နတ်ဆိုးနတ်ဘုရားစက်လုံး၊ အဆိပ်အတောက်အစီအရင် (၂)
Vol. 29 Ch. 562
လူတိုင်းတွင် ထိုကဲ့သို့သောစက်လုံးတစ်ခုသာရှိကြသည်။
အကယ်၍ သူတို့ဤနေရာတွင် အသုံးပြုလိုက်လျှင် သူတို့၏ ပိုင်ဆိုင်မှုထဲမှ စွမ်းအားကြီးသော အောင်မြင်ခြင်းကဒ်ကို ဆုံးရှုံးသွားရလိမ့်မည်။
သို့ရာတွင် ထျန်းလော်ပြောသည်မှာလည်းမှန်ကန်ကြောင်းကို သိကြသည်။
အကယ်၍ ဤနေရာတွင် ကြာနေလျှင် အချိန်ဆုံးရှုံးသည်သာမကပဲ နတ်ဆိုးသခင်များပေးသော တာဝန်များကို လွဲချော်ခဲ့လျှင်လည်း ပြင်းထန်သည့်ကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကိုစဉ်းစားလိုက်လျှင်၊ နှစ်လိုဖွယ်ကောင်းသည့်အမျိုးသမီးက ပြုံးကာ ခေါင်းညိတ်သည်။
“ဒါဆိုလုပ်ကြတာပေါ့။ ကျွန်မမှာကန့်ကွက်စရာမရှိပါဘူး။”
သူမ၏သဘောတူညီမှုကိုမြင်လျှင်၊ အခြားနတ်ဆိုးကျင့်ကြံသူ ငါးဦးကလည်း တူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
“အဲ့လိုဆိုရင် တာအိုရောင်းရင်းလော်ပြောသလိုလုပ်ကြတာပေါ့။”
သူပြောပြီးသည်နှင့် နတ်ဆိုးကျင့်ကြံသူများက တုံ့ဆိုင်းမနေတော့ဘဲ ကိုယ်တိုင် ထွက်လာကာ ကျန်းချန်းရွမ်နှင့် အခြားသူများရှိနေသည့် ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းသို့ ချဉ်းကပ်လာတော့သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် အခြားကျင့်ကြံသူများက ဖိအားကိုခံစားလိုက်ရသည်။
နောက်ဆုံး၌ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရမည့်အချိန်သို့ရောက်လာပြီလား?
အစီအစဉ်မချထားဘဲ ကျန်းချန်ရွှမ်နှင့်အခြားသူများ၏သတိပေးအချက်ပြသံက မြည်လာခဲ့သည်။
သူတို့သည် နတ်ဆိုးကျင့်ကြံသူများအကြောင်းကို ကောင်းကောင်းသိပါသည်။
အဓိကအချက်မှာ ထိုသူများက ကိုယ်တိုင်လာခြင်းမှာ သူတို့၌ ယုံကြည်ချက်ရှိ၍ဖြစ်ကြောင်း ဆိုလိုနေသည်။
အကယ်၍ သူတိုဂရုမစိုက်လျှင် သူတို့၏လက်ရှိခုခံရေးက ပျက်စီးသွားနိုင်သည်။
အမှန်တကယ်ပင်….
ထျန်းလော်နှင့် အခြားသူများက ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းနှင့် ကီလိုမီတာ ၅၀ခန့် အကွာအဝေးတွင် ရှိနေစဉ် ထျန်းလော်၏လက်ထဲတွင် စက်လုံးတစ်ခုထွက်ပေါ်လာခဲ့သည်။
“အဲ့တာကဘာလဲ?”
ထျန်းလော်၏လက်ထဲမှအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့်အခြားသူများ၏အမူအရာက ပြောင်းလဲသွားသည်။
သို့သော်လည်း သူတို့မတုံ့ပြန်နိုင်ခင်၌ပင်၊ ထျန်းလော်က နတ်ဘုရားနတ်ဆိုးစက်လုံးကို ဖွင့်လိုက်ကာ ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းသို့ ပစ်လိုက်လေသည်။
ဂျုန်း….
ချက်ခြင်းပင်၊ နက်ရှိုင်းသည့် အနက်ရောင်အလင်းများက ပေါက်ကွဲသွားသည်။
နတ်ဆိုးအရှိန်အဝါလှိုင်းကြီးက ပင်လယ်ရေလိမ့်တက်လာသကဲ့သို့ဖြစ်ကာ ချက်ခြင်းပင် အစီအရင်ကို ဆန့်ကျင်၍ တိုက်ခိုက်လိုက်သည်။
ချက်ခြင်းပင် ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်က မှိန်သွားလေသည်။ အစီအရင်၏မျက်နှာပြင်သည် ထူထဲသည့်အနက်ရောင်မြူအလွှာဖြင့် ဖုံးလွှမ်းသွားသည်။
၎င်းသည် အစီအရင်တစ်ခုလုံးကို နှေးသွားအောင်လုပ်လိုက်ပုံရသည်။
“မကောင်းတော့ဘူး။ အဲ့အရာက ကျုပ်တို့အစီအရင်ကို အဆိပ်အတောက်ဖြစ်စေတယ်။” ကျယ်ပြောခြင်းမြစ် စံသခင်၏ အမူအရာက ချက်ခြင်းပြောင်းလဲသွားသည်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ တုကူးပိုင်ဖေး၊ စစ်ထူရှန်း နှင့် အခြားအခြေတည်ဝိညာဉ်ကျင့်ကြံသူများက လည်းစိုးရိမ်နေကြပုံရသည်။
သူတို့က အခြားတစ်ဖက်၌ ထိုကဲ့သို့သောပစ္စည်းရှိမည်ဟု မထင်ထားကြပေ။
အကယ်၍ ရန်သူအား အကြိမ်အနည်းငယ်ခွင့်ပြုထားလိုက်လျှင် သူတို့၏အစီအရင်က ခံနိုင်လောက်မည်မဟုတ်ပေ။
ကျီ….
ထိုအချိန်တွင် အစိမ်းရောင်ပုလင်းက ရုတ်တရက် ကျယ်ပြောခြင်းမြစ်စံသခင်၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။
သူ၏ ဝန်လေးနေသောမျက်နှာ၌ နာကျင်မှုတစ်ချို့ဖြတ်ပြေးသွားသည်။
သို့သော်ခနအကြာတွင် သူသည် ပုလင်းကိုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
အစိမ်းရောင်အလင်းက အစီအရင်ထံသို့လိမ့်တက်သွားကာ အနက်ရောင်မြူများနှင့် ဖုံးလွှမ်းသွားသည့်နေရာအား ပစ်မှတ်ထားလိုက်သည်။
ခီ…ခီ…ခီ…ခီ….
ထိုအစိမ်းရောင်အလင်းက အနက်ရောင်မြူများနှင့် ထိသည်နှင့် ပြင်းထန်စွာတုံ့ပြန်တောသည်။
၎င်းတို့သည်အချင်းချင်းတိုက်စားနေပုံရကာ ကြက်သီးထစရာကောင်းသည့် ဆူညံသံများအား ဆက်တိုက်ထုတ်လွတ်နေသည်။
၎င်းသည် ထူထဲသည့် အဖြူရောင်မီးခိုးများနှင့် ပေါင်းစပ်သွားခဲ့သည်။
“အခုမလှုပ်ရှားရင် ဘယ်အချိန်မှလုပ်မလို့လဲ?”
ထျန်းလော်က ရုတ်တရက်လေးနက်သည့်အသံနှင့်ပြောလိုက်သည်။
သူ၏စကားကိုကြားလျှင် နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးနှင့် အခြားနတ်ဆိုးကျင့်ကြံသူများက ချက်ခြင်း တစ်ခစ်ခစ်ရယ်နေကြသည်။
“တာအိုရောင်းရင်းထျန်းလော်၊ စိတ်လျော့ပါဦး။ ကျွန်မတို့ ကူညီပါမယ်။”
သူတို့ပြောသည်နှင့် နှစ်လိုဖွယ်ကောင်းသည့်အမျိုးသမီးနှင့်အခြားသူများ၏လက်ထဲတွင် စက်လုံးများထွက်ပေါ်လာခဲ့သည်။
ကျီ….
စက်လုံးခြောက်ခုက ကျွန်းသို့ဦးတည်၍ လာနေကြသည်။
“အို မဟုတ်သေးဘူး”
ထိုအရာကိုမြင်လျှင် ကျယ်ပြောခြင်းမြစ်စံသခင် တုကူးပိုင်ဖေးနှင့်စစ်ထူရှန်းနှင့်အခြားသူများသည် စိတ်တည်ငြိမ်မနေနိုင်တော့ပါ။
ထို နတ်ဘုရားနတ်ဆိုးစက်လုံး၏ စွမ်းအားကိုသူတို့သိပြီးဖြစ်သည်။ ထိုစက်လုံးခြောက်လုံးက သူတို့၏ကျောက်စိမ်းအလင်းပျံသန်းခြင်း မသေမျိုးအစီအရင်ကို တစ်ချိန်ထဲ တိုက်ခိုက်လျှင် သူတို့၏အစီအရင်က ခုခံနိုင်ရန်အလွန်ခက်ခဲပေလိမ့်မည်။
ကျန်းချန်ရွှမ်က လေးနက်သောအသံနှင့်ပြောလိုက်သည်။
“အားလုံးပဲ ငါတို့အတူလှုပ်ရှားကြရမယ်။ အဲဒီအရာတွေ ငါတို့အစီအရင်ကို ထပ်ပြီးထိခိုက်စေလို့ မဖြစ်ဘူး။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ဦးစွာတိုက်ခိုက်ခဲ့ကြသည်။
ကလန် ကလန် …….
နှစ်ဦးလုံးသည် ရွှေရောင်လေဟာနယ်ဓါးနှင့် မိုးကြိုးငါးသွယ်မသေမျိုးသုတ်သင်ခြင်းကို ထုတ်လွတ်လိုက်ကြသည်။
ချက်ခြင်းပင်၊ အလင်းတန်းနှစ်ခုက ပျံသန်းနေသောဖဲကြိုးနှစ်ခုကဲ့သို့ နတ်ဘုရားနတ်ဆိုးစက်လုံးနှစ်ခုကို ပစ်မှတ်ထားလိုက်သည်။
တစ်ချိန်တည်း၌ပင်..
တုကူးပိုင်ဖေးနှင့် စစ်ထူရှန်းတို့ကလည်း ပျင်းရိမနေတော့ပါ။
သူတို့က ကျန်ရှိနေသောစက်လုံးများကိုဦးတည်၍ တိုက်ခိုက်နေကြသည်။သို့ရာတွင် သူတို့သည် ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသည့်အမျိုးသမီးတို့ကဲ့သို့ နတ်ဆိုးကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။
“အကယ်၍ ငါတို့ရဲ့ နတ်ဆိုး နတ်ဘုရားစက်လုံးက မင်းတို့ဆီက လွယ်လွယ်နဲ့ ဖျက်ဆီးခံလိုက်ရရင် ငါတို့ကညံ့ဖျင်းတဲ့လူတွေဖြစ်သွားတော့မှာပဲ။”
စကားပြောလိုက်ရင်း ထျန်းလော်နှင့်အခြားသူများက လှုပ်ရှားလိုက်ကြသည်။
ချက်ခြင်းပင် နတ်ဆိုးအလင်းများနှင့် ဖုံးလွှမ်းနေသည့် စစ်မှန်ရတနာများက ကျန်းချန်ရွှမ်နှင့် အခြားသူများထံသို့ ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့ ခုနှစ်ဦးက အမျိုးမျိုးသောနတ်ဘုရားစွမ်းအားများနှင့် မန္တာန်များကို သုံးကာ ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်ကို တိုက်ခိုက်တော့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားအဖွဲ့များ၏တိုက်ခိုက်မှုကို တားဆီးကာ အစီအရင်ကို ဖိအားပိုပေးရန်ပင် ဖြစ်သည်။
“မင်းတို့က သေချင်နေတာပဲ။”
ထိုအရာကိုမြင်လျှင်၊ အေးစက်သည့်အလင်းက ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင်ဖြတ်ပြေးသွားခဲ့သည်။
ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ အခြေတည်ဝိညာဉ်က မျက်လုံးပွင့်လာခဲ့သည်။
ခနအကြာတွင်၊
အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင် သက်တံ့ရောင်များက ရုတ်တရက် သူ၏နောက်တွင် ဖဲကြိုးပုံသဏ္ဍာန်ဖွဲ့စည်းသွားခဲ့သည်။
ဝှစ်ဟူသောအသံနှင့် ထျန်းလော်နှင့် သူ့အဖွဲ့၏ စစ်မှန်ရတနာများ၊ မန္တာန်များနှင့် နတ်ဘုရားစွမ်းအားများကို ဖြတ်သွားလေသည်။
မူလက ချေငံနေသော ထျန်းလော်သည် ချက်ခြင်းထိတ်လန့်မှုနှင့် ပြည့်သွားသည်။ ထိုအချိန်တွင် သူတို့၏ ဓမ္မစွမ်းအင်များ၊ စိတ်စွမ်းအားများနှင့် အမျိုးမျိုးသောမန္တာန်များနှင့်နတ်ဘုရားစွမ်းအားများ အားလုံးက ၃၀ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့သည်။
ဘယ်လိုဖြစ်ရတာလဲ?
ထိုအခြေအနေကို သူတို့အားလုံးနားမလည်ခင်၌ပင်ဖြစသည်။
များစွာသောနတ်ဘုရားအလင်းများက ရုတ်တရက်ကျန်းချန်ရွှမ်အပေါ်မှ ဒွိအစွန်းနတ်ဘုရားတောင်ထံမှ ထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ထျန်းလော်တို့အုပ်စု၏ စစ်မှန်ရတနာများက သူတို့၏ အရောင်များ ပျောက်သွားကာ ပင်လယ်၏အောက်သို့ကျသွားလေသည်။
“ဘာ?”
ထျန်းလော်နှင့် သူတို့၏ အဖော်များက ထိတ်လန့်နေဆဲဖြစ်နေချိန်တွင် ရှန်းရူယန်၏ မိုးကြိုးဆင်းတံဆိပ်တော်က မရေတွက်နိုင်သော မိုးကြိုးများဖြင့် ပေါက်ကွဲလာသည်။
ကျယ်လောင်သော ဗုံးများဆက်တိုက်ကွဲပြီးနောက်၊
ကြောက်လန့်ဖွယ်ကောင်းသည့် မိုးကြိုးသွားက ချက်ခြင်း များစွာသောနတ်ဆိုးကျင့်ကြံသူများ၏ စွမ်းအားနှင့် မန္တာန်များကြားထိုးဖောက်ဝင်ရောက်သွားသည်။
ထိုအရာကိုမြင်လျှင် တောင်ပိုင်းပင်လယ်မသေမျိုးနှစ်ဦးနှင့် ကျယ်ပြောခြင်းစံသခင်တို့ကလည်း ဝင်ရောက်လာခဲ့သည်။
ချက်ခြင်းပင် ရုတ်တရက် ကောင်းကင်က မီးတောက်များနှင့် ပြည့်နေရာမှ ပို၍ လင်းလက်တောက်ပလာခဲ့သည်။
အမျိုးမျိုးသော စစ်မှန်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် မန္တာန်များသည် မရပ်မနား ဖြစ်နေကြသည်။
စက်ဝိုင်းပုံဝဲဂယက်များကလည်းဆက်တိုက်ပင် ဦးတည်ချက်အမျိုးမျိုးမှ ပျံ့နှံနေခဲ့သည်။
နောက်ဆုံး၌ ကျန်းချန်ရွမ်နှင့် သူတို့အုပ်စုသည် နတ်ဆိုးကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရုံမျှသာဖြစ်နေချိန်တွင် သူတို့၏စစ်မှန်ရတနာများက နတ်ဆိုးနတ်ဘုရားစက်လုံးများနှင့် တိုက်မိနေခဲ့သည်။
ဂျုန်း
ချက်ခြင်းပင် ကောင်းကင်ပေါ်တွင် အနက်ရောင်မိုးကြိုးများက အားကြီးစွာ ပေါက်ကွဲနေခဲ့သည်။
ကြီးမားကာကြောက်စရာကောင်းသည့် စွမ်းအားက မိုင်တစ်ရာပတ်လည်မှ အရာအားလုံးကို တားမြစ်သည့်နေရာများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
ထိုနေရာမှ သက်ရှိအားလုံးသည် ရေများ အငွေ့ပျံသွားသကဲ့သို့ဖြစ်ကာ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက်…
တုကူးပိုင်ဖေးနှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။
“မကောင်းတော့ဘူး။ ကျုပ်တို့ရဲ့ စစ်မှန်ရတနာတွေက နတ်ဆိုးအဆိပ်အတောက်ကူးစက်ခံရပြီ။”
ပေါက်ကွဲခြင်း၏အလယ်တွင်၊ မူလက အရောင်တောက်ပနေသည့် များစွာသောစစ်မှန်ရတနာများက အရောင်မှိန်သွားခဲ့သည်။
အဆိုးရွားဆုံးအချက်မှာ အချို့မှာ နတ်ဆိုးအရှိန်အဝါများနှင့် ရစ်ပတ်ခံနေရသည်။
၎င်းသည် သူတို့၏ မူလဝိညာဉ်ကို သက်ရောက်စေသည်။
“အား…”
ကျန်းချန်ရွှမ်၏ဖက်မှ များစွာသော အစောပိုင်းအဆင့်အခြေတည်ကျင့်ကြံသူများက ဒဏ်ရာများ ရကုန်ကြသည်။
သူတို့သည် ပါးစပ်အပြည့်သွေးများအန်ကြသည်။
ကံကောင်းစွာပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မဟာကျင်ကြံသူအဆင့်သို့ရောက်နေပြီး ဖြစ်ကြသည်။
သူတို့ထုတ်လာသောစစ်မှန်ရတနာများက ကူးစက်မခံရပဲ ပျက်စီးသွားခြင်းလည်းမရှိပေ။
“သေစမ်း။”
သို့ရာတွင် ထိုအချိန်၌ ဒေါသအထွက်ဆုံးသူများမှာ ထျန်းလော်နှင့် သူ၏အုပ်စုပင်ဖြစ်သည်။
***