ရွှမ်၏နှလုံးက တုန်ခါသွားသည်။

အစီအရင်မျက်စိပြုလုပ်ရမည့်တာဝန်သည် သူရင်းနှီးသည်ထပ် အကြိမ် ၁၀၀ ပို၍တိကျသည်။

ထို့အပြင်၊ စနစ်က အစီအရင်မျက်စိ၏အဆင့်ကို မသတ်မှတ်ထားသဖြင့် သူကရိုးရှင်းသည့်အဆင့်မှ အဆင့် ၅ထိ မည်သည့်အဆင့်ကိုမဆို လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအရာကို စဉ်းစားကြည့်လျှင် ကျန်းချန်ရွှမ်က သူလုပ်နေသည့်အရာကို ရပ်လိုက်ကာ အခြားပစ္စည်းများကို ထုတ်လိုက်သည်။

ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်မှ အဆင့် ၁ အစီအရင်မျက်စိကို အောင်မြင်စွာ လုပ်ပြီးသည်နှင့် စနစ်၏တာဝန်ပြီးဆုံးမှုက သုညရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းထိ တိုးသွားခဲ့သည်။

သေချာပါသည်။ ၎င်းသည် အလုပ်ဖြစ်သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်က ပျော်ရွှင်သွားသည်။

သူ၏လက်ရှိအစီအရင်အဆင်တွင် ထိုအဆင့်နိမ့်အစီအရင်မျက်လုံးများလုပ်ခြင်းက အချိန်များများမလိုပေ။

ထိုအရာနှင့်အင်အားယူကာ ကျန်းချန်ရွှမ်က အဆင့် ၁ အစီအရင်မျက်စိ အခု ၁၀၀ ကို နေ့တစ်ဝက်နှင့် ပြီးအောင်လုပ်ခဲ့သည်။

[ဒင်]

တစ်ချိန်တည်းမှာပင် စနစ်၏အသိပေးချက်အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

[အစီအရင်မျက်စိအခု ၁၀၀ ကို သန့်စင်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် အစီအရင်ကို ယာယီချိုးဖောက်နိုင်မဲ့အခွင့်အရေးနဲ့ ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်း အစီအရင်အတွဲတစ်ခုကို ဆုအဖြစ်ရရှိပါတယ်။]

[အစီအရင်ကိုယာယီချိုးဖောက်နိုင်မည်အခွင့်အရေး : အသုံးပြုနေစဉ် host ၏အစီအရင် အဆင့်က ယာယီအဆင့်မြင့်အဆင့်သို့ ချိုးဖောက်နိုင်သွားမည်ဖြစ်သည်။]

အခြားတစ်နည်းဖြင့်ပြောရလျှင် ကျန်းချန်ရွှမ်၏ လက်ရှိ အစီအရင်ကျင့်ကြံခြင်းက သူဤအခွင့်အရေး ကို သုံးလိုက်သည်နှင့် သူ၏အစီအရင်ကျင့်ကြံခြင်းသည် အဆင့် ၆ကို အချိန်တိုအတွင်း ရရှိသွားမည် ဖြစ်သည်။

[ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်အတွဲ : အထွတ်အထိပ် ထောင်ချောက်အစီအရင် တစ်ခုဖြစ်သည်။ ၎င်းတွင် သတ်ဖြတ်ခြင်းအစီအရင် (၉) ခု၊ ပုံရိပ်ယောင်အစီအရင် (၁၈) ခု၊ ဖမ်းချုပ်ခြင်းအစီအရင် (၃၆) ခုပါဝင်သည်။ ထိုအစီအရင်များအား ပေါင်းစည်းလိုက်လျှင် အဆင့် ၆ ဖမ်းချုပ်ခြင်းအစီအရင်တစ်ခုကို ထုတ်လွတ်နိုင်ပေသည်။]

ကျန်းချန်ရွှမ်သည် ထိုကဲ့သို့ ရက်ရောသည့်ဆုမျိုးကို မမျှော်လင့်ထားမိခဲ့ပေ။ အစီအရင်ယာယီချိုးဖောက်ခြင်းအခွင့်အရေးနှင့် ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်အတွဲ နှစ်ခုလုံးက ခြွင်းချက်မရှိ ရတနာများဖြစ်သည်။

အထူးသဖြင့် ယခုမူနတ်ဆိုးကပ်ဘေးကျရောက်နေသည့်အချိန်၌ ထိုဆုများသည် သူ၏လက်ထဲ အောင်မြင်နိုင်ရန် ကဒ်နှစ်ခုပေါင်းထည့်ပေးလိုက်သလိုပင်။

သူယခင်က ရရှိထားပြီးဖြစ်သည့် အဆင့် ၆ ကြယ်တာရာအဆောင်နှင့်ပေါင်းလျှင် သူသည် တစ်ခါသုံး အဆင့် ၆ စွမ်းအား ၃ခု ကို ပိုင်ဆိုင်ထားသည်။ ယာယီပင်ဖြစ်သော်လည်း ထိုစွမ်းအားများသည် အရေးကြီးနေသည့်အချိန်တွင် တိုက်ပွဲ၏ ဒီရေကို ပြောင်းလဲနိုင်သည့် အဓိကနေရာမှ ပါဝင်နိုင်ပေသည်။

ထိုအချိန်တွင်

ကျန်းချန်ရွှမ်နှင့် အခြားသူများက ကောင်းကင်သခင်များပေးထားသော တာဝန်များနှင့် အလုပ်ရှုပ်နေကြသည်။

အချိန်က ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း လေးနှစ်အချိန်က ကုန်ဆုံးသွားလေသည်။

ထိုနေ့တွင်ပင်။

နိုဗာရေပြင်၏အပေါ်တွင် တောက်ပသည့်ဝိညာဉ်အလင်းများက ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားသည်။

အလင်းတန်းတစ်ခုဆီတိုင်းက မဟာအစီအရင်တစ်ခုဆီကို ကိုယ်စားပြုနေသည်။ ထိုအစီအရင်များသည် အလွန်စွမ်းအားကောင်းသည့် အားအင်များနှင့် ပေါင်းစည်းထားပြီး မရေမတွက်နိုင်သည့်ကြယ်များက ကောင်းကင်ဘုံကိုးခုမှ ကြွေကျလာလေသည်။

ထိုအချိန်တွင် သူတို့ လေးနှစ်နီးပါးအချိန်ကိုသုံးကာ ပြုလုပ်ခဲ့သည့် ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်က နောက်ဆုံး ပြည့်စုံသွားလေသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ထန်ပိုင်ရှန်းနှင့် နှင်းပန်းပွင့်စံသခင်က ထိုအစီအရင်က တရားဝင်ပြီးဆုံးသွားသောကြောင့် စိတ်ချသွားသည့်ခံစားချက်ရသွားလေသည်။

သူတို့၏စိတ်ထဲမှ ကြီးမားလေးလံသော ဖိအားရှိနေသကဲ့သို့ခံစားခဲ့ရသည်။

သူတို့စိတ်အေးသွားရခြင်းသည် အကယ်၍ ကောင်းကင်ဘုံးကိုးခုကြယ်ကြွေခြင်းအစီအရင်အား ပြုလုပ်၍ မပြီးသေးလျှင် သို့ အကယ်၍ မပြီးသေးမီ နတ်ဆိုးကပ်ဘေးရောက်လာလျှင် ဆိုးရွားသောတစ်ခုခုက ဖြစ်လာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

အမှန်မှာမူ သူတို့၏ခံစားချက်က မမှားပါ။

ကောင်းကင်ဘုံကိုးခုအစီအရင်အား ပြုလုပ်ပြီးသွားသည်နှင့် နိုဗာရေပြင်တွင် အထူးသဖြင့် ပင်လယ်ကွေ့တွင် ကြီးမားသည့်အနက်ရောင်အလင်းလှိုင်းကြီးက စတင်၍ ပျံ့နှံလာသည်။

အလွန်ဆိုးယုတ်၍ ရက်စက်ပြီး နိုင်လိုမင်းထက်ဖြစ်သည့် အရှိန်အဝါက ရုတ်တရက် ထိုအနက်ရောင်အလင်းလှိုင်းမှ လိမ့်တက်လာခဲ့သည်။

ခွပ်…

ကွဲအက်သွားသောအသံများသည် ပဲ့တင်ထပ်နေကာ ကတ္တရာစေးကဲ့သို့ အနက်ရောင်အက်ကွဲကြောင်းများက ကောင်းကင်ပေါ်တွင် မည်သည့်နေရာမှ ပေါ်လာမှန်းမသိ ပေါ်လာနေကြသည်။

ချက်ခြင်းပင်၊ အဆုံးမရှိသောနတ်ဆိုးချီက စတင်၍ ဦးတည်ချက်များစွာသို့ အမြန် ပျံနှံသွားတော့သည်။

ထိုအရာကို မျက်မြင်တွေ့လိုက်ရသောအခါ ကျန်းချန်းရွှမ်၊ ရှန်းရူယန်၊ ထန်ပိုင်ရှန်းနှင့် အခြားကျင့်ကြံသူများ၏ မျက်စိသူငယ်အိမ်များသည် ထိတ်လန့်မှုကြောင့် ကျဉ်းသွားလေတော့သည်။

အတွေးတစ်ခုက မသိစိတ်မှ စတင်၍ ဖြစ်ပေါ်လာခဲ့သည် နတ်ဆိုးကပ်ဘေးက ရောက်လာခဲ့ပြီဖြစ်သည်။

ကျီ..ကျီ…ကျီ…

တစ်ချိန်တည်မှာပင်။

တောက်ပသောအလင်းက ရုတ်တရက် နိုဗာရေပြင်၏ နေရာအမျိုးမျိုးတွင် ပုံရိပ်ထင်ဟပ်လာသည်။

အထက်စီးမှ ကြည့်ရလျှင် ကျယ်ပြောသောပင်လယ်တစ်လျှောက် သက်သေပြနေသကဲ့သို့ များစွာသော ကျွန်းနှင့်တူသည့် လုံးဝန်းသည့်အလင်းများသည် အမြန်ပင် တစ်ခုနှင့် တစ်ခုဆက်သွယ်သွားခဲ့ပြီး ကြီးမားသည့် ကွန်ရက်ကဲ့သို့အလင်းရောင်ပုံရိပ်မျက်နှာပြင် အဖြစ်ဖွဲ့စည်းသွားခဲ့သည်။

၎င်းသည် ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်က အပြည့်အဝ ပွင့်သွားခြင်းဖြစ်သည်။

နေရာလပ်မှ မရေမတွက်နိုင်သော အနက်ရောင်မြူများသည်စတင်၍ အငွေ့ပျံပျောက်ကွယ်လာခဲ့ပြီး ပြင်းထန်သောအလင်းအောက်တွင် အမြန် အရည်ပျော်သွားသည်။

သို့သော်လည်း ကောင်းကင်ကိုးခုကြယ်ကြွေခြင်းအစီအရင်၏အလင်းက မကာနိုင်သော နေရာများလည်း အနည်းငယ်ရှိလေသည်။

ချက်ခြင်းပင် အနက်ရောင်မြူများက ပင်လယ်တစ်ခွင်လွှမ်းမိုးသွားကာ ဦးတည်ချက်အမျိုးမျိုးကို ပြန့်နှံ့သွားသည်။

“ဟိန်းသံများ”

“ဟိန်းသံများ”

“ဟိန်းသံများ”

ကြောက်လန့်ခြင်း၏အလယ်တွင် များစွာသော မချိတင်ကဲဖြစ်ကာ ရက်စက်သော ဟိန်းသံများက ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများက အစီအရင်အလယ်တွင်ရပ်နေရင်း အမြန်ပင် ကပ်ဘေး စတင်လာသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသည်။

***

All Chapters