အတုမရှိသည့် လွှမ်းမိုးမှု၊ နတ်ဆိုးများအား အဆင့်ဆင့် သုတ်သင်ခြင်း၊ ဆု : သန့်စင်သောယန်စစ်မှန်မီး (၂)
Vol. 30 Ch. 566
သူတို့သည် ခေါင်းသုံးလုံးနတ်ဆိုးဝိညာဉ် စပါးအုံးမြွေကဲ့သို့ လုံးဝချေမှုန်းခံရတော့မည် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုက ထျန်းလော်နှင့် နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးတို့အား ကြောက်ရွံ့ကာ စိုးရိမ်မှုအဖြစ် ပြောင်းလဲသွားလေသည်။
ဒီမကောင်းဆိုးဝါးကတော့….
ဘွန်း….
နောက်ဆုံးတွင်..
ထျန်းလော်က သူသည် မည်မျှပင်ထွက်ပြေးစေကာမူ အသုံးမဝင်ကြောင်း သိခဲ့ရသည်။
ထို့ကြောင့် သူသည် သူ၏အခြေတည်ဝိညာဉ်ကိုစတင်၍ လောင်ကျွမ်းပစ်လိုက်သည်။
လေဟာနယ်ထဲတွင် ရှည်လျားသောလှံက ကြက်သီးထစရာကောင်းသော နတ်ဆိုးမီးတောက်များကို ထုတ်လွတ်နေကာ ရုတ်တရက် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်သော အရှိန်နှင့် လာနေလေသည်။
တစ်ချိန်တည်းတွင်…
နှစ်လိုဖွယ်ကောင်းသောအမျိုးသမီး၏ မျက်လုံးက ရုတ်တရက် နက်ရှိုင်းကာ အနက်ရောင် အပေါက်များ အဖြစ် ပြောင်းလဲသွားပြီး ရေဗွေကဲ့သို့ဖြစ်ကာ ကျန်းချန်ရွှမ်၏ဝိညာဉ်ကို မသိသောနေရာတစ်ခုသို့ ဆွဲချသွားတော့မည့်ပုံစံမျိုးဖြစ်နေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ချက်ခြင်းခံစားခဲ့ရသည်။
စိတ်၏အနက်ရှိုင်းဆုံးနေရာတွင် ကျယ်ပြောသောစကြဝဠာနတ်ဘုရားကျောက်စိမ်းက ရုတ်တရက် အနည်းငယ်လှုပ်လာခဲ့သည်။
ပြီးနောက် နို့နှစ်ရောင်ရောင်ခြည်စက်ဝန်းက လှိုင်းငယ်ထလာခဲ့သည်။
ခီ…ခီ…ခီ...ခီ….
နို့နှစ်ရောင်ရောင်ခြည်စက်ဝန်းအလင်းထဲတွင် ကတ္တရာစေးအနက်ရောင်နှင့် ပူအိုက်စိုထိုင်းသော လေထုသည် နေရောင်ခြည်အောက်တွင် ရေခဲနှင့် နှင်းများအရည်ပျော်နေသကဲ့သို့ဖြစ်၍ ရှုးရှုးရှဲရှဲ မြည်ကာ ချက်ခြင်း ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
“အား…..”
တစ်ချိန်တည်းမှာပင်…
အပြင်လောကရှိ နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးသည် ရုတ်တရက် ဝမ်းနည်းဖွယ် အော်သံကို ထုတ်လွတ်လာခဲ့သည်။
သူမသည် လက်နှစ်ဖက်စလုံးနှင့် သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ဆုပ်ညစ်ထားသည်။
သူမ၏မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်များတွင် စေးကပ်ကာ ခရမ်းပုပ်ရောင်သွေးများ ကျဆင်းလာသည်။
ထိုအချိန်တွင် သူမ၏ မူလဝိညာဉ် အလွန်ပြင်းထန်သည့်ပျက်စီးခြင်းကို ခံစားလိုက်ရသည်။
ဘွန်း….
ထိုအချိန်တွင် အနီ၊ အဖြူ၊ အဝါ၊ အပြာ၊ နှင့် အစိမ်းရောင်များရှိသော မိုးကြိုးသွားက သူမကို ထိုးနှက်လိုက်သည်။
ချက်ခြင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားက ထွက်လာခဲ့သည်။
ကျယ်လောင်သည့် မိုးချုန်းသံက ပဲ့တင်ထပ်သွားသည်။
နှစ်လိုဖွယ်ကောင်းသောအမျိုးသမီး၏ တကိုယ်လုံးက ချက်ခြင်း နတ်ဘုရားမိုးကြိုးအားဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရကာ ပြာမှုန်များဖြစ်သွားလေသည်။
ကလန်…
တစ်ချိန်တည်းမှာပင်…
သတ္တုအချင်းချင်းတိုက်သွားသည့် စူးဝါးသောအသံကထွက်လာသည်။
ထျန်းလော်က ဆောင့်ထိုးလိုက်သော ရှည်လျားသည့်လှံကိုရင်ဆိုင်ရန် ကျန်းချန်ရွမ်က သူ၏မြေနက်လှံကို မြောက်ကာ အလွန်ပြင်းထန်၍ လွှမ်းမိုးနိုင်သော ကိုယ်နေဟန်ထားဖြင့် ပစ်လိုက်သည်။
ဂျုန်း…
လှံနှစ်ချောင်း တိုက်သွားသောနေရာတွင် လင်းလက်နေသောအလင်းစက်လုံးက ရုတ်တရက် ပေါ်လာသည်။
အမြန်ပင် ထိုစက်လုံးက မြန်ဆန်စွာ ကျယ်ပြန့်သွားသည်။
နောက်ဆုံး၌ ၎င်းသည် ဝဲဂယက်အဖြစ်သို့ပြောင်းလဲသွားကာ ပေ ၁၀၀ ထိတိုင်အောင်ပင် ကျယ်ပြန့်သွားသည်။
ခွပ်….
ထျန်းလော်က ရုတ်တရက် သူ၏နားထဲတွင် သတ္တုများ ကွဲအက်သံကို ကြားလိုက်ရသည်။
သူ၏လက်ထဲမှ ရှည်လျားသောလှံက မည်သည့်အချိန်ကမှန်းမသိ ပြင်းထန်သော အက်ကွဲမှုများနှင့် ဖုံးလွမ်းနေသည်။
အက်ကွဲသွားသောကြွေထည်ပစ္စည်းကဲ့သို့ ဘယ်ချိန်မဆို ကြေမွသွားနိုင်သောအရာ ဖြစ်နေသည်။
“မဖြစ်နိုင်လိုက်တာ။”
ထျန်းလော်က မတတ်နိုင်ဘဲထိတ်လန့်မှုဖြင့် ပြောလိုက်မိသည်။
သို့ရာတွင် သူ့အားအဖြေပေးလိုက်သည်မှာ အသံထက်မြန်သောပေါက်ကွဲသံပင်ဖြစ်သည်။
အကြောင်းမှာ ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်က ထပ်၍ ကြီးထွားလာခဲ့သည်။
သူကျော်ဖြတ်သွားသောလမ်း၌ အဖြူရောင်အမှတ်အသားတစ်ခုက လူတိုင်း၏ မျက်လုံးထဲတွင် ပေါ်လာခဲ့ကာ ကြာရှည်စွာရှိနေခဲ့သည်။
ကောင်းကင်ပေါ်တွင် ကြီးမားသော မြေဝါရောင် လှံအလင်းက ပျံဝဲတက်သွားသည့် အချိန်အထိပင်။
လူတိုင်း၏နားထဲတွင် မိုးချုန်းသံကို ယခင်ထက်ပို၍ ကျယ်လောင်စွာ ကြားလိုက်ရလေတော့သည်။
“ငါမင်းကို သေတဲ့အထိ တိုက်ခိုက်မယ်။”
ထျန်းလော်၏ အမူအရာက မမြင်ခဲ့ရဖူးသော ရက်စက်ကြမ်းကြုတ်မှုကို ပြနေသည်။
ထို့ကြောင့် သူ၏မျက်လုံးထောင့်များသည် ပေါက်ကွဲသွားပြီး ကြက်သွေးရောင် သွေးများ စိမ့်ထွက်နေခဲ့သည်။
သူ၏အရှိန်အဝါတစ်ခုလုံးက ပေါက်ကွဲသွားသောမီးတောင်တစ်ခုကဲ့သို့ ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ကျီ….
အလွန်တောက်ပသည့် အလင်းက ရုတ်တရက် သူ၏လှံရှည်ထံမှ ထွက်လာခဲ့သည်။
သူသည် သူ၏မူလစစ်မှန်ရတနာကို ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့သည်။
“သေစမ်း။”
အော်သံနှင့်အတူ။
ထျန်းလော်၏လှံက ရုတ်တရက် ယခင်မမြင်ဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွတ်လာခဲ့သည်။
ကျယ်လောင်သော ဘန်းဟူ၍ အသံမြည်သွားသည်။
ကောင်းကင်၌ လင်းလက်နေသည့် အလင်းက ပေါက်ကွဲကာ နေအသေးစားကဲ့သို့ ဖြစ်နေသည်။
ပေါက်ကွဲသွားသောအလင်းထဲတွင် အဆုံးမရှိ အနက်ရောင်နတ်ဆိုးချီက ပြင်းထန်စွာ လိမ့်တက် လာခဲ့ပြီး အရာအားလုံးကိုလွှမ်းမိုးသွားတော့မည့်ပုံပေါက်နေသည်။
အလင်း၏အလယ်တွင် တစ္ဆေကဲ့သို့ ပုံရိပ်ရှိနေကာ အဝေးသို့ လျှင်မြန်စွာပျံသွားသည်။ ၎င်းသည် ထျန်းလော်ပင်ဖြစ်သည်။
ရှင်းလင်းစွာပင်။
သူ၏မူလရည်ရွယ်ချက်မှာ ကြမ်းတမ်းစွာတိုက်ခိုက်ရန်မဟုတ်ဘဲ ၎င်း၏ မူလစစ်မှန်ရတနာကို ကိုယ်တိုင်ဖျက်ဆီးရန်လည်းမဟုတ်ပေ။
သူ၏အစစ်အမှန် ရည်ရွယ်ချက်မှာ ဖရိုဖရဲအခြေအနေကို အသုံးချကာ ထွက်ပြေးရန် ဖြစ်သည်။
ဝှစ်…
သို့ရာတွင်၊ ဤသို့သော တိုက်ပွဲတွင် ထွက်ပြေးရန်မှာ ထျန်းလောအတွက် လွယ်ကူခြင်းမရှိပေ။
သူ၏ရှေ့တွင် ဓားအလင်းတန်းက ငါးရောင်ခြယ်မိုးကြိုးနှင့် ပေါင်းကာ တောင်ကဲ့သို့ ဖြစ်လာပြီး သူ့ကိုဦးတည်ကာ တဂျိန်းဂျိန်းနှင့် လာနေလေသည်။
ထျန်းလော်၏ မျက်လုံးသည် ပေါက်ထွက်သွားတော့မလိုပင်။
နှစ်လိုဖွယ်ကောင်းသောအမျိုးသမီးကို သတ်ရန်အခွင့်ကောင်းယူနေသောလူက ပြန်လည်ထွက်ပေါ်ကာ သူ၏လမ်းကို လာပိတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သေစမ်း။
သူက စိတ်ထဲမှ အော်လိုက်သည်။
သို့သော် ခနအကြာတွင်၊ ကတ္တရာစေးကဲ့သို့ အနက်ရောင်ဖြစ်ကာ နတ်ဆိုးမီးတောက်ဖြင့် ရှည်လျားသောဓားက ငါးရောင်ခြယ်မိုးကြိုးဓားအလင်းတန်းနှင့် တွေ့သွားလေတော့သည်။
ဘွန်း…
တုံ့ဆိုင်းခြင်းမရှိဘဲ၊ အနက်ရောင်ဓားက ဓားအလင်းတန်းနှင့် တိုက်မိသွားကာ လှိုင်းများ ထလာခဲ့သည်။
ဟိန်းသံတစ်ခုနှင့် အနက်ရောင်ဓားက ထျန်းလော်အတွက်နောက်တစ်ကြိမ် ဖျက်စီးရန် ပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။
ဝှစ်…
ထိုအချိန်တွင်၊ သူသည် အရိပ်အဖြစ်ပြောင်းလဲသွားကာ လွတ်မြောက်ရန် ထပ်မံကြိုးစားလေသည်။
“ဟီးဟီး..မင်းက မင်းရဲ့စစ်မှန်ရတနာကိုစွန့်လွတ်ဖို့ ဆန္ဒရှိတယ်ပေါ့။” ပေါ့ပါးသောရယ်သံက သူ၏ နားထဲသို့ ဝင်လာသည်။
ထျန်းလောက ချက်ခြင်း အန္တရာယ်ကို ခံစားခဲ့မိသည်။
ထိုအချိန်တွင် တိုက်လေယာဉ်တစ်စင်းပျံလာသလိုအသံက သူ၏နားထဲတွင် ကြားလာရသည်။
သူ၏မျက်စိသူငယ်အိမ်များထဲ၌ ရွှေရောင်အလင်းများ ပေါ်လာခဲ့သည်။
၎င်းသည် စစ်မှန်နေမီးဖြစ်သည်။
“မင်း…?” ထျန်းလော်က ထိတ်လန့်သွားသည်။
ထိုအချိန်တွင်၊ သူအတွက် မည်သည်ကိုမှ လုပ်ရန်အချိန်မရှိတော့ပေ။
သူ၏ခန္ဓာကိုယ်က ကြီးမားသောတောင်ကြီးမှ ချေမှုန်းချင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။
ဤလောကရှိအသန့်စင်ဆုံးသောမီးနှင့်အတူ၊ သူသည် ချက်ခြင်းပင် ဝမ်းနည်းဖွယ်ကောင်းသော အော်သံကို ထုတ်လွှတ်လိုက်သည်။
ဘွမ်း
နောက်ဆုံး၌ထိုအော်သံသည် သန့်စင်ျသာမိးအှ ဝါးမြိုခြင်းကိုခံလိုက်ရပြီးကောင်းကင်ပေါ်တွင် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားသည်။
[ဒင်]
[မဟာနတ်ဆိုးကျင့်ကြံသူကို ပထမဆုံးသတ်နိုင်သွားတဲ့အတွက်ဂုဏ်ယူပါတယ် host။ နတ်ဆိုးသုတ်သင်ရန်အရည်အချင်းအပိုတစ်ခုနှင့် ကောင်းကင်မီးတောက် သန့်စင်သောယန် စစ်မှန်ရတနာကို ထပ်မံရရှိပါတယ်။]
[နတ်ဆိုးသုတ်သင်ခြင်းအရည်အချင်း နတ်ဆိုးကျင့်ကြံသူများနှင့် တိုက်ခိုက်သောအခါ သင်၏ စွမ်းအားက တိုးပွားလာမည်ဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူများ၏ စွမ်းအားကလည်း လျော့ကျသွားမည်ဖြစ်သည်။]
[ကောင်းကင်မီးတောက်၊ သန့်စင်သောယန်စစ်မှန်ရတနာ: ကောင်းကင်မီးတောက်များထဲမှ ထိပ်တန်း တစ်ခုဖြစ်သည်။ ၎င်းတွင်သန့်စင်သောယန်ဂုဏ်သတ္တိရှိရာ အဆုံးမရှိ တက်ကြွမှုများ ပါဝင်သည်။ တစ်ချိန်တည်း၌ နတ်ဆိုးသတ္တဝါများနှင့် နတ်ဆိုးကျင့်ကြံသူများကို ဟန့်တားနိုင်သော စွမ်းအား ပါဝင်သည်။]
ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်က သူ၏လက်ထဲတွင် ရွှေရောင်နှင့် အဖြူရောင်ကြားလှည့်နေသည့် မီးတောက်ထွက်လာသည်။
၎င်းသည် ကောင်းကင်မီးတောက်များထဲမှ ထိပ်တန်းတစ်ခုဖြစ်သည့် သန့်စင်သောယန်စစ်မှန်မီး ဖြစ်သည်။
အကယ်၍ ယခင်ပိုင်ဆိုင်ထားပြီးသော စစ်မှန်နေမီးက လွှမ်းမိုးနိုင်ခြင်း၊ တောက်ပခြင်း နှင့် ပျက်စီးခြင်းစွမ်းရည်များပါဝင်လျှင် ၎င်းမှာ နတ်ဆိုးသတ္တဝါများနှင့် နတ်ဆိုးကျင့်ကြံသူများကို ဟန့်တားနိုင်သော စွမ်းအားပါဝင်လေသည်။
ပြီးနောက် ကျန်းချန်ရွှမ်လက်ထဲမှ သန့်စင်သောယန်စစ်မှန်မီးက ပို၍ သိမ်မွေ့လာသည်။
သန်မာကာ ကြမ်းတမ်းသောဖက်မှလွဲ၍ သူသည် ထိုမီးတောက်မှ ပို၍ သိမ်မွေ့ကာ နွေးထွေးသော ခံစားချက်ရခဲ့သည်။
ထိုမီးတောက်သည် မီးပြတိုက်မှ မျှော်လင့်ချက်ရောင်ခြည်ကဲ့သို့ ဖြစ်ကာ ငြိမ်းချမ်း၍ နွေးထွေးသော ခံစားချက်ကို ယူဆောင်လာလေသည်။
ကျန်းချန်ရွှမ်သည် ထျန်းလော်နှင့် အခြားသူများကို သတ်ခြင်းအားဖြင့် ထိုဆုလဒ်ရမည်ကို မမျှော်လင့်ထားပေ။
ထိုအချိန်တွင်
သူ၊ ရှန်းရူယန်နှင့် အခြားသူများက အပြင်တွင် ကြာကြာမနေကြပါ။
ဓမ္မရတနာသိုလှောင်သည့်ပစ္စည်းကို ယူလိုက်ပြီးနောက်၊ သူတို့သည် ကျောက်စိမ်းအလင်းပျံသန်းခြင်း မသေမျိုးအစီအရင်ကိုအမြန်ပြန်ကြလေသည်။
ပြန်သွားပြီးနောက် သူတို့သည် ချက်ခြင်းသူတို့ရရှိထားသောအရာများကို ရေတွက်လိုက်ပြီး နတ်ဆိုးကပ်ဘေးက ပြီးဆုံးရန် အဝေးကြီးလိုသေးသည်ကို သိကြပေသည်။
၎င်းသည်ဖြစ်နိုင်နေသမျှ သူတို့၏ တိုက်ခိုက်ရန်စွမ်းအားကို မြင့်တင်ရန်အချိန်ကို အသုံးချရမည်။
လူတိုင်း၏ပူးပေါင်းမှုအင်အားအောက်တွင် ဓမ္မရတနာသိုလှောင်ရေးပစ္စည်း၏အတားအဆီးက အမြန်ပွင့်သွားခဲ့သည်။
သိုလှောင်ရေးရတနာအတွင်းတွင်၊ သူတို့သည် များစွာသောသပ်ရပ်စွာဆင့်ထားသည့် ဝိညာဉ်ကျောက်တုံးများကို တွေ့ခဲ့ရသည်ကာ စုစုပေါင်းထောင်ချီရှိလိမ့်မည်ဖြစ်ပြီး အားလုံးမှာ ထိပ်တန်းအရည်အသွေးများ ဖြစ်ကြသည်။
သူတို့၏ကြားတွင် များစွာသော ဝိညာဉ်ကျောက်တုံးများက ထူးဆန်းသည့်အလင်းနှင့် သန့်စင်သည့်ရောင်ဝါကို ထုတ်လွတ်နေကြကာ အသက်တစ်ချက်ရှုစာအချိန်တွင်ပင် အသုံးပြုသူ၏ ဓမ္မစွမ်းအင်ကို တိုးမြင့်စေနိုင်သည်။
၎င်းသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် အလွန်ရှားပါးပြီးး တပ်မက်ဖွယ်ဖြစ်သော အသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။
***