စုချင်းချန်ထောင်ချောက်မိခြင်း၊ ကျန်းချန်ရွှမ်က ကယ်တင်ခြင်း
Vol. 30 Ch. 570
ထို့အပြင် စုချင်းချန်က ဤနေရာတွင် သူမ ကြာကြာနေသည်နှင့် သူမ၏အင်အားကို အားနည်းသွားစေပုံ ရသော အသိကိုလည်းခံစားခဲ့ရသည်။
ထိုအရာကို သတိပြုမိလျှင် သူမသည် ဤအရာကို ဆွဲမချနိုင်ကြောင်း သိပြီး သက်ပြင်းရှည် ချလိုက်မိတော့သည်။
ခနအကြာတွင် သူမ၏ ကြယ်လမင်းဓားသည် တောက်ပ၍ စူးရှသောအလင်းရောင်ထွက်လာခဲ့သည်။ ဓား၏ချီက လွန်စွာထက်ရှပြီး ဓားသွားတွင် ပေါက်ကွဲနေသည်။
ဝှစ်….
ပေါ့ပါးသောအသံဖြင့် ဓားသည် အလင်းလှိုင်းကဲ့သို့ပြောင်းသွားကာ လရောင်ကဲ့သို့ ဓားအလင်းက နတ်ဆိုးနဂါးနှင့် ကျားကို ပြင်းထန်စွာပိုင်းဖြတ်လိုက်လေသည်။
ပေါ့….
နတ်ဆိုး၏သွေးများက ပျံနှံသွားသည်။
စုချင်းချန်၏ အားကုန်သုံးထားသော ဓားက နဂါးနှင့်ကျား၏ ခန္ဓာကိုယ်များကို ပိုင်းဖြတ်ကာ မီတာရာကျော်အောင်ပင် အရာချန်ခဲ့ပေသည်။
သူတို့၏အရိုးနှင့် ကလီစာများက ပျက်စီးသွားခဲ့သည်။
သူတို့၏ခန္ဓာကိုယ်များက မယုံနိုင်စရာကောင်းလောက်အောင်သန်မာသဖြင့် သူတို့သည် ဓားတစ်ချက်ပေါက်ကွဲရုံနှင့် နှစ်ပိုင်းပြတ်သွားလေသည်။
ထိုမြင်ကွင်းက သွေးမြစ်နှင့် အခြားသူများအား မျက်မှောင်ကုပ်သွားစေကာ စုချင်းချန်၏ ရက်စက်ကာထက်ရှသည့် တိုက်ခိုက်မှုအား အံ့ဩသွားကြသည်။
နဂါးနှင့် ကျားတို့သည် အသိဉာဏ်မရှိသည်မှ လွဲ၍ သူတို့၏အင်အားက ရှိနေသော လူတိုင်းထပ် သာလွန်သည်။
သူတို့သည် စုချင်းချန်ထံမှ နှစ်ပိုင်းဖြတ်ခံရတော့မလို့ပင်။
နတ်ဆိုးကျင့်ကြံသူများက အကြည့်များကိုဖလှယ်လိုက်ကြကာ ထိုထောင်ချောက်အား ပြင်ဆင်ထားသည်မှာ ကံကောင်းကြောင်း ခံစားလိုက်ရသည်။
တော်သေးသည်။
ယခု စုချင်းချန်က ခရမ်းပုပ်ရောင်အလင်းတိုင်များကြားထောင်ချောက်မိနေသောကြောင့် သူမ၏အင်အားက မည်မျှပင်သာလွန်ပါစေ၊ သူမသည် ပြသနာဖြစ်လာတော့မည်မဟုတ်ပါ။
ခနအကြာတွင် ခရမ်းပုပ်ရောင်အလင်းက အစီအရင်အတွင်းတွင် ပြည့်လျှံလာကာ နဂါးနှင့်ကျားတို့အား အမြန်ပြန်ကောင်းလာစေရန် ကုသပေးနေသည်။
သာမန်မျက်စိဖြင့်ပင် စုချင်းချန်၏ဓားကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့သော သတ္တဝါနှစ်ကောင်က စတင်၍ အမြန်ပင် ပြန်လည် သက်သာလာခဲ့သည်။
ထိုအချိန်တွင် နဂါးနှင့် ကျားက အသစ်အတိုင်းပြန်လည်ဖြစ်သွားခဲ့သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”
ထိုမြင်ကွင်းကိုမြင်လျှင် စုချင်းချန်၏လှပသောမျက်နှာပေါ်တွင် ချက်ခြင်းပင် ရှုံ့မဲ့သွားသည်။
အစီအရင်အတွင်း၌ ရှိနေသော နှင်းပန်ပွင့်စံသခင်နှင့် အခြားသူများက ချက်ခြင်းအမူအရာများ ပြောင်သွားကြသည်။
“ဟိန်းသံများ။”
ပြန်လည်သက်သာလာသည်နှင့် နဂါးနှင့် ကျားတို့ကဒေါသများထွက်နေကြသည်။
သူတို့နှစ်ကောင်သည် အမြန်စုချင်းချန်ဆီသို့ဦးတည်၍ လာနေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားက ချက်ခြင်း စုချင်းချန်၏ဓားအလင်းကို ဖိနှိပ်လိုက်သည်။
မျက်စိတမှိတ်အတွင်းမှာပင်၊ မူလက အေးစက်၍ ထက်သော ဓားအလင်းက အလွှာပါးသာ ကျန်တော့သည်။
ကြည့်လိုက်လျှင် အချိန်မရွေးကျိုးသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
ပြီးနောက် လူတိုင်းသတိမထားမိချိန်တွင် တိတ်ဆိတ်သောဓားဦးက သွေးမြစ်၏နောက်တွင် ပေါ်လာလေသည်။
ပေါ့…
ဓားဦးသည် သွေးမြစ်၏နှလုံးသားကို ချက်ခြင်းထိုးခွဲလိုက်သည်။
၄င်းသည် စုချင်းချန်ကို အာရုံစိုက်နေသော သွေးမြစ်အား သူမျက်လုံးများပြူးကျယ်သွားအောင် တုန်လှုပ်သွားစေသည်။
ဘာ…ဘာဖြစ်သွားတာလဲ?
အခြေအနေတစ်ခုလုံးကိုမသုံးသပ်နိုင်သေးခင်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသောဘန်း ဆိုသည့်အသံထွက်လာကာ သူ၏အသား၊ အရိုးနှင့် အင်္ဂါများနှင့် အခြေတည်ဝိညာဉ်တစ်ခုလုံးကို ပျက်စိးနေသည်ကို အချက်ပြနေသည်။
သူသည် သူ၏သွေးချီကို လောင်ကျွမ်းကာထွက်ပြေးဖို့ရန်ကြိုးစားခြင်းသည်ပင် အချည်အနှီး ဖြစ်နေသည်။
ဘယ်လိုဖြစ်ရတာလဲ?
သွေးမြစ်က ကြောက်လန့်မှုများနှင့် ပြည့်သွားသည်။
သူက အခြားသူများကို သတိပေးချင်ခဲ့သည်။
သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် သူ၏ရောင်ဝါနှင့် အသံများသည် ခန္ဓကိုယ်တွင်းတွင် အကျဉ်းချခံနေရကာ လှုပ်ရှားမှုနှင့် အသံတစ်စက်မှ မထွက်နိုင်အောင် တားဆီးထားသည်။
ဝှစ်…
၎င်းသည် သူ၏ခန္ဓာကိုယ်က လုံးဝ အစိတ်စိတ်မြွာမြွာဖြစ်သွားမှသာ သူ၏နောက်မှ အတောင်ပံလူနှင့် အခြားသူများက သွေးမြစ်၏ဖက်သို့ အာရုံရသွားတော့သည်။
သို့ရာတွင် သူတို့သည် ချက်ခြင်း သူတို့အားယာယီအမြင်အာရုံကို ကန်းသွားစေသည့် အလွန်ထက်ရှသော ဓားအလင်းကို ရင်ဆိုင်လိုက်ရပြီး အတွေးများက ချက်ခြင်း အေးစက် သွားလေသည်။
ခနအကြာတွင်၊ ငွေရောင်ဆံပင်၏အကြီးအကဲက နှစ်ပိုင်းပြတ်သွားလေသည်။
သွေးများက ပြန့်ကျဲသွားပြီး၊ ငွေရောင်ဆံပင်နှင့် အကြီးအကဲ၏ အခြေတည်ဝိညာဉ်က ချက်ခြင်း ထိတ်လန့်စွာပျံတက်သွားသည်။
သို့သော် သူမတုံ့ပြန်နိုင်ခင်၌ပင်၊
လေဟာနယ်ထဲတွင် လောင်ကျွမ်းနေသောခရမ်းရောင်မီးက ချက်ခြင်းစူနာမီကဲ့သို့ လိမ့်တက်လာသည်။
“မကောင်းတော့ဘူး…ဒါက.. ဒါက ကောင်းကင်ဘုံကျီယန်နေမီးတောက်ပဲ။”
အရိုးခြောက်က ချက်ခြင်းထိတ်လန့်မှုနှင့် အော်လိုက်သည်။
ရှင်းလင်းစွာပင်၊
သူတို့သည် ကျီယန်နေမီးတောက်ဟုခေါ်သောအရာ၏ စွမ်းအားကို သိလိုက်သည်။
၎င်းသည် ကောင်းကင်သခင်ကျီယန်နေမီးတောက်၏ ထူးခြားသည့်အဆောင်ဖြစ်သည်။
ကောင်းကင်သခင်ကျီယန်မီးတောက််က ရောက်လာနိုင်ကြောင်း သတိပြုမိသွား၍ ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူလေးဦးက အခြားကိစ္စများကို ဂရုစိုက်မနေတော့ဘဲ အမြန်လွတ်မြောက်ရန်သာ ကြိုးစားခဲ့ကြသည်။
ဘွန်း…
ခနအကြာတွင် ကြီးမားသောရွှေရောင်မီးဖိုက တောင်ကဲ့သို့ကြီးမားသွားကာ ရုတ်တရက်အပေါ်မှ တက်လာခဲ့ကာ သူတို့အားလွှမ်းမိုးနိုင်သောစွမ်းအားဖြင့် ဖိနှိပ်နေလေသည်။
ကလန်ဟူသောအသံမြည်သွားခဲ့သည်။
မီးဖို၏အဖုံးက ပွင့်သွားကာ သန့်စင်သောရွှေရောင်စစ်မှန်နေမီးသည်ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပင်လယ်ရေလှိုင်းကဲ့သို့ သူတို့ဆီသို့ဦးတည်၍ လာနေလေသည်။
ချက်ခြင်းပင်၊ အခြေတည်ဝိညာဉ်ကျန်ရှိနေသော ငွေရောင်ဆံပင်နှင့်အကြီးအကဲက ကျီယန်နေမီးတောက်နှင့် စစ်မှန်နေမီးတို့မှ ပြာမှုန်များအထိ မီးရှို့ဖျက်စီးခြင်းကိုခံလိုက်ရသည်။
အရိုးခြောက်အပါအဝင် ကျန်ရှိနေသော သုံးယောက်က အရိုးထဲထိ ကြက်သီးများထသွားသည်။
ကျီယန်နေမီးတောက်နှင့် စစ်မှန်နေမီး ပေါင်းစပ်မှုက သူတို့အတွက် ကြီးသော ချိန်းခြောက်မှု ဖြစ်စေသည်။
သို့ရာတွင် ခနအကြာ၌ ကျီယန်နေမီးတောက်နှင့် စစ်မှန်နေမီးတို့က သူတို့နောက်သို့ မလိုက်လာတော့ဘဲ ဦးတည်ချက်ပြောင်းလဲသွားကာ စုချင်းချန်ဖမ်းချုပ်ခံနေရသော ခရမ်းပုပ်ရောင် အလင်း ငါးတိုင်သို့ သွားနေလေသည်။
“သေစမ်း ငါတို့လှည့်စားခံရပြီ။”
ထိုအချိန်မှသာ နတ်ဆိုးကျင့်ကြံသူ ၃ဦးက တုံ့ပြန်တော့သည်။
ပေါ်လာသည့်လူမှာ ကောင်းကင်သခင်ကျီယန်မီးတောက််မဟုတ်ပဲ ကောင်းကင်ဘုံကျီယန်မီးတောက်် အဆောင်ရှိသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးဖြစ်နေသည်။
သူ၏တကယ့်ပစ်မှတ်သည် စုချင်းချန်ထောင်ချောက်မိနေသော ခရမ်းပုပ်ရောင်အလင်းတိုင်ပင် ဖြစ်သည်။
ဘွန်း….
ကောင်းကင်ဘုံကျီယန်နေမီးနှင့် စစ်မှန်နေမီးက ခရမ်းပုပ်ရောင်အလင်းတိုင်ကို တိုက်ခိုက်နေကာ အဖြူရောင်မီးခိုများထွက်လာစေပြီး ယိုယွင်းပျက်စီးနေသည့် ရှုးရှုးရှဲရှဲမြည်သံများထွက်နေသည်။
အစီအရင်၏အလင်းက စတင်၍ မှေးမှိန်လာပြီး အချိန်မရွေးပျက်စီးသွားနိုင်သည့် အနေအထား ဖြစ်နေသည်။
“မင်းက သေချင်နေတာပဲ။”
ဒေါသနှင့် လှည့်ဖျားခံရသည့်ခံစားချက်တို့က နတ်ဆိုးကျင့်ကြံသူ ၃ ဦးကို ချက်ခြင်း ပျံသန်းနေခြင်းမှ ရပ်တန့်စေသည်။
ထိုအစား သူတို့သည် ထင်ရှားကျော်ကြားလာရန် မှီခိုခဲ့ရသော နတ်ဆိုးရတနာများကို ထုတ်လာကာ ယခုတွင် ပေါ်လာသော ကျန်းချန်ရွှမ်အား တိုက်ခိုက်လိုက်ကြသည်။
“အဲဒါ တာအိုရောင်းရင်းကျန်းပဲ”
ခုနှစ်စင်ကြယ်အစီအရင်ထဲတွင်။
နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့က ထိုသူအားချက်ခြင်းမှတ်မိသွားခဲ့သည်။
တစ်ဖက်တွင် မိုထျန်းချန်းနှင့် အခြားသူနှစ်ယောက်တို့၏ မျက်နှာများတွင် ၀မ်းမြောက်မှုပေါ်လာခဲ့သည်။
ရှင်းလင်းစွာပင် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့၏လုပ်နိုင်စွမ်းကို နှင်းပန်းပွင့်စံသခင်၏ မိတ်ဆက်ပေးမှုဖြင့် သိထားပြီးဖြစ်သည်။
ကျန်းချန်ရွှမ်၏အင်အားကို သိထားသောကြောင့်တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးက ရောက်လာပြီ ဖြစ်ကြောင်း သတိပြုမိကြသည်။
ထိုအခွင့်အရေးကို လွတ်သွားလျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုးနောက်တစ်ကြိမ် ထပ်မရောက်လာနိုင်တော့မည်မှာ ဖြစ်နိုင်သည်။
ထို့ကြောင့်အခြေတည်ဝိညာဉ် မဟာကျင့်ကြံသူ ၃ ဦးက တုံ့ဆိုင်းမှုမရှိပဲ လူတိုင်းကို အစီအရင်မှ ထွက်ကာ ရန်သူကိုရင်ဆိုင်ရန် အမိန့်ပေးလိုက်တော့သည်။
ဘွန်း….
မိုထျန်းချန်းက ရုတ်တရက်အင်အားကြီးသည့် စည်းချသောစွမ်းအားပါသည့် ဆဠဂံပုံ အစီအရင်ချပ်ပြားဝိုင်းကို ဆင့်ခေါ်လိုက်သည်။
ချက်ခြင်းပင် ၎င်းက ကျန်းချန်ရွှမ်အား တိုက်ခိုက်နေသည့် နတ်ဆိုးကျင့်ကြံသူ ၃ ဦး၏တိုက်ခိုက်မှုအား တားဆီးပေးလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ကျုပ်တို့ ခင်ဗျားနောက်က ရန်သူတွေကို ခင်ဗျားအတွက် တားဆီးပေးမယ်။ ခင်ဗျားအာရုံနောက်နေစရာမလိုဘူး။ နတ်သမီးစုကို ကယ်ဆယ်ဖို့သာ အာရုံစိုက်ထားပါ။”
မိုထျန်းချန်း၏အသံက ကျန်းချန်ရွှမ်နားထဲသို့ရောက်သွားသည်။
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ကာ ဘေးထွက်မနေပဲ တိုက်ပွဲတွင် ပါဝင်ကြသောကြောင့် ဝမ်းသာသွားသည်။
ခနအကြာတွင် အခြားမီးတောက်တစ်ခုက ကျန်းချန်ရွှမ်၏လက်ထဲတွင် ထပ်၍ ပေါ်လာသည်။
မီးတောက်က နို့နှစ်ရောင်နှင့် သန့်စင်သည့်ရွှေရောင်တို့ကို အလှည့်ကျထုတ်လွတ်နေသည်။
သူသည်ပွတ်လိုက်ပြီး ချက်ခြင်းပင် ပလက်တီနမ်မီးဘောလုံးအဖြစ်ပြောင်းလဲလိုက်ပြီး ခရမ်းပုပ်ရောင်အလင်းတိုင်ငါးတိုင်သို့ ဦးတည်ကာ ပျံသန်းစေလိုက်သည်။
***