← Chapters

အတုမရှိသည့် လွှမ်းမိုးမှု၊ နတ်ဆိုးများအား အဆင့်ဆင့် သုတ်သင်ခြင်း၊ ဆု : သန့်စင်သောယန်စစ်မှန်မီး

Vol. 30 Ch. 565

အတုမရှိသည့် လွှမ်းမိုးမှု၊ နတ်ဆိုးများအား အဆင့်ဆင့် သုတ်သင်ခြင်း၊ ဆု : သန့်စင်သောယန်စစ်မှန်မီး

Vol. 30 Ch. 565

ထိုအရာကိုမြင်လျှင် ထျန်းလော်နှင့်အခြားနှစ်ဦးက ချက်ခြင်းသူတို့၏ တန်ပြန်တိုက်ခိုက်မှုကို စတင်ထုတ်လွှတ်ခဲ့ပေသည်။

ဘွန်း…ဘွန်း….ဘွန်း….

သူတို့၏အင်အားများ တိုက်မိခြင်းသည် အောက်ဖက်ရှိပင်လယ်တွင် ကြီးမားသောရေဝဲဂယက်ကို ဖြစ်စေကာ ၎င်းက အမြင့်ပေတစ်ထောင်ထိ မြင့်တက်သွာသည်။

မရေတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများသည် ထိုပြင်းထန်သည့်စွမ်းအား၏သက်ရောက်မှုကြောင့် သွေးမြူအဖြစ် ပြောင်းလဲသွားကြသည်။

ဘွန်း…

ထိုအချိန်တွင် ကျက်သရေရှိသည့် အပြာရောင်ရေနဂါး ရေဓာတ်များနှင့် ပေါင်းစပ်ကာ ထျန်းလော်နှင့် သူ၏အဖော်များဆီသို့ ဦးတည်ကာ လာနေခဲ့သည်။

၎င်း၏ရှိန်လောက်သောတည်ရှိမှုက အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ဖြစ်ကြောင်းကို ဖော်ပြနေသည်။

ပြီးနောက် ထိုသို့တိုက်ခိုက်မှုကိုထုတ်လွတ်လိုက်သည်မှာ တောင်ပိုင်းပင်လယ်မသေမျိုးနှစ်ဦးပင် ဖြစ်သည်။

တုကူးပိုင်ဖေးနှင့် စစ်ထူရှန်းတို့ဖြစ်သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏နောက်ထပ်ခြေလှမ်းကို သဲလွန်စမကျန်အောင် ညွှန်ပြလိုက်ကြသည်။

ကျန်းချန်ရွှမ်က သူ၏လက်များထဲရှိမီးတောက်နှစ်ခုကိုဖျောက်လိုက်ကာ အမြန်ပင် အနီနှင့် အဖြူမီးဘောလုံးများအဖြစ်သို့ ပြောင်းလဲလိုက်သည်။

သိမ်မွေ့သောတွန်းအားဖြင့် ကြယ်ပျံနှင့်တူသော မီးဘောလုံးအား ထျန်းလော်နှင့်သူ၏အုပ်စုဆီသို့ ဦးတည်ပစ်လိုက်ကာ လမ်းတစ်လျောက်ရှိ ပင်လယ်ရေများကို အငွေ့ပျံစေခဲ့သည်။

….

တစ်ချိန်တည်းမှာပင်။

ရှန်းရူယန်၏ စစ်မှန်လျှပ်စီးနတ်ဘုရားတံဆိပ်တော်က သူမ၏ နဖူးပေါ်မှ ပြင်းထန်သောအလင်းဖြင့် လက်နေသည်။

သူမသည် မိုးကြိုးဖြစ်သွားကာ သူမ၏လက်ထဲမှ မိုးကြိုးနှင့်ပက်သက်သည့် နတ်ဘုရားစွမ်းအင်နှင့် မန္တာန်များအားပျောက်သွားစေခဲ့သည်။

ဘွန်း..ဘွန်း…ဘွန်း…

ခနအကြာတွင် သူမ၏လက်ထဲတွင် မိုးကြိုးမန္တာန်များနှင့် နတ်ဘုရားစွမ်းအားများ ရာချီပေါ်လာကာ မိုးစက်များရွှာချသကဲ့သို့ ထုတ်လွတ်လိုက်လေသည်။

ထိုတိုက်ပွဲသည် နောက်ဆုံး၌ထျန်းလော်နှင့် သူအဖော်များ၏အမူအရာကိုပြောင်းလဲသွားစေသည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ယခုထိ သူတို့၏အင်အားအကုန်သုံး၍ တိုက်ခိုက်နေခြင်း မဟုတ်သေးကြောင်းကို သတိပြုမိသွားလေသည်။

ဖြုန်းနေဖို့ရန်အချိန်မရှိဘဲ ထိုလေးဦးသည် ပေါက်ကွဲမှု မီးတောက်များနှင့်မိုးကြိုးများ၏ ပေါက်ကွဲမှုများကြား သူတို့၏အင်အားအကောင်းဆုံးတိုက်ခိုက်မှုများကို ထုတ်လွတ်လိုက်လေတော့သည်။

ထိုရုတ်ရုတ်သဲသဲအခြေအနေတွင် နှစ်လိုဖွယ်ကောင်းသောအမျိုးသမီး၏ ခေါင်းသုံးလုံးဝိညာဉ် စပါးအုံးမြွေက အော်မြည်ကာ ခေါင်းနှစ်လုံးက သွေးမှုန်များအဖြစ်ပေါက်ကွဲထွက်သွားသည်။

ထိုနှစ်လိုဖွယ်ကောင်းသောအမျိုးသမီးသည် သူကိုယ်တိုင်လည်း တုံ့ပြန်မှုကိုခံရကာ ပါးစပ်အပြည့် သွေးများ မနေနိုင်ဘဲအန်လေသည်။

ထျန်းလော်နှင့် အခြားနတ်ဆိုးကျင့်ကြံသူများသည်လည်း အခြေအနေမကောင်းဘဲ ပြင်းထန်သော ဒဏ်ရာများကိုခံနေရသည်။

ရွှမ်း…ရွှမ်း..

ထို့နောက် ကျန်ရှိနေသောနတ်ဆိုးကျင့်ကြံသူနှစ်ဦးက လေထဲတွင် စုတ်ပြဲသွားသည့် အသံနှစ်သံကို ကြားရကာ ကြက်သီးများထသွားခဲ့သည်။

ဒိုင်းကာနှင့်အနက်ရောင်မျှော်စင်က ချက်ခြင်းပင်သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။

ဒင် ဒင် …

ဒိုင်းကာနှင့် အနက်‌‌ရောင် မျှော်စင်တွင်တောက်ပသည့်မီးပွား နှစ်ခုက ပေါ်လာခဲ့သည်။

သို့သော် သူတို့ကစိတ်အေးစွာ သက်ပြင်းမချသေးနိုင်ခင်ပင် ပို၍ကြောက်စရာကောင်းသော သေချင်းတရားက သူတို့၏နှလုံးသားထဲတွင် ပြည့်လာခဲ့သည်။

မကောင်းတော့ဘူး။

သေချင်းတရား၏အာရုံက ပို၍ပြင်းထန်လာသည်နှင့် နတ်ဆိုးကျင့်ကြံသူများသည် သူတို့က အန္တရာယ်ထဲကျရောက်နေပြီဖြစ် ကြောင်း သတိပြုသွားသည်။

သို့သော် သူတို့အပြည့်အ၀မတုံ့ပြန်နိုင်မီခင်မှာပင် ဓားအလင်းနှစ်ခုက ရုတ်တရက် သူတို့၏ခန္ဓာကိုယ်ကို ထိုးဖောက်၀င်ရောက်သွားသည်။

ထိတ်လန့်စွာ ငုံ့ကြည့်လိုက်လျှင် သူတို့သည် ရွှေရောင်အလင်းဓားနှင့် အခြားမိုးကြိုးများဖြင့် ဖုံးလွှမ်းထားသော အလင်းဓားတစ်ခုက သူတို့၏ ရင်ဘတ်ထဲ‌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။

ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသော အမျိုးသမိးတို့က အဝေးမှ ထိုအရာကို မျက်မြင်တွေ့ခဲ့ရသဖြင့် မျက်လုံးများပြူးကျယ်သွားကာ အဆုံးမရှိ‌‌ ကြောက်လန့်မှုများဖြင့်ပြည့်သွားသည်။

ခဏအကြာတွင် နတ်ဆိုးကျင့်ကြံသူနှစ်ဦး၏ခန္ဓာကိုယ်များက ပြိုကျပျက်စီးသွားခဲ့သည်။သူတို့၏အ‌ ခြေတည်ဝိညာဉ်နှင့်အတူ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်။ နှလုံးသားစုံစမ်းခြင်းဓား၏ကြီးမားသော စွမ်းအားဖြင့်အမြစ်ဖြတ်သုတ်သင်ခြင်းကို ခံလိုက်ရသည်။

၎င်းသည် ကျန်းချန်ရွှမ်က မျက်နှာတွင် မီးပုံစံကွက်များရှိသည့်လူအားသတ်ဖြတ်စဉ်က အသုံးပြုသည့်ဓား နည်းစနစ်နှင့်အတူတူပင်ဖြစ်သည်။

ပြေး။

ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးက ကြာရှည်စွာ ဆက်လက်မခုခံနိုင်တော့ကြောင်း သတိပြုမိခဲ့ကြကာ‌ အော်လိုက်တော့သည်။

စွမ်းအားကြီးသောနတ်ဆိုးကျင့်ကြံသူက ငါးယောက်ရှိခဲ့ရာမှ သူတို့နှစ်ဦးသာ ကျန်ရှိတော့ပြီး မျှော်လင့်ချက်မဲ့စွာနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါ။

ကျီ….

သို့ရာတွင် သူတို့အား မည်ကဲ့သို့အလွယ်တကူ ထွက်ခွာသွားနိုင်မည်နည်း။

ကြီးမားသည့် ဂဠုန်ငှက်ပုံရိပ်ယောင်က ရုတ်တရက်ကျန်းချန်ရွှမ်၏နောက်တွင်ပေါ်လာခဲ့သည်။

ခဏအကြာတွင် သူ၏ပုံရိပ်က မှေးမှိန်သွားသည်။

သူကအလွန်မြန်ဆန်သဖြင့် သူ၏အရှိန်အဝါများပင် ပျောက်ကွယ်ကုန်သည်။

ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသည့်အမျိုးသမီးတို့က တုံ့ပြန်လိုက်စဉ်တွင် ကျန်းချန်ရွှမ်ကသူတို့နှင့် ထိပ်တိုက်တွေ့ခဲ့လေတော့သည်။

ထိုအချိန်တွင် ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသောအမျိုးသမီးတို့က ‌ကြောက်မက်ဖွယ် ကောင်းသည့်အရှိန်အဝါကို ရှင်းလင်းစွာ ခံစားခဲ့ရပြီးကျန်းချန်ရွှမ်၏ ကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော သားရဲတစ်ကောင်ထွက်လာသကဲ့သို့ပင် ။

ထို့ကြောင့်သူတို့၏ခန္ဓာကိုယ်များသည် ခဏတာတောင့်တင်းသွားသည်။

“ဟိန်းသံများ”

အဆုံးတွင် နှစ်လိုဖွယ်ကောင်းသောအမျိုးသမီး၏ ခေါင်းသုံးလုံးဝိညာဉ်စပါးအုံးမြွေက ဦးစွာ တုံ့ပြန်ခဲ့သည်။

၎င်းသည် ကျန်းချန်ရွှမ်ကိုဒေါသကြီးစွာ ဟိန်းလိုက်သည်။

ခဏအကြာတွင် ကြီးမားသော စပါးအုံးမြွေ၏တောင်နှင့်တူသောခန္ဓာကိုယ်ကြီးသည် ကျန်းချန်ရွှမ် ဦးတည်လာရာနှင့် တိုက်ခိုက်လိုက်သည်။

ဖူး….

အသွေးနှင့်အသားများက နေရာအနှံ့ပြန့်နှံ့သွားသည်။

ခေါင်းသုံးလုံးနတ်ဆိုး စပါးအုံးမြွေ၏ခန္ဓာကိုယ်က မြန်နှုန်းမြင့်လမ်းကြိတ်စက်က အကြင်နာကင်းမဲ့စွာ ဖိနှိပ်သကဲ့သို့ ကြေမွသွားသည်။

ခေါင်းအစခြေအဆုံး တစ်ဖြည်းဖြည်းပေါက်ကွဲသွားခဲ့သည်။

အသားမှစ၍ အရိုးထိ၊ ပြီးနောက် အတွင်းကလီစာနှင့်နတ်ဆိုးဝိညာဉ်အထိ သွေးအိုင်ကဲ့သို့ ပြောင်းလဲသွားသည်။

ကျန်းချန်ရွှမ် အနေဖြင့် သူ၏ခန္ဓာကိုယ်မှာ ကောင်းပကတိရှိနေပုံရသည်။

စွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးဆီသို့ ဦးတည်ကာ လာနေခဲ့သည်။

***

All Chapters