← Chapters

အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကို ထိုးဖောက်ခြင်း နှစ်ဦးသားမဟာကျင့်ကြံသူဖြစ်လာခြင်း

Vol. 30 Ch. 573

အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကို ထိုးဖောက်ခြင်း နှစ်ဦးသားမဟာကျင့်ကြံသူဖြစ်လာခြင်း

Vol. 30 Ch. 573

ကျန်းချန်းရွှမ်က ထိုဖြစ်နိုင်ခြေများကိုလဲ သိခဲ့ပြီးဖြစ်သည်။

ဂရုစိုက်ကာစဉ်းစားဆင်ခြင်ပြီးနောက် လက် ၅ ချောင်းထောင်ကာ ပြောလိုက်သည်။

“ဒီအစီအစဉ်က မမျှော်လင့်ထားတဲ့အခြေအနေ တွေကိုပါ ထည့်တွက်လိုက်လျှင် အောင်မြင်နိုင်ချေ ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါကဝိညာဉ်ဖွဲ့စည်းခြင်းနတ်ဆိုးကျင့်ကြံသူ ကိုယ်တိုင်ပါ၀င်လာနိုင်တဲ့ ဖြစ်နိုင်ချေပါ ပါပြီးသားဖြစ်တယ်။”

“ငါးဆယ်ရာခိုင်နှုန်းလား?” ကျန်းချန်ရွှမ်၏ခန့်မှန်းချက်ကိုကြားလျှင်၊ စုချင်းချန်နှင့် အခြားသူများက ပြန်လည်၍ အတွေးပင်လယ်ထဲသို့ ရောက်သွားပြန်သည်။

အောင်မြင်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်းသည် အရေးပါသည် အထူးသဖြင့် ၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်း နတ်ဆိုးသခင်များ ပါဝင်လာနိုင်သည့် ဖြစ်နိုင်ချေပါ ထည့်တွက်ထားသေးသည်။

ထိုဖြစ်နိုင်ချေများမပါလျှင်ပင် စုချင်းချန်က သူတို့၏အခွင့်အရေးသည် ပို၍ မြင့်မားနိုင်ကာ ၆၀ သို့ ၇၀ ရာခိုင်နှုန်းထိပင် ရောက်နိုင်ကြောင်း သူမယုံကြည်သည်။

၎င်းသည် တကယ်ပင်ကြိုးစားကြည့်သင့်သော အစီအစဉ်ဖြစ်သည်။

အထူးသဖြင့် အကယ်၍ အောင်မြင်သွားလျှင်၊ ရရှိမည့်အကျိုးကျေးဇူးက ကြီးမားလိမ့်မည်ဖြစ်သည်။

၎င်းသည် အလွန်ကြီးမားသော ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသည်ပင် လျစ်လျူရှုနိုင်သည့်အရာ မဟုတ်ပေ။

သို့ရာတွင်၊ ကြီးမားသောဆုလဒ်များက ကြီးမာသောစွန့်စားမှုများနှင့် လာတတ်သည်။

စုချင်းချန်က ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ စွန့်စားမှုကို လုပ်လိုသော်လည်း၊ ထိုကဲ့သို့ အရေးကြီးသော ဆုံးဖြတ်ချက်အား သူမတစ်ဦးတည်း လုပ်ရန်မဖြစ်နိုင်ပါ။

သူမသည် အခြားအထွတ်အထိပ်အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် ဆွေးနွေးကာ သူမ၏ဆရာဖြစ်သော ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကို တင်ပြကာ သူတို့၏ထိုကိစ္စအတွက် ရပ်တည်ချက်ကို မေးရဦးမည်ဖြစ်သည်။

အကယ်၍ သူတို့သဘောတူကာ ထိုအလောင်းအစားကို လုပ်စေလိုသည့် ဆန္ဒရှိခဲ့လျှင် ပြသနာရှိလိမ့်မည်မဟုတ်ပေ။

ဆန့်ကျင်ဖက်အားဖြင့်၊ သူတို့သည် တုံ့ပြန်မည့်ပုံစံကို ဆွေးနွေးကာ ပြန်လည် ဆုံးဖြတ်ရလိမ့်မည် ဖြစ်သည်။

စုချင်းချန်သည် ကိစ္စတစ်ခုကိုမှ ဖုံးကွယ်မထားတော့ပဲ ကျန်းချန်ရွှမ်အား သူမ၏ အတွေးများကို ပြောပြလိုက်သည်။

သူမသည် သူနှင့် ရှန်းရူယန်က အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့် သို့ရောက်မည့်အချိန်ကို မေးလိုက်သည်။

နောက်ဆုံး၌ အရေးအကြီးဆုံးအချက်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အခြေတည်ဝိညာဉ် နောက်ပိုင်းအဆင့်ကို ထိုးဖောက်နိုင်ရန်သာဖြစ်သည်။

ကျန်းချန်ရွှမ်သည် ထိုအကြောင်းကို ကောင်းစွာသိပါသည်။ သူသည် မတတ်နိုင်ဘဲ အချိန်အနည်းငယ်တွေးလိုက်ကာ ပြောလိုက်သည်။

“နှစ်သုံးဆယ်အတွင်းမှာ ကျုပ်နဲ့ ကျုပ်ဇနီးက အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့်ကိုရောက်မှာပါ။”

“နှစ်သုံးဆယ်လား?” စုချင်းချန်က ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။ နှစ်ပေါင်းသုံးဆယ်က ကြာရှည်သောအချိန်မဟုတ်ပါ။

သူတို့ရင်ဆိုင်ရမည့် နတ်ဆိုးကပ်ဘေးက နှစ်ပေါင်းတစ်ရာနှင့် စာလျှင် ထိုအချိန်အပိုင်းအခြားက တစ်ဝက်ပင်မရှိပါ။

ထို့အပြင်၊ နောက်ဆယ်စုနှစ်အနည်းငယ်သည် နတ်ဆိုးကပ်ဘေး၏ “တည်ငြိမ်သည့်ကာလ”ဟုခေါ်သော တည်ငြိမ်သည့်အချိန်ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

တည်ငြိမ်သောကာလသည် ပဋိပက္ခများမရှိတော့ခြင်းမဟုတ်ပေ။ တိုက်ပွဲများက ဆက်တိုက်ရှိနေမည် ဖြစ်သော်လည်း ကပ်ဘေး၏ အစပိုင်းနှင့် နောက်ဆုံးပိုင်းကဲ့သို့ တိုက်ပွဲပြင်းထန်မည်မဟုတ်ပေ။

ထို့ကြောင့်။

ထိုအချိန်ကာလသည် စုချင်းချန်နှင့် အခြားသူများက စောင့်နိုင်ပေသည်။

သူတို့သည် ထိုအစီအစဉ်က ယာယီသဘောတူလိုက်ကြကာ ရှိနေသောသူများက အစီအစဉ်ကို ထုတ်ဖော်ပြောခြင်းမပြုရန် ကျိန်ဆိုလိုက်ကြသည်။

သူတို့၏သဘောတူညီချက်ကို အဆုံးသတ်လိုက်ပြီး၊ ကျန်းချန်ရွှမ်နှင့်စုချင်းချန်တို့က ထွက်ခွာလိုက်ကြသည်။

ပြန်လာသည့်လမ်းတစ်လျှောက်တွင် ကျန်းချန်ရွှမ်နှင့် စုချင်းချန်တို့က နတ်ဆိုးကပ်ဘေးအကြောင်း ဆွေးနွေးလာကြကာ အတွေးအမြင်များနှင့် ဗျူဟာများကို ဖလှယ်လိုက်ကြသည်။

ကျန်းချန်ရွှမ်က ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းသို့ ရောက်ခါနီးတွင် စုချင်းချန်အား နှုတ်ဆက်လိုက်သည်။

ကျန်းချန်ရွှမ်က ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းသို့ပြန်ရောက်လာ‌သောအခါ ရှန်းရူယန်နှင့် တုကူးပိုင်ဖေးတို့က အပြင်ကအခြေအနေကို မေးကြသည်။

ကျန်းချန်ရွှမ်က ဖုံးကွယ်ထားခြင်းမရှိပဲ သူ၏ခရီးအခြေအနေနှင့် ဆွေးနွေးမှုများအသေးစိတ်ကို ပြန်ပြောပြလိုက်သည်။

လူတိုင်းက စုချင်းချန် အခြေတည်ဝိညာဉ်မဟာကျင့်ကြံသူသည်ပင် ဘေးသင့်ဖွယ်အခြေအနေကို တွေ့ခဲ့ရသောကြောင့် အံ့အားသင့်နေကြသည်။

သေချာပါသည်။

သူတို့အား ထိတ်လန့်စေသည့်အရာမှာ ကျန်းချန်ရွှမ်နှင့် စုချင်းချန်တို့ ယာယီသဘောတူခဲ့သည့် အစီအစဉ်ပင်ဖြစ်သည်။

ထိုကဲ့သို့ ရဲတင်းသောအစီအစဉ်ကြီးက မယုံကြည်နိုင်လောက်စရာဖြစ်သည်။

သူတို့သည် တကယ်ပင်ထိုအစီအစဉ်က စတင်ဖြစ်လာခဲ့လျှင် မည်ကဲ့သို့ ဝမ်းနည်းစရာကိစ္စများ ကြုံတွေ့ရမည်ဖြစ်ကြောင်းကို မတွေးရဲကြပေ။

သို့သော် ၎င်းသည်လူသားမျိုးနွယ်အတွက် တန်ပြန်တိုက်ခိုက်ရန်နှင့် ဗျူဟာအကောင်းဆုံး ဖြစ်ပုံရကြောင်း မငြင်းဆန်နိုင်ကြပါ။

ထိုမှ အောင်မြင်မည့်အကျိုးအမြတ်သည် ရှင်သန်နေသောသူများအားလုံးခံစားရလိမ့်မည်ဖြစ်သည်။

“မိန်းမ၊ ကိုယ် မင်းနဲ့မတိုင်ပင်ဘဲ မင်းကိုယ်စားသဘောတူလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။” ကျန်းချန်ရွှမ်က ရှန်းရူယန်အား သူတို့၏ယာယီကျင့်ကြံမည့် ဂူထဲတွင် တောင်းပန်သည့်အသံနှင့် ပြောလိုက်သည်။

သို့ရာတွင် ရှန်းရူယန်က ပြုံးကာ ခေါင်းခါလိုက်သည်။

“ယောကျာ်း၊ ရှင်ဘာမှ တောင်းပန်စရာမလိုပါဘူး။ ရှင့်ဆုံးဖြတ်ချက်က ကျွန်မဆုံးဖြတ်ချက် အတိုင်းပါပဲ။ ရှင့်ရဲ့ရွေးချယ်မှုအတိုင်းကျွန်မရပ်တည်ပေးမှာပါ။”

သူမ၏စကားများကိုခံစားသွားရကာ၊ ကျန်းချန်ရွှမ်က ကျေးဇူးတင်သည့်စိတ်ကို ခံစားလိုက်ရသည်။

ထိုစုံတွဲက အချိန်မဖြုန်းတော့ပဲ အစီအရင်ကိုစောင့်ကြပ်ရန်တာဝန်အားတုကူးပိုင်ဖေးနှင့် အခြားသူများကိုပေးလိုက်ကာ သူတို့၏ဂူပိတ်ကျင့်ကြံခြင်းကိုစတင်လိုက်ကြသည်။

ကျန်းချန်ရွှမ်က သူ၏ကျင့်ကြံရေးကိုစတင်လိုက်ချိန်တွင် သူသည် စနစ်၏အချက်ပြမှုကို သူ၏စိတ်ထဲတွင်ကြားလိုက်ရသည်။

[အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ Host၊ ကျေးဇူးပြုပြီး အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အယောက်တစ်ရာကို သတ်ဖြတ်ပါ။]

စနစ်၏တာဝန်သည် ကျန်းချန်ရွှမ်၏စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။ “အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အယောက်တစ်ရာကို သတ်ဖြတ်ရမှာလား? ဒါက တကယ်ပဲ စိတ်ဝင်စားစရာကောင်းတာပဲ။” သူက တွေးလိုက်ကာ သူ၏မျက်လုံးများကို ကျဉ်းလိုက်ကာ ဆင်ခြင်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

စုချင်းချန်က သူ၏ရှေ့တန်းသို့ပြန်သွားသည်နှင့် ချက်ခြင်း ကျန်းချန်ရွှမ်နှင့် ဆွေးနွေးထားသည့်အရာအား ဆုံးဖြတ်ချက်နှင့် သဘောတူမှုရရန် သူမ၏ဆရာဖြစ်သူ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကို တင်ပြလိုက်သည်။

***

All Chapters