← Chapters

ကပ်ဘေးကရောက်လာပြီ (၂)

Vol. 29 Ch. 560

ကပ်ဘေးကရောက်လာပြီ (၂)

Vol. 29 Ch. 560

နတ်ဆိုးချီစွန်းထင်းသွားခဲ့သည့်နေရာ၌ သာမန်ပင်လယ်သတ္တဝါများက စတင်၍ ကြမ်းကြုတ်သော သန္ဓေပြောင်းလဲမှုကို တွေ့ကြုံခဲ့ရသည်။

သာမန်အရွယ်အစားနှင့် ငါးများသည် ရုတ်တရက် အရွယ်အစားကြီးများလာကာ သူတို့၏ရေယက်များ အမြီးများနှင့် အကြေးခွံများတွင် ထက်ရှသည့် ဆူးထစ်များပေါ်ပေါက်လာခဲ့သည်။

အချို့မှာမူ သူတို့၏ဗိုက်တွင်ပင် လက်သည်းများပေါ်လာကာ သင်တုန်းဓားကဲ့သို့ ထက်မြက်စွာရှိနေပြီး ကောက်ရိတ်ဓားကဲ့သို့ အရာများက သူတို့၏ဘေးတွင် ဆက်လျှက်ရှိနေခဲ့သည်။

သူတို့၏ ခေါင်းများက အဆမတန် ကြီးမားလာပြီးအမွေးများထူလာကာ ကြမ်းတမ်းသော အစွမ်းများနှင့် ဖြစ်နေသည်။

အချို့မှာ များစွာသော အမျိုးမျိုးသော နွား၊ ကျား၊ သိုး၊ ဝက်ဝံ ကဲ့သို့ တိရိစ္ဆာန်ခေါင်းများ ပေါက်လာကာ များစွာသော မူမမှန်သည့် အန္တရာယ်ပြုသောလက်များက တွန့်လိမ်လူးလွန့်နေကာ ကြောက်မက်ဖွယ် ကောင်းစွာ တဖျတ်ဖျတ်ဖြစ်နေသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ထန်ပိုင်ရှန်း၊ နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်နှင့် တိရင်းကျဲ့တို့၏ အမူအရာများက ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

သူတို့အားလုံး၏စိတ်ထဲတွင် အတွေးတစ်ခုဖြတ်ပြေးသွားခဲ့သည်။ ဤအရာသည် အမှန်တကယ် နတ်ဆိုးကပ်ဘေးဖြစ်သည်။

အကယ်၍ အဆင့်နိမ့်ကျင့်ကြံသူများသည် အစီအရင်၏ အပြင်ဖက်တွင်ရှိနေမည်ဆိုလျှင် သူတို့သည် အမြန်ပင် မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားကာ နတ်ဆိုးဖြစ်သွားမည်ဖြစ်ကြောင်း တွေးနိုင်သည်။

“ဟားဟားဟားဟားဟားဟား”

ပြီးနောက် အရိုင်းဆန်ကာ ထိန်းမနိုင်သိမ်းမရသည့် ရယ်သံကြီးက နိုဗာရေပြင်တစ်လျှောက် ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် အခြားကျင့်ကြံသူများ၏အမူအရာက သူတို့လှည့်ကြည့်လိုက်သည်နှင့် တင်းမာသွားခဲ့သည်။

ထိုနေရာတွင် အနက်ရောင်အလင်းဖြင့် ဖုံးနေပြီးသိပ်သည်းသည့် နတ်ဆိုးချီနှင့် အနက်ရောင် တိုက်သင်္ဘောများ ပေါ်ထွက်လာခဲ့သည်။

ကတ္တရာစေးကဲ့သို့အနက်ရောင် တိုက်သင်္ဘောများသည် မကောင်းဆိုးဝါးအသွင်ဆောင်နေကြသည်။

ထိုပုံရိပ်များသည် နတ်ဆိုးမီးတောက်များနှင့်ဝန်းရံနေကာ ကြီးမားသော စွမ်းအားများ ထွက်နေခဲ့သည်။

သူတို့ထဲတွင် မတ်တပ်ရပ်နေသော ပုံရိပ်ခြောက်ခုက အလွန်ကြောက်စရာကောင်းကာ တစ်ခုဆီမှ ဝိညာဉ်ဖွဲ့စည်းခြင်း သို့မဟုတ် နတ်ဆိုးအခေါ်အရ နတ်ဆိုးသခင်ကဲ့သို့ အရှိန်အဝါမျိုးကို ထုတ်လွတ်နေခဲ့သည်။

သူတို့၏နောက်တွင် အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့် နတ်ဆိုးကျင့်ကြံသူများ ရာချီရှိလေသည်။

အရေးအကြီးဆုံးအချက်မှာ ထိုနတ်ဆိုးကျင့်ကြံသူများ၏ ဘေးတွင် သို့ နောက်တွင် မျက်လုံး၌ ရူးသွပ်ကာ သွေးဆာနေသည့် နှစ်ပေါင်းများစွာ နတ်ဆိုးချီစွမ်းအားများနှင့် စွန်းထင်းလာခဲ့သော ရက်စက်ကြမ်းကြုတ်သည့်မကောင်းဆိုးဝါးများ ရှိနေလေသည်။

ထိုမကောင်းဆိုးဝါးများထဲမှ အသန်မာဆုံးမှာ အဆင့် ၆ ဖြစ်သည်။

ထိုရှိန်လောက်သည့် စီစဉ်ထားမှုသည် လူသားကျင့်ကြံသူများအား အကယ်၍ အစီအရင်ကို မစီစဉ်ထားလျှင် လွယ်ကူစွာ ရှုံးနိမ့်သွားစေမည်ဖြစ်သည်။

ယခုပင် ထိုအစီအရင်က အကာအရံဖြစ်လျှင်ပင် အခြေအနေက အကောင်းမြင်နိုင်ရန် ဝေးနေပါသေးသည်။

ဘွန်း…

ရုတ်တရက် နတ်ဆိုးသခင် ၆ဦးနှင့် နတ်ဆိုးကျင့်ကြံသူများစွာတို့၏စွမ်းအားဖြင့် ကြီးမားသည့် အနက်ရောင်တိုက်သင်္ဘောကြီးက ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်နှင့် ပြင်းထန်စွာတိုက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက ပဲ့တင်ထပ်သွားကာ ကြီးမားသည့် ဆူနာမီကဲ့သို့ လှိုင်းများက ဦးတည်ချက်များစွာသို့လိမ့်တက်သွားကာ အနီးမှကျွန်းများကို စိစိညက်ညက် ဖြစ်သွားစေကာ ပင်လယ်ရေကို အငွေ့ပျံသွားစေပြီး သန္ဓေပြောင်းလဲသွားသည့် ပင်လယ်သတ္တဝါ များအား သွေးမြူအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ဘွန်း…ဘွန်း….ဘွန်း…

တစ်ချိန်တည်းမှာပင်။

နက်ရှိုင်းသောအနက်ရောင်အလင်းတန်းများက ကောင်းကင်ဘုံကိုးခု ကြယ်ကြွေခြင်းအစီအရင်ကို ထိုးလိုက်ကာ ၎င်းကလည်း အဆုံးမရှိအလင်းရောင်ခြည်ဖြာထွက်ကာ တုံ့ပြန်လိုက်သည်။

ထိုနေရာတွင် ကောင်းကင်ကိုးခုမှ တောက်ပနေသောကြယ်များက ရုတ်တရက်ကြွေကျလာကာ အစီအရင်ကို စွမ်းအားတိုးစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုက နှစ်ဖက်စလုံး တိုက်မိသည့်နေရာတွင် ပေါ်ထွက်နေခဲ့သည်။

အနက်ရောင် တိုက်သင်္ဘောပေါ်တွင်။

အနက်ရောင်နဂါးချပ်ဝတ်ဝတ်ဆင်ထားသည့်လူက သူ၏မျက်လုံးကိုကျဉ်းလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

“ကြည့်ရတာ လူသားမျိုးနွယ်က သေချာပြင်ဆင်ထားပုံပဲ။ ကျုပ်တို့လက်ရှိတိုက်ခိုက်မှုက ဒီအစီအရင်ကို မဖောက်ဖျက်နိုင်ဘူးဖြစ်နေတယ်။”

မျက်ခုံးကြားတွင် လခြမ်းကွေးသဏ္ဍန်ရှိသော အခြားလူတစ်ဦးက နှာခေါင်းရှုံကာ ပြောသည်။

“ဒါကဘာအရေးကြီးလို့လဲ? သေဖို့ရုန်းကန်နေရတဲ့ ပုရွက်ဆိတ်တွေပါပဲ။ ကျုပ်တို့လုပ်ရမှာက အင်အားနည်းနည်းပိုထည့်ဖို့ပဲ။ ကျုပ်တို့ရဲ့ ဒီနေ့အင်အားနဲ့ ဒီလူသားကျင့်ကြံသူတွေရဲ့အစီအရင်ကို မဖြတ်နိုင်ဘူးဆိုတာ ယုံကြည်ဖို့ ငြင်းပယ်တယ်။”

“ခင်ဗျားမှန်တယ်။ တာအိုရောင်းရင်း လမိုက်”

ထိုအချိန်တွင် အခြားအနက်ရောင်ချပ်ဝတ်နှင့် လူက ပြောသည်။

“ငါတို့ဂျူနီယာလေးတွေကို သားရဲတွေကိုဦးဆောင်ပြီး အရင်ရင်ဆိုင်ခိုင်းလိုက်ရင်ကော ဘယ်လိုလဲ? အကယ်၍ သူတို့အစီအရင်ကို မဖျက်နိုင်ရင်တောင် ဘာမှမဖြစ်ပါဘူး အကယ်၍ သူတို့ မဖျက်နိုင်ရင်တောင် သူတို့အစီအရင်ကိုအားနည်းသွားစေနိုင်ပြီး အဆုံးမှာအောင်မြင်နိုင်ဖို့ လမ်းခင်းထားနိုင်တာပေါ့။ သူတို့က စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။”

သူ၏စကားကိုလိုက်ကာ များစွာသောပုံရိပ်များက ကျိုင်းကောင်အုပ်ကဲ့သို့ အနက်ရောင်တိုက်သင်္ဘောမှ နိုဗာရေပြင်ပေါ်သို့ ဆင်းလာလေသည်။

သူတို့အားဦးဆောင်သူမှာ အခြေတည်ဝိညာဉ်အဆင့် အနည်းဆုံး သတ္တမအဆင့်ရောက်နေသူများ ဖြစ်ကြကာ နဝမအဆင့်များကို မဆိုသေးခင်တွင် သူတို့နှင့်အတူပါလာသည့် နတ်ဆိုးသတ္တဝါများက အဆင့် ၆ အထွတ်ထိပ်ရောက်နေသော သတ္တဝါများဖြစ်ကြသည်။

ဘွန်း..ဘွန်း…ဘွန်း….

ချက်ခြင်းပင် ကြီးမားသည့်ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်လာပြန်သည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများ စခန်းချထားသည့်နေရာက အရေးကြီးသော အစီအရင်များထဲမှ တစ်ခုဖြစ်သည့် ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင် ဟုခေါ်သည့် အစီအရင်မျက်စိတွင်ရှိကာ ကျယ်ပြောခြင်းမြစ်စံသခင်ရှိသော ကျယ်ပြောခြင်းမြစ်မှ ဝိညာဉ်ကျွန်းကို မှီခိုအားထားနေသော နေရာလည်းဖြစ်သည်။

ထို့ကြောင့် ကျန်းနိုင်ငံမှကျင့်ကြံသူများက ဘေးမှရှိကာ ထိုကျွန်းတွင် တုကူးပိုင်ဖေး၊ စစ်ထူရှန်းနှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့သည်လည်း မူလသခင်များ ဖြစ်ကြပေသည်။

သို့ရာတွင်

ထိုအရေးကြီးသည့် အစီအရင်မျက်စိကို ကာကွယ်ရန် အခြေတည်ဝိညာဉ်ကျင့်ကြံသူ ၆ယောက် ထပ်ပို၍လည်းရှိသေးသည်။

သို့ရာတွင် အခြားကျင့်ကြံသူများ၏ကျင့်ကြံဆင့်က ကျန်းချန်ရွှမ်တို့နှင့် မယှဉ်နိုင်ပါ။

သူတို့သည် အခြေတည်ဝိညာဉ်အဆင့် အစောပိုင်းသာ ရှိသေးသည်။

သူတို့၏အဓိကတာဝန်မှာ ကျန်းချန်ရွှမ်တို့အား ကူညီရန်ဖြစ်သည်။

ကောင်းကင်ပေါ်တွင် အနက်ရောင်အလင်းက ပြည့်သွားပြီး မရေတွက်နိုင်သည့် ပုံရိပ်များက အင်အားကြီးသော အရောင်အဝါများနှင့်အတူ ရုတ်တရက်ကျဆင်းလာခဲ့သည်။

ထိုကျဆင်းလာသည့်ထဲမှ အနည်းငယ်သောပမာဏက ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းရှိ ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်ဆီသို့လာကြသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ထန်ပိုင်ရှန်းနှင့် တောင်ပိုင်းပင်လယ်မှမသေမျိုးနှစ်ဦးတို့နှင့် စံသခင်ကျယ်ပြောခြင်းမြစ်တို့က မျက်လုံးများကျဉ်းသွားကြသည်။

အကြောင်းမှာ သူတို့သည် လာနေသည့်နတ်ဆိုးကျင့်ကြံသူများထဲတွင် ခုနှစ်ယောက်ခန့်သည် မဟာကျင့်ကြံသူအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း အာရုံခံနိုင်သောကြောင့် ဖြစ်သည်။

ထိုနေရာတွင် အလယ်ဆင့် နှင့် အစောပိုင်းအဆင့် နတ်ဆိုးကျင်ကြံသူ စုစုပေါင်း အယောက် ၂၀ခန့် ရှိပေသည်။

ထို့ပြင် ရွှေအမြုတေနှင့် ကျီဖုအဆင့်ကျင့်ကြံသူများက သူတို့ထပ် နှစ်ဆ သို့ သုံးဆခန့်ပိုများသည်။

တောင်ပိုင်းပင်လယ်မှ မသေမျိုးနှစ်ယောက်နှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့သည် ပြင်းထန်သည့်ဖိအားကိုခံစားနေကြရသည်။

ထိုအချိန်တွင် တုကူးပိုင်ဖေးက ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်းနဲ့ တာအိုရောင်းရင်းကျယ်ပြောခြင်းမြစ်တို့ လက်ရှိအခြေအနေကိုကြည့်ရရင် နတ်ဆိုးကျင့်ကြံသူတွေက ကျုပ်တို့နေရာကို ထိုးဖောက်ဖို့နေရာတစ်ခုအဖြစ် ချိန်းခြောက်နေပြီ။

ပြောဖို့မလိုအောင် သူတို့ရဲ့တိုက်ခိုက်မှုတွေက သေချာပေါက်ပြင်းထန်လာလိမ့်မယ်။

အဲ့အချိန်မှာ ကျုပ်တို့ အကောင်းဆုံးကြိုးစားပြီးသူတို့ရဲ့တိုက်ခိုက်မှုကိုတားဖို့လုပ်ပြီး သူတို့ကို အခွင့်အရေးပေးလို့မဖြစ်ဘူး။”

ရှိနေသောသူများဖြစ်သည့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် စံသခင်ကျယ်ပြောခြင်းမြစ်တို့က တုကူးပိုင်ဖေး၏စကားကို ရှင်းလင်းစွာ သဘောတူကြသည်။

လူတိုင်း မတတ်နိုင်သော်လည်း ခေါင်းညိတ်လိုက်ကြသည်။

စံသခင်ကျယ်ပြောခြင်းမြစ်က တစ်ခုခုမပြောရသေးမီပင် ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းအပြင်ဖက်တွင်

လူနေသော နတ်ဆိုးကျင့်ကြံသူများထဲမှ အချို့က ရုတ်တရက် သူတို့၏ခန္ဓာကိုယ်မှ ခရုကဲ့သို့အရာကို ထုတ်လာကာ မှုတ်လိုက်သည်။

ဝူး….ဝူး…..

အသံနိမ့်ကာ ကာရံညီသောအသံက ပင်လယ်ထဲမှ တစ်ခုခုအား ဂယက်ရိုက်နေစေပုံရသည်။

များစွာသော သန္ဓေပြောင်းပင်လယ်သတ္တဝါများသည် စတင်၍ ထွက်ပေါ်လာပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုအသံ၏လွှမ်းမိုးမှုအောက်မှ ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းသို့ ဦးတည်ကာလာနေကြသည်။

ဘန်း….ဘန်း….ဘန်း…..

ချက်ခြင်းပင် သန္ဓေပြောင်းသတ္တဝါများလာသောပထမလှိုင်းက ကျောက်စိမ်းအလင်းပျံသန်းခြင်း မသေမျိုးအစီအရင်၏စွမ်းအားအောက်တွင် သွေးမြူတိမ်တိုက်များအဖြစ် ပေါက်ကွဲကုန်ကြသည်။

သို့သော် မဖြုံဘဲ အကြောက်အလန့်မရှိစွာဖြင့် ပို၍များသောသတ္တဝါများသည် မရပ်မနား ဝိညာဉ်ကျွန်းသို့ ဦးတည်ကာ လာနေကြသေးသည်။

***

All Chapters