← Chapters

သတ်ဖြတ်ခြင်းဘီး၊ ရှေ့မတိုးသာသည့်အခြေအနေကိုချိုးဖျက်ခြင်း၊ “ပုံသဏ္ဍာန်မဲ့” နတ်ဘုရားစွမ်းအား ၊ ချက်ခြင်းသတ်ဖြတ်ခြင်း (၂)

Vol. 29 Ch. 564

သတ်ဖြတ်ခြင်းဘီး၊ ရှေ့မတိုးသာသည့်အခြေအနေကိုချိုးဖျက်ခြင်း၊ “ပုံသဏ္ဍာန်မဲ့” နတ်ဘုရားစွမ်းအား ၊ ချက်ခြင်းသတ်ဖြတ်ခြင်း (၂)

Vol. 29 Ch. 564

သို့သော် မကြာမီပင် တောင်ပိုင်းပင်လယ်၏မသေမျိုးနှစ်ယောက်နှင့် ကျယ်ပြောခြင်းမြစ် စံသခင်တို့သည် တုံ့ပြန်လာကြသည်။

လက်ရှိအခြေအနေအရ သူတို့သည် အခွင့်အရေးယူကာ ပြောင်းပြန်လှန်နိုင်လောက်သည်။ သို့သော် သူတို့သည် ၎င်းက ထောင်ချောက်ဖြစ်ကာ သူတို့အား ချုံခိုတိုက်ခိုက်နိုင်သလားဟူ၍ သိချင်နေကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း ထိုအရာကို ကြိုတင်မျှော်လင့်ထားကြသည်။

ကျန်းချန်းရွှမ်က ရှင်းပြသည်။

“ဒီကိစ္စက နည်းနည်းတော့စွန့်စားရမယ်။ ဒါပေမဲ့ ဒီလိုပဲဆက်ခုခံနေမယ်ဆိုရင်၊ စွန့်စားရမဲ့ကိစ္စက ပိုများလာလိမ့်မယ်။ အကယ်၍ သူတို့က ချောင်းမြောင်းတိုက်ခိုက်ချင်ရင်တောင် သူတို့ အောင်မြင်နိုင်မယ်လို့ မပြောနိုင်ဘူး။”

သူက ပြောနေရင်းနှင့်ပင် ကျန်းချန်ရွှမ်၏ပုံရိပ်က လူတိုင်း၏ရှေ့တွင် အဝတ်နှင့်ဖုံးအုပ်လိုက်သကဲ့သို့ တဖြည်းဖြည်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် သူ့အား အင်အားသုံးကာရှာကြသော်လည်း သူ၏တည်ရှိမှုကို ခြေရာမခံနိုင်ကြပေ။ ၎င်းသည် ကျန်းချန်ရွှမ်၏ လျို့ဝှက်နတ်ဘုရားစွမ်းအင် “ပုံသဏ္ဍာန်မဲ့” ဖြစ်သည်။

အစ၌ ရွှေအမြုတေအဆင့်များကိုသာ သုံးနိုင်သော်လည်း ကျန်းချန်ရွှမ်က ၎င်း၏ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့သည်။

ထိုအချိန်တွင် သူက သူ၏ဓမ္မစွမ်းအားများကိုသုံးကာ မတိုက်ခိုက်သရွေ့ ဝိညာဉ်ဖွဲ့စည်းခြင်းအောက်မှ ကျင်ကြံသူများက သူ၏တည်ရှိမှုကို အာရုံမခံနိုင်ပါ။

သူတို့ရှေ့တွင် ပြန်မပေါ်လာခင်အထိ ကျန်းချန်ရွှမ်၏ သရုပ်ပြမှုက သူတို့အား ထိတ်လန့်စေခဲ့သည်။

ကျယ်ပြောခြင်းမြစ်စံသခင်က မနေနိုင်ဘဲ နည်းလမ်းကိုမေးလိုက်တော့သည်။

“တာအိုရောင်းရင်းကျန်း၊ ဒါက…?”

ကျန်းချန်ရွှမ်က ပြုံးကာ ပြောပြသည်။

“ဒါက ကျုပ်ရဲ့ လျို့ဝှက် နတ်ဘုရားစွမ်းရည်ပါ။ ဝိညာဉ်ဖွဲ့စည်းခြင်းကျင်ကြံသူမပေါ်လာသရွေ့ ဘယ်သူကမှ ကျုပ်ရဲ့တည်ရှိမှုကို ခြေရာခံနိုင်မှာမဟုတ်ဘူး။

အဲ့ဒီအချိန်မှာ ကျုပ်ရဲ့နတ်ဘုရားစွမ်းရည်ကိုသုံးပြီး နတ်ဆိုးကျင်ကြံသူငါးယောက်ရဲ့နောက်မှာ ပုန်းပြီး အခွင့်ကောင်းကိုစောင့် တစ်ယောက်ကို အရင်သတ်လို့ရတယ်။ အဲ့တာပြီးရင် ခင်ဗျားတို့က ကျန်နေတဲ့ လူတွေကို အခြေအနေအရ တိုက်ခိုက်လို့ရပြီ။

အဲ့လိုဆိုရင် ခင်ဗျားနဲ့ကျုပ်တို့က အနောက်မှာ အစီအရင်ရှိနေတာကြောင့် မတော်တဆတစ်ခုခုနဲ့ ကြုံရရင်တောင် ပြန်ဆုတ်နိုင်လိမ့်မယ်။

အားလုံးပဲ ဘယ်လိုထင်ကြလဲ?”

တုကူးပိုင်ဖေး၊ စစ်ထူရှန်းနှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့က ကျန်းချန်ရွှမ်နှင့် သဘောတူလိုက်ကြသည်။

ကျန်းချန်ရွှမ်၏ ပုံရိပ်ကတဖန်ထပ်မံ ပျောက်ကွယ်သွားပြီး အစီအရင်မှ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။

ပြီးနောက်တွင် ကျန်းချန်ရွှမ်က ဤတစ်ကြိမ်၌ သူဖြတ်ချချင်သည့် ပစ်မှတ်အား တွေ့ရှိထားပြီးပြီ ဖြစ်သည်။

၎င်းသည် မျက်နှာပေါ်တွင် မီးပုံစံများမရေမတွက်နိုင်အောင်ရှိသည့် လူဖြစ်သည်။

ကျန်းချန်ရွှမ်က ထိုသူကို ရွေးချယ်ရခြင်းအကြောင်းမှာ အလွန်ရိုးရှင်းပါသည်။

ထိုလူ၏ကျင့်ကြံဆင့်က ခုနှစ်ဦးထဲတွင် နိမ့်သည်ဟု မသတ်မှတ်နိုင်ပဲ အခြေတည်ဝိညာဉ် သတ္တမအဆင့်ပင်ရှိနေလောက်သည်။

သို့သော် အခြားတစ်ဖက်ကလည်း အခြေတည်ဝိညာဉ်အဆင့်များဖြစ်ကြသည်။

အကယ်၍သူသေသွားလျှင်ပင်၊ နတ်ဆိုးကျင့်ကြံသူများအား ကြီးမားသောဆုံးရှုံးမှုကို ရစေမည်ဖြစ်သည်။

ထိုအတွေးက သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်က နတ်ဆိုးကျင့်ကြံသူများ၏ နောက်သို့ ရောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် နတ်ဆိုးကျင့်ကြံသူ ၅ ဦးက အချင်းချင်းစကားပြောနေကြသည်။

သူက ထျန်းလော်ပြောသည်ကို ကြားလိုက်ရသည်။

“သွေးမြစ်နဲ့ အရိုးခြောက်တို့က သွားတာဘယ်လောက်ကြာမှာလဲ သိချင်တယ်။ အကယ်၍ အစီအရင်ထဲက လူတွေက အခုချိန်တစ်ခုခုလုပ်ရင် ငါတို့အတွက် ပြသနာတက်လိမ့်မယ်။”

“ဟီး..ဟီး…”

နှစ်လိုဖွယ်ကောင်းသည့်အမျိုးသမီးက ရယ်လိုက်သည်။

သူမကပြောသည်။

“ထျန်းလော်၊ ရှင်က အရမ်းစိုးရိမ်နေတာပဲ။ အဲ့လူတွေကို ကြည့်လိုက်ဦး။ သူတို့က အဲ့လိုစွန့်စားမှု လုပ်မဲ့သူတွေနဲ့ တူလို့လား? ပြီးတော့ သူတို့တကယ်စွန့်စားရဲရင်တောင် ကျွန်မတို့ရဲ့စွမ်းအားက သူတို့ကိုကြောက်စရာလိုမယ်လို့ထင်လို့လား?”

“မှန်တယ်။”

ထိုအချိန်တွင် မျက်နှာပေါ်တွင် မီးပုံစံကွက်များ ရှိသည့်သူက ပြုံးကာ ပြောလိုက်သည်။

“ငါ့အထင် အကယ်၍ သူတို့ကို အစီအရင်ကနေထွက်လာအောင် ဆွဲဆောင်နိုင်ရင်ကောင်းမယ်။ ဒါဆို ငါတို့ သူတို့ကို တစ်ခါတည်း ရှုံးအောင်လုပ်နိုင်တာပေါ့။”

“အဲ့လိုလား?”

“သေချာတာပေါ့။ မင်းမသိဘူးလား…”

“ဟမ်”

ရုတ်တရက် မျက်နှာပေါ်တွင် မီးပုံစံကွက်နှင့်လူက တစ်ခုခုလွှဲ နေကြောင်းခံစားခဲ့ရသည်။

လှည့်ကြည့်လိုက်တော့မည့် အခါတွင် အခြားသူများ၏ ဒေါသထွက်နေသောအသံများကို ကြားခဲ့ရသည်။

“ဘယ်လိုတောင်အတင့်ရဲနေတာလဲ?”

“မင်းသေချင်နေတာပဲ။”

ဝှစ်….

ထိုအသံများနှင့်အတူ မှိန်ပြနေသောရွှေရောင်ဓားအလင်းက မျက်နှာပေါ်တွင် မီးပုံစံကွက် ရှိသောလူ၏ ပါးစပ်ထဲ ထိုးဖောက်ခဲ့သည်။

သူ၏မျက်လုံးက ပြူးကျယ်သွားကာ သူ့မျက်နှာက ကြောက်လန့်မှုများနှင့် ပြည့်သွား၏။

သို့သော် သူ၏ပါးဟစပ်မှ ထွက်လာသော ဓားအလင်းက ရုတ်တရက် အလွန်တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ခဲ့သည်။

ဘွန်း….

ချက်ခြင်ပင် ထိုသူ၏ခေါင်းသည် ဘားမှမရှိတော့လောက်အောင် အငွေ့ပျံသွားပြီး အသံတစ်ခုသာ ချန်ထားခဲ့ပြီး လေထဲတွင် ရွေ့လျားနေသော ဓားအလင်းအဖြစ်သို့ပြောင်းလဲသွားသည်။

ဝူး….

တစ်ချိန်ထဲမှာပင်…

မီးတောက်ပုံစံနှင့် လူခန္ဓာကိုယ်သည် အခြေခံမရှိသည့်အဆောက်အဦးကဲ့သို့ ပြိုလဲပျက်စီးသွားပြီး သူ၏ ဖြစ်တည်မှု တစ်ခုလုံး နတ်ဆိုးရည်ရွယ်ချက် (သို့) အခြေတည် ဝိညာဉ် အပါအ၀င် ဖုန်မှုန့်ကဲ့သို့ အသေးဆုံးအစိတ်အပိုင်းအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။

ထို့နောက် ထျန်းလော်၊ နှစ်လိုဖွယ်ကောင်းသောအမျိုးသမီးနှင့် သူတို့၏အဖော်နှစ်ယောက်တို့သည် ထိုသူပြုတ်ကျသွားသောနေရာသို့ ရောက်လာကြသည်။ ယခုတွင်မြင်နေရပြီဖြစ်သော ကျန်းချန်းရွှမ်အား ကြည့်နေကြကာ လက်တုံ့ပြန်လိုမှုများဖြင့် ပြည့်နေကြသည်။ “မင်းကသေချင်နေတာပဲ။”

ဘွန်း…

ထျန်းလော်၏ခေါင်းပေါ်တွင် မရေတွက်နိုင်သော အော်မြည်သံများက ပဲ့တင်ထပ်လာကာ နတ်ဆိုးမီးတောက်များက ရစ်ပတ်ထားသည့် ဓားရှည်က ကျန်းချန်ရွှမ်ဆီသို့ ဦးတည်ကာလာနေပြီး စူးစူးရွားရွားအော်သံများလည်း မြည်နေသည်။

ခွပ်….

သို့ရာတွင် ထိုဓားနှင့် တွေ့သွားသည်မှာ လျှပ်စီးများဖြင့် ဖြောက်ဖြောက်မြည်နေသည့် ရှည်လျားသောလှံနှင့် ဖြစ်သည်။

၎င်းသည် ရှန်းရူယန်၏ လျှပ်စီးနတ်ဘုရားစွမ်းအင် ခုနစ်စင်ကြယ်မိုးကြိုးလှံဖြစ်သည်။

ထိုနေရာတွင် ဂျုန်းဟူသောအသံနှင့်အတူ မိုးကြိုးသွားများက ပြင်းထန်သော စွမ်းအင်များသည် ဓားပေါ်က နတ်ဆိုးချီကို အငွေ့ပျံသွားစေသည်။

ကလန်ဟူသောအသံနှင့် နတ်ဆိုးဓားက အော်မြည်လာပြီး ထျန်းလော်ထံသို့ ပြန်ပို့လိုက်လေသည်။

“မိုးကြိုးစွမ်းအင် ကျင့်ကြံသူပဲ။”

ရှန်းရူယန်က လေဟာနယ်တွင် တဖြည်းဖြည်း ပေါ်လာသည်နှင့် ထျန်းလော်နှင့် သူအဖော်များက တုန်လှုပ်သွားသည်ကိုမြင်လိုက်ရသည်။

သူတို့သည် မိုးကြိုးကျင့်ကြံသူများက နတ်ဆိုးကျင့်ကြံသူများအတွက် အကြီးမားဆုံး ပြသနာ ဖြစ်စေကြောင်းသိကြသည်။ ပြီးနောက် ရှန်းရူယန်က ထိုကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည်။

ထို့အပြင် သူမသည် သာမန်ကျင့်ကြံသူမဟုတ်ပေ။ အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ရောက်နေသော မိုးကြိုးကျင့်ကြံသူဖြစ်ပေသည်။

ဂျုန်း…

ရှန်းရူယန်က အခြားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ မိုးကြိုးဆင်းတံဆိပ်တော်ဖြစ်ကာ မရေတွက်နိုင်သော မိုးကြိုးသွားများက ကျဆင်းနေသည်။

ကောင်းကင်ပေါ်တွင် မိုးကြိုးသွားများက လက်မောင်းလောက်ထူထဲကာ ထိုတံဆိပ်တော်ထံမှ ကျဆင်းနေကာ သူတို့လေးဦးပေါ်သို့ တိုက်ခိုက်နေလေသည်။

တစ်ချိန်တည်း၌ပင်။

ကျန်းချန်ရွှမ်ကလည်း ထိုအတိုင်းမနေပေ။

သူ၏ပုံရိပ်က လျှင်မြန်စွာကြီးထွားသွားပြီး သူ၏ တောင့်တင်းခိုင်မာသည့် ချီစွမ်းအားက လေထဲတွင် နဂါးနှင့် ဆင်အရိပ်များကို ပေါ်လွင်လာစေခဲ့သည်။

သူသည် နတ်ဆိုးဖိနှိပ်သောလက်သီးကိုထုတ်လွတ်လိုက်ကာ သူ၏မြေနက်လှံနှင့် လမ်းကြောင်း ဖော်ပေးလိုက်သည်။

ဘွန်း…

လက်သီးနှင့်လှံတို့ပူးပေါင်းကာ ကောင်းကင်နှင့် မြေကြီးကိုပါစုတ်ဖြဲပစ်နိုင်သော ကြီးမားသော လှံအလင်းက မနှိုင်းယှဉ်နိုင်သော နတ်ဆိုးဖိနှိပ်ရေးစွမ်းအင်နှင့် ဖုံးလွမ်းလျှက် ထျန်းလော်နှင့် သူ၏အဖော်များဆီသို့ သက်ဆင်းလာသည်။

“သေစမ်း။”

ထိုအချိန်တွင် ထျန်းလော်နှင့် သူ၏အဖော်များသည် မဖော်ပြနိုင်သော ဖိအားကိုခံစားခဲ့ရသည်။

နောက်ပိုင်းဆင့်အခြေတည်ဝိညာဉ်နတ်ဆိုးကျင်ကြံသူများ ဖြစ်စေကာမူ အထွတ်အထိပ်တွင် ရောက်နေသောနှစ်ဦးအားဖြင့် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီမှ အံ့ဩတုန်လှုပ်ဖွယ် ဖြစ်သည့် ချိန်းခြောက်မှုကို ခံစားခဲ့ရသည်။

ကျွိ…ကျွိ…

ရုတ်တရက် ခန္ဓာကိုယ်မှာ ပေ ၉၀၀ ခန့်ရှည်သော ခေါင်းသုံးလုံးနှင့် စပါးအုံးမြွေက နှစ်လိုဖွယ်ကောင်းသောအမျိုးသမီး၏ ရှေ့တွင် ပေါ်လာခဲ့သည်။

၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင် အကြေးခွံများနှင့် ဖုံးအုပ်ထားပြီး ၎င်း၏ မျက်စိသူငယ်အိမ်များက ကြက်သွေးရောင်ဖြစ်သည်။

၎င်း ထွက်ပေါ်လာသည်နှင့် ၎င်း၏ ကြီးမားသောခေါင်းသုံးလုံးက မြင့်တက်လာကာ ရက်စက်ကြမ်းကြုတ်ကာ မကောင်းဆိုးဝါးဆန်သော အနက်ရောင်နတ်ဆိုးမီးတောက်၊ လေနှင့် ရေများကို ဖြန်းနေလေသည်။

ခီ…ခီ…ခီ…ခီ…

ခနအကြာ၌ လေထဲတွင် ပြင်းထန်သည့် တိုက်စားခြင်းအသံများနှင့် ပြည့်နေသည်။

***

စာစဉ် ၂၉ ပြီးပါပြီ။

All Chapters