ဒေါသထွက်ခြင်း၊ ကျန်းချန်ရွှမ်၏ ဒေါသနှင့် စိတ်လွတ်လက်လွှတ် ပြုမူခြင်း
Vol. 30 Ch. 575
သူတို့သည် ကျန်းချန်ရွှမ်၏လက်ကျသွားသောနေရာကို ကြည့်လိုက်ကြသည်။
စုချင်းချန်၊ စံသခင် ဖုန်းယွင်၊ ဓားသခင်အဇူရာနှင့် အခြားသူများက မနေနိုင်ဘဲ မျက်လုံးများ ကျဉ်းသွားကြသည်။
အကြောင်းမှာ မြေပုံပေါ်ရှိ ထိုနေရာက နတ်ဆိုးကျင့်ကြံသူများ၏ အနှစ်သာရကိုးပါးကျင့်ကြံရေး လောကတွင် အရေးပါသောစခန်းဖြစ်ကာ အခြေခံအကျဆုံးသောစခန်းဖြစ်သည်။
ထိုသို့သောအဓိကကျသောနေရာကို တိုက်ခိုက်ခြင်းက နတ်ဆိုးအင်အားစုများအား ကြီးမားသော ထိုးနှက်မှုဖြစ်စေလိမ့်မည်။
ဆင်တူစွာပင်၊
ထိုစခန်းက အရေးပါသောကြောင့် အစောင့်အကြပ်ကလည်း ထူထပ်လိမ့်မည်ဖြစ်ကာ အခြေတည်ဝိညာဉ်ကျင့်ကြံသူ အနည်းဆုံး အယောက်နှစ်ဆယ်ကျော်ရှိလိမ့်မည်ဖြစ်သည်။
“တာအိုရောင်းရင်းကျန်း၊ ကျုပ်တို့ဒီနေရာကို တကယ်ပဲသွားမှာလား?”
ကျယ်ပြောခြင်းမြစ်စံသခင်က မနေနိုင်ဘဲမေးလိုက်သည်။
ကျန်းချန်ရွှမ်က တည်ငြိမ်နေသေးသည်။ “မှန်တယ်။ နတ်ဆိုးကျင့်ကြံသူတွေရဲ့စခန်းကို ရှင်းလင်းလိုက်ရုံနဲ့ ဒီတိုက်ပွဲမှာ လုံလောက်တဲ့ တွန်းအားကို ရစေလိမ့်မယ်။
ကျုပ်တို့ ကောင်းကင်ဘုံကိုးခုကြယ်ကြွေခြင်းအစီအရင်က အရေးပါတဲ့အပိုင်းရဲ့စွမ်းအားက တကယ်တော့ ရန်သူတွေရဲ့ စခန်းကထုတ်လွတ်နေတဲ့ စွမ်းအားကိုတန်ပြန်တိုက်ခိုက်နေတာပဲဆိုတာ သိကြတယ်မဟုတ်လား?”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် စုချင်းချန်နှင့် အခြားသူများက မတတ်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ တူညီစွာခေါင်းညိတ်လိုက်ကြသည်။
ရှင်းလင်းစွာပင်။
ထိုအချိန်တွင်၊ သူတို့အားလုံးက နိုဗာရေပြင်ထဲတွင် နတ်ဆိုးချီက အဘယ်ကြောင့် များပြားစွာရှိနေရခြင်း အကြောင်းနှင့် ပင်လယ်ထဲရှိသတ္တဝါများအား သန္ဓေပြောင်းလဲသွားစေရခြင်း၏ အဓိကအကြောင်းမှာ ထိုစခန်းမှ အစီအရင်တစ်ခုကြောင့်ဖြစ်ကြောင်းကို သိကြပေသည်။
ထိုအစီအရင်အားဖျက်စီးလိုက်မှသာလျှင် ကောင်းကင်ဘုံကိုးခု ကြယ်ကြွေခြင်းအစီအရင်မှစွမ်းအားကို ကောင်းကင်သခင်လေးဦးက သုံးနိုင်မည်ဖြစ်သည်။
မဟုတ်လျှင်၊ အစီအရင်၏စွမ်းအားက ကောင်းကင်သခင်လေးဦး၏စွမ်းအားကို တိုးပွားစေနိုင်လိမ့်မည် မဟုတ်လျှင်ပင် ၎င်းသည် ကျီဖုအဆင့် ကျင့်ကြံသူများအောက်ရှိ ကျင့်ကြံသူများအား ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
မဟုတ်လျှင်၊ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များကို အချိန်မရွေး နတ်ဆိုးအဆိပ်အတောက်ကူးစက်သွားနိုင်ပေသည်။
“ဒါဆို ကျုပ်တို့ တိုက်ရိုက်ပဲသွားမှာလား မဟုတ်ရင်…..?”
မိုထျန်းချန်းက မေးလိုက်သည်။
ကျန်းချန်ရွှမ်က ရယ်လျှက်ဖြေသည်။
“ကျုပ်တို့ရဲ့လက်ရှိအဆင့်နဲ့ ကျုပ်တို့ တိုက်ရိုက်ပဲသွားလိုက်လို့ရတယ်။ ကျုပ်တို့ပုန်းကွယ်ပြီးသွားစရာမလိုဘူး။ ပြီးတော့ ကျုပ်တို့ အခုပုန်းကွယ်ပြီးသွားချင်ရင်တောင် မဖြစ်နိုင်တော့ဘူး။”
တကယ်ပင်။
ထိုကဲ့သို့ အရေးကြီးသောလှုပ်ရှားမှုအား နတ်ဆိုးကျင့်ကြံသူများက မသိဘဲနေလိမ့်မည်နည်း?
ကျင့်ကြံသူအချို့ကိုပုန်းကွယ်ရန်မှာ ဖြစ်နိုင်သော်လည်း အုပ်စုတစ်ခုလုံးကိုပုန်းကွယ်နိုင်ရန်မှာ လက်တွေ့မကျပါ။
ထို့အပြင်၊ ကျန်းချန်ရွှမ်ပြောသလိုပင်၊ သူတို့၏လက်ရှိအင်အားနှင့် ပုန်းကွယ်နေစရာမလိုဘဲ တိုက်ရိုက်သွားလိုက်နိုင်ပါသည်။
သို့ရာတွင် ကျန်းချန်ရွှမ်၏ တည့်တိုးဆန်ကာ ရဲတင်းသောနည်းဗျူဟာအား သူနှင့် သိပ်မရင်းနှီးသောသူများက ကြားလျှင် ရဲတင်းလွန်းသည်ဟုမြင်ကြမည်ဖြစ်သည်။
နောက်ဆုံးတွင် ဤတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်သည်။
စုချင်းချန်ကဲ့သို့ အခြေတည်ဝိညာဉ်ကျင့်ကြံသူ အထွတ်အထိပ်အဆင့်သည်ပင် စိုးရိမ်နေပုံရသော်လည်း ကျန်းချန်ရွှမ်ကတော့ အေးဆေးသာပြောနေသည်။
မရည်ရွယ်ဘဲနှင့် အခြားသူများက စုချင်းချန်နှင့် စံသခင်ဖုန်းယွင်တို့အား ကြည့်လိုက်ကြကာ ကျန်းချန်ရွှမ်၏ရဲတင်းသောအစီအစဉ်ကို သဘောမတူရန် မျှော်လင့်နေကြသည်။
သူတို့အံ့ဩသွားရလောက်အောင်ပင် ကျန်းချန်ရွှမ်၏အစီအစဉ်ကိုကြားသည်နှင့် စုချင်းချန်နှင့် အခြားသူများက သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။
ရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ဘဲ၊ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် စုချင်းချန်တို့ဦးဆောင်သော အဖွဲ့က သူတို့၏ပစ်မှတ်ဖြစ်သည့် နတ်ဆိုးနှလုံးသားအစီအရင်ဆီသို့ ဦးတည်ကာ ပျံသန်းသွားရန်ပြင်ဆင်ကြတော့သည်။
မကြာမီ၊ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် စုချင်းချန်တို့ဦးဆောင်သော ဒါဇင်ပေါင်းများစွာသော ကျင့်ကြံသူများက အမြန်ပင် သူတို့၏ပစ်မှတ်ဖြစ်သည့် နတ်ဆိုးနှလုံးသားအစီအရင်ကို အမြန်ပျံသန်းသွားသည်။
ဝှစ်….ဝှစ်….
ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့က အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင်၊ သူတို့သည် ကီလိုမီတာတစ်သောင်းကျော်ထိပင်ပျံသန်းသွားသည်။
သို့ရာတွင် နတ်ဆိုးကျင့်ကြံသူများကလည်း ကန်းနေသူများမဟုတ်သဖြင့် သူတို့၏တည်ရှိမှုကို အာရုံခံနိုင်ကြသည်။
ချက်ခြင်းနီးပါးပင်၊ နတ်ဆိုးကျင့်ကြံသူဆယ်ဦးခန့်က စုဝေးနေကြသည်။
သူတို့ထဲမှ တစ်ဦးမှာ ရွှမ်းရှဟုခေါ်သော အခြေတည်ဝိညာဉ် နောက်ပိုင်းအဆင့် နတ်ဆိုးကျင့်ကြံသူပင် ဖြစ်ကာ သူတို့ဆီသို့ဦးတည်ကာ ပျံသန်းလာနေသော ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုကို ကြောက်မက်ဖွယ်ရာအကြည့်ဖြင့် ကြည့်နေခဲ့သည်။
“ဒီကောင်တွေက တကယ်ပဲ သူတို့စောင့်ကြပ်နေတဲ့အစီအရင်ကနေထွက်လာရဲတယ်ပေါ့။ ဒါက ငါတို့သူတို့အစီအရင်ကနေအဝေးရောက်နေတဲ့အချိန် တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းပဲ။ ငါတို့သူတို့ကိုတားထားနိုင်တာနဲ့ သူတို့ရဲ့အစီအရင်ထဲက လူတွေအကုန်လုံးကိုသတ်ပစ်မယ်။”
ရွှမ်းရှက သူတို့ဆီလာနေသော ကျန်းချန်ရွှမ်တို့အဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြရန်အမိန့်ပေးလိုက်သည်။
၎င်းသည် သူတို့ကကျန်းချန်ရွှမ်နှင့်အခြားသူများအား သတ်ဖြတ်ရန် ယုံကြည်ချက်ရှိ၍ မဟုတ်ပေ။ သူတို့က အချိန်ကိုဆွဲထားရန် ရည်ရွယ်ထားခြင်းပင်ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများကစုစည်းနေကာ ကျန်းချန်ရွှမ်အားစောင့်နေသည်မျာ သေခြင်းပင်ဖြစ်သည်။
ဘွန်း….
ထိုအချိန်တွင်၊ အနက်ရောင်တောက်ပနေသည့် နတ်ဆိုးရတနာများက ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့ဆီသို့ အစုအပြုံလိုက် ကျရောက်လာသည်။
နှင်းပန်းပွင့်စံသခင်၊ မိုထျန်းချန်းနှင့် အခြားသူများကလည်း ပြင်ဆင်ထားကြသည်။
စုချင်းချန်၊ စံသခင်ဖုန်းယွင်နှင့် အခြားသူများကလည်း သူတို့၏စစ်မှန်ရတနာများကို ထုတ်ထားကြသည်။
ထိုအလယ်တွင် ကျန်းချန်ရွှမ်က ရှေ့သို့တိုးလာပြီး သူ၏ပတ်ပတ်လည်တွင် ငါးရောင်ခြယ်ရောင်ခြည်စက်ဝန်းနှင့် ရန်သူ၏နတ်ဆိုးရတနာများကို ရင်ဆိုင်ရန်ဦးဆောင်လိုက်သည်။
ခနအကြာတွင်၊ သူသည် အမြောက်ဘောလုံးကဲ့သို့ အရာများကို ရန်သူ၏တိုက်ခိုက်မှုကို ဦးတည်၍ ပစ်လွတ်လိုက်တော့သည်။
***