အဆင့် (၆) အခြေတည်ဝိညာဉ်၊ ကိုယ်ခန္ဓာမွမ်းမံခြင်းတွင် အဆင့် (၅) သို့ မြင့်တက်သွားခြင်း၊ နှင်းပန်းပွင့်စံသခင်မှ အကူအညီတောင်းဆိုခြင်း
Vol. 30 Ch. 567
၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသာ သုံးသော ငွေကြေးဖြစ်သည်။
အဆင့်နိမ့်၊ အလယ်နှင့် ထိပ်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် မတူဘဲ သာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများက သန့်စင်သည့်ဝိညာဉ်စွမ်းအင်ကိုပါရှိသည်သာမကဘဲ ထိုးဖောက်ရာတွင်လည်း အကူအညီပြုနိုင်သောသက်ရောက်မှုများလည်းရှိသည်။
၎င်းသည် အခြေတည်ဝိညာဉ်ကျင်ကြံသူတစ်ဦးက ကံကောင်း၍ အသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးကို တွေ့ခဲ့လျှင် သူတို့၏ကျင့်ကြံဆင့်၌ ပိတ်ဆို့နေသည်များကိုဖယ်ရှားကာ ထိုးဖောက်နိုင်မည်ဖြစ်သည်။
ထို့အပြင်၊ အဆင့်နိမ့်၊ အလယ်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် မတူသည်မှာ ၎င်းတို့က သူတို့စွမ်းအင်ကုန်သွားသည်နှင့် ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားနိုင်ပြီး အသာလွန်ဆုံးဆင့် ဝိညာဉ်ကျောက်တုံးသည် အလွန်တည်ငြိမ်ပါသည်။
သူတို့၏ ဝိညာဉ်ချီက လုံးဝကုန်ခန်းသွားလျှင်ပင် ထိုကျောက်တုံးက မပျက်မစီးဘဲ တည်ရှိနေနိုင်ဦးမည် ဖြစ်သည်။
အမှန်မှာမူ အကယ်၍ အလယ်ဆင့် (သို့) အဆင့်မြင့် မိုင်းတွင်းတွင်ထားလျှင် နှစ်တစ်ရာကြာလျှင်ပင် ထိုစွမ်းအားကုန်ခမ်းသွားသည့် သာလွန်ဆုံးဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်ချီအားဖြင့် ပြန်လည်အားဖြည့်နိုင်ပေသည်။
အခြားစကားလုံးနှင့် ပြောရလျှင် အသာလွန်ဆုံးအဆင့်ဝိညာဉ်ကျောက်တုံးများသည် တစ်ခါသုံးများ မဟုတ်ကြဘဲ ပြန်လည်အားဖြည့်ကာ ပြန်လည်အသုံးပြုနိုင်သည်။
ထိုဝိညာဉ်ကျောက်တုံးများအပြင် ရတနာသိုလှောင်ရေးပစ္စည်းက ဓမ္မရတနာများနှင့် စစ်မှန်ရတနာများ များစွာ ပါရှိသေးသည်။
သို့ရာတွင်၊ ထိုပစ္စည်းများသည် ကျန်းချန်ရွှမ်နှင့် အခြားသူများအတွက် အသုံးမဝင်ပေ။
သူတို့သည် အချိန်ရလျှင် ပြန်လည်ပြောင်းလဲအသုံးပြုနိုင်သောအရာများမှလွဲ၍ ထိုနတ်ဆိုးရတနာများ ကို အရည်ပျော်အောင်လုပ်ရန် စီစဉ်ထားသည်။
နောက်ထပ် သူတို့သည် ကျင့်ကြံရေးနည်းလမ်းများပါဝင်သည့် ကျောက်စိမ်းပြားများနှင့် ဆေးလုံးများကို ရှာတွေ့ခဲ့ပေသည်။
အနည်းငယ်သော မစွန်းထင်းထားသည့် ဝိညာဉ်ပစ္စည်းများမှလွှဲ၍ ၎င်းတို့သည်လည်း သူတို့အတွက် အသုံးမဝင်ပေ။
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ပစ္စည်းသိုလှောင်သည့်ရတနာထဲရှိအရာများကို ခွဲခြားပြီးနောက် သူတို့သည်သတိကိုမလျော့ထားပေ။
ထျန်းလော်နှင့် သူ့အဖော်များနှင့် အတူရှိသော အခြားမဟာနတ်ဆိုးကျင့်ကြံသူနှစ်ဦးရှိသေးကြောင်း သိကြသည်။
သို့ရာတွင် သွေးမြစ်နှင့် အရိုးခြောက်တို့ပေါ်မလာခဲ့ပဲ ရက်ပေါင်းများစွာကုန်လွန်သွားခဲ့သည်။
လပေါင်းများစွာကြာသည့်တိုင်၊ သူတို့၏အရိပ်အယောင်မတွေ့ရသောကြောင့် ကျန်းချန်ရွှမ်နှင့် သူ့အဖော်များအား ထိုနှစ်ဦးက တိုက်ပွဲ၏အခြေအနေကို လေ့လာကာ တပ်ဆုတ်သွားရန် ရွေးချယ်သွားသည်ဟု သံသယဝင်စေခဲ့သည်။
၎င်းသည်ဇာတ်လမ်းကဲ့သို့ပင်၊ နတ်ဆိုးကျင့်ကြံသူများ အတွက် ၎င်းတို့၏ ကိုယ်ပိုင်အသက်ထပ် မည်သည့်အရာမှ အရေးမကြီးပါ။
အကယ်၍ သူတို့သည် အောင်မြင်ရန်ကဒ်ရှိနေပြီဟု ခံစားရလျှင်ပင်၊ သို့ရာတွင် သူတို့ ယုံကြည်ချက်ရှိသည်အထိ၊ သူတို့က စွန့်စားမှုပြုလုပ်ရန် မရွေးချယ်ခဲ့ကြပေ။
ပြီးနောက် ၎င်းသည် အမှန်တရားဖြစ်သည်။
ထျန်းလော်နှင့် သူ့အဖော်များကျဆုံးသည်ကိုကြည့်ကာ သွေးမြစ်နှင့် အရိုးခြောက်တို့က နောက်ဆုတ်သွားခဲ့သည်။
သူတို့သည် နတ်ဆိုးမှော်ဆရာထံမှ သတ်ဖြတ်ခြင်းဘီးကို ငှားနိုင်ခဲ့သော်လည်း ကျန်းချန်ရွှမ်နှင့် အခြားသူများအား ရင်ဆိုင်ရန် မရွေးချယ်ခဲ့တော့ပဲ အခြားနေရာသို့သွား၍ အခြားအဖွဲ့များနှင့် ပေါင်းကာ အစီအရင်ကို အားနည်းအောင် လုပ်နေလေသည်။
ဤတစ်ဖက်၌မူ။
အချိန်များ ကုန်လွန်သွားကာ ကျန်းချန်ရွှမ်နှင့် သူ့အဖော်များက သွေးမြစ်နှင့် အရိုးခြောက်တို့က သူတို့ဖက်သို့ မလာတော့ကြောင်း သေချာသွားခဲ့သည်။
သို့သော်လည်း သူတို့သည် ယခုအတိုင်းသာနေကာ ဘာမှမလုပ်ဘဲ နေ၍ မရကြောင်းကို သိသွားခဲ့သည်။
အမျိုးမျိုးသော သတင်းများအရ အလွန်အရေးကြီးသောကိစ္စဖြစ်သည့် အခြားသော အစီအရင်မျက်စိ များသည် ချိုးဖောက်ခံနေရပြီဖြစ်ကြောင်းကို သိရှိခဲ့ရသည်။
အနည်းငယ် (သို့) အစီအရင်မျက်စိအသေး ဒါဇင်ကျော်ခန့် ချိုးဖောက်ခံရလျှင်ပင် ကောင်းကင်ဘုံကိုးခု ကြယ်ကြွေခြင်းအစီအရင်အား အချိန်တိုအတွင်း များစွာသက်ရောက်မှုရှိမည် မဟုတ်သော်လည်း အစီအရင်မျက်စိများ ပျက်စီးလာသည်နှင့်အမျှ သက်ရောက်မှုက ပေါင်းစုလာလိမ့်မည်။
ထိုအချိန်သို့ရောက်လာလျှင်၊ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များကြားဝင်ဖြေရှင်းလျှင်ပင် အကျိုးယုတ်နေမှုကို ပြောင်းပြန်လှန်နိုင်မည်မဟုတ်ပါ။
အကယ်၍ ဖြစ်နိုင်လျှင်၊ ရှိနေပြီးသားဖြစ်၍ အရေးကြီးသော အစီအရင် မျက်စိများကို ထိန်သိမ်း ထားကာ ရန်သူများကို တတ်နိုင်သမျှရှင်းပစ်ရမည်ဖြစ်သည်။
သို့ရာတွင် ထိုသို့ပြုလုပ်ရန် မတိုင်မီပင် ကျန်းချန်ရွှမ်သည် အခြားကိစ္စတစ်ခုကို တာဝန်ယူရန်ဖြစ်သည်။
၎င်းသည် ရရှိထားသော အသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးကို သုံးကာအဆင့် ထိုးဖောက်ရန် ဖြစ်သည်။
ရှန်းရူယန်၊ အခြားတောင်ပင်လယ်မသေမျိုးနှစ်ဦးနှင့် ကျယ်ပြောခြင်းစံသခင်တို့ကလည်း ကန့်ကွက်ရန် မရှိပါ။
….
အချိန်များက ကုန်လွန်သွားကာ နှစ်ဝက်ပင်ကုန်ဆုံးသွားသည်။
ထိုနေ့တွင်…
ရှန်းရူယန်၊ တုကူးပိုင်ဖေး၊ စစ်ထူရှန်းနှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့က ကိစ္စတစ်ခုကိုအလေးအနက် ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် သူတို့သည် ကျန်းချန်ရွှမ် ယာယီဂူပိတ်ကျင့်ကြံနေသည့်နေရာတွင် ရုတ်တရက် အလွန်စွမ်းအားကြီးသည့် ရောင်ဝါတစ်ခုကိုခံစားခဲ့ရလေသည်။
လွမ်းမိုးနိုင်သည့် တည်ရှိမှုက တုကူးပိုင်ဖေး၊ စစ်ထူရှန်းနှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့အား သူတို့၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
“အဲ့တာဖြစ်နိုင်လား…?”
တုကူပိုင်ဖေး၊ ကျယ်ပြောခြင်းမြစ်စံသခင်နှင့်အခြားသူများက လှည့်ကြည့်လိုက်ကြသည်။
သူတို့သည် မှုန်ဝါးနေသည့် ပုံစံကို အရင်တွေ့လိုက်ရပြီး တဖြည်းဖြည်းနှင့်မှ ကြည့်လင်လာခဲ့သည်။
၎င်းသည် အဆင့်ကျော်ဖြတ်ရန် ဂူပိတ်ကျင့်ကြံနေသော ကျန်းချန်ရွှမ်မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း?
“တာအိုရောင်းရင်းကျန်း….”
သူတို့၏အမူအရာက ချက်ခြင်းပင် သူတို့ထံချဉ်းကပ်လာသည့် ကျန်းချန်ရွှမ်ကိုတွေ့လျှင် တောက်ပ သွားကြသည်။
ကျန်းချန်ရွှမ်က သူတို့ဆီဖြည်းညှင်းစွာလျောက်လာသည်။
သူက ရှန်းရူယန်ကိုပြုံးကာ အရင်ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်မှ တုကူးပိုင်ဖေးနှင့် အခြားသူများဖက်သို့လှည့်ကာ ပြောလေသည်။
“မိတ်ဆွေတို့၊ ဒီအချိန်အတောတွင်း ကျုပ်ကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကံကောင်းစွာနဲ့ ကျုပ် ခင်ဗျားတို့ကို စိတ်မပျက်စေခဲ့ပါဘူး။ ဒီဂူပိတ်ကျင့်ကြံခြင်းကနေ အဆင့်တစ်ခုကို ထိုးဖောက်နိုင်ခဲ့ပါပြီ။”
“တကယ်ပဲလား?”
တုကူးပိုင်ဖေးနှင့် အခြားသူများမျက်နှာတွင် ဝမ်းမြောက်မှုများ ပေါ်လာခဲ့သည်။
သူတို့သည် ကျန်းချန်ရွှမ်အတွက် အမှန်တကယ်ဝမ်းသာနေကြသည်။
အဆုံး၌ သူတို့သည် လက်ရှိအခြေအနေတွင် သူတို့ဖက်မှ လူတစ်ဦးက အဆင့်တက်သွားခြင်းသည် ကောင်းသည့်အရာဖြစ်ကြောင်း သိကြပါသည်။
***