သတ်ဖြတ်ခြင်းဘီး၊ ရှေ့မတိုးသာသည့်အခြေအနေကိုချိုးဖျက်ခြင်း၊ “ပုံသဏ္ဍာန်မဲ့” နတ်ဘုရားစွမ်းအား ၊ ချက်ခြင်းသတ်ဖြတ်ခြင်း
Vol. 29 Ch. 563
နတ်ဆိုးနတ်ဘုရားစက်လုံးသည် သူတို့၏အောင်မြင်ခြင်းကဒ်အနေဖြင့် သုံးခဲ့သည်ဟု သတ်မှတ်နိုင်သည်။
သို့ရာတွင် သူတို့အောင်မြင်ခြင်းကဒ်အနေဖြင့် သုံးလိုက်ရခြင်း၏ ရည်ရွယ်ချက်က ကျရှုံးသွားခဲ့ရသည်။
သူတို့သည် အခြေတည်ဝိညာဉ်ကျင့်ကြံသူအစောပိုင်းအဆင့်များက ဒဏ်ရာရသွားကြသော်လည်း အခြေအနေတစ်ခုလုံး၏ အကျိုးသက်ရောက်မှုက အနည်းငယ်သာရှိပေသည်။
“မဟုတ်သေးဘူး။ အကယ်၍ ငါတို့လက်ရှိစွမ်အားကို မှီခိုနေရင် သူတို့ရဲ့အစီအရင်ကို ဖျက်နိုင်ဖို့ လွယ်မှာမဟုတ်ဘူး။”
ထိုအခြေအနေတွင် သွေးရောင်ဆံပင်ရှည်နှင့် လူက အနိမ့်သံဖြင့် ပြောလိုက်သည်။
သူ၏စကားကိုကြားလျင် ထျန်းလော်နှင့်အခြားသူများ၏အမူအရာက မဲမှောင်သွားသည်။
ထျန်းလော်က ပြောလိုက်သည်။ “သွေးမြစ်၊ မင်းဘာကိုဆိုလိုတာလဲ? ငါတို့ဒီနေရာကို ဒီလိုပဲ လက်လျော့လိုက်ရတော့မှာလား?”
သွေးမြစ်ဟုခေါ်သည့် လူက ချက်ခြင်းပင် သူ၏ခေါင်းကိုခါလိုက်သည်။
“မဟုတ်ပါဘူး။ ငါတွေးနေတာ ငါတို့ အခြားသူတွေကို ကူဖို့ခေါ်လိုက်ရင် (သို့) သူတို့ရဲ့အစီအရင်ကို ရင်ဆိုင်ဖို့ အထူးထွင်ထားတဲ့ အသုံးအဆောင်ပစ္စည်း ရှာရင်မကောင်းဘူးလားလို့ တွေးလိုက်မိလို့ပါ။”
လူတိုင်းသည် သူ၏အကြံပေးချက်ကို စိတ်ဝင်စားမှုရှိသွားသည်။
ခနအကြာတွင် နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးက ပြောသည်။
“ရှင့်မှာ အစီအစဉ်ရှိနေပြီလား?”
သွေးမြစ်က သူတို့အား သံသယဝင်မနေစေဘဲ ပြောလိုက်သည်။
“ငါကြားဖူးတာ နတ်ဆိုးမှော်ဆရာနားမှာ သတ်ဖြတ်ခြင်းဘီးလို့ခေါ်တဲ့ပစ္စည်းရှိတယ်တဲ့။ ပြီးတော့ အဲ့အရာက အဲ့လို ကာကွယ်ရေးအစီအရင်တွေကို ရင်ဆိုင်ရာမှာ အထူးကောင်းမွန်တယ်လို့ ကြားဖူးတယ်။
အကယ်၍ ငါတို့အဲ့ပစ္စည်းကို ငှားနိုင်ရင် ငါယုံကြည့်တယ်။ အဲ့ဒီ ကျောက်စိမ်းအလင်းပျံသန်းခြင်း မသေမျိုးအစီအရင်က ငါတို့ကိုတားနိုင်တော့မှာမဟုတ်ဘူး။”
“သတ်ဖြတ်ခြင်းဘီး?”
နှစ်လိုဖွယ်ကောင်းသည့်မိန်းမက ခေါင်းကိုခါလိုက်သည်။
“နတ်ဆိုးမှော်ဆရာနားကနေ သတ်ဖြတ်ခြင်းဘီးကိုငှားနိုင်ဖို့က အဲ့လောက်လွယ်မှာမဟုတ်ဘူး။
မမေ့နဲ့။ နတ်ဆိုးမှော်ဆရာကလည်း အဲ့ရတနာပစ္စည်းကို လိုအပ်တယ်။”
“အဲ့လောက်မလိုပါဘူး။”
သို့ရာတွင် သွေးမြစ်က ပြုံးကာ ခေါင်းကိုခါလိုက်သည်။
“ငါသိရသလောက် နတ်ဆိုးမှော်ဆရာရဲ့ အစီအရင်ကျင်ကြံဆင့်က အဆင့် ၅ ကိုရောက်သွားပြီ။
သတ်ဖြတ်ခြင်းဘီးမရှိရင်တောင် သူဖက်က အစီအရင်ကို ဖျက်ဖို့ အခွင့်အရေးရှိပါတယ်။
အရေးအကြီးဆုံးအချက်က သူ့မှာ သတ်ဖြတ်ခြင်းဘီးက တစ်ခုထပ်မကရှိတယ်။”
“တစ်ခုထပ်ပိုရှိတယ်လား?”
သွေးမြစ်၏စကားများကို ကြားလျှင် ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးတို့က ကြောင်အသွားသည်။
“မှန်တယ်။”
သွေးမြစ်က ခေါင်းညိတ်သည်။
“သူ့လက်ထဲက သတ်ဖြတ်ခြင်းဘီးက သတ်ဖြတ်ခြင်းဘီးရဲ့ မူလခန္ဓာကိုယ်လို့ပြောလို့ရတယ်။ အဲ့ဒါအပြင်၊ သူ့မှာ ခုခံရေးအစီအရင်တွေကို တိုက်စားနိုင်တဲ့ ဘီးရဲ့ အခြားအခွဲတွေ အများကြီး ရှိသေးတယ်။”
ငါသိပြီ။
ထိုစကားကိုကြားလျှင် ထိုအုပ်စုက ဝမ်းသာသွားသည်။
ထိုအရာက ပြသနာဆိုလျှင် သူတို့၏ အထောက်အထားနှင့် နတ်ဆိုးမှော်ဆရာထံမှ သတ်ဖြတ်ခြင်းဘီး၏ အစိတ်အပိုင်းကို ယူရန်မှာ မခက်ခဲပေ။
တစ်ခုတည်းသောပြသနာမှာ မည်သူလုပ်မည်နည်းဆိုသည့်အရာဖြစ်သည်။
လူတိုင်း၏စိတ်ကို ဖတ်နိုင်သည့်ပုံစံနှင့် သွေးမြစ်က သူတို့အား ကြည့်လိုက်ကာ ပြုံးလိုက်သည်။
“ငါကဒီကိစ္စကို စပြောတာဆိုတော့ ငါက ဒီတာဝန်ကို ယူသင့်တာပေါ့။ ငါနဲ့လိုက်ဖို့ အဖော်တစ်ယောက်ပဲလိုမယ်။”
ထိုအုပ်စုက အကြည့်များဖလှယ်လိုက်ကြသည်။
မကြာမီ အရိုးဖြူများပါသည့် လည်ဆွဲကိုဆင်မြန်းထားသော လူက ထပြောသည်။
“ငါ သွေးမြစ်နဲ့အတူသွားမယ်။ ငါက နတ်ဆိုးမှော်ဆရာနဲ့ နည်းနည်းသိကျွမ်းတယ်။ ငါ့အတွက်နဲ့ ငှားပေးနိုင်မယ်လို့ထင်တာပဲ။”
မည်သူမှ မကန့်ကွက်ကြပါ။
မကြာမီ သွေးမြစ်နှင့် အတူ အရိုးခြောက်ဟုခေါ်ကြသည့် အရိုးဖြူလည်ဆွဲနှင့်လူက နတ်ဆိုးမှော်ဆရာဆီသို့ ဦးတည်သွားလိုက်ကြသည်။
ကျန်ရှိနေသည့် ၅ ယောက်အနေဖြင့် သူတို့သည် နတ်ဆိုးကျင်ကြံသူများအား ကျယ်ပြောခြင်းမြစ်ရှိ ဝိညာဉ်ကျွန်းကို ဆက်လက်တိုက်ခိုက်ရန် ညွှန်ကြားနေလေသည်။
ကျယ်ပြောခြင်းမြစ်ရှိ ဝိညာဉ်ကျွန်းပေါ်တွင်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများက သွေးမြစ်နှင့် အရိုးခြောက်တို့ ထွက်သွားသည်ကို မြင်လိုက်ကြသည်။ သူတို့၏မျက်လုံးများ ကျဉ်းသွားကြသည်။
ရှန်းရူယန်က ပြောလိုက်သည်။ “ယောက်ျား၊ တစ်ခုခုတော့ မမှန်နေဘူး။ ဒီအချိန်မှာထွက်သွားဖို့ ရွေးချယ်တဲ့ လူတွေက တစ်ခုခုဖြစ်နေလို့နေမယ်။”
“ဟုတ်တယ်။”
ကျန်းချန်ရွှမ်က သဘောတူလျှက် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သူတို့ထွက်သွားပေမဲ့ နတ်ဆိုးကျင့်ကြံသူက ငါးယောက်ကျန်နေသေးတယ်။ ကိုယ်နဲ့မင်းနဲ့ဆိုရင် ဖြစ်နိုင်မလား?”
“ဟမ်? ရှင်ဆိုလိုတာက?”
ရှန်းရူယန်၏မျက်လုံးက တစ်ဖျတ်ဖျတ် ဖြစ်သွားသည်။
ကျန်းချန်ရွှမ်က ခေါင်းထပ်ညိတ်လိုက်ပြန်သည်။
“မှန်တယ်။ သူတို့က ဘယ်လို အားနည်းအောင်လုပ်ရမလဲလို့ ကိုယ်စဉ်းစားနေတာ။ ကိုယ်တို့ ဒီအတိုင်းဆက်ခုခံနေလို့ အကျိုးရှိမှာမဟုတ်ဘူး။
သူတို့ထဲက နှစ်ယောက်က ထွက်သွားပြီဆိုတော့ ကိုယ်တို့ရဲ့လက်ရှိအင်အားနဲ့ ကိုယ်တို့ ကျန်နေတဲ့သူတွေကို သတ်ပစ်လို့ရတယ်။”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းအရိပ်များဖြတ်သွားသည်။
“ကိုယ်တို့လုပ်နိုင်တယ်။”
စကားပြောပြီးပြီးခြင်း ကျန်းချန်ရွှမ်က သူ၏အတွေးကို ရှန်းရူယန်အားပြောပြလိုက်သည်။
ရှန်းရူယန်က သဘောတူလျှက် ခေါင်းညိတ်လိုက်သည်။
ခနအကြာတွင် နှစ်ဦးသားသည် တောင်ပိုင်းပင်လယ်၏မသေမျိုးနှစ်ယောက်နှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့ကို ရှာ၍ သူတို့၏အတွေးများကို ပြောပြလိုက်ကြသည်။
တောင်ပိုင်းပင်လယ်၏ မသေမျိုးနှစ်ယောက်နှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့သည် ထိုအကြောင်းကိုကြားလျှင် သူတို့က ထိတ်လန့်သွားကြသည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုကဲ့သို့ ရူးသွပ်သော အတွေးမျိုးရှိလိမ့်မည်ဟု မထင်ထားကြချေ။
သူတို့က တကယ်ပင် အစီအရင် အပြင်ထွက်ကာ နတ်ဆိုးကျင်ကြံသူများကို သတ်ချင်နေသည်။
***