နတ်ဆိုးနတ်ဘုရားစက်လုံး၊ အဆိပ်အတောက်အစီအရင်
Vol. 29 Ch. 561
ထိုမြင်ကွင်းသည် ကျန်းချန်ရွှမ်တို့ အမူအရာများအား ပြောင်းလဲစေခဲ့သည်။
သူတို့သည် ထိုနတ်ဆိုးကျင့်ကြံသူများ၌ သန္ဓေပြောင်းသားရဲများအား ထိန်းချုပ်နိုင်သည့် စွမ်းအားရှိမည်ဟု ကြိုတင်မမျှော်လင့်ထားကြပေ။
ထိုအရာများကို အသုံးချပြီးနောက် ရန်သူများသည် သူတို့ခုခံရေးအတွက် တာဝန်ယူထားသောနေရာ၏ မဟာအစီအရင်သည် သိသာထင်ရှားစွာ ပျက်စီးလာခဲ့သည်။
“ကြည့်ရတာ အခုလှုပ်ရှားမှရတော့မယ်။”
တုကူးပိုင်ဖေးက စိုးရိမ်စွာပြောလိုက်သည်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့က သူ၏အကြံပြုချက်အား မကန့်ကွက်ကြပေ။
ထိုအချိန်တွင် လူတိုင်းက ဝိညာဉ်ကျွန်းပေါ်မှ ကျင့်ကြံသူများအားစုစည်းကာ ပင်လယ်ထဲမှ သန္ဓေပြောင်းလဲသွားသော သတ္တဝါများအား ပစ်မှတ်ထားရန် အမိန့်ပေးလိုက်သည်။
ကံကောင်းစွာပင်၊ သူတို့၏အစီအရင်က အထဲမှနေ၍ အပြင်ကို တိုက်ခိုက်နိုင်သည်။
ဆိုလိုသည်မှာ သူတို့သည်အပြင်မှ ရန်သူများအား အကာကွယ်မှ မထွက်ဘဲနှင့် တိုက်ခိုက်နိုင်သည်။
အမှန်မှာ အစီအရင်၏ တိုးမြင့်နိုင်စေခြင်းစွမ်းအားအောက်တွင် လူတိုင်း၏တိုက်ခိုက်မှု စွမ်းအားသည်လည်း အဓိကပမာဏအထိ တိုးမြင့်နိုင်သည်။
မကြာမီ ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများ၊ အဆောင်များနှင့် မန္တာန်များသည် ထိုသန္ဓေပြောင်းသတ္တဝါများဆီသို့ စုပြုံကျရောက်လာတော့သည်။
ဘွန်း…ဘွန်း….ဘွန်း….
မျက်စိတမှိတ်အတွင်းတွင်ပင်၊ ပင်လယ်က ကြီးမားသောမီးတောက်ကြီးဖြင့် ပေါက်ကွဲထွက်ကုန်သည်။
ယခုလုံးဝ အာရုံခံစားနိုင်ခြင်းကင်းမဲ့သွားကာ မကောင်းဆိုးဝါးဖြစ်သွားသော ပင်လယ်သတ္တဝါများသည် ကျင့်ကြံသူများ၏ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုနှင့် တွေ့ခဲ့ရသည်။
ချက်ခြင်းပင် ထောင်ကျော်သတ်ဖြတ်ခံလိုက်ရပြီး သွေးများက ပင်လယ်ကို နီစေခဲ့သည်။
သို့ရာတွင် ပင်လယ်ထဲမှ မရေတွက်နိုင်သော ပင်လယ်သတ္တဝါများသည် ထွက်လာပြန်လေသည်။
မကြာမီပင် တစ်လှိုင်းပြီး နောက်တစ်လှိုင်းထပ်လာကာ နောက်ထပ်၊ နောက်ထပ်လည်း ဆက်တိုက်လာနေတော့သည်။
နေတစ်ဝက်အကြာတွင် ကျင့်ကြံသူအချို့သည် အားစိုက်မှလျော့ကျလာကာ သူတို့၏ဓမ္မစွမ်းအင်များနှင့် အားအင်များက ကုန်ဆုံးရန် နီးကပ်လာခဲ့သည်။
“ကျုပ်တို့ဒီလိုပဲဆက်သွားနေလို့မဖြစ်ဘူး။”
ကျယ်ပြောခြင်းမြစ်စံသခင်က အစီအရင်၏အပြင်တွင် များစွာဝင်လာနေသော ပင်လယ်ထဲမှ မရေမတွက်နိုင်သည့် သန္ဓေပြောင်းသားရဲများကိုကြည့်ကာ မတတ်နိုင်ဘဲ လေးနက်သည့်အသံနှင့် ပြောလိုက်သည်။
“ကျုပ်တို့ လူတိုင်းနားဖို့အတွက် အချိန်ဖန်တီးပေးမှရမယ်။ အခုတောင်ခံထားနိုင်ရင်တောင် ကျုပ်တို့ သိပ်ခံနိုင်လောက်တော့မှာမဟုတ်ဘူး။
ပြီးတော့လည်း….”
ရုတ်တရက် ကျယ်ပြောခြင်းမြစ်စံသခင်၏မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်။
“အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဒီသန္ဓေပြောင်း မကောင်းဆိုးဝါးတွေကို ထိန်းချုပ်နေတဲ့ ကောင်တွေကို ရှင်းပစ်နိုင်ရင်ပိုကောင်းတယ်။ ဒါမှ ကျုပ်တို့ရှေ့က ပြသနာကို တစ်ခါတည်းဖြေရှင်းနိုင်လိမ့်မှာပဲ။”
ကျယ်ပြောခြင်းမြစ်စံသခင်၏စကားများက သိအိုရီအရအဓိပ္ပာယ်ရှိသည်မှာ ငြင်း၍ မရပေ။
သို့သော် အမှန်တကယ်မှာမူ ပြုလုပ်ရန် အလွန်ခက်ခဲသည်။
အထူးသဖြင့် သန္ဓေပြောင်းသားရဲများကို ထိန်းချုပ်နေသည့် နတ်ဆိုးကျင့်ကြံသူများကို ရှင်းပစ်ရမည် အပိုင်းဖြစ်သည်။ ထိုသူများသည် ငါးစာမဟုတ်ကြောင်း မည်သူသေချာပါသနည်း?
နှစ်ဖက်စလုံးမှ လူအင်အားနှင့်စွမ်းအားများအရ အစီအရင်ကို မှီခိုကာ သူတို့သည် ရန်သူများကို ဆက်လက်ခုခံနိုင်သည်။
သို့ရာတွင် အစီအရင်၏လုံခြုံသည့်နေရာကိုစွန့်ကာ နတ်ဆိုးကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ အန္တရာယ်များသည့် စွန့်စားမှုတစ်ခုဖြစ်သည်။
ထို့ကြောင့်…
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်သူတို့အုပ်စုအတွက် အကောင်းဆုံးချဉ်းကပ်မှုမှာ ရှိနေသောလူများကို လှည့်ကာ အစီအရင်၏စွမ်းအားကို သုံး၍ နတ်ဆိုးကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံရန်ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာသည်နှင့်…
ထိုနည်းလမ်းသည် မှန်ကန်ကြောင်းသက်သေပြခဲ့သည်။
ထိုအချိန်အခါ၌ အစီအရင်မှထွက်ခွာ၍ နတ်ဆိုးကျင့်ကြံသူများအားရင်ဆိုင်တိုက်ခိုက်သည့် ကျင့်ကြံသူများသည် အသတ်ခံရပြီး သူတို့၏အစီအရင်သည်ပင် ပျက်စီးတော့မလိုဖြစ်သွားခဲ့သည်။
ထိုဝမ်းနည်းဖွယ်ကောင်းသည့် သင်ခန်းစာအားဖြင့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် သာမန်ထပ်ပိုသည်ဟု မာနရှိလျှင်ပင် သူတို့၏အသက်များအားစွန့်စားရန် မလိုလားပါ။
ထိုကဲ့သို့ပင်…
သူတို့၏ခုခံရေးအစီအရင်ထဲတွင် ခုခံနေသည်မှာ နှစ်ဝက်ကြာလာခဲ့သည်။
ထိုအချိန်တွင် သူတို့သတ်ဖြတ်ခြင်းကိုခံရသည့် သန္ဓေပြောင်းသားရဲများသည် မရေတွက်နိုင်အောင် များလာခဲ့သည်။
ထိုအချိန်အတောအတွင်း အစီအရင်၏အပေါ်ကောင်းကင်မှ နတ်ဆိုးကျင့်ကြံသူအုပ်စုက စိတ်မရှည်မှုများ တိုးလာခဲ့သည်။
မျက်နှာပေါ်တွင် ဒဏ်ရာကြီးနှင့် လူက ရုတ်တရက် မျက်လုံးကိုကျဉ်းလိုက်ကာ လူတိုင်းကို ပြောလိုက်သည်။
“အားလုံးပဲကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုတော့ ငါတို့တိုက်ခိုက်ရမဲ့အချိန်ပဲ။
မဟုတ်ရင် ဒီလိုပဲ ဆက်အချိန်ဆွဲနေမယ်ဆိုရင် အချိန်ဖြုန်းရာကျနေမယ်။ အကယ်၍ အကြီးအကဲတွေဆီကမစ်ရှင်က ငါတို့ကြောင့် နှောင့်နှေးသွားရင် ငါတို့အပြစ်ပဲဖြစ်လိမ့်မယ်။”
သူ၏စကားများကိုကြားလျှင် အခြားအခြေတည်ဝိညာဉ်အဆင့်နတ်ဆိုးကျင်ကြံသူများက သဘောတူကြောင်းပြကြသည်။
အလွန်နှစ်သက်ဖွယ်ကောင်းသည့် အမျိုးသမီးက ပြုံးကာပြောလိုက်သည်။
“တာအိုရောင်းရင် ထျန်းလော်ပြောတာမှန်တယ်။ ဘယ်လိုဖြစ်ဖြစ် ငါတို့အောက်မှာရှိတဲ့လူတွေရဲ့ အစီအရင်ကိုဖျက်ဖို့ ဘာလုပ်ရမလဲ?”
ထိုအမျိုးသမီး၏စကားများကိုကြားလျှင် မျက်နှာအမာရွတ်နှင့်လူက ရက်စက်စွာပြုံးလိုက်သည်။
သူက လက်ကိုမြောက်ကာ လှန်လိုက်သည်။
အဆုံးမရှိသည့်နတ်ဆိုးချီများနှင့် ဝန်းရံထားသည့် စက်လုံးက သူ၏လက်ထဲတွင်ပေါ်လာ၍ ၎င်းသည် အနက်ရောင်အလင်းများနှင့် တဖျတ်ဖျတ်လက်နေသည်။
“နတ်ဆိုးနတ်ဘုရားစက်လုံး။ လူတိုင်းမလာခင်က အရှင်ပေးထားတဲ့ ဒီရတနာရှိကြတယ်မလား?
ဒီရတနာက နတ်ဆိုးချီပမာဏ အများကြီးပါပြီး ဝိညာဉ်ပစ္စည်းတွေ အားလုံးကို အဆိပ်အတောက် ဖြစ်စေတယ်။ အစီအရင်တွေနဲ့ နတ်ဘုရားစွမ်းအားတွေတောင် ဒီရတနာကနေ အဆိပ်အတောက်ဖြစ်စေတယ်။
ပြီးတော့ မင်းဟာ၊ ငါ့ဟာနဲ့ အားလုံးဟာပေါင်းလိုက်ရင် အဲ့ကောင်တွေခံနိုင်မယ်လို့ငါမထင်ဘူး။”
ထျန်းလော်၏စကားကိုကြားလျှင် နှစ်လိုဖွယ်ကောင်းသောမိန်းမနှင့် အခြားနတ်ဆိုးကျင့်ကြံသူများ၏ မျက်စိထဲတွင် တွန့်ဆုတ်မှုများပေါ်လာကြသည်။
ထျန်းလော်ထုတ်လာခဲ့သည့် နတ်ဆိုးနတ်ဘုရားစက်လုံးက ရှားပါသောရတနာတစ်ခုဖြစ်သည်။
***