← Chapters

အဆင့် (၆) အခြေတည်ဝိညာဉ်၊ ကိုယ်ခန္ဓာမွမ်းမံခြင်းတွင် အဆင့် (၅) သို့ မြင့်တက်သွားခြင်း၊ နှင်းပန်းပွင့်စံသခင်မှ အကူအညီတောင်းဆိုခြင်း (၂)

Vol. 30 Ch. 568

အဆင့် (၆) အခြေတည်ဝိညာဉ်၊ ကိုယ်ခန္ဓာမွမ်းမံခြင်းတွင် အဆင့် (၅) သို့ မြင့်တက်သွားခြင်း၊ နှင်းပန်းပွင့်စံသခင်မှ အကူအညီတောင်းဆိုခြင်း (၂)

Vol. 30 Ch. 568

အထူးသဖြင့် ကျန်းချန်ရွှမ်ကဲ့သို့ သော လူတစ်ယောက်အနေဖြင့် စွမ်းအားက လူတိုင်းမှ အသိအမှတ်ပြုထားရသောသူဖြစ်သည်။

ယခုပင် အဆင့်ချိုးဖောက်နိုင်ခဲ့ကြောင်း ကြေငြာချက်အရ သူတို့၏ဖက်မှ အင်အားက ခြုံပြောရလျှင် အဆင့်တက်သွားပြီဖြစ်သည်။

တကယ်ပင်။

(၆) လ ဂူပိတ်ကျင့်ကြံခြင်းသည် သိပ်မကြာရှည်သောအချိန်ဖြစ်သော်လည်း ကျန်းချန်ရွှမ်၏ ကျင့်ကြံခြင်းနှင့် စွမ်းအားကို တိုးတက်လာစေခဲ့သည်။

သူ၏ကျင့်ကြံဆင့်က အခြေတည်ဝိညာဉ်ပဥ္စမအဆင့်မှ ဆဠမအဆင့်သို့ တိုးတက်သွားသည်သာမကဘဲ အရေးအကြီးဆုံးအချက်မှာ သူ၏ကိုယ်ခန္ဓာမွမ်းမံကျင့်ကြံခြင်းက နောက်ဆုံးအဆင့်ဖြစ်သည့် ပဉ္စမအဆင့်သို့ ရောက်သွားပြီဖြစ်ကာ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်နှင့်ညီမျှသွားပြီဖြစ်သည်။

လက်ရှိအခြေအနေအရသူသည် ယခင်လူနှင့် ယှဉ်လိုက်လျှင် မြန်ဆန်သည့် အောင်မြင်မှုကို ရရှိနေကြောင်း လူတိုင်းတွေးမိနိုင်သည်။

“စကားမစပ်…”

ထိုအချိန်တွင် ကျန်းချန်ရွှမ်က တစ်ခုခုကိုမှတ်မိသွားပုံရကာ ရှန်းရူယန်နှင့် အခြားလူများဖက်သို့ လှည့်လိုက်သည်။

“မိန်းမ၊ တာအိုရောင်းရင်းတုကူး၊ ကျုပ်သတိထားမိတာ ခင်ဗျားတို့ အစောနားက တစ်ခုခုကို ဆွေးနွေးနေသလိုပဲ။ ဒီအတောအတွင်းတစ်ခုခုဖြစ်သွားတာလား?”

ကျန်းချန်ရွှမ်၏မေးခွန်းကိုကြားလျှင်၊ သူ၏ကျင့်ကြံဆင့်မြင့်သွားသောကြောင့် ဝမ်းသာနေသောသူများ၏ အမူအရာက တဖန်ပြန်လည် တည်ငြိမ်သွားသည်။

ရှန်းရူယန်က တုံ့ပြန်ပြောလိုက်သည်။

“ယောက်ျား၊ ကျွန်မတို့ တာအိုရောင်းရင်း နှင်းပန်းပွင့်ဆီကနေ သတင်းတစ်ခုရထားတယ်။

သူတို့ ကာကွယ်နေတဲ့ ခုနစ်စင်ကြယ်ခရမ်းရောင်ပန်းပင်အစီအရင်က အခုကြီးမားတဲ့အန္တရာယ်ထဲ ရောက်နေတယ်။ ဖြစ်နိုင်ရင် ကျွန်မတို့နဲ့အခြားသူတွေ လာကူဖို့မျှော်လင့်ပါတယ်တဲ့။”

“ဟမ်?”

ကျန်းချန်ရွှမ်သည် ရှန်းရူယန်စကားများကိုကြားကာ မျက်လုံးများကျဉ်းမြောင်းသွားသည်။

ထို ခုနစ်စင်ကြယ်ခရမ်းရောင်ပန်းပင်အစီအရင်က သူတို့ကာကွယ်နေသော ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်ကဲ့သို့ပင် ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်အတွက် အရေးကြီးသော အစီအရင်မျက်စိ ဖြစ်သည်။

အနည်းအကျဉ်းမတော်တဆထိခိုက်မိလျှင် အရေးကြီးသည့် သက်ရောက်မှုကို ဖြစ်စေလိမ့်မည်။

သို့ရာတွင်၊ ကျန်းချန်ရွမ်သိသလောက် နှင်းပန်းပွင့်စံသခင်၊ ကြယ်င်လယ်စံသခင်နှင့် အခြားမဟာကျင့်ကြံသူ ၃ ဦးက ထို ခုနစ်စင်ကြယ်အစီအရင်ကို ကာကွယ်နေခြင်းဖြစ်သည်။

အကယ်၍ သူ့အုပ်စုကဲ့သို့ သတိထားလျှင် ပြသနာမရှိသင့်ပေ။

သူတို့၏အဆုံးဖက်မှ ပြသနာက အခြားမူမမှန်သည့်တစ်ခုခုကို တွေ့ခဲ့ရသောကြောင့်ဖြစ်လိမ့်မည်။

စိတ်ထဲတွင်တွေးလိုက်ကာ ကျန်းချန်ရွှမ်သည် သူ၏သံသယကိုဖော်ပြလိုက်သည်။

ရှန်းရူယန်နှင့်အခြားသူများက ခေါင်းညိတ်သည်။

“ယောက်ျား၊ ရှင် ကျွန်မတို့နေရာကနေ ထွက်သွားတဲ့ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်ကို မှတ်မိသေးလား?”

“မှတ်မိပါတယ်။ မင်းဆိုလိုချင်တာက…?”

“မှန်တယ်။ အဲ့တာသူတို့ပဲ။”

ရှန်းရူယန်က ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။

“ကျွန်မတို့ ရထားတဲ့ သတင်းအရ အဲ့ဒီ နတ်ဆိုးကျင့်ကြံသူနှစ်ယောက် က ကျွန်မတို့ရဲ့အစီအရင်ကို ဖျက်နိုင်တဲ့ ပစ္စည်းတစ်ခုကို ရှာလာတယ်တဲ့။

ဒါပေမဲ့၊ ထျန်းလော်နဲ့ သူ့အုပ်စုကျသွားတာကိုကြည့်ပြီး ကျွန်မတို့အစီအရင်ကို ပြန်မလာဘဲ အခြားနေရာကိုသွားခဲ့တာ။

ပြီးတော့ အဲ့ဒီနေရာက တာအိုရောင်းရင်း နှင်းပန်းပွင့်နဲ့ အခြားသူတွေစောင့်ကြပ်တဲ့ ခုနစ်စင်ကြယ်ခရမ်းရောင်ပန်းပင်အစီအရင်ကိုရောက်သွားတာ။”

“ဒါဆို၊ ဆိုလိုချင်တာက နှင်းပန်းပွင့်နဲ့ အခြားသူတွေ ရင်ဆိုင်နေရတာက အဲ့ဒီနတ်ဆိုးကျင့်ကြံသူ နှစ်ယောက်ယူလာတဲ့ အစီအရင်ကိုဖျက်နိုင်တဲ့ ရတနာတစ်ခုကြောင့်ပေါ့။” ကျန်းချန်ရွှမ်က အခြေအနေကိုနားလည်သွားသည်။

ထိုကိစ္စသည် သူ့အား မျက်မှောင်ကုပ်စေသည်။

အမှန်အတိုင်းပြောရလျှင်၊ နှင်းပန်းပွင့်စံသခင်နှင့် သူ့အုပ်စုကိုသွားကယ်ရန်မှာ စွန့်စားရမည့် အရာတစ်ခုဖြစ်သည်။

အကယ်၍ ကိစ္စများ မှားယွင်းသွားလျှင် သွားရောက်ကယ်ဆယ်မည့်သူများပါ အန္တရာယ် ကျရောက်နိုင်ပြီး သူတို့၏ စောင့်ကြပ်ရသည့် အစီအရင်မှာလည်း မမျှော်လင့်ထားသော အရာများနှင့် ကြုံတွေ့နိုင်သည်။

အရေးကြီးသောအချက်မှာ နတ်ဆိုးကျင့်ကြံသူများက ထောင်ချောက် မဆင်ထားကြောင်း မည်သူက အာမခံနိုင်ပါသနည်း?

နတ်ဆိုးကျင့်ကြံသူများက သူတို့နှင့်အခြားသူများအား ထောင်ချောက်ထဲသို့ကျရန်စောင့်နေနိုင်သည်။

သို့သော်၊ ဤအခြေအနေအား လျစ်လျူခြင်းသည်လည်း ရွေးချယ်ရမည့်အရာတစ်ခုမဟုတ်ပါ။

နှင်းပန်းပွင့်စံသခင်သည် သူတို့၏မိတ်ဆွေဖြစ်သည့်အချက်ကို ဘေးဖယ်ထားလျှင်ပင်၊ ကျယ်ပြန့်သည့် ရှုထောင့်မှကြည့်လျှင်၊ သူတို့သည် နှင်းပန်းပွင်စံသခင်နှင့် အခြားသူများ စောင့်ကြပ်နေသော အစီအရင်ကို ကျဆုံးသွားစေလို့မရပါ။

ထိုအရာကိုစိတ်ထဲထားကာ ကျန်းချန်ရွှမ်သည် အစီအရင်အတွဲကို ထုတ်လိုက်ကာ ရှန်းရူယန်အား ပေးလိုက်သည်။

“မိန်းမ၊ ဒီအတွဲက ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်အတွဲလို့ခေါ်တယ်။ အကယ်၍ ဒီမှာတစ်ခုခုဖြစ်လာခဲ့ရင် ဒီအစီအရင်ကို ဖွင့်လိုက်ပါ။

ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်နဲ့တွဲရင် အဆင့် ၆ တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်တယ်။”

ကျန်းချန်ရွှမ်ထံမှ ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်အတွဲကိုယူလိုက်ရင်း ရှန်းရူယန်က သူ၏ရည်ရွယ်ချက်ကိုသဘောပေါက်ကာ သူမ၏နှလုံးသားက တင်းကြပ်သွားသည်။

ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“မင်း၊ တာအိုရောင်းရင်းတုကူး၊ တာအိုရောင်းရင်းစစ်ထူ၊ တာအိုရောင်းရင်းဟောက်ချွမ်တို့က ဒီမှာနေခဲ့သင့်ပြီး ဒီနေရာကိုစောင့်ကြပ်ရမယ်။

စိတ်မပူပါနဲ့။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို မင်းသိနေတာပဲ။ အဲ့မှာစွန့်စားရမှာတစ်ခုခုရှိရင်တောင် ကိုယ်အသက်အန္တရာယ်ကို မထိခိုက်နိုင်ပါဘူး။ မင်းစိတ်ချထားလို့ရတယ်။”

ရှန်းရူယန်က သူ့အား တားချင်ခဲ့သော်လည်း သူမ၏စကားလုံးများကို ပြန်၍ မြိုသိပ်ထားလိုက်သည်။

သူမ၏ယောက်ျားအကြောင်းကို သူမလောက်မည်သူမျ ပိုမသိနိုင်ပါ။

သူမသည် ကျန်းချန်ရွှမ်က ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း သိကာ သူ၏စိတ်အား အနည်းငယ်သောသူကပင် ပြောင်းလဲနိုင်လိမ့်မည်။

ထို့အပြင် နှင်းပန်းပွင့်စံသခင်နှင့် အခြားသူများကို ကယ်ရန်မှာ လိုအပ်သောလှုပ်ရှားမှုဖြစ်သည်။

အခြားသူများက နှင်းပန်းပွင့်စံသခင်တို့အားကူညီနိုင်သော်လည်း သူတို့သည်လည်း ကိုယ့်တာဝန်နှင့် ကိုယ်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ကျန်းချန်ရွှမ်က သူကိုယ်တိုင်ပြောခဲ့ပြီးဖြစ်သည်။ သူ၏ လက်ရှိအရည်အချင်းနှင့်၊ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နှင့်တွေ့လျှင်ပင် သူသည် လွတ်မြောက်နိုင်စွမ်းရှိသည်ဟုဆိုခဲ့ပြီးဖြစ်သည်။

၎င်းသည် ရှန်းရူယန်က သူ့အားမတားမြစ်ရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။

ခနအကြာတွင် ကျန်းချန်ရွှမ်ကျောက်စိမ်းအလင်းပျံသန်းခြင်းမသေမျိုးအစီအရင်မှ ထွက်ခွာသွားသည်။

…..

တစ်ချိန်တည်းမှာပင်။

ခုနှစ်စင်ကြယ်ခရမ်းရောင်ပန်းပွင့်အစီအရင်၏အတွင်းဖက်တွင် နှင်းပန်းပွင့်စံသခင်နှင့် အခြားသူများ ရှိနေသည်။

များပြားသောနတ်ဆိုးကျင့်ကြံသူ တပ်ဖွဲ့က ကျိုင်းကောင်များကဲ့သို့ ဖြစ်နေကာ အစီအရင်ကို ဝိုင်းထားသည်။

ခေါင်းဆောင်က ကျန်းချန်ရွှမ်တို့၏အစီအရင်မှထွက်ခွာသွားသည့် သွေးမြစ်နှင့် အရိုးခြောက်တို့ဖြစ်ကာ အခြားသော အခြေတည်ဝိညာဉ်ကျင့်ကြံသူ နောက်ဆုံးဆင့် ၃ ဦးလည်း ရှိနေသည်။

သူတို့၌ နတ်ဆိုးမှော်ဆရာမှ ငှားထားသော သတ်ဖြတ်ခြင်းဘီးရှိနေသည်။

ထို့ကြောင့်၊

ထိုအချိန်တွင် နှင်းပန်းပွင့်စံသခင်နှင့်အခြားသူများက အလွန်အန္တရာယ်များသော အခြေနေကြား ရောက်နေသည်။

“ဘာသတင်းမှ မလာသေးဘူးလား?”

ခုနစ်စင်ကြယ်အစီအရင်ထဲတွင်ဖြစ်သည်။

အခြေတည်ဝိညာဉ်ကျင့်ကြံသူနှောင်းပိုင်းဆင့်အနေဖြင့် မိုထျန်းချန်းသည် အစီအရင်၏အပြင်မှ နတ်ဆိုးကျင့်ကြံသူများကို ကြည့်ကာ မတတ်နိုင်ဘဲ အလွန်တည်ငြိမ်သောအသံဖြင့်ပြောနေသည်။

သူသည် ကမ္ဘာအစွန်းစင်မြင့်မှ အကြီးအကဲချုပ်တစ်ဦးဖြစ်ကာ အဆင့် ၅ အစီအရင်ဆရာဖြစ်သည်။

သူသာမရှိလျှင် သူတို့၏အစီအရင်မျက်စိက သွေးမြစ်နှင့် အရိုးခြောက်တို့၏ သတ်ဖြတ်ခြင်းဘီးအားဖြင့် ပျက်စီးနေလောက်ပြီဖြစ်သည်။

သို့သော်လည်း အခြေအနေက သေရေးရှင်ရေးဖြစ်နေကာ ရန်သူများအား တိုက်ခိုက်ရန် အင်အား မရှိသကဲ့သို့ဖြစ်နေသည်။

သတ်ဖြတ်ခြင်းဘီးက ဤအစီအရင်အပေါ် အလွန်သက်ရောက်မှုရှိကာ အခြားတစ်ဖက်မှလည်း မဟာကျင့်ကြံသူ ၅ဦးဖြစ်သောကြောင့် မလှုပ်မယှက်ဖြစ်နေရသောအခြေအနေသို့ ရောက်နေသည်။

လက်ရှိအခြေအနေအရ သူတို့သည် နောက်သုံးလလောက်သာ ခံနိုင်တော့မည်ဖြစ်သည်။

သုံးလအကြာတွင်။

သူတို့စောင့်ကြပ်နေသော ခုနစ်စင်ကြယ်အစီအရင်က မခံနိုင်တော့လောက်ပေ။

“အခုထိတော့ ဘာသတင်းမှ မရသေးဘူး။” နှင်းပန်းပွင့်က သူမ၏ ခေါင်းကိုခါလျှက်ပြောလိုက်သည်။

မိုထျန်းချန်း၏အမူအရာက မဲမှောင်သွားသည်။

“အဲ့လောက်တောင်ကြာနေပြီ သတင်းက မရှိသေးဘူး။ ကျုပ်ထင်တာ သတင်းက မရောက်လာနိုင်တော့ဘူးထင်တယ်။”

“ဟမ်?”

မိုထျန်းချန်း၏စကားကိုကြားလျင် နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်နှင့်၊ အခြားနှစ်ဦးက တောင့်သွားသည်။

ထိုအချိန်တွင် အနက်ရောင် တာအိုဝတ်ရုံနှင့် လူက စကားပြောလာသည်။ ထိုသူက ကျိုးမိသားစု အကြီးအကဲတစ်ယောက်ဖြစ်သော ကျိုးဝမ်တိ ဟုခေါ်သောသူဖြစ်ကာ အခြေတည်ဝိညာဉ်အဆင့် အဠမအဆင့်ရှိသည်။

မိုထျန်းချန်း၏စကားကိုကြားလျှင်သူက တုံ့ပြန်လိုက်သည်။

“တာအိုရောင်းရင်းမို၊ ခင်ဗျားအကြံပြုချင်တာက…?”

မိုထျန်းချန်းကချက်ခြင်းခေါင်းညိတ်ကာ မျက်နှာမဲ၍ပြောသည်။ “တကယ်ပဲ။ အကယ်၍ ကျုပ်ခန့်မှန်းတာမှန်ရင် ကျုပ်တို့ရဲ့ အပြင်က ဆက်သွယ်ရေးလမ်းကြောင်းက တားဆီးခံထားရပြီ ထင်တယ်။”

***

All Chapters