လူသားမျိုးနွယ်၏တိုက်ပွဲ၊ သတိပေးချက် (၂)
Vol. 30 Ch. 572
အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ငါးဦးကျဆုံးသွားသည်နှင့် အခြားကျန်ရှိနေသော နတ်ဆိုးကျင့်ကြံသူများကလည်း ကျန်းချန်ရွှမ်နှင့် သူ့မိတ်ဆွေများကို တိုက်ခိုက်နိုင်ရန် အခွင့်အရေးမရှိပါ။
နတ်ဆိုးစစ်တပ်က အမြန်ပင် ပြိုကွဲသွားပြီး မကြာမီတွင် လုံးဝအမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။
ကျန်းချန်ရွှမ်နှင့် စုချင်းချန်တို့က နှင်းပန်းပွင် စံသခင် မိုထျန်းချန်းတို့နှင့် ပေါင်းကာ အစီအရင် အတွင်းတွင် စုလိုက်ကြပြီး လူတိုင်းက သူတို့၏ကျေးဇူးတင်စိတ်များကို ဖော်ပြလိုက်ကြသည်။
“ဒီတစ်ကြိမ်တော့ တာအိုရောင်းရင်းကျန်းနဲ့နတ်သမီးစု တို့ကို ကျေးဇူးတင်ရတော့မှာပဲ။ အကယ်၍ ခင်ဗျားတို့ကြောင့် သာမဟုတ်ခဲ့ရင် ကျုပ်တို့အခုရှိနေတဲ့အစီအရင်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။”
ထိုစကားကိုကြားလျှင် စုချင်းချန်က သူမ၏လက်များကိုယမ်းကာ၊ “ရှင်ကျွန်မကို မြှောက်နေတာပဲ။ တကယ်ကျေးဇူးတင်ရမှာက တာအိုရောင်းရင်းကျန်းကိုပါ။ သူသာမရှိရင် ကျွန်မလည်း ဆိုးဝါးတဲ့ကံကြမ္မာနဲ့ တွေ့နေရလောက်တယ်။”
ကျန်းချန်ရွှမ်ဖက်သို့ လှည့်ကာ စုချင်းချန်၏အမူအရာက စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်နေသည်။ “တာအိုရောင်းရင်းကျန်း၊ ဒီကိစ္စမှာ ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။”
ကျန်းချန်ရွှမ်က ပြုံးလိုက်ကာ သူ့လက်ကို ယမ်းလိုက်သည်။
“ကျေးဇူးတင်ဖို့မလိုပါဘူး။ နတ်ဆိုးကပ်ဘေးထဲမှ တစ်ယောက်ကို တစ်ယောက်ကူညီဖို့က ကျုပ်တို့ရဲ့တာဝန်ပါပဲ။”
ပြီးနောက် တစ်ခုခုကိုမှတ်မိသွားပုံဖြင့်၊ စုချင်းချန်ဖက်သို့ လှည့်ကာမေးလိုက်သည်။ “ဒါနဲ့၊ ကျုပ်တို့ရဲ့လူသားကျင့်ကြံသူတွေရဲ့အခြေအနေတစ်ခုလုံးက ဘယ်လိုလဲ? သတင်းတစ်ခုခုများရှိသလား?”
နှင်းပန်းပွင့်စံသခင်၊ မိုထျန်းချန်း၊ ကြယ်ပင်လယ်စံသခင်နှင့် အခြားသူများကလည်း စိုးရိမ်စွာ ကြည့်လာကြသည်။
သူတို့သည် သက်ဆိုင်ရာ တိုက်ပွဲများကို အာရုံစိုက်ထားသည်နှင့် စစ်ပွဲတစ်ခုလုံး၏အခြေအနေကို သိရှိရန် မေ့လျော့နေကြသည်။
သို့ရာတွင် စုချင်းချန်က သူတို့ထဲမှ လူမဟုတ်ပါ။
ရုန်ဟန်နန်းတော်မှ ပထမအကြီးအကဲဖြစ်သလို ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်း၏ ကိုယ်ပိုင်တပည့်လည်းဖြစ်သည်။ သူမရှိနေသောနေရာသည် စစ်ပွဲ၏ ရှေ့တန်းတွင် ဖြစ်သေးသည်။
ထို့ကြောင့် သူမ၌ အသေးစိတ်ကျယ်ပြန့်သောသတင်းများကို ရနိုင်လိမ့်မည်ဖြစ်သည်။
စုချင်းချန်၏မျက်နှာပေါ်တွင် တည်ငြိမ်မှုပေါ်လာခဲ့သည်။
သူမသည် ကျန်းချန်ရွှမ်နှင့် ရှိနေသောသူအားလုံးကို ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မမှာ လက်ရှိအခြေအနေနဲ့ပက်သက်ပြီး နားလည်ထားတာတစ်ချို့ရှိပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေကတော့ မကောင်းဘူး။
ကျွန်မဆရာနဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် စီနီယာတွေက နဂါးရူး၊ လနိမိတ်ဆိုးနဲ့ သွေးပင်လယ်စတဲ့ နတ်ဆိုးအရှင်ခြောက်ဦးနဲ့ ကောင်းကင်ဘုံကိုးခုကန်းဖန်နယ်ပယ်ထဲမှာ ကြီးမားတဲ့တိုက်ပွဲကို ရင်ဆိုင်တိုက်ခိုက်နေကြတယ်။
တိုက်ပွဲအခြေအနေကတော့ ကျွန်မရဲ့သိနိုင်စွမ်းထပ် ကျော်လွန်နေပေမဲ့ ကျွန်မသိတာ ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်ထဲမှာ အကြီးတစ်ခုဖြစ်တဲ့ အနီရောင်ငှက်မီးတောက် အစီအရင် အပါအဝင် အသေးနဲ့ အလတ်အရွယ်အစား အစီအရင်မျက်စိ ဒါဇင်ပေါင်းများစွာက ဖျက်စီးခံလိုက်ရပြီး အခြေတည်ဝိညာဉ်ကျင့်ကြံသူဆယ်ယောက်ကျော်ကျဆုံးသွားခဲ့ရပြီ။”
“ဘယ်လို?”
မိုထျန်းချန်း၊ ကျိုးဝမ်တိနှင့် နှင်းပန်းပွင့်စံသခင်တို့က တုန်လှုပ်သွားကြပြီး ကျန်းချန်ရွှမ်သည်ပင် အမူအရာက အလွန် စိုးရိမ်သွားသည်။
သူသည် စစ်ပွဲက ထိုကဲ့သို့အခြေအနေအတိုင်းဆက်သွားနေလျှင် လူသားမျိုးနွယ်က နတ်ဆိုးကပ်ဘေး မပြီးဆုံးမီအချိန်အထိ ခံနိုင်ရည်ရှိရန် ခက်ခဲသည့်အချိန်များရလိမ့်မည်ဖြစ်ကြောင်းနားလည်ခဲ့သည်။
အကယ်၍ သူတို့ခံနိုင်ခဲ့လျှင်ပင်၊ သူတို့သည် အားနည်းသွားခံကာ နတ်ဆိုးကျင့်ကြံသူများအား သူတို့၏ ခုခံရေးအစီအရင်ကိုချိုးဖျက်နိုင်စေကာ မြောက်ပိုင်းနယ်နိမိတ်၏အတွင်းပိုင်းသို့ ဝင်လာစေပြီး ကျယ်ပြန့်သော ကပ်ဘေးကို ဖြစ်ပွားစေလိမ့်မည်။
ထိုအချိန်တွင် လူသားများက တကယ်ပင် ဝမ်းနည်းမှုနှင့် ခံစားမှုများထဲ ကျရောက်သွားရလိမ့်ပေမည်။
“ဒါဆို နတ်သမီးစုကိုမေးပါရစေ၊ ဒါကို ရင်ဆိုင်ဖို့ နည်းလမ်းကောင်းများ ရှိသလား?”
ထိုအချိန်တွင်၊ မိုထျန်းချန်းက မနေနိုင်ဘဲ မေးလိုက်လေသည်။
သူ၏စကားကိုကြားလျှင် အခြားသူများက စုချင်းချန်ကို ကြည့်လာကြသည်။
သို့ရာတွင် စုချင်းချန်က အားနာသောအမူအရာနှင့် ခေါင်းကိုခါလိုက်လေသည်။
“အခုထိတော့၊ ကျွန်မတို့ဖက်မှာသက်ရောက်မှုရှိတဲ့ တုံပြန်ဖို့နည်းလမ်းမရှိသေးပါဘူး။
ကျွန်မတို့ အရင်လိုပဲ ဆက်လုပ်နေနိုင်သေးတယ်။ အကယ်၍ အခြားအဓိကကျတဲ့ အစီအရင်မျက်စိ တစ်ခုခုက အန္တရာယ်ထဲ ကျရောက်နေရင် ကျွန်မနဲ့အခြားသူတွေက စစ်ကူအဖြစ်လာပြီး ရန်သူတွေကို တိုက်ခိုက်မှာပါ။”
ကျန်းချန်ရွှမ်က စုချင်းချန်၏စကားသည် တကယ်ပင်ပြောခြင်းဖြစ်ကြောင်း သိသည်။
ယခင်နတ်ဆိုးကပ်ဘေးအတွင်းတွင် လူသားမျိုးနွယ်က ထိုနည်းဗျူဟာကို မတတ်နိုင်သည့်အဆုံး ကျင့်သုံးခဲ့ရကာ ကောင်းကင်နှင့် မြေကြီး၏ အက်ကွဲကြောင်း ပိတ်သွားသည့်အချိန်ထိ ခုခံသည်းခံခဲ့ကြသည်။
ထိုအချိန်တွင်၊ ထိုနတ်ဆိုးကျင့်ကြံသူများက သဘာဝအတိုင်း နောက်ဆုတ်သွားမည်ဖြစ်သည်။
မဟုတ်လျှင်၊ အကယ်၍ သူတို့ဆက်နေခဲ့လျှင် အကျိုးဆက်က သူတို့မြင်ချင်သောအရာ ဖြစ်လိမ့်မည်မဟုတ်ပါ။
၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူများအတွက်လည်း အတူတူပင်ဖြစ်သည်။
သို့ရာတွင် အကယ်၍ သူတို့သည် ထိုအချိန်ကိုစောင့်နေလျှင် လူသားမျိုးနွယ်နှင့် အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကတစ်ခုလုံးက ကြိုတင်သိရှိထားသည်ထပ်ကျော်လွန်၍ ဖျက်စီးခံလိုက်ရမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဆုံးရှုံးမှုများသည် သူတို့ခံနိုင်ရည်ရှိသော အရာများဖြစ်လိမ့်မည်မဟုတ်ပါ။
အနည်းဆုံးကျန်းချန်ရွှမ်၏ ထင်မြင်ချက်အရ လူသားမျိုးနွယ်၏ ကျဆုံးခန်းဖြစ်လိမ့်မည်။
ထိုအပြင်၊ အရေးပါသောပြောင်းလဲမှုတစ်ခုခု မရှိလျှင် အနာဂတ်ရလဒ်များက ထိုအတိုင်းကျန်ရှိနေလိမ့်မည်ဖြစ်ကာ ထာဝရကျရှုံးနေရလိမ့်မည်။
အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ ဖြစ်တည်မှုက လုံးဝနှစ်မြုပ်သွားကာ ရှင်းလင်းခြင်းပင်ခံရနိုင်သည်။
ရလဒ်က အတူတူပင်ကျန်ရှိနေလိမ့်မည်။
ထို့ကြောင့်။
ဤနတ်ဆိုးကပ်ဘေးတွင် စစ်ပွဲ၏ အခြေအနေကို ပြောင်းလဲရန်နှင့် အောင်မြင်မှုကို ရယူနိုင်ရန် သူတို့အထဲမှ အခြေအနေကိုပြောင်းပြန်လှန်နိုင်မည့် လုပ်နိုင်စွမ်းရှိသော တစ်စုံတစ်ဦးကို လိုအပ်ပေသည်။
ထိုသူသည် လွှမ်းမိုးနိုင်သောစွမ်းအားရှိ၍ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများကို ချေမှုန်းနိုင်ရန်လိုအပ်ပြီး ကောင်းကင်ဘုံးကိုးခုကြယ်ကြွေခြင်းအစီအရင်အား ချိန်းခြောက်နိုင်သောအဆင့်မှ ပြောင်းလဲနိုင်ရန်လိုအပ်သည်။
ထိုဖြစ်နိုင်ချေနှင့်ဆိုလျှင် ကောင်းကင်သခင်လေးဦးသည် မဟာအစီအရင်၏ စွမ်းအားများကို စုပေါင်းကာ နတ်ဆိုးအရှင်ခြောက်ဦးကို သေလောက်အောင် ချိန်းခြောက်နိုင်သည့် ဟန်ကိုပြနိုင်ပေသည်။ အကယ်၍ ကောင်းမွန်စွာစီစဉ်နိုင်လျှင် သူတို့ထဲမှ အချို့ကိုပင် ဖမ်းနိုင်မည်ဖြစ်သည်။
မြောက်ပိုင်းနယ်နိမိတ် ကျင့်ကြံရေးလောက၏ လက်ရှိအခြေအနေအရဆုံးဖြတ်ရလျှင်၊ အထွတ်အထိပ်အဆင့် အခြေတည်ဝိညာဉ်နှင့် အပြစ်အနာအဆာမရှိသော အခြေတည်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် သူနှင့် ရှန်းရူယန်၌ပင် ထိုကဲ့သို့သောလုပ်နိုင်စွမ်းရှိသည်။
အထူးသဖြင့် သူတို့၏ကျင့်ကြံဆင့်သည်သာ အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်သို့ ရောက်ခဲ့လျှင်ဖြစ်သည်။
ပြီးနောက်ထိုစစ်ပွဲသည် အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်ဖြစ်မည်ဖြစ်သောကြောင့် အခြေခံအားဖြင့် မည်သည့်ပြသနာမှမရှိပါ။
ကျန်းချန်ရွှမ်သည် သူ၏စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်ပြသလိုက်လျှင် အာရုံစိုက်မှုများနှင့် မမြင်နိုင်သောအန္တရာယ်များကို ဆွဲဆောင်မိမည်ဖြစ်ကာ သူ၏ကျင့်ကြံရေးလမ်းတွင် အတိဒုက္ခကိုယူမိလိမ့်မည်ဖြစ်သည်။
သို့ရာတွင်၊ ထိုခြေလှမ်းကိုမလှမ်းလျှင်၊ လက်ရှိနတ်ဆိုးကပ်ဘေးက ယခင်ကအတိုင်း ကွဲပြားမှုမရှိသောအဆုံးသတ်ဖြင့် လူသားမျိုးနွယ်များက ရှုံးနိမ့်ခြင်းကိုရင်ဆိုင်ရကာ ပြီးဆုံးသွားမည်ဖြစ်သည်။
၎င်းသည် လောကထဲရှိချီပမာဏကို လျော့ကျသွားစေမည်ဖြစ်ကာ ကောင်းကင်နှင့်မြေကြီး၏ ဖြစ်တည်မှုကို အားနည်းသွားစေလိမ့်မည်။
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ချင်ခဲ့လျှင် ထိုအဆင့်ကိုထိုးဖောက်ရန်ကြိုးစားမှုတစ်ခုဆီတိုင်းက အပြင်လောကမှ သက်ရှိအားလုံးက ခြေရာခံနိုင်လိမ့်မည်ဖြစ်သည်။
သို့သော်လူသားမျိုးနွယ်သို့မဟုတ် ချီပမာဏအတွက်မဟုတ်ခဲ့လျှင်ပင် သူတို့ကိုယ်တိုင်အတွက် ထိုတိုက်ပွဲတွင်အရာအားလုံးကို ပေးရလိမ့်မည်ဖြစ်သည်။ မဟုတ်လျှင်သူတို့၏ကျင့်ကြံအဆင့်က အခြေတည်ဝိညာဉ်အဆင့်တွင်သာ ရပ်တန့်နေလိမ့်မည်ဖြစ်သည်။
သို့ရာတွင် ၎င်းက ရှင်းလင်းစွာပင် လက်ခံနိုင်စရာအကြောင်းမရှိပါ။
ထို့ကြောင့်။
ကျန်းချန်းရှန်ကစု ချင်းချန်ဖက်သို့လှည့်ကာ ပြောလိုက်သည်။
“နတ်သမီးစု ကျုပ်တို့အကောင်းဆုံးနည်းလမ်း ရှာတွေ့လိမ့်မယ်လို့ယုံကြည်တယ်။”
“ဟမ်?”
စုချင်းချန်သာမကပဲ မိုထျန်းချန်းနှင့်အခြားသူများက အံ့ဩသွားခဲ့သည်။
ကျန်းချန်ရွှမ်က သူတို့အားသံသယဖြစ်မနေစေတော့ဘဲ သူ၏အတွေးကိုအားလုံးနှင့်မျှဝေလိုက်သည်။
သူအကြံအစည်ကိုကြားလျှင်၊ စုချင်းချန်နှင့် အခြားသူများက အစကထိတ်လန့်သွားခဲ့ကာ အတွေးထဲနစ်သွားသည်။
အချိန်အတော်ကြာပြန်လည်စဉ်းစားဆင်ခြင် ပြီးနောက် ကျန်းချန်ရွှမ်အား လေးနက်စွာ ကြည့်လိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ရှင်ဒီအစီအစဉ်ကို ဘယ်လောက်ယုံကြည်ချက်ရှိလဲ? ဒါအရမ်းစွန့်စားရမယ်ဆိုတာ ရှင်နားလည်သင့်တယ်နော်။ အကယ်၍ ကျွန်မတို့ ကျရှုံးသွားခဲ့ရင် ကျွန်မတို့ပဲခံရမှာ မဟုတ်ဘူး ။ စစ်ပွဲတစ်ခုလုံးကို မမျှော်မှန်းနိုင်တဲ့ ချောက်နက်ထဲကို ဆွဲချသလိုဖြစ်သွားနိုင်တယ်။”
မိုထျန်းချန်း ကျိုး၀မ်တိ နှင့် နှင်းပန်းပွင့်စံသခင်တို့သည် အလွန်တည်ငြိမ်နေကြသည်။
ရှင်းလင်းစွာပင် စုချင်းချန် ပြောသောစကားက သတိပေးစကားသပ်သပ်မဟုတ်ပဲ အမှန်တစ်ကယ်ဖြစ်လာမည့်အရာ ဖြစ်ကြောင်းသိကြသည်။
***