ဒေါသထွက်ခြင်း၊ ကျန်းချန်ရွှမ်၏ ဒေါသနှင့် စိတ်လွတ်လက်လွှတ် ပြုမူခြင်း (၂)
Vol. 30 Ch. 576
ဒါက….
နောက်ကလိုက်နေသည့် အခြားကျင့်ကြံသူများသည် အကြွင်းမဲ့အံ့အားသင့်သွားသည်။
မည်သူမှ ကျန်းချန်ရွှမ်က ထိုကဲ့သို့ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ဆယ်ယောက်ကျော်အား ရင်ဆိုင်ရာတွင် ထိုကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု ကြိုတင်မမျှော်လင့်ထားမိခဲ့ပါ။
သူ့အားကောင်းစွာသိသော စုချင်းချန်သည်ပင် ယာယီနောက်ဆုတ်သွားသည်။
ဘွန်း….
ခနအကြာတွင် ထိုနေရာသည်လူတိုင်းအား အထုပ်ဖြေပြလိုက်သလို အံ့အားသင့်စေခဲ့သည်။
အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများ၏တိုက်ခိုက်မှုအားလုံးကို ကျန်းချန်ရွှမ်၏ခေါင်းပေါ်မှ သိသာထင်ရှားသော ငါးရောင်ခြယ် ရောင်ခြည်စက်ဝန်းမှ တားဆီးခံလိုက်ရပေသည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…
ဘွန်း…ဘွန်း…ဘွန်း…
တရစပ်တိုက်ခိုက်မှုအားလုံးသည် ကျန်းချန်ရွှမ်၏ခုခံသည့်အရာကို တစ်ခုမျှပင် မထိုးဖောက်နိုင်ချေ။ ရောင်ခြည်စက်ဝန်း၏အလင်းက တစ်စက်မျှမှိန်မသွားပေ။
ပြီးနောက် သူသည် ရပ်တန့်မည့်ပုံတစက်မျှမပေါ်ဘဲ၊ ရွှမ်းရှနှင့် အုပ်စုဆီသို့ ဦးတည်သွားနေသည်။
“ငရဲကိုသွားတော့။”
သွေးနီရောင်မျက်လုံးနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက သွေးရောင်ပုဆိန်ကို ထုတ်လိုက်သည်။ ပြင်းထန်သည့် အော်မြည်သံနှင့် သူသည် ကျန်းချန်ရွှမ်၏ ခေါင်းကို ချိန်ရွယ်ကာ ထုလိုက်လေသည်။
ကလန်…
သို့ရာတွင် သူကြားလိုက်ရသည်မှာ သတ္တုအချင်းချင်းတိုက်မိသံသာဖြစ်သည်။
ထိုလူကြီးကမတုံ့ပြန်ခင်၌ပင်၊ ကျန်းချန်ရွှမ်၏ပုံရိပ်က လျှင်မြန်စွာကြီးမားလာသည်ကို သူ၏မျက်စိသူငယ်အိမ်မှ ကြောက်မက်ဖွယ် မြင်တွေ့လိုက်ရသည်။
ကျန်းချန်ရွှမ်သည် မြင့်မားသည့်အရှိန်နှင့် ပျံလိုက်ကာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ခနအကြာတွင် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်က အရှိန်ပြင်းသောရထားနှင့် တိုက်မိသွားသလို လွှင့်ထွက်သွားသည်။
သူသည် လေထဲတွင်ရှိနေစဉ်တွင်ပင်၊ ခရမ်းရောင်စွမ်းအားက သူ၏ခန္ဓာကိုယ်အား အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားစေတော့သည်။ အခြေတည်ဝိညာဉ်က သွေးမြူအဖြစ်သို့ပါ ကြေမွသွားလေသည်။
ထိုအချိန်တွင် လူအများစုက မနေနိုင်ဘဲ သူတို့၏မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နေကြလေသည်။
သို့ရာတွင် သူတို့သည် ထိုမြင်ကွင်းအား ကြည့်နေစဉ်တွင်ပင် ကြောက်မက်ဖွယ်ကောင်းကာ စိတ်ပျက်ဝမ်းနည်းသံများက သူတို့၏ရှေ့မှ ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာလေသည်။
“အား…”
ဂျုန်း…
ကျန်းချန်ရွှမ်သွားသည့်နေရာတိုင်း သူ၏လမ်း၌ ရှိသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူက ထိုသို့သောကံကြမ္မာနှင့် ကြုံလိုက်ရလေသည်။ သူ၏မြင့်မားသော အရှိန်၏လွှမ်းမိုးမှုဖြင့် သူတို့ခန္ဓာကိုယ်များသည် သွေးမြူအဖြစ်သို့ ချေမှုန်းခြင်းခံရလေသည်။
အချိန်တိုအတွင်းတွင်ပင်၊ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ၆ဦး သို့ ၇ဦးက ကျန်းချန်ရွှမ်၏ လက်ထဲ ချေမှုန်းခံခဲ့ရလေသည်။
လူတိုင်းက အစစ်အမှန်မဟုတ်သကဲ့သို့ ထင်နေကြသည်။
၎င်းသည် ပုံရိပ်ယောင်ကို တွေ့မြင်နေရခြင်းဖြစ်ပါသလား?
အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ၆ဦး သို့ ၇ဦးအား တစ်ချက်တည်းဖြင့် သတ်ခြင်းသည် - မည်သူက ထိုသို့သောပုံပြင်ကိုယုံကြည်လိမ့်မည်နည်း?
ကြောက်စရာအကောင်းဆုံးအချက်မှာ ကျန်းချန်ရွှမ်က ရပ်နားမည့်အရိပ်အယောင် လုံးဝမရှိခြင်းပင် ဖြစ်သည်။
ဥက္ကာပျံကဲ့သို့ သူသည် ထပ်မံ၍ ကျဆင်းလာပြန်ကာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်ကို ထပ်၍ သတ်ဖြတ်လိုက်သည်။
ထိုအချိန်တွင် ရွမ်းရှနှင့် ကျန်ရှိနေသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများက နောက်ဆုံးတွင် အခြေအနေအား အပြည့်အဝ သဘောပေါက်သွားသည်။
သူတို့၏မျက်နှာတွင် ကြောက်ရွံမှုများက အတိုင်းသားပေါ်နေသည်။
ကံကောင်းစွာပင်၊ ထိုအချိန်၌ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူက တစ်ဒါဇင်ကျော်ခန့် ဦးတည်ချက်ပေါင်းများစွာမှ ရောက်လာကြသည်။
၎င်းတို့ထဲမှ သုံးဦးသည် ရွှမ်းရှကဲ့သို့ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။
သူတို့အားလုံး အစောကမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသည်။
တုံ့ဆိုင်းမနေတော့ပဲ၊ ထိုအုပ်စုက စုပေါင်းကာ တိုက်ခိုက်တော့သည်။
ချက်ခြင်းပင် နတ်ဆိုးရတနာ တစ်ဒါဇင်ကျော်က သူတို့ဆီလာနေသည့် ကျန်းချန်ရွှမ်အား တိုက်ခိုက်တော့သည်။
“ချိုးဖောက်ကြ။”
ကျန်းချန်ရွှမ်၏ပုံရိပ်နှင့် အရှိန်က ရပ်တန့်မည့်ရည်ရွယ်ချက်လုံးဝ မရှိပါ။
သူက လက်ကိုမြောက်လိုက်ကာ ယမ်းလိုက်သည်။
ကျီ…
သူ၏လက်ထဲတွင် မြေနက်လှံကိုကိုင်လျှက် ရှေ့သို့ ပြင်းထန်စွာရိုက်လိုက်သည်။
ဂျုန်းဟူသောအသံမြည်သွားသည်။
ကောင်းကင်ပေါ်တွင်၊ ရစ်ပတ်နေသောရေဗွေက ရုတ်တရက် ပေါ်ထွက်လာကာ အတွင်းတွင် ပြိုကျနေသည်။
ပိုမိုကျယ်လောင်သောပေါက်ကွဲမှုဖြင့်၊ တိုက်ခိုက်ရန်လာကြသော နတ်ဆိုးရတနာများက ကျန်းချန်ရွှမ်ဆီမှ ပြန်ကန်ထွက်သွားကြသည်။
“ရှဲ…”
ကျန်းချန်ရွှမ်နောက်လိုက်လာသည်သူများက ထိတ်လန့်မှုဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
သူသည် အမှန်တကယ်လူသားပင် ဖြစ်နိုင်ပါသလား?
လူတစ်ဦးတည်းနှင့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့်ကို တိုက်ခိုက်နေသည်။
စံသခင်ရွှမ်းယန်သည်ပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ခင်က ထိုကဲ့သို့ လုပ်နိုင်စွမ်း မရှိလောက်ပါ၊ မှန်ပါသလား?
သူတို့၏စိတ်သည် ကျန်းချန်ရွှမ်ကိုမြင်လျှင် တိုက်စစ်မှုးကဲ့သို့ဖြစ်ကာ ရန်သူ၏နှလုံးသားကို ထိုးစိုက်နေသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ချက်ခြင်းပင် ကောင်းကင်ပေါ်တွင် သွေးမြူများက လေးခုသို့ ငါးခု ပေါက်ကွဲသွားပြန်သည်။
၄င်းသည် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူလေးဦးသို့ ငါးဦးဖြစ်ကာ တစ်ဦးမှာ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ဖြစ်ပေသည်။
အကြင်နာမဲ့ပေသည်။ မယုံနိုင်စရာကောင်းလျှင် အကြင်နာမဲ့ပေသည်။
အချိန်တိုအတွင်းတွင် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ဒါဇင်ကျော်က ကျန်းချန်ရွှမ်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရသည်။
အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ အထွတ်အထိပ်အဆင့်ကို ရင်ဆိုင်ရန်မှာ ပြသနာအများအပြား ဖြစ်နိုင်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်အတွက်မူ မည်သို့ဖြစ်သနည်း?
ကျန်းချန်ရွှမ်အတွက် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်ရသည်မှာ ကြက်နှင့်ဘဲအနည်းငယ်ကို သတ်ဖြတ်လိုက်ရလိုက်သကဲ့သို့ပင်။
အပြင်မှ ကြည့်ရှုသူအနေဖြင့် အရေအတွက်မှာ များပြားသလိုထင်ရသော်လည်း ကျန်းချန်ရွှမ်အတွက်မူ လုံလောက်ရန် ဝေးနေသေးသည်။
အဆုံးတွင် စနစ်က သူ့အား အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူအယောက်တစ်ရာကို သတ်ဖြတ်ရန် တာ၀န်ပေးထားသည်။ နည်းပါးလှသော တစ်ဒါဇင်ခန့်က ပန်းတိုင်နှင့် ဝေးနေသေးသည်။
“မင်းဟာ သေချင်နေတာပဲ”
ရုတ်တရက် နတ်ဆိုးနှလုံးသား အစီအရင်ထဲမှ ဒေါသထွက်နေသော ဟိန်းသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်း၏နောက်မှ များစွာသော နတ်ဆိုးကျင့်ကြံသူများက အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ တစ်ဒါဇင်ကျော်နှင့် ပူးပေါင်းကာ အစီအရင် အတွင်းမှ ထွက်လာကြသည်။
ဦးဆောင်သောသူများ၏ အရောင်အဝါအားကြည့်ကာ အကဲဖြတ်ရလျှင် အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့် သို့ရောက်နေကြပြီဖြစ်သည်။
သူတို့ထဲမှတစ်ဦးသည် နဖူးပေါ်တွင်များစွာသော ထူးခြားသည့်ရှေးဟောင်းစာများရှိကာ ကျန်းချန်ရွှမ်အား ကြည့်၍ ချိန်းခြောက်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“မင်းက မင်းသေလမ်းကို ကိုယ်တိုင်ရှာနေတာပဲဆိုတာသိလား?”
“ငါမရှာပါဘူး။”
ကျန်းချန်ရွှမ်က ဂရုမစိုက်စွာပြောလိုက်သည်။
ထိုအချိန်တွင် သူသည် ရွှမ်းရှနှင့် အသစ်လာရောက်သော နတ်ဆိုးကျင့်ကြံသူများနှင့် နီးကပ်နေပြီ ဖြစ်သည်။
အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။
ရုတ်တရက် အစိမ်း၊အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်တို့ပါသော ငါးရောင်ခြယ်အလင်းက ကျန်းချန်ရွှမ်၏ နောက်မှ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏နတ်ဆိုးသတ်ဖြတ်ခြင်း အရည်အချင်းက အပြည့်အဝ ပွင့်သွားသည်။
နတ်ဆိုးနှိမ်လက်သီးနည်းစနစ်၏ စွမ်းအားကို မြေနက်လှံထဲတွင် ပေါင်းထည့်လိုက်လေသည်။
မိုးကြိုးချိန်းသံနှင့်အတူ ကြီးမားသော အရှည် ပေရှစ်ရာအထိမြင့်သွားကာ တောင်၏အလေးချိန်ကိုပင် ခံနိုင်ရည်ရှိသော လှံအလင်းကို နတ်ဆိုးရှေးဟောင်းစာများနှင့် နတ်ဆိုးကျင့်ကြံသူနှင့် ရွှမ်းရှထံသို့ ဦးတည်ကာ ပစ်လွှတ်လိုက်တော့သည်။
“မင်းကများ…”
နတ်ဆိုးရှေးဟောင်းစာထွင်းထားသော နတ်ဆိုးကျင့်ကြံသူနှင့် သူ့အုပ်စုက ဒေါသထွက်သွားသည်။
သူတို့သည် ပို၍ အားကောင်းသော တိုက်ခိုက်မှုများကို ယခင်ထပ်ပို ထုတ်လွတ်လိုက်ကာ အားလုံးသည် ကျန်းချန်ရွှမ်ကို ဦးတည်နေသည်။
သို့ရာတွင်၊ အကြောင်းရင်းတစ်ချို့ကြောင့် ကျန်းချန်ရွှမ်နောက်မှ လိုက်လာသောသူများသည် ထိုတိုက်ခိုက်မှုများက မြင်နေရသလောက် ရှိန်လောက်သည့်အရာမဟုတ်မှန်း ခံစားလိုက်ရသည်။
သူတို့၏ခံစားချက်များက မှန်ပေသည်။
သူတို့၏တိုက်ခိုက်မှုများက ကျန်းချန်ရွှမ်၏ ကြီးမားသော မြေနက်လှံနှင့် တွေ့လျှင် အမြန်ပင် အားနည်းသွားသော လက္ခဏာများကို ပြလာခဲ့သည်။
ခွပ်….
ဖန်ခွက်ကွဲသောအသံနှင့် ဆင်တူသော အသံကို ကြားလိုက်ရသည်။
နတ်ဆိုးရှေးဟောင်းစာထွင်းထားသည့် နတ်ဆိုးကျင့်ကြံသူနှင့် သူ၏အဖော်များ၏ အမူအရာက ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး။ ဒီလူမှာ ငါတို့နဲ့ ရင်ဆိုင်ဖို့ နည်းလမ်းရှိတယ်။”
ဘွန်း…
သူစကားပြောပြီးသည်နှင့် ပြင်းထန်သော ပေါက်ကွဲမှုက သူတို့၏ တိုက်ခိုက်ခြင်းမှ ထွက်လာခဲ့သည်။
ဖူး…ဖူး…
ချက်ခြင်းပင် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားက အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ သုံးဦးကို ဖြတ်သွားခဲ့ကာ ထိုနေရာတွင်ပင် အမြစ်ဖြတ်သုတ်သင်ခြင်းကို ခံလိုက်ရသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နောက်လိုက်လာသည့်သူများက ထိုတိုက်ပွဲတွင် ပါဝင်လာခဲ့သည်။
ဓားအလင်း၊ မိုးကြိုသွား၊ မုန်တိုင်းနှင့် အလင်းတန်းဓားသွားများစသည့် အမျိုးမျိုးသော တိုက်ခိုက်မှု များသည် စူနာမီကဲ့သို့ နတ်ဆိုးရှေးဟောင်းစာထွင်းထားသော နတ်ဆိုးကျင့်ကြံသူ နှင့် သူ့အဖွဲ့အား ဦးတည်လာခဲ့သည်။
ဘွန်း…ဘွန်း…ဘွန်း…
ဘန်း…ဘန်း…ဘန်း…ဘန်း
ခနအကြာတွင်၊ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများက ထိုမုန်တိုင်းထဲတွင် ဂျုံပင်ကဲ့သို့ ဖြတ်ချခံရပြီး သူတို့၏ သေဆုံးမှုက အသေးအဖွဲကဲ့သို့ဖြစ်နေသည်။
ဝှစ်…ဝှစ်…
အလင်းက လင်းလက်သွားသည်။
ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားက တစ်ကြိမ်ထပ်၍ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ နှစ်ဦး၏လည်ပင်းကို ဖြတ်လိုက်သည်။
သူသည် နတ်ဆိုးရှေးဟောင်းစာထွင်းထားသောနတ်ဆိုးကျင့်ကြံသူနှင့်နီးကပ်သွားသည့်အချိန်တွင်၊ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုက နတ်ဆိုးကျင့်ကြံသူ၏ မျက်နှာတွင် ဖြတ်ပြေးသွားသည်။
“မင်းနောက်ဆုံးတော့ ငါ့ပိုင်နက်ထဲရောက်လာပြီပေါ့။”
***