တစ္ဆေမြို့တော်ဝင်ပေါက်သို့ ဦးတည်ခြင်း
Vol. 93 Ch. 1300
“မင်းမသိဘူးလား ဒါဆိုရင် တစ္ဆေမြို့တော်ကို ဘယ်လိုရောက်တော့မှာ လဲ” ရှီမာလျူဖန် မေးလိုက်သည်။
လက်ထောက်လေးသည် ဒိဝူကိုကြည့်ပြီး ပြောလေသည် “ကျန်တဲ့လမ်း ကိုဦးဆောင်ဖို့အတွက် သူ့ကိုပဲမှီခိုရတော့မယ်”
“ငါလား” ဒိဝူသည် ရှုပ်ထွေးစွာဖြင့် သူ့ကိုယ်သူ ညွှန်ပြလေသည် “တစ္ဆေ မြို့တော်က ဘယ်မှာလဲဆိုတာ ငါမသိဘူး”
အားလုံး၏ နဖူးတွင် အမည်းကြောင်းများပြည့်သွားလေသည်။ အဲတော့ တစ္ဆေမြို့တော်က ဘယ်မှာလဲဆိုတာကို ဘယ်သူမှမသိဘူးပေါ့။
သူတို့သည် လက်ထောက်လေးသိမည်ဟု ထင်ထားကြလေသည်။ လက်ထောက်လေးသည် ဒိဝူသိမည်ဟု ထင်ထားခဲ့သည်။ နောက်ဆုံးတွင် မည်သူမှ မသိကြပေ။
“တစ္ဆေမြို့တော်က ဘယ်မှာလဲဆိုတာ မင်းတို့ဘယ်သူမှမသိကြဘူးပေါ့” ရှီမာယူယူ မေးလိုက်သည်။
“သူသိတယ်လို့ ဆရာကပြောလိုက်တာ” လက်ထောက်လေး ပြောလိုက် သည်။
“ငါ အရင်ကအဲဒီကိုတစ်ခါမှ မရောက်ဖူးဘူး ကြားပဲကြားဖူးတာလေ” ဒိဝိူ သည် အကူအညီမဲ့စွာ ပြောလိုက်သည်။
“မင်းဆရာက ဒီကိုလာဖို့ကို သိတယ်လေ၊ အတိအကျက ဘယ်မှာလဲဆို တာ မပြောလိုက်ဘူးလား”
လက်ထောက်လေးသည် ခေါင်းညိတ်လိုက်သည်။ ရင်လင်းသည် အမှန်တကယ်ပင် မပြောလိုက်ပေ။
“အဲတော့ အခုဘာလုပ်ကြမလဲ”
အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ ဘာလုပ်ရမည်ကို မည်သူမှမသိတော့ပေ။
“လက်ထောက်လေး ဒိဝူကလမ်းသိလိမ့်မယ်လို့ မင်းဆရာ ပြောလိုက်တာ လား” ရှီမာယူယူ မေးလိုက်သည်။
“ဒိဝူက လမ်းသိတယ်လို့ ပြောတာမဟုတ်ဘူးလား ဘာလို့လဲတော့ သူ မပြောလိုက်ဘူး” လက်ထောက်လေး ပြောလိုက်သည်။
“ဒိဝူက ကြားဖူးတယ်လို့ပြောတယ်မလား အရင်ကမင်းကြားဖူးတဲ့ဟာက မှန်လို့ဖြစ်မှာပေါ့” ဝူလင်းယူ ပြောလိုက်သည်။
“စဉ်းစားလိုက်ဦးမယ်” ဒိဝူပြောလေသည် “ဟိုးအရင်တုန်းကတော့ ကြား ဖူးတယ်”
“အရင်က အဆိုတစ်ခုကြားဖူးတယ်၊ အနောက်ဘက်တောင်တွေထဲကို နေဝင်သွားတဲ့နေရာမှာ လူသားနဲ့တစ္ဆေတွေဆက်သွယ်ကြတယ်တဲ့၊ အဲဒါနဲ့များ ဆက်စပ်မလားမသိဘူး” ရှီမာရှုံ့ချီ မေးလိုက်သည်။
“အနောက်ဘက်တောင်တွေ ဟုတ်လား၊ ဟုတ်တယ် တစ္ဆေမြို့တော်ရဲ့ သတင်းတွေက အနောက်ဘက်တောင်နဲ့တော့ ပတ်သတ်နေတယ်” ဒိဝူ အော် လေသည်။
“အနောက်လက်တောင်တွေက လူသားလောကရဲ့အနောက်ဘက် တောင်တွေပဲ၊ အဲတော့ တစ္ဆေလောကနဲ့တော့ ဘာမှမဆိုင်ဘူးမလား”
“မဟုတ်ဘူး၊ တစ္ဆေလောကမှာ အနောက်ဘက်တောင်လို့ခေါ်တဲ့ တောင် ရှိတယ်” ဒိဝူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည်။
“ဒါပေမဲ့ အနောက်ဘက်တောင်လို့ သိကြတဲ့တောင်ဆိုတာမရှိဘူးလေ” ရှီမာလျူယွင် ပြောလိုက်လေသည် “ငါတို့ အဲနေရာကိုအရင်က ရှာဖို့လာဖူး တယ်၊ အကုန်လုံးရှာကြည့်ပေမဲ့ ဘာမှမတွေ့ခဲ့ဘူး၊ အဲတုန်းက အနောက်ဘက် တောင်လို့သိကြတဲ့ နေရာဆိုတာမရှိဘူးလို့ ငါတို့သိခဲ့ရတယ်”
“ရှိလားမရှိလားဆိုတာကို ဝိညာဉ်သားရဲကိုရှာပြီးမေးလိုက်ရင် သိမှာပဲ” ရှီမာရှုံ့ချီသည် ပြောပြီးသည်နှင့် စွမ်းအင်စုစည်းလိုက်ရာ နုံးမြေတွင် ပုန်းနေ သော ဝိညာဉ်သားရဲ တစ်ကောင်ထွက်လာလေသည်။
“ချမ်းသာပေးပါ ချမ်းသာပေးပါ” ရွှံ့ငါးလေးသည် လေထဲတွင် လူးလွန့် ကာ ကျယ်လောင်စွာ အော်လေသည်။
“မအော်နဲ့ ငါတို့က မင်းကိုမသတ်ဘူး” ရှီမာရှုံ့ချီ ပြောလိုက်သည် “မင်းကို မေးမယ် တောင်ပိုင်းလွင်တီးခေါင် နုံးမြေထဲမှာ အနောက်ဘက်တောင်ဆိုတာ ရှိလား”
ရွံ့ငါးလေးသည် သူ့ကိုမသတ်ဟု ကြားသည်နှင့် ချက်ချင်းပင် ငြိမ်သွား လေသည်။ ရှီမာရှုံ့ချီ ပြောသည်ကို ကြားသောအခါ ခေတ္တမျှစဉ်းစားကာ ပြော လိုက်သည် “မရှိဘူး၊ တောင်ပိုင်းလွင်တီးခေါင် စိမ့်မြေမှာ အနောက်ဘက် တောင်လို့ သိကြတဲ့နေရာမရှိဘူး”
“တကယ်လား”
“မရှိဘူး” ရွံ့ငါးလေးသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည်။
“အနီးအနားမှာ ရှိမလားဆိုတာကို မသိဘူးလား”
“ကျွန်တော်တို့ ဝိညာဉ်သားရဲတွေက အမြဲတမ်းလိုလို လျှောက်သွားနေ ကြတာပဲ၊ ရှိတယ်ဆိုရင် သေချာပေါက်သိကြမှာပဲ၊ အနောက်ဘက်တောင်လို့ ခေါ်တဲ့နေရာမရှိဘူး” ရွံ့ငါးလေး ပြောလေသည်။
ရှီမာရှုံ့ချီသည် သူ၏ ရိုးသားမှုကိုမြင်ရသောကြောင့် လွှတ်ပေးလိုက် သည်။ သူသည် နောက်ထပ် ဝိညာဉ်သားရဲကို ဖမ်းပြီး တူညီသောမေးခွန်းကိုပဲ မေးမြန်းရာ ရလဒ်မှာအတူတူပင်ထွက်လာသည်။
“ကြည့်ရတာ အနောက်ဘက်တောင်ဆိုတာ တကယ်မရှိဘူးထင်တယ်” ဒိဝူ ပြောလိုက်သည်။
ရှီမာယူယူသည် အဝေးမှ တောင်တန်းများကိုကြည့်လိုက်ရာ နေဝင်သည် နှင့်တိုက်ဆိုင်လေသည်။ နေရောင်သည် တောင်နှစ်လုံးအကြားတွင် တဖြည်း ဖြည်းဝင်သွားလေသည်။
“အနောက်ဘက်တောင်တွေကို နေဝင်သွားတယ်၊ အနောက်ဘက်တောင် ဆိုတာ နာမည်မဟုတ်ဘဲနဲ့ အနောက်ဘက်က တောင်တွေကိုပြောတာလား”
“အနောက်ဘက်က တောင်တွေဟုတ်လား” ဟွမ်ရင်ရင်သည် ရှီမာယူယူ ၏ အကြည့်နောက်လိုက်ရာ အနောက်ဘက်တွင် နေဝင်သွားသည်ကို မြင်လိုက် ရလေသည်။
“အဲလိုတော့ မဖြစ်နိုင်လောက်ဘူးမလား” ရှီမာလျူဖန် ပြောလိုက်သည် “ငါတို့က အခုအနောက်ဘက်တောင်တွေမှာ ရပ်နေတာ၊ ဒါပေမဲ့ ရပ်နေတဲ့ နေရာက မမှန်ဘူးဆိုရင်ရော၊ ငါတို့က အဲဒီတောင်တွေရဲ့အနောက်မှာရပ်နေရင် အဲတောင်က ငါတို့အရှေ့ရောက်သွားပြီလေ”
ထိုသည်မှာ အကျိုးအကြောင်းဆီလျော်သည်။
သို့သော် ရှီမာယူယူ သဘောမတူပေ။ သူမ ထိုတောင်များကို ကြည့်လေလေ ယုတ္တိရှိသည်ဟု ခံစားရလေလေဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် တခြားအကြံမှမရှိတာ အဲတော့စမ်းကြည့်ကြတာပေါ့” ဝူလင်းယူ အကြံပေးလိုက်သည်။
“အမှန်ပဲ”
“အဲဒီကိုမသွားနဲ့” ခုနက ရွံ့ငါးလေးသည် ခေါင်းပြူထွက်လာသည် “အဲနေရာက အရမ်းကိုသံသယဝင်စရာကောင်းတယ် ဝိညာဉ်သားရဲတွေက အမြဲတမ်း အဲနေရာမှာပဲပျောက်သွားကြတယ်၊ အရမ်းအန္တရာယ်များတယ်”
“အိုး”
ရွံ့ငါးလေး၏ စကားများသည် ချက်ချင်းပင် အားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။
“အဲဒီတောင်တွေက ဘာမှထူးခြားတဲ့ပုံမပေါက်ပါဘူး ဘာလို့ အဲလောက် အန္တရာယ်များတာလဲ”
“သိတယ်လေ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ ဒီအချိန်ဆိုရင် အဲနေရာက အန္တရာယ်များတုန်းပဲ၊ အဲဒါကြောင့် ဒီချိန်ဆို အဲနေရာကို ကျွန်တော်တို့တွေ မသွားကြဘူး” ရွံ့ငါးလေး ပြောလေသည်။
“တခြားအချိန်တွေရော အတူတူပဲလား”
“မတူဘူး၊ ဒီ့ထက် ၂နာရီလောက်စောရင်တော့ ပုံမှန်ပဲရှိသေးတယ်၊ နေဝင်ပြီးရင်တော့ အဲနေရာက အရမ်းကြောက်ဖို့ကောင်းလာတယ်၊ အဲဒီကို သွားတဲ့ ဝိညာဉ်သားရဲတွေအကုန် ပျောက်သွားတယ်” ရွံ့ငါးလေး ပြောလေ သည်။
“ငါတို့နားလည်ပြီ ကျေးဇူးပဲ ရွံ့ငါးလေး ဒါက မင်းကိုကျေးဇူးတင်လို့ ပေး တဲ့လက်ဆောင်” ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီး ရွံ့ငါးလေးကို ပစ်ပေး လိုက်သည်။
ရွံ့ငါးလေးသည် ဆေးအမျိုးအစားကိုမသိပေ။ သို့သော် အနံ့ကောင်း သဖြင့် သေချာပေါက် အရည်အသွေးကောင်းမည်ဟု သိသည်။ ထို့ကြောင့် ဆေး ကိုဖမ်းပြီး နုံးမြေအောက် ပြန်ဝင်သွားလေသည်။
“သူပြောပုံအရဆိုရင် အဲဒီနေရာဖြစ်ရမယ်” ရှီမာလျူယွင် ပြောလိုက် သည် “အဲနေရာက လူသားနဲ့တစ္ဆေမျိုးနွယ်တွေ ဆက်သွယ်တဲ့နေရာက ဒီလိုမျိုး မမြင်သာလောက်တဲ့နေရာဖြစ်မယ်လို့ ထင်မထားဘူး”
“သွားကြတာပေါ့”
သူတို့သည် တောင်များဆီသို့ ပျံသန်းသွားလိုက်ကြသည်။ ထိုနေရာသည် နီးသည်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ဝေးကွာလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ သူတို့ ထိုနေရာသို့ရောက်သောအခါ နေသည် တောင်အနောက် သို့ဝင်သွားချေပြီ။
သူတို့သည် မတတ်သာတော့ဘဲ နောက်တစ်ရက်ကို စောင့်ရတော့သည်။
ထိုနေ့တွင် သူတို့သည် တောင်ကို တစ်ပတ်ပတ်ကြည့်ကြသည်။ နောက်ဆုံးတွင် ဝိညာဉ်သားရဲတစ်ကောင်တစ်လေမှ မမြင်ရပေ။ ဒီနေရာက တကယ်ပဲ ထူးဆန်းတာပဲ။
နောက်တစ်ရက် နေဝင်တော့မည်အချိန်တွင် သူတို့သည် တောင်တန်း များမှ ထွက်ခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် တောင်နှစ်လုံးကြား အလယ်ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားလိုက်ကြသည်။ တောင်နှစ်လုံးကြားမှ ဖြတ်သွားရင်းနှင့် သူတို့မျက်စိရှေ့မှမြင်ကွင်းသည် ပြောင်းလဲသွားလေသည်။
နုံးမြေသည် မှောင်မဲသော မြေအဖြစ်ပြောင်းလဲသွားလေသည်။ နေမရှိ၊ မည်သည့် ကျောက်စိမ်းရောင်အသီးအရွက်များ ရှိမနေပေ။
သူတိ့အနောက်သို့ကြည့်လိုက်ရာ အရင်ကတောင်နှစ်လုံးရှိနေဆဲဖြစ် သော်လည်း မတူတော့သလိုခံစားရလေသည်။
“ငါတို့ ဝင်သွားလိုက်ပြီလား”
“အဲလိုဖြစ်မယ်”
“ဒီနေရာက အရမ်းကိုမှောင်တယ် တစ္ဆေမြို့တော်က ဘယ်မှာလဲ”
“ဒါတော့ သိတယ်” ဒိဝူ ပြောလိုက်သည်။
“မင်းပဲမသိဘူးလို့ ပြောခဲ့တာမဟတု်ဘူးလား”
“လူသားလောကကနေ ဘယ်လိုသွားရမလဲဆိုတာ မသိတာလေ၊ အခု ဒီကိုရောက်ပြီဆိုတော့ လမ်းကိုသိသွားပြီ” ဒိဝူ ရှင်းပြလေသည်။
“အဲတော့ ငါတို့ဘယ်သွားရမှာလဲ”
“အဆိုရှိတယ် လူသားလောကနဲ့ တစ္ဆေလောကတို့ ဆက်စပ်တဲ့နေရာက နေ ဘယ်ဘက်ကိုသွားတာပဲဖြစ်ဖြစ် အရှေ့တည့်တည့်ကိုသာ လျှောက်သွား လိုက်ရင် တစ္ဆေမြို့တော်ကို ရောက်သွားလိမ့်မယ်တဲ့” ဒိဝူ ပြောလိုက်သည် “ကိုယ် ဦးတည်သွားတဲ့နေရာက တစ္ဆေမြို့တော်ဖြစ်လိမ့်မယ်၊ တစ္ဆေမြို့တော် ကနေထွက်လိုက်ရင် ကွဲပြားတဲ့ကမ္ဘာကိုရောက်သွားလိမ့်မယ်တဲ့”
“အဲလောက်လျှို့ဝှက်ဆန်းကြယ်လား” ရှီမာယူယူ ထိုအကြောင်းကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ နည်းနည်းတော့ မှန်းဆမရသလိုခံစားရလေ သည်။
သူမသည် ဟိုဟိုဒီဒီပတ်ကြည့်ရာ အမှန်တကယ်ပင် ဦးတည်ဘက် တစ်နေရာသာရှိလေသည်။ အနည်းငယ်တော့ ထူးဆန်းသည်။
သို့သော် သည်နေရာကဲ့သို့ ထူးဆန်းသောနေရာအတွက်တော့ လက်ခံရန် မခက်ခဲပေ။
“အဲတော့ ငါတို့ဘယ်ဘက်ကိုသွားသွား တစ္ဆေမြို့တော်ကိုရောက်မှာပေါ့ ဒါဆိုရင် မင်းက လမ်းသိတယ်လို့ပြောလို့မရတော့ဘူးလေ” ရှီမာလျူဖန်သည် မျက်လုံးလှိမ့်လိုက်သည်။
“အဲဒါလည်း လမ်းသိတယ်လို့ပြောလို့ရတယ်လေ” ဒိဝူပြန်ချေပလေ သည်။ သူသာမရှိလျှင် သူတို့ မည်သည့်ဘက်သို့မျက်နှာမူရမည်ကို သိမည် မဟုတ်ပေ။
“ဒါဆိုလည်း ကျပန်းရွေးပြီးတော့ ဒီကနေလျှောက်သွားကြတာပေါ့” ရှီမာယူယူသည် နှုတ်ခမ်းကိုက်လိုက်သည်။ သူမ အဖေလည်း ဒီလိုနေရာမှာ အဆုံးသတ်သွားတာလား။
***