ကြမ်းတမ်းသောခရီး
Vol. 93 Ch. 1301
ဦးတည်ဘက်တိုင်းမှာ တူညီနေသဖြင့် သူတို့သည် ကျပန်းရွေးချယ်လိုက် ကြသည်။
ရှီမာယူယူသည် ဟာစွန်ကိုဆင့်ခေါ်ပြီး အားလုံးကို တက်ခိုင်းလိုက်သည်။
“ဟူး…”
ဟာစွန်အရှိန်မြှင့်လိုက်သဖြင့် လေပြင်းထန်လွန်းရာ အားလုံးမှာ မျက်လုံး ပင်မဖွင့်နိုင်ပေ။
“ဟာစွန် ဦးတည်ချက်ပြောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ” ဟာစွန် ပြန်ဖြေပြီးသည်နှင့် ဦးတည်ဘက်ပြောင်းလိုက် သည်။
သို့သော် ဦးတည်ချက်ပြောင်းလိုက်သော်လည်း အတူတူပင်။ ပြင်းထန် သော လေသည် သူတို့ဆီသို့တိုက်ရိုက် တိုက်ခတ်လေသည်။ တခြားသော ဘက်များတွင် လေတိုက်သည့်ပုံမပေါ်ပေ။
“အသုံးမဝင်ဘူး” ဟွမ်ရင်ရင် ဆက်ပြောလေသည် “ငါတို့ အရှေ့ဆက် သွားရင် ဘယ်ဘက်ကိုပဲသွားသွား လေကငါတို့ဘက်ကိုတိုက်နေမှာပဲ”
ရှီမာရှုံ့ချီသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး ဖျော့တော့သော လှိုင်းဂယက် လုပ်ပြီး ဟာစွန်အပါအဝင် အားလုံးကို ဝန်းပတ်လိုက်သည်။
ထိုကာကွယ်မှုအလွှာနှင့် လေအားမှာ များစွာလျော့ကျသွားလေသည်။
“ဆက်သွားကြမယ်” ရှီမာရှုံ့ချီသည် ဟာစွန်ကိုပြောလိုက်သည်။
“ကောင်းပါပြီ”
လေအားလျော့ကျသွားသည်နှင့် သူတို့အမြန်ဆက်သွားကြသည်။ ကာကွယ်မှုအလွှာပျောက်ကွယ်သွားသည်နှင့် ဟွမ်ရင်ရင် နောက်တစ်ခု ဖန်တီး လေသည်။ ပြီးနောက် ရှီမာလျူယွင်၊ ရှီမာလျူဖန်၊ ဝူလင်းယူနှင့် တခြားသူများ အလှည့်ကျလုပ်ကြလေသည်။
“ဟူး…”
သူတို့ ဝေးဝေးသွားလေလေ လေမှာပိုသန်မာလာသောကြောင့် ဟာစွန် မခံနိုင်သည့်အတွက် ငှက်လေးနှင့်လဲလိုက်ကြသည်။
“ကြည့်လိုက်ကြ အဲဒီမှာလင်းနေတာ မဟုတ်ဘူးလား” လက်ထောက် လေးသည် အပေါ်မှ ကောင်းကင်ကိုကြည့်ရင်းနှင့် ပျော်ရွှင်စွာ အော်လေသည်။
“ဟုတ်တယ် ငါတို့ဒီနေရာကိုကျော်လာတာလား” ရှီမာယူယူ ပြောလိုက် သည်။
သူတို့သည် ထိုခရီးစဉ်အတွင်းတွင် မည်သည့်အန္တရာယ်မှမကျရောက် သော်လည်း ပြင်းထန်သောလေသည် သူတို့ကို တိုက်စားလေသည်။ ဝိညာဉ် စွမ်းအင် ပြန်ပြည့်စေသော ဆေးကြောင့်သာမဟုတ်လျှင် ထိုနေရာကိုဖြတ် ကျော်နိုင်လျှင်တောင် သူတို့၏ဝိညာဉ်စွမ်းအင်မှာ လျော့သွားမည်။
ငှက်လေးသည် ရှေ့ကိုဆက်သွားရာ ရုတ်တရက်ပင် ပြင်းထန်သောလေ သည် ပျောက်ကွယ်သွားပြီး ဖိအားပါမရှိတော့ပေ။
“မရှိတော့ဘူးလား” ဒိဝူသည် ခေါင်းမော့ပြီး ကောင်းကင်ပေါ်ကိုကြည့် လိုက်သည်။ ဖိအားမရှိတော့သဖြင့် သူတို့ အသံရှုရသည်မှာ ချောမွေ့လာသည်။
“အင်း ကြည့်ရတာ ငါတို့ ဖြတ်ကျော်လာနိုင်ပြီထင်တယ်” ရှီမာလျူယွင် ပြောလိုက်သည်။
“ဒီက ကောင်းကင်က အရင်ကတစ်ခုထက်ပိုပြီး လင်းတယ်၊ ပိုပြီး လတ်ဆတ်ပြီး သန့်ရှင်းတယ် အရင်လိုပြာလဲ့မနေဘူး” ရှီမာယူယူ ပြောလိုက် သည်။
“အင်း ဒီမှာ နေမရှိတာကလွဲပြီး အပင်လည်းရှိတယ်၊ အပြင်နဲ့ အတူတူ နီးပါးလောက်ပဲ”
ငှက်လေးသည် အဝေးသို့ပျံသန်းသွားပြီး ရုတ်တရက် ဆင်းသက်လိုက် သည်။
“ယူယူ ငါမပျံနိုင်တော့ဘူး” ငှက်လေးသည် ဆင်းသက်ရင်းနှင့် ပြောလေ သည်။
“အားလုံးပဲ ကိုယ့်ကိုယ်ကို ကာကွယ်ထားကြ”
ထိုကဲ့သို့အမြင့်မှ ကျသွားခြင်းသည် သူတို့ကိုယ်သူတို့ မကာကွယ်ထားပါ က ကျသွားသည်နှင့် တစ်စစီဖြစ်သွားနိုင်သည်။
ကံကောင်းစွာပင် သူတို့ မြေပြင်နှင့် မီတာအနည်းငယ်အကွာတွင် ငှက်လေးသည် အတောင်ပံဖြန့်လိုက်ကာ မီတာအနည်းငယ်ပျံတက်ပြီး အရှိန် ကိုဟန်ချက်ညှိရာ အားဖြင့် ဆင်းသက်လိုက်ရာ အားလုံးသည် ချောမွေ့စွာ ဆင်းသက်နိုင်လေသည်။
“ဒီနေရာမှာ အကန့်အသက်ရှိတယ် ဒီမှာငါတို့ပျံလို့မရတော့ဘူး” ရှီမာရှုံ့ချီ သည် ကောင်းကင်သို့ကြည့်လိုက်သည်။ သူတို့မပျံနိုင်ပါက ခရီးစဉ်နှောင့်နှေး သွားမည်။
“ဒီမှာ လေဟာပြင်အကန့်အသက်တင်ရှိတာမဟုတ်ဘူး အားပြင်းတဲ့ မြေဆွဲအားလည်းရှိတယ်၊ ခြေထောက်တွေလေးနေတာ မခံစားမိဘူးလား” ရှီမာရှုံ့ချီ ပြောလိုက်သည်။
“အင်း တကယ်ပဲ လေးနေတာ” ဟွမ်ရင်ရင် ပြောလိုက်သည်။
ရှီမာလျူယွင်နှင့် တခြားသူများပါ ခေါင်းညိတ်လိုက်ကြသည်။
“ကျွန်တော်ကတော့ အဆင်ပြေတယ် ဘာမှမခံစားရဘူး” လက်ထောက် လေးသည် ခြေထောက်ကို ပေါ့ပေါ့ပါးပါး မြှောက်ရင်း ပြောလေသည်။
“သမီးတည်း အဆင်ပြေတာပဲ” ရှီမာယူယူသည် ခြေနှစ်လှမ်းလှမ်းလိုက် သည်။ ပုံမှန်ထက် လေးလံသော်လည်း သူမအတွက် ပြဿနာမဖြစ်ပေ။
“မင်းတို့နှစ်ယောက်က ငါတို့ထက်တောင် ပေါ့ပါးသေးတယ်” ရှီမာလျူဖန် ဆက်ပြောလေသည် “စွမ်းအားကြောင့်များဖြစ်မလား၊ စွမ်းအားသန်မာလေ မြေ ဆွဲအား ပိုသန်မာလေပဲ”
“ဖြစ်နိုင်တယ်” ဟွမ်ရင်ရင် ဆက်ပြောလေသည် “ငါ သေချာပေါက် ခံစား မိတယ်၊ ငါ့ခြေထောက်တောင်မှ မ,ဖို့ခက်နေတယ်”
“ငါရောပဲ” ရှီမာရှုံ့ချီ ပြောလိုက်သည်။
“အားယား ကျွန်တော်ကကျ ဘာလို့ မခံစားမိတာလဲ မိုဒိဆန်းကရော” ဒိဝူ မေးလိုက်သည်။
“ငါ့ခြေထောက်နှစ်ချောင်းလုံးကို ခဲဆွဲထားသလိုပဲ” မိုဒိဆန်း ပြောလိုက် သည်။
“ကြည့်ရတာ မြေဆွဲအားက ယူယူ၊ ဒိဝူနဲ့ လက်ထောက်လေး အပေါ် သက်ရောက်မှုအားနည်းတယ် ထင်တယ်”
ရှီမာရှုံ့ချီသည် မီတာအနည်းငယ်လောက် လျှောက်ရန် ကြိုးစားလေ သည်။ သူ့အတွက် စက္ကန့်အနည်းငယ်မှာ မိနစ်များစွာကြာနေသလိုပင်။
“ဒီအတိုင်းတော့သွားလို့မရတော့ဘူး သုံးလေးလကြာရင်တောင် ဒီနေရာ ကနေ မထွက်နိုင်လောက်ဘူး၊ တစ်ခုခုတော့စဉ်းစားရတော့မယ်၊ ငါတို့ မြေဆွဲအား သက်ရောက်မှုကို လျော့နိုင်မလား ကြည့်ရမယ်” ဟွမ်ရင်ရင် ပြော လိုက်သည်။
“သမီးမှာ အကြံရှိတယ်” ရှီမာယူယူ ဆက်ပြောလေသည် “သမီး၊ လက်ထောက်လေးနဲ့ ဒိဝူတို့ကျ သက်ရောက်မှုမရှိမှတော့ သမီးတို့က အပြင်မှ လျှောက်မယ် အဘိုးတို့က လောကအသေးထဲကလိုက်ခဲ့လိုက်”
“လောကအသေးဟုတ်လား ဘယ်သူ့လောကအသေးလဲ” ဟွမ်ရင်ရင် မေးလိုက်သည်။
“သမီးဟာလေ” ရှီမာယူယူသည် တံခါးလေးအားထုတ်ပြီး လောက အသေး တံခါးကိုဖွင့်လိုက်သည် “အဘွားတို့အရင်ဝင်နှင့်လိုက် ဒီအပိုင်းပြီးသွား မှထွက်ခဲ့လိုက်တော့”
အတွင်းပိုင်းဒေသအင်အားစု၏ အဖွဲ့ဝင်တစ်ယောက်နေနှင့် ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့အတွက် လောကအသေးကိုမြင်ရသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် သူမ၏ လောကအသေးကြောင့် ထိတ်လန့်မိသည်။ သူမသည် မျိုးနွယ် ကိုမှီခိုတော့မည်မဟုတ်ပေ။
“ဘယ်လိုလဲ” ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်သည်။
“အကြံကောင်းပဲ” ရှီမာလျူယွင် ဆက်ပြောလေသည် “ဒါပေမဲ့ အန္တရာယ် ရှိမှထွက်လာရင် မနှေးလွန်းဘူးလား”
ပြီးနောက်တွင် သူတို့၏ လုံခြုံမှုကို သူစိုးရိမ်မိသည်။
“မစိုးရိမ်ပါနဲ့ လောကအသေးက အမြန်ပွင့်တယ် ဦးလေးတို့ ထွက်လာရင် လည်း ပြဿနာမဖြစ်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အခုတော့ ဒါပဲလုပ်နိုင်ဦးမယ်”
ရှီမာယူယူ၊ လက်ထောက်လေးနှင့် ဒိဝူမှလွဲပြီး အားလုံး လောကအသေး ထဲသို့ ဝင်လိုက်ကြသည်။
ရှီမာယူယူသည် လောကအသေးကိုသိမ်းပြီး ပြောလိုက်သည် “အခုတော့ ငါတို့သုံးယောက်ပဲရှိတော့တယ် သွားရအောင်”
“ဘာအန္တရာယ်မှရှိမှာမဟုတ်ပါဘူး အချိန်နဲ့စွမ်းအင်တချို့ပဲ ကုန်မှာပဲ” လက်ထောက်လေး ပြောလိုက်သည်။
ထိုစကားကြောင့် ရှီမာယူယူနှင့် ဒိဝူတို့သည် စိတ်အေးလက်အေး ဆက် လျှောက်ကြလေသည်။
လက်ထောက်လေး ပြောသလိုပင် တစ်လျှောက်လုံးတွင် မည်သည့် အန္တရာယ်မှမကြုံခဲ့ရပေ။ သူတို့ မပျံသန်းနိုင်ရုံသာရှိသည်။ သူတို့သည် လမ်းလျှောက်ရုံသာတတ်နိုင်ပြီး မြေဆွဲအား၏ သက်ရောက်မှုကြောင့် ခက်ခဲ သောလမ်းကိုလျှောက်နေရသည်။
လမ်းတစ်လျှောက်တွင် အရိုးတချို့ကိုတွေ့ရလေသည်။ လူသားများနှင့် ဝိညာဉ်သားရဲတို့၏ အရိုးများရှိသည်။ လူသားများ၏ အရိုးထက် ဝိညာဉ်သားရဲ များ၏ အရိုးမှာပိုများသည်။
ဝိညာဉ်သားရဲအများစုမှာ လမ်းမှားပြီးရောက်လာကြကာ အရှေ့ကိုသာ လျှောက်နိုင်ပြီး နောက်သို့ပြန်မလှည့်နိုင်ပေ။ သူတို့သည် မြေဆွဲအား၏ သက်ရောက်မှုကို မခံနိုင်သောကြောင့် ထိုနေရာတွင်သာ တစ်သက်တာနေရ တော့သည်။
ထိုခရီးစဉ်မှာ ကုန်းတစ်တန် ရေတစ်တန်သွားရသကဲ့သို့ပင်။ နှစ်လကြာ ပြီးနောက်တွင် မြေဆွဲအားနေရာမှ ထွက်နိုင်ကြလေသည်။
သူတို့သည် တောင်ကိုဖြတ်ကျော်ရကာ တောင်ပေါ်တွင် မြေဆွဲအား သက်ရောက်မှုရှိနေသေးသည်။ သို့သော် တစ်ဖက်သို့ရောက်သောအခါ မြေဆွဲ အားသက်ရောက်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
နောက်ပိုင်းတွင် လက်ထက်လေး၏ အခြေအနေမှာဆိုးလာသဖြင့် ရှီမာယူယူသည် သူ့ကိုပါ လောကအသေးသို့ထည့်လိုက်ရာ ဒိဝူနှင့် သူမသာ ကျန်တော့လေသည်။
“အကြာကြီးလျှောက်ပြီးလို့ နောက်ဆုံးတော့ ထွက်လာနိုင်ပြီ” ရှီမာယူယူ ပင့်သက်ရှိုက်လိုက်လေသည်။
သူတို့သည် မပျံနိုင်၊ အင်အားမြင့်ဝိညာဉ်သားရဲကိုလည်း မသုံးနိုင်သော ကြောင့် သူတို့ခြေထောက်ကိုသာ အားထားခဲ့ရသည်။ ထိုသည်ကို နှစ်ပေါင်း များစွာကြာသွားသကဲ့သို့ ခံစားရလေသည်။
“အရင်ဆုံး သူတို့ကိုထုတ်လိုက်မယ်” ရှီမာယူယူ တံခါးလေးကိုထုတ် လိုက်သည်နှင့် အဝေးမှ အမည်းရောင်တိမ်တိုက်များ လှိမ့်တက်လာသည်ကို မြင်လိုက်ရသည်။
“အဲဒါဘာလဲ” ဒိဝူ အော်လေသည်။
အမည်းရောင်တိမ်တိုက်များသည် အရှိန်ဖြင့် လွင့်မျောလာကာ သူတို့ အနားသို့ရောက်သောအခါ ထိုသည်မှာ အမည်းရောင်တိမ်တိုက်များမဟုတ်ဘဲ အမည်းရောင်သားရဲပျံအုပ်ဖြစ်သည်ကို တွေ့လိုက်ရသည်။
သားရဲပျံများသည် လူသားလောကမှ သားရဲများနှင်မတူဘဲ အားလုံးမှာ အကျည်းတန်ပြီး မျက်လုံးများမှာလည်း နီရဲနေသည်။
***