လူသားမျိုးနွယ်၏ တိုက်ပွဲ၊ သတိပေးချက်
Vol. 30 Ch. 571
ခီ…ခီ….ခီ…ခီ
ပလက်တီနမ်မီးဘောလုံးက ဖြတ်သွားပြီး၊ လေဟာနယ်ထဲတွင် ရေဗွေကဲ့သို့အဝိုင်းများ ပေါ်လာခဲ့သည်။
လူတိုင်း၏အမြင်အာရုံတွင် အဖြူရောင်ပြာမှုန်များကို မြင်လိုက်ရသည်။
“မကောင်းတော့ဘူး။ သူ့ကိုတားကြ။”
အတောင်ပံနှင့် လူက ထိတ်လန့်စွာအော်လိုက်သည်။
သို့ရာတွင် သူ၏အော်သံအား မိုထျန်းချန်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုက အဖြေပေးလိုက်တော့သည်။
ဘန်း..ဘန်း…ဘန်း….ဘန်း….
ဘွန်း…ဘွန်း…ဘွန်း…
ချက်ခြင်းပင်၊ နှစ်ဖက်စလုံးက မရေမတွက်နိုင်သောအကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ကြပြီး အောက်မှပင်လယ်ကိုပင် ကြီးမားစွာတုန်လှုပ်စေသော လှိုင်းဂယက်များကို ထုတ်လွတ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်ထုတ်လွှတ်လိုက်သည့် ပလက်တီနမ် မီးဘောလုံးက နောက်ဆုံးတွင် ခရမ်းပုပ်ရောင်တိုင် ငါးတိုင်ကို ကျရောက်သွားသည်။
ယခင်က ထုတ်လွတ်ထားသည့် ကောင်းကင်ဘုံကျီယန်နေမီးတောက်နှင့် စစ်မှန်နေမီးတို့ ပေါင်းကာ သေးငယ်သောနေလုံးကမြင့်တက်လာသကဲ့သို့၊ အဆုံးမရှိသော အလင်းနှင့် အပူက တိုင်ထဲတွင် လျှံထွက်နေသည်။
ဂျုန်း….
တိုင်က စတင်၍ ပြင်းထန်စွာလှုပ်ရှားလာခဲ့ပြီး ကြီးမားသောအက်ကွဲရာများက မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
လိမ့်တက်လာသော နတ်ဆိုးချီက ချက်ခြင်း လွမ်းမိုးလာသော အလင်းနှင့် အပူကြောင့် အငွေ့ပျံသွားသည်။
နတ်ဆိုးနဂါးနှင့် ကျားက အန္တရာယ်ကို အာရုံခံမိကာ၊ ဦးတည်ချက်ပြောင်းလဲသွားပြီး အစီအရင်၏ အပြင်မှ ကျန်းချန်ရွှမ်ဆီသို့ ဦးတည်သွားသည်။
“ဟား… ငါအဲ့တာကို စောင့်နေတာ။” အေးစက်သောအပြုံးက ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် ပေါ်လာသည်။
ခနအကြာတွင်၊ အပြာ၊ အနီ၊ အဝါနှင့် အဖြူရောင်အလင်းများက သူ၏နောက်တွင် ပေါ်လာခဲ့သည်။
ဝှစ်ဟူသောအသံဖြင့်၊ ချက်ခြင်းပင် နတ်ဆိုးနဂါးနှင့် ကျားတို့အား ဖြတ်သွားလေသည်။
တစ်ချိန်တည်း၌ပင်။
သူ၏နတ်ဆိုးသုတ်သင်ခြင်းအရည်အချင်းက အပြည့်အဝပွင့်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်က ချက်ခြင်းပင် ရှစ်ပေအထိ ကြီးထွားသွားပြီး ထိုပြောင်းလဲခြင်းရလဒ်က ခန္ဓာကိုယ်မွမ်းမံခြင်း နည်းစနစ်တွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပဉ္စမမြောက်အဆင့်သို့ ရောက်ရှိသွားသည်။
သူ၏သွေးချီက လှိမ့်တက်လာကာ ရုတ်တရက် သူ့နောက်မှ ဧကရာဇ် ပုံရိပ်ယောင်ကပေါ်လာခဲ့သည်၊
ကလန်….
ကြီးမားသော လက်သီး အရိပ်ကြီးက သူ့လက်ထဲမှ မြေနက်လှံနှင့်ပေါင်းသွားခဲ့သည်။
မြေနက်လှံက ချက်ခြင်းမနှိုင်းယှဉ်နိုင်သော နတ်ဆိုး ဖိနှိပ်ခြင်းစွမ်းအင်များ ထွက်လာခဲ့သည်။
ဘွန်း…
မြေနက်လှံက နတ်ဆိုးနဂါးနှင့် ကျားတို့ဆီသို့ ဦးတည်၍ သွားနေခဲ့သည်။
ဖူး…
နဂါး၏ခေါင်းက ကွဲကြေသွားသော ဖရဲသီးကဲ့သို့ ဖြစ်ကာ သွေးမြူကဲ့သို့ ပြောင်းလဲသွားပြီး၊ ကျား၏ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားတော့သည်။
“အား….”
“ဟိန်းသံများ..”
လေထဲတွင် နတ်ဆိုးသားရဲနှစ်ကောင်၏ အော်သံက ပဲ့တင်ထပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်။
ပြင်းထန်သော ထက်သောဓားအလင်းကနတ်ဆိုးနဂါးနှင့် ကျားတို့၏ အခြေတည်ဝိညာဉ်များအား ဖြတ်သွားလေတော့သည်။
ရှဲ….
မျက်စိတစ်မှိတ်အတွင်းတွင်၊ နတ်ဆိုးနဂါးနှင့် ကျားတို့၏ အခြေတည်ဝိညာဉ်များသည် ကောင်းကင်ပေါ်တွင် ဝိညာဉ်ချီများအဖြစ်သို့ ပြိုကွဲပျက်စီးသွားကာ စူနာမီကို ဖြစ်စေခဲ့သည်။
ဘန်း….
ထိုအရာကိုမြင်လျှင် ခရမ်းပုပ်ရောင်အလင်းတိုင်းငါးတိုင်ထဲတွင် ပိတ်မိနေသော စုချင်းချန်ကလည်း အလကားမနေတော့ပေ။
သူမ၏လက်ထဲမှ ကြယ်လဓားက အေးစက်သောအလင်းတန်းကို ထပ်မံထုတ်လွတ်လိုက်သည်။
ထိုနေရာတွင် ဓားချီ၏အင်အားက ထစ်ချုန်းသွားပြီး ခရမ်းပုပ်ရောင်အလင်းတိုင်များအား ပြင်းထန်စွာရိုက်လိုက်လေသည်။
ပြင်ပနှင့် အတွင်းဖက်မှ တိုက်ခိုက်မှုများ၏ကြားတွင် ခရမ်းပုပ်ရောင်အလင်းတိုင်ငါးတိုင်သည် နောက်ဆုံးတွင် ထိုဖိအားကို ခံနိုင်ရည်မရှိတော့ပါ။
ဂျုန်းဟူ၍မြည်သွားသည်။ အလင်းတိုင်များက အလင်းအမှုန်များအဖြစ်သို့ ပျက်စီးကာ ပျောက်ကွယ်သွားတော့သည်။
“အိုး..မဟုတ်ဘူး။”
အရိုးခြောက်အပါအဝင် နတ်ဆိုးကျင့်ကြံသူ သုံးဦးသည် မိုထျန်းချန်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေရင်း ထိုအရာကိုမြင်လျှင် သူတို့၏အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားကြသည်။
ထိုအချိန်တွင် သူတို့သည် အခြားအရာတစ်ခုမှကို ဂရုမစိုက်တော့ပေ။ မိုထျန်းချန်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုကို ယာယီနောက်ဆုတ်အောင်လုပ်လိုက်ကာ အလင်းတန်းသုံးခုအဖြစ်သို့ပြောင်းလဲသွားပြီး လွတ်မြောက်ရန်အတွက် ဦးတည်ချက်အမျိုးမျိုးကို ပျံသန်းသွားတော့သည်။
ကျန်းချန်ရွှမ်နှင့် စုချင်းချန်တို့က အကြည့်ချင်းဖလှယ်လိုက်ကြကာ မပြောဘဲသိသောနားလည်မှုဖြင့် တစ်ဦးအတွေးကို တစ်ဦးသိသွားကြသည်။
သူတို့သည် ပျံသန်းသွားသောနတ်ဆိုးကျင့်ကြံသူများကို တစ်ဦးဆီပစ်မှတ်ထားခဲ့ကြကာ သူတို့နောက်မှ လိုက်သွားလေသည်။
ဂျုန်း…
ကြီးမားသော ဂဠုန်ငှက် ပုံရိပ်ယောင်က ချက်ခြင်း ကျန်းချန်ရွှမ်၏ နောက်မှ ပေါ်လာခဲ့ကာ မည်သူမျှမတုံ့ပြန်နိုင်လောက်သည့် အခြေအနေအထိ သူ၏အရှိန်ကို များစွာ တိုးမြင့်ပေးခဲ့သည်။
ကျယ်လောင်သော ဗုံးသံက ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်သွားခဲ့ကာ အတောင်ပံနှင့် လူကသွေးမြူအဖြစ် ချေမှုန်းခြင်းခံခဲ့ရသည်။
ကျန်းချန်ရွှမ်သည် လေထဲတွင် လှည့်ကာ ထွက်ပြေးပျံသန်းနေသောအရိုးခြောက်ဆီသို့ ထပ်မံလိုက်သွားသည်။
ရူးသွပ်စွာပျံသန်းနေသည့်အရိုးခြောက်က သူ၏နောက်မှ အရောင်အဝါကို ခံစားမိရင်း ချက်ခြင်းပင် ကြံရာမရဖြစ်ကာ ကြောက်ရွံ့နေခဲ့သည်။
သူသည် ထိုကဲ့သို့ နတ်ဆိုးသားရဲများထပ် ပို၍ မကောင်းဆိုးဝါးဆန်၍ ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် မရင်ဆိုင်ခဲ့ဖူးပေ။
ကျီ….
တုံ့ဆိုင်းမှုမရှိဘဲနှင့်၊
အရိုးခြောက်က နက်ရှိုင်းကာ ထူထဲသော နတ်ဆိုးအရောင်အဝါများထုတ်လွတ်နေသော ဦးခေါင်းခွံကြာပန်းစင်မြင့်ကို ဆင့်ခေါ်လိုက်ကာ ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင် သူက ကျန်းချန်ရွှမ်၏အင်အားသည် သာမန်မဟာကျင့်ကြံသူများ၏ အင်အားထပ် သာလွန်နေသည်ကို သတိမပြုမိပေ။
ကလန်ဟူသောအသံမြည်သွားသည်။
ကျန်းချန်ရွှမ်က လေထဲမှ အစိမ်းရောင်ဆေဘာဓားကိုဆွဲထုတ်လိုက်ကာ အင်အားမသုံးဘဲ လွဲလိုက်သည်။
ထိုနေရာတွင် ဆုတ်ပြဲသွားသည့်အသံထွက်လာခဲ့သည်။
အစိမ်းရောင်ဆေဘာဓားက ချက်ခြင်း ကြာပန်းစင်မြင့်၏ခုခံမှုကို ထိုးခွဲလိုက်ကာ ၎င်၏ပိုင်ရှင်ကို မိုင်ရာချီလွှင့်စင်သွားအောင် လုပ်လိုက်သည်။
ပြီးနောက် ကျန်းချန်ရွှမ်သည် ရုတ်တရက် အရိုးခြောက်မတုံ့ပြန်နိုင်မီ သူ၏အရှိန်ကို တင်လိုက်လေသည်။
ဝှစ်ဆိုသောအသံမြည်သွားလေသည်။
တောင်ကဲ့သို့ ကြီးမားသော မြေနက်လှံက သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာရိုက်ချလိုက်သည်။
“အား……..”
အော်သံနှင့် အထူ အရိုးခြောက်၏ခန္ဓာကိုယ်က ပျော့သွားကာ သူ၏အခြေတည်ဝိညာဉ်ကလည်း ထိုနေရာတွင် ပေါက်ကွဲသွားလေတော့သည်။
ကျန်းချန်ရွှမ်က နှင်းပန်းပွင့် စံသခင်၊ မိုထျန်းချန်းနှင့် အခြားသူများထံသို့ ပြန်လာချိန်တွင် ဦးချိုနှင့် လူနောက်သို့ လိုက်သွားသော စုချင်းချန်ပြန်လာသည်ကို တွေ့လိုက်ရသည်။
သူမ၏လက်ထဲတွင် ဦးချိုပါဝင်သည့်နတ်ဆိုးကျင့်ကြံသူ၏ ခေါင်းကို ကိုင်ဆောင်လာခဲ့လေသည်။
***