← Chapters

နတ်ဆိုးအရှင်၏ ကျဆုံးခြင်း၊ ဝိညာဉ်တည်ဆောက်ခြင်းထက် ပိုလွန်သောစွမ်းအား၊ ကောင်းကင်နှင့်ကမ္ဘာမြေစွမ်းအား၏ ပြင်းထန်မှု(၂)

Vol. 30 Ch. 582

နတ်ဆိုးအရှင်၏ ကျဆုံးခြင်း၊ ဝိညာဉ်တည်ဆောက်ခြင်းထက် ပိုလွန်သောစွမ်းအား၊ ကောင်းကင်နှင့်ကမ္ဘာမြေစွမ်းအား၏ ပြင်းထန်မှု(၂)

Vol. 30 Ch. 582

“ဟားဟား မင်းအံ့ဩသွားတယ်မလား?”

ကောင်းကင်အရှင်ရုန်ဟန်ကျီးရှန်းက ပြုံးလိုက်သည်။

“ငါတို့ခု ဒီအစီအရင်ရဲ့စွမ်းအားကို လအတော်ကြာတည်းကအသုံးချနိုင်နေပြီ။ မင်းကို ကျော်လွှားနိုင်မယ့် အားသာချက်တစ်ခုကို ပေးမယ့်အချိန်မှန်ကိုစောင့်နေတာ”

သူစကားပြော၍ ပြီးသွားသည်နှင့် ရုန်ဟန်ကျီးရှန်း၊ ကျီယန်မီးတောက်၊ ရွှမ်းယန်နှင့် အဆုံးမဲ့ပင်လယ်တို့သည် အချိန်ဆွဲခြင်းကို ရပ်တန့်လိုက်ကြသည်။

သူတို့လေးယောက်သည် ဓမ္မစွမ်းအားများကို သူတို့၏ခွန်အားအကုန်လုံးဖြင့် စတင်ချိတ်ဆက်လိုက်သည်။

ကောင်းကင်တွင် ကြယ်မြစ်များကဲ့သို့ နဂါးကိုးကောင်သည် တောက်ပနေသောကြိုးများအဖြစ်ပြောင်းလဲကာ နတ်ဆိုးအရှင်ခုနစ်ယောက်ကို အမိအရဖမ်းဆုပ်နေသည်။

ချီ! ချီ! ချီ! ချီ!

ထိုအချိန်တွင် နတ်ဆိုးအရှင်များအနားရှိ အဆုံးမရှိသောအလင်းများသည် သူတို့၏ဖြစ်အံ့ဆဲ‌ဆဲ ပျက်စီးမှုများကို အချက်ပြနေကာ ပေါက်ကွဲနေသည်။

“သေစမ်း!”

နတ်ဆိုးအရှင်ခုနစ်ယောက်သည် အစီအရင်ကိုဖျက်စီးရန် မျှော်လင့်ကာ ထိတ်ထိတ်ပျာပျာဖြင့် စတင်တိုက်ခိုက်လိုက်သည်နှင့် သူတို့၏ တည်ငြိမ်အေးဆေးမှုကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။

သို့သော်လည်း ကမ္ဘာ့စွမ်းအား၏ထိန်းချုပ်မှုသည် သူတို့၏စွမ်းအားများကို ၁၀၀% ထုတ်လွှတ်၍မရအောင် ပြုလုပ်နေသည်။

ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်၏ စွမ်းအားနှင့်ချိတ်ဆက်ကာ သူတို့သည် အလွန်အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်နေပြီဖြစ်သည်။

.......

အောက်ဘက်ရှိ

နိုဗာရေပြင်တွင်

ကျန်းချန်ရွှမ်နှင့် သူ၏မဟာမိတ်များသည် မူးဝေမှုများမှ ရှင်းလင်းလာကာ ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်အသက်ဝင်လာမှု၏ စွမ်းအားအပြည့်အဝကို ခံစားမိလိုက်သည်။

ဘုံကိုးခုနယ်မြေအောက်တွင် ကြောက်မက်ဖွယ်အော်ရာများ၏ လှိုင်းဂယက်များ ပျံ့နှံ့လာသည်။

စုချင်းချန်၊ စံသခင်ဖုန်းယွင်၊ ဓားသခင်အဇူရာလန်နှင့် အခြားသူများသည် မျက်လုံးများကျုံ့သွားလိုက်ကြသည်။

“ဆရာနဲ့ တခြားသူတွေက...?”

ဂျိန်း!

သူတို့စဉ်းစား၍မပြီးဆုံးသေးခင်ပင် တောက်ပသောမီးတောက်များနှင့် မိုးကြိုးသံများသည် အထက်တွင် ထွက်ပေါ်လာသည်။

လူတိုင်း မျက်တောင်မခတ်ကြည့်နေကြသည်။

သူတို့ မည်သို့ဆက်ဖြစ်မည်ကို ခန့်မှန်းပြီးဖြစ်ကြသည်။

ရွှက်-

ရုတ်တရက် ကြယ်မြစ်များထဲမှတစ်ခုသည် ခရမ်းနက်အလင်းတစ်ခု၏ ပေါက်ကွဲမှုတစ်ခုဖြင့် ကြေမွသွားသည်။

သူတို့ ၎င်းကိစ္စကို မဆောင်ရွက်နိုင်မီတွင် အလွန်တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံး၌ ဝိညာဉ်မိုးများ၏ရွာသွန်းမှုထဲတွင် ပေါက်ကွဲသွားကာ စွမ်းအားကြီးမားသည့်ကြောက်မက်ဖွယ်အော်ရာ၏ ပျောက်ကွယ်သွားမှုကို ဖော်ပြနေသည်။

ထိုအချိန်တွင်

ဝိညာဉ်တည်ဆောက်ခြင်းနတ်ဆိုးအရှင်တစ်ယောက် တိုက်ပွဲတွင် ကျဆုံးသွားမှန်း လူတိုင်းသိလိုက်ကြသည်။

သို့သော်လည်း မည်သည့်နတ်ဆိုးအရှင်မှန်းတော့ မသိကြပေ။

ခနကြာပြီးနောက်....

ခပ်ဆင်ဆင်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ထပ် နက်မှောင်နေသောနတ်ဆိုးဓားသွားအစအနများလိုက်ပါလာသည့် ကြယ်မြစ်တစ်ခု ထပ်မံပျက်စီးသွားသည်။

ထို့နောက်တွင် ဝိညာဉ်မိုးရွာသွန်းခြင်းများ ဖြစ်ပွားခဲ့သည်။

“ဒါဒုတိယတစ်ခုပဲ”

လူအုပ်သည် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှု၏ ပေါင်းစပ်မှုကို ခံစားလိုက်ရပြီး အထက်၏တိကျသောအခြေအနေနှင့် သူတို့စီနီယာများ၏ ဘေးကင်းလုံခြုံမှုကို စိတ်မချဖြစ်လာကြသည်။

ဘွန်း!

ရုတ်တရက်

ပိုမိုကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ခရက်-

ဤတစ်ကြိမ်တွင် အထက်ကောင်းကင်၌ ကြယ်မြစ်နှစ်ခု ကြေမွသွားပြီး စိတ်ပျက်ဖွယ်အသံများနှင့် အတူထွက်ပေါ်လာသည်။

“ရုန်ဟန်ကျီးရှန်း မင်းက မင်းရဲ့မူလယန်သန့်စင်ခြင်းရတနာစင်စစ်ကို ကိုယ်တိုင်ဖျက်စီးလိုက်တာပဲ။ ငါမင်းကို အောက်ဘက်ကမ္ဘာမှာ စောင့်နေမယ်။ မင်းမှာ သက်တမ်းဘယ်လောက်ရှိသေးလဲဆိုတာ ငါသိချင်သေးတယ်!”

ဤကြေညာမှုနောက်တွင် သွေးလသည် ဖျက်စီးခံလိုက်ရသည်။

လူတိုင်းသည် ကျဆုံးသွားသည့် နတ်ဆိုးအရှင်မှာ ယခင်ကကျန်းချန်ရွှမ်ကို တိုက်ခိုက်ခဲ့သည့် လနတ်ဆိုးဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

ဘွန်း! ဘွန်း! ဘွန်း!

ထိုအချိန်တွင် နိုဗာရေပြင်သည် ပြင်းထန်စွာလှုပ်ခတ်သွားဟန်တူပြီး လက်ရှိတိုက်ပွဲတွင် အလွန်ကြီးမားသောအလှည့်အပြောင်းတစ်ခုကို ညွှန်ပြနေသည်။

အထူးသဖြင့် ပင်လယ်ကွေ့တွင် နက်မှောင်နေသောမီးတောက်များ လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။

ဤလောကနှင့် လုံးဝကွဲပြားသည့် အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများ မတတ်သာဘဲ မျက်မှောင်ကျုံ့သွားကြသည်။

“ဒါက...?”

သူတို့ဆက်လက်မတွေးတောနိုင်ခင် အဖြူရောင်ကျောက်စိမ်းနှင့်တူသည့် ကြီးမားသောလက်ဖဝါးတစ်ခုသည် အနက်ရောင်မီးတောက်များ‌ဆီမှ ဆန့်ထွက်လာပြီး ဘုံကိုးခုနယ်မြေအထက်ရှိ လူအားလုံးကို ဆွဲယူလိုက်သည်။

ချက်ချင်းပင် ကျောက်စိမ်းကဲ့သို့လက်ဆီမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်အော်ရာသည် ထိုနေရာရှိလူတိုင်းကို ဖော်ပြ၍မရနိုင်သည့် ကြောက်ရွံ့မှုတစ်ခုကို ခံစားမိစေလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ်ကောင်းမွန်အောင်ကိုင်တွယ်နေသော်လည်း စုချင်းချန်အပါအဝင် ကျန်လူအားလုံးမှာ သိသိသာသာ တုန်လှုပ်နေကြသည်။

သူတို့ထဲကတစ်ဝက်ကျော်ကျော်မှာ ထိန်းချုပ်၍မရအောင် တဆတ်ဆတ်တုန်နေကြသည်။

သူတို့ထဲတွင် အားအနည်းဆုံးမှာ အခြေတည်ဝိညာဉ်စတုတ္ထအဆင့်ဟု သိကြသည်။

သို့သော်လည်း ထိုလူအုပ်စုသည် အဖြူရောင်ကျောက်စိမ်းလက်ဝါးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ နှလုံးသားအောက်ခြေမှ ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။

၎င်းမှာ သူတို့၏ ပြေးမလွတ်သောကျဆုံးမှုတစ်ခုကို ခံစားနေရသကဲ့သို့ ဖြစ်သည်။

ခုခံရန်မဆိုထားနှင့် သူတို့သည် လွတ်မြောက်နိုင်မည့်အတွေးအနည်းငယ်ကိုပင် မရှိနိုင်ကြချေ။

သူတို့သည် ထိုနေရာတွင် ငူငူငိုင်ငိုင်သာ ရပ်ကြည့်နေနိုင်ပြီး အဖြူရောင်ကျောက်စိမ်းလက်ဖဝါးပုံရိပ်က သူတို့အား ဖျက်စီးသွားသည်ကိုသာ ခွင့်ပြုနိုင်သည်။

ကံကောင်းစွာပင် အဖြူရောင်ကျောက်စိမ်းလက်ဖဝါး၏ပစ်မှတ်မှာ သူတို့မဟုတ်ပေ။

သူတို့အစား ၎င်းမှာ ဘုံကိုးခုနယ်မြေရှိ ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များဖြစ်ကြသည်။

“ဟားဟားဟား၊ ဒါအကြီးအကဲချုပ်ပဲ၊ အကြီးအကဲချုပ်က ငါတို့ကိုကယ်ဖို့လာတော့မှာ!”

နဂါးရူးသည် ရုတ်တရက် အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။

သူသည် သူနှင့်ဆန့်ကျင်ဘက်ရှိ လူသားကောင်းကင်သခင်လေးယောက်ကိုကြည့်ကာ အမျက်ထွက်နေသောအမူအယာဖြင့် ပြောလိုက်သည်။

“မင်းတို့တော့ အဆုံးသတ်ပြီ။ မင်းတို့အကုန် အဆုံးသတ်ပြီကွ!”

ဂျိန်း!

သို့သော်လည်း သူစကားပြော၍ပြီးသွားသည်နှင့် နယ်မြေတစ်ခုလုံး ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော လျှပ်စီးများ၊ မီးတောက်များနှင့် နက္ခတ်လေပြင်းများသည် အဖြူရောင်ကျောက်စိမ်းလက်ဖဝါးပုံရိပ်ကို ပစ်ခတ်ခဲ့ကြသည်။

ခရက်-ခရက်-ခရက်

ချက်ချင်းပင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အဖြူရောင်ကျောက်စိမ်းလက်ဖဝါးပေါ်တွင် ထွက်ပေါ်လာသည်။

၎င်းမှာ လောကစွမ်းအားသည် ပြင်ပမှပြင်းထန်လွန်းသောအား၏တည်ရှိမှုကို ခွင့်ပြုရန် ငြင်းဆိုသည့်‌အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

ဖျက်စီးမှုများ၊ ဒါတွေအကုန် ဖျက်စီးခံရမယ်!

လောကကြီးတစ်ခုလုံး အသည်းအသန်လှုပ်ခါလာဟန်တူသည်။

ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များကို ဖျက်စီးရန်လုံလောက်သည့် မရေမတွက်နိုင်သော စွမ်းအားများသည် ထိုနေရာရှိလူများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ အဖြူရောင်ကျောက်စိမ်းလက်ဖဝါးပုံရိပ်ဆီသို့ တိုးဝှေ့ဝင်သွားသည်။

ဝှစ်--

ထိုတိုက်ခိုက်မှု‌အောက်တွင် ကျောက်စိမ်းလက်ဖဝါးအောက်ရှိ အားကောင်းသောအရာမှာ ကြာကြာတည်ရှိမနေခဲ့ပေ။

လက်ဖဝါးသည် ကျန်ရှိသောနတ်ဆိုးအရှင်များကို လျင်မြန်စွာ ဆွဲယူလိုက်ကာ နက်မှောင်သောမီးတောက်များဆီသို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

မထွက်ခွာမီတွင် ၎င်းသည် ကျီယန်မီးတောက်၊ ရုန်ဟန်ကျီးရှန်း၊ အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရွှမ်းယန်တို့ဆီသို့ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ထက် ကျော်လွန်သည့်စွမ်းအားဖြင့် ဝင်းလက်သွားသည်။

ကျီယန်မီးတောက်၊ ရုန်ဟန်ကျီးရှန်း၊ အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့ မည်မျှပင်ခုခံပါစေ ၎င်းကို ဆန့်ကျင်မတားဆီးနိုင်ပေ။

ကံကောင်းစွာပင် အခြားတစ်ဖက်၏လှုပ်ရှားမှုများသည် လောကစွမ်းအားကို ထပ်မံအမျက်ထွက်စေခဲ့သည်။

လောကသည် ကျောက်စိမ်း‌လက်ချောင်းကို ဖုံးလွှမ်းသွားစေသည့် များပြားလှသော မိုးကြိုးများ၊ မီးတောက်များနှင့် မုန်တိုင်းများကို ဆင့်ခေါ်လိုက်သည်။

ဘွန်း! ဘွန်း! ဘွန်း!

ဘန်း! ဘန်း! ဘန်း! ဘန်း!

အဖြူရောင်ကျောက်စိမ်းလက်ချောင်းသည် ထိုကဲ့သို့ အပြင်းအထန်တိုက်ခိုက်မှုမျိုးအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားပေသည်။

သို့သော်လည်း ၎င်းလုံးဝပျောက်ကွယ်သွားသည်နှင့် ကျန်ရှိသောစွမ်းအားအမျှင်တန်းသည် ကျီဟန်မီးတောက်နှင့် အခြားသူများ၏ ရှေ့သို့ ရောက်ရှိလာသေးသည်။

ထိုအချိန်တွင် ၎င်းမှာအားကောင်းနေသေးသော်လည်း ကောင်းကင်သခင်များ ခုခံနိုင်သည့် ပမာဏအတွင်း ရှိပေသည်။

ရွှမ်းယန်သည် သူ၏တိုက်ခိုက်မှုကို ပြုလုပ်ရန်ပြင်ဆင်နေစဉ် ကျီဟန်မီးတောက်က သူ့အားတားဆီးလိုက်ကာ ၎င်းကိုသူ့ဟာသူကိုင်တွယ်ရန် ရွေးချယ်လိုက်သည်။

“တာအိုရောင်းရင်း ရွှမ်းယန်၊ မင်းကငယ်ပါသေးတယ်။ ဒါကိုငါ့ကိုလွှဲထားလိုက်”

သူစကားပြော၍ပြီးသွားသည်နှင့် အဆုံးမရှိသောကျီဟန်နေမီးတောက်များဖြင့် တောက်လောင်နေသည့် နန်းတော်တစ်ခုသည် သူ၏ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။

၎င်းမှာ သူ၏မူလယန်သန့်စင်ခြင်းရတနာစင်စစ်တစ်ခုဖြစ်သည့် ကျီဟန်နေကောင်းကင်နန်းတော်ဖြစ်သည်။

ချက်ချင်းပင် ရတနာဆီမှ အ‌ဆုံးမရှိသောကျီဟန်နေကောင်းကင်မီးတောက်များ ထွက်ပေါ်လာသည်။

.....

ထိုအချိန်တွင်

ဘုံကိုးခုနယ်မြေ၌ ရုတ်တရက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဖြူရောင်ကျောက်စိမ်းလက်ချောင်းထဲတွင် ကျန်ရှိသော စွမ်းအားအနည်းငယ်သည် ကျီဟန်နေကောင်းကင်နန်းတော်ဖြင့် ကြမ်းတမ်းစွာ တိုက်မိသွားသည်..

***

All Chapters