စုချင်းချန်ထောင်ချောက်မိခြင်း၊ ကျန်းချန်ရွှမ်က ကယ်တင်ခြင်း
Vol. 30 Ch. 569
“ဆက်သွယ်ရေးလမ်းကြောင်းက ပိတ်ခံရတယ်လား?” မိုထျန်းချန်း၏စကားများကိုကြားလျင် ကျိုးဝမ်တိနှင့်နှင်းပန်းပွင့်အပါအဝင် အခြားသူများက အမူအရာများအကြီးအကျယ် ပြောင်းလဲ သွားကြသည်။
ဆက်သွယ်ရေးလမ်းကြောင်းပိတ်ခံရခြင်းက မည်သည့်ကိုအချက်ပြနေကြောင်း သူတို့သိကြပါသည်။
ဘွန်း…
ထိုအချိန်တွင်၊ အံ့ဩတုန်လှုပ်ဖွယ်ဖြစ်သော ပေါက်ကွဲသံက သူတို့၏အစီအရင်မှ မြည်လာခဲ့သည်။
လူတိုင်းက ဘာဖြစ်နေကြောင်းသိဖို့ရန် လှည့်ကြည့်လိုက်ကြသည်။
သူတို့သည် ခရမ်းပုပ်ရောင်အလင်းက သူတို့၏အစီအရင်ကို ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း တွေ့ခဲ့ရသည်။ ထိုအစီအရင်၏အလင်းက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
အစီအရင်၏အစွန်းတွင် ခရမ်းပုပ်ရောင်အလင်းက အစီအရင်ထဲသို့ကျူးကျော်နေပြီဖြစ်သည့် သဲလွန်စများကို သေချာစွာတွေ့နိုင်သည်။
၎င်းသည် သူတို့၏အစီအရင်စွမ်းအားကို ဆက်တိုက် လျော့ကျစေသည်။
“ဒီအစီအရင်ကိုဖျက်ဖို့ဘယ်လောက်ကြာဦးမလဲ?”
အစီအရင်၏ အပြင်ဖက်တွင် ရက်စက်ကြမ်းကြုတ်သည့်အသွင်နှင့် နောက်ကျောတွင် ကြီးမားသောတောင်ပံများပါသည့်လူက သွေးမြစ်နှင့် အရိုးခြောက်တို့အားမေးလိုက်သည်။
သူ့စကားကိုကြားလျှင် အခြားနှစ်ယောက်ဖြစ်သည့် ငွေရောင်ဆံပင်အကြီးအကဲနှင့် နဖူးတွင် နတ်ဆိုးဦးချိုတစ်ခုသာပါသော လူက သွေးမြစ်နှင့် အရိုးခြောက်တို့အား လှည့်ကြည့်လိုက်ကြသည်။
ထိုနတ်ဆိုးနှစ်ကောင်က တစ်ခစ်ခစ်ရယ်နေကြသည်။
“မကြာခင်ပါ။” သွေးမြစ်ကပြောလိုက်သည်။
“ကျုပ်တို့လက်ရှိအခြေအနေအရ သုံးလအကြာမှာ ဒီအစီအရင်က သေချာပေါက် ကျိုးတော့မှာပါ။ ပြီးတော့ ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်က မုချစွမ်းအားလျော့သွားတော့မှာပါ။
ကျုပ်တို့ရဲ့ သခင်တွေက ဒီအခွင့်အရေးကိုယူပြီး အစီအရင်တစ်ခုလုံးကိုချိုးဖျက်ဖို့ လုပ်နိုင်တယ်။”
ထိုအချိန်တွင် အရိုးခြောက်အပါအဝင် လူတိုင်း၏မျက်နှာတွင် အေးစက်သည့်အပြုံးများ ပေါ်လာကြသည်။ “အဲ့လိုဆိုရင် ကျုပ်တို့ သေချာပေါက် သခင်တွေဆီကနေဆုရတော့မှာပဲ။” ဦးချိုနှင့်လူက ထေ့ငေါ့၍ပြောသည်။
“သေချာတာပေါ့။ အကယ်၍ ကျုပ်တို့ ဒီအခွင့်အရေးကိုသုံးပြီး လူသားကျင့်ကြံသူတွေကို သတ်နိုင်ရင် ပိုတောင်ကောင်းဦးမယ်။” တခြားတစ်ဦးက ထပ်ပြောလိုက်သည်။
ထိုအချိန်တွင် ငါးယောက်သားသည် မနေနိုင်ဘဲ တစ်ဦးနှင့်တစ်ဦးကြည့်ကာ အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။
မျက်စိတမှိတ်အတွင်းတွင်ပင်၊ နှစ်လက ကုန်လွန်သွားသည်။
ထိုအချိန်တွင်၊ သွေးမြစ်နှင့် သူ၏အဖော်များ၏ အဆုံးမရှိတိုက်ခိုက်မှုအောက်တွင် အစီအရင်၏ အလင်းက ဆက်တိုက် မှေးမှိန်လာခဲ့သည်။
အကယ်၍အခြေအနေက ထိုကဲ့သို့ဆက်ဖြစ်နေလျှင် အစီအရင်က တစ်လအတွင်း ပျက်စီး သွားနိုင်သည်။
ဝှစ်….
ထိုအချိတ်တွင် အဝေးမှ အလင်းတန်းတစ်ခုက သူတို့ထံဦးတည်၍ လာနေလေသည်။
သန်မာကာကြမ်းတမ်းသောအရှိန်အဝါက သွေးမြစ်နှင့် သူ့အုပ်စု၏ အမူအရာကို ပြောင်းလဲ သွားစေသည်။
သို့သော် မကြာမီ သူတို့၏မျက်လုံးတွင် အေးစက်သောအပြုံးက ပေါ်သွားခဲ့သည်။
ဝှစ်…..
အလင်းတန်းက ချဉ်းကပ်လာသည်နှင့် မြေပေါ်မှ မျှော်စင်ကဲ့သို့ ခရမ်းပုပ်ရောင်အလင်းတိုင် ငါးတိုင်က ရုတ်တရက်တက်လာခဲ့သည်။
“ဟားဟားဟားဟား”
နတ်ဆိုးငါးယောက်က ရက်စက်ကြမ်းကြုတ်စွာရယ်လိုက်သည်။
“ကြည့်ရတာငါတို့ကံကောင်းနေတာပဲ။ ငါတို့ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့် မဟာကျင့်ကြံသူတစ်ယောက်ကို တစ်ခါတည်းနဲ့ ထောင်ချောက်ဆင်နိုင်ခဲ့တယ်။”
မျှော်စင်ကဲ့သို့ ခရမ်းပုပ်ရောင်အလင်းတိုင်းငါးတိုင်ထဲတွင် ကျက်သရေရှိသော ပုံရိပ်က လွတ်မြောက်ရန် ကြိုးပမ်းနေကာ ကန့်သတ်ထားသည့် အလင်းတိုင်များကို တိုက်ခိုက်နေသည်။
ချီဓားက ကန့်လန့်ဖြတ်ဖြတ်လိုက်ကာ ခရမ်းရောင်အလင်းတိုင်း ငါးတိုင်အား ဆက်တိုက် တုန်ခါသွားစေခဲ့သည်။
အက်ကွဲသံများက ၎င်း၏မျက်နှာပြင်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ နတ်ဆိုးချီများနှင့် လွှမ်းခြုံထားသော နတ်ဆိုး နဂါးနှင့် ကျားတို့က ရုတ်တရက် အလင်းတိုင်များ၏ဘေးတွင် ပေါ်လာခဲ့သည်။
သူတို့သည် ခရမ်းရောင်အလင်းများနှင့် ပေါင်းစပ်က နဂိုက တုန်ခါကာ အက်ကွဲနေသော တိုင်များက ချက်ခြင်းသူတို့၏တည်ငြိမ်မှုကိုပြန်လည်ရရှိသွားသည်။
တစ်ချိန်တည်းမှာပင်။
ခရမ်းပုပ်ရောင်တိုင်၏အထဲတွင်၊ နဂါးနှင့် ကျားတို့၏ပုံရိပ်က ပေါ်လွင်လာသည်။
သူတို့၏ ဟိန်းသံနှင့် ရှိန်လောက်သော အရောင်အဝါက ထောင်ချောက်မိနေသော ကျင့်ကြံသူက ထုတ်လွှတ်နေသော အရှိန်အဝါအားဖိနှိပ်နေသည်။
သူတို့သည် အဆင့် ၅ အထွတ်အထိပ်အဆင့် သို့ရောက်ရှိနေသော သတ္တဝါများဖြစ်ကြသည်။
“မကောင်းတော့ဘူး။ ဒါ ရုန်ဟန်နန်းတော်ရဲ့ ပထမအကြီးအကဲ စုချင်းချန်ပဲ။”
ထိုအခြေအနေအား မျက်မြင်တွေ့လိုက်ရသော အစီအရင်အတွင်းရှိ နှင်းပန်းပွင့်စံသခင်၊ မိုထျန်းချန်းနှင့် အခြားသူများက အလွန်ပြသနာတက်နေကြသည်။
သူတို့သည် သွေးမြစ်နှင့်သူတို့အုပ်စုကသူတို့လက်ထဲတွင် ပုန်းကွယ်ထားသောအစီအစဉ်ရှိမည်ဟု ကြိုတင်မမျှော်လင့်ထားခဲ့ကြပါ။
ထိုထောင်ချောက်က သိသာစွာပင်၊ ကြိုတင်စီမံထားပြီးသားဖြစ်ကာ သူတို့ကိုကူညီရန်လာသော စုချင်းချန်တို့ကဲ့သို့ လူများအား ပစ်မှတ်ထားခြင်းဖြစ်သည်။
“သေစမ်း။”
မိုထျန်းချန်းက အနီးမှစားပွဲကို ထုလိုက်ရာ ချက်ခြင်း ကြေမွသွားသည်။
ထိုအခြေအနေအား သူတို့ထပ်ပို၍ မည်သူမှ နားမလည်နိုင်တော့ပါ။
စုချင်းချန်က သူမကိုယ်တိုင် ထိုကဲ့သို့ ပြိုင်ဖက်၏ကောက်ကျစ်သည့် လှည့်ကွက်ထဲ ကျရောက်သွားမည်ဟု မမျှော်လင့်ထားခဲ့ပါ။
သူမသည် ထိုလက်ရှိအခြေအနေကို ခနတာတောင့်ခံထားနိုင်လောက်အောင် သန်မာသော်လည်း သွေးမြစ်နှင့်သူ၏အဖော်များ အစီအရင်ကိုဖျက်နိုင်သည့်အချိန်တွင် အခြေအနေက ကြောက်မက်ဖွယ်ဖြစ်သွားတော့မည်ဖြစ်သည်။
အစီအရင်ထဲမှ လူများပင် အန္တရာယ်ရှိမည်မဟုတ်ဘဲ သူမသည်လည်း ကျရှုံးခြင်းကို ခံစားရလိမ့်မည်။
အမှန်မှာ စုချင်းချန်က တစ်ခုခုလွဲမှားနေကြောင်းကိုခံစားခဲ့ရသည်။ ထိုအကာအရံနှင့်တူသောအစီအရင်ထဲတွင် ပိတ်မိနေရာ၌ သူမသည် သူမ၏ပတ်ဝန်းကျင်မှ ဝိညာဉ်ချီ အနည်းငယ်မျှကိုပင် မဆွဲနိုင်ခဲ့ပေ။
***