← Chapters

အဆင့် (၆) အဆောင်၏ တိုက်ခိုက်မှု၊ ဆယ်ဆဆေးလုံး၏ စွမ်းအား

Vol. 30 Ch. 577

အဆင့် (၆) အဆောင်၏ တိုက်ခိုက်မှု၊ ဆယ်ဆဆေးလုံး၏ စွမ်းအား

Vol. 30 Ch. 577

ကျီ…

နတ်ဆိုးရှေးဟောင်းစာများထွင်းထားသူက စကားပြောပြီးသည်နှင့် ခရမ်းနီရောင်အဆောင်က သူ့လက်ထဲ၌ ပေါ်လာကာ မနှိုင်းယှဉ်နိုင်၍ ကြောက်စရာကောင်းသည့် အရောင်အဝါများပေါ်လာခဲ့သည်။

အနက်ရောင် ချောက်နက်က ကျဆင်းလာသကဲ့သို့ ခံစားရကာ လူတိုင်းကို ခနလောက်အကြာ ကြောင်အသွားစေသည်။

ရုတ်တရက်ဖြစ်ပေါ်လာသည့် မိုးကြိုးက အနီးမှ သူတို့၏ မိန်းမောနေသည့်စိတ်ကို ဆတ်ခနဲ လှုပ်ရှားသွားသည်။

သို့ရာတွင်၊ သူတို့သည်အသိပြန်ရသည်နှင့်၊ ကြောက်ရွံ နေသည့်အကြည့်က မသိစိတ်မှ သူတို့၏ မျက်လုံးမှ ပေါ်လာသည်။

“ဒါက…ဒါက အဆင့် (၆) အဆောင်ပဲ။”

ရှင်းလင်းစွာပင် မည်သူမှ နတ်ဆိုးရှေးဟောင်းစာများထွင်းထားသောသူက ထိုကဲ့သို့ အင်အားကြီးသော အောင်မြင်ခြင်းကဒ်ကို ပိုင်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် ရက်စက်ကြမ်းကြုတ်စွာ ရယ်လိုက်သည်။

“ဟားဟား၊ ကလေး၊ မင်းကိုယ်မင်းကြမ်းလှပြီလို့ထင်နေလား? အကယ်၍ မင်းရဲ့ခန္ဓာကိုယ်ကပဲ သန်မာမလား (သို့) ငါ့ရဲ့ အဆင့် (၆) နေကြတ်ခြင်းနတ်ဘုရားသုတ်သင်အဆောင်ကပဲ သန်မာမလား ကြည့်ကြတာပေါ့။”

ကျီ….

စကားပြောနေရင်း သူ၏လက်ထဲမှ အဆင့် (၆) နေကြတ်ခြင်းနတ်ဘုရားသုတ်သင်ခြင်း အဆောင်က ခရမ်းနီရောင်အလင်းသို့ ပေါက်ကွဲသွားသည်။

ခရမ်းနီရောင်လှံက ကောင်းကင်ပေါ်တွင် ပေါ်လာပြီး အားလုံးကို အမြစ်ဖြတ် သုတ်သင်နိုင်သော အရှိန်အဝါကို ထုတ်လွတ်လာသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က ရှင်းလင်းစွာပင် သူ၏ကိုယ်ပိုင်အရှိန်အဝါက ထိုခရမ်းနီရောင်လှံထံမှ လိုက်ခြင်းခံနေရသည်။ သူသည် ဘယ်နေရာသို့ ပျံနေပါစေ၊ ထိုလှံက လိုက်နေမည်ဖြစ်သည်။

“တာအိုရောင်းရင်းရှန်း…”

မသိစိတ်မှ လူတိုင်း၏အကြည့်က ရှန်းရူယန်ဆီသို့ ရောက်သွားသည်။

သို့ရာတွင်၊ သူမသည် တည်ငြိမ်နေကာ ထိတ်လန့်နေပုံတစ်စက်မှ မရှိပေ။

“စိတ်မပူပါနဲ့၊ ကျွန်မယောက်ျားက အန္တရာယ်မရှိပါဘူး။”

“ဟမ်…?”

သူမ၏စကားလုံးများက ကျရောက်လာကာ ခရမ်းနီရောင်လှံကလည်း ကျန်းချန်ရွှမ်ဆီသို့ တည့်တည့် ဦးတည်၍ လာနေသည်။

ဝှစ်….

လှံကမရောက်လာခင်တွင်၊ ကျန်းချန်ရွှမ်၏ရှေ့တွင် နေရာလပ်အက်ကွဲကြောင်းများက လေဟာနယ်ထဲတွင် စတင်၍ ပေါ်လာပြီး ပြန့်နှံလာသည့် အနက်ရောင်အရှိန်အဝါက လူတိုင်းအား ကြောက်မက်ဖွယ်ကောင်းသည့် အော်သံကို မျက်မြင်တွေ့ရအောင် လုပ်နေသည်။

၎င်းသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦး၏လုပ်နိုင်စွမ်းထပ်ကျော်လွန်နေခဲ့သည်။

ကျန်းချန်ရွှမ်ကဲ့သို့ စွမ်းအားကြီးသောသူသည်ပင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သည်းခံထားမနိုင်လောက်ပါ။

ကျီ..

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏ရှေ့မှ အဆောင်က အဆုံးမရှိကြယ်တာရာအလင်းကို ထုတ်လွှတ်နေသည်။

၎င်းက ပေါ်လာသည်နှင့် မရေမတွက်နိုင်သည့် သေးငယ်သည့် ကြယ်များက ရှုပ်ထွေးကာ ဆန်းကြယ်သော အစီအရင်ကို သူ၏ပတ်ပတ်လည်တွင် စုစည်းလာခဲ့ကာ ဆက်တိုက် လှည့်ပတ်နေပြီး အဆုံးမရှိပဲ မဖျက်စီးနိုင်သည့် အရှိန်အဝါကို ပေးနေသည်။

ထိုမြင်ကွင်းကို မြင်သည့်လူတိုင်း မနေနိုင်ဘဲ သူ၏မျက်လုံးများက ကျယ်လာကြသည်။

၎င်းသည် ကျန်းချန်ရွှမ်ထုတ်လာသည့်အဆောင်က တကယ်ပင် အဆင့် (၆) အဆောင် ဖြစ်ကြောင်း သတိပြုမိကြသည်။

ဘွန်း…

ကျယ်လောင်သည့် ဘန်းဆိုသည့် အသံကြားလိုက်ရသည်။

ခရမ်းနီရောင် လှံက ကျန်းချန်ရွှမ်၏ရှေ့မှ များစွာသောကြယ်များထဲ စိုက်ဝင်သွားကာ ၎င်းသည် ဆီပူထဲတွင် ရေဝင်သွားသကဲ့သို့ ရှူးရှူးရှဲရှဲအသံထွက်နေသည်။

မကြာမီ၊ ရှိနေသောသူများက ထိတ်လန့်စရာကောင်းသော မြင်ကွင်းကိုမြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ထက်မြက်မှုကိုထုတ်လွတ်နေသော ခရမ်းနီရောင်လှံက မမျှော်လင့်ဘဲ စတင် အက်ကွဲနေခဲ့သည်။ သူ၏အောက်မှဘီးက ဆက်တိုက် လှည့်ပတ်နေပြီး ကြိတ်နေသကဲ့သို့ ဖြည်းဖြည်းချင်း စနစ်ကျစွာ လှံအား ဖုန်မှုန့်ဖြစ်သည့်အထိ ကြိတ်နေလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

မျက်နှာတွင်နတ်ဆိုးရှေးဟောင်းစာများထွင်းထားသောလူက ထိတ်လန့်နေသည့်ပုံစံပြလာသည်။

ခနအကြာတွင်၊ သူသည် အလွန် လွှမ်းမိုးနိုင်သည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရကာ အင်အားသုံး၍ အဆင့် ၆ အဆောင်နှစ်ခုကို ထိုးဖောက်နေကာ သူ၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။

“ဘယ်လို?”

ထိုသူက ချက်ခြင်းပင် ကြောက်ရွံမှုများနှင့် ပြည့်သွားသည်။

မရေတွက်နိင်သည့် အနက်ရောင်ပုံစံများပါသည့် ကြီးမားသည့် ဒယ်စောက်တစ်ခုက သူ၏ခေါင်းပေါ်မှ ပျံထွက်လာခဲ့သည်။

ကလန်ဟူသောအသံမြည်သွားခဲ့သည်။

အစိမ်းရောင် ဆေဘာဓားက ပျံထွက်လာသော ဒယ်စောက်ကို ဟက်တက်ခွဲလိုက်လေသည်။

ချက်ခြင်းပင် ခနအကြာတွင် ကြီးမားသော ရွှေရောင်မီးတောက်များ ထွက်နေသည့် မီးဖိုက ဘန်းဆိုသောမြည်သံနှင့် သက်ဆင်းလာခဲ့သည်။

ကြီးမားသောဒယ်စောက်ပိုင်ရှင်နတ်ဆိုးကျင့်ကြံသူက လုံးဝ ဖိနှိပ်ခံလိုက်ရတော့သည်။

သူသည် ထိုအခြေအနေမှ ပြန်မထရသေးမီတွင်ပင်၊ လက်သီးချက်တစ်ခုကိုခံစားခဲ့ရကာ ၎င်းသည် တောက်လောင်နေသည့်မီးတောက်များဖြင့် လွှမ်းခြုံထားပြီး ရက်စက်စွာဖြင့် သူ၏ခန္ဓာကိုယ်ကို ထိုးလိုက်သည်။

ချက်ခြင်းပင် သူ၏ရင်ဘတ်နှင့် ဗိုက်က ထိုးဖောက်ခြင်းခံလိုက်ရတော့သည်။

အဖြူရောင်နှင့် ရွှေရောင်မီးတောက်များက သူတို့ကိုယ်တိုင်ဆန္ဒများကို ပိုင်ဆိုင်နေသကဲ့သို့ဖြစ်ကာ မျက်နှာတွင်နတ်ဆိုးရှေးဟောင်းစာထွင်းထားသော သူအား ပြာမှုန်များအဖြစ်သို့ မီးရှိ့ဖျက်ဆီးပစ်လိုက်တော့သည်။

စုတ်ပြဲသွားလေသည်။..

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ပေါ်တွင်၊ အဆင့် (၆) အဆောင်နှစ်ခု တိုက်ခိုက်ခြင်းသည် အနိုင်ရသူကို ဆုံးဖြတ်လိုက်သည်။

ကြယ်တာရာအဆောင်၏မျက်နှာပြင်သည် ကြီးမားစွာအက်ကွဲသွားသည့်အချိန်တွင် ခရမ်းနီရောင်အဆောင်က ပင့်ကူအိမ်ကဲ့သို့ ပုံစံဖြစ်သည့်အထိ ဇကာပေါက်များဖြစ်သွားခဲ့သည်။

ခရမ်းနီရောင်အဆောင်က ချက်ခြင်းပင် အမှုန့်အဖြစ် အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ လေအဝှေ့တွင် ပျောက်ကွယ်သွားသည်။

“သေစမ်း။”

ထိုအချိန်တွင်၊ကျန်းချန်ရွှမ်၏အသံသည်ရုတ်တရက် လူသားစံသခင်များ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

သူ၏အသံကိုကြားလျှင်၊ စုချင်းချန်အပါအဝင်လူတိုင်းက မနေနိုင်ဘဲ တုန်လှုပ်သွားသည်။

ခနအကြာတွင် လူတိုင်းကျန်ရှိနေသော အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများကို လိုက်ဖမ်းရန် အင်အားများကို စုလိုက်သည်။

ကျန်းချန်ရွှမ်က ဦးဆောင်လိုက်သည်။

သူဖြတ်သွားသည့်နေရာတိုင်းတွင် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူသည် သေချာပေါက် ကျဆုံးသည်။

လူတိုင်းသည် ထိုနေရာမှ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများကို ရှင်းလင်းပြီးနောက်၊ သူတို့၏အကြည့်ကာ ကျန်းချန်ရွှမ် ဆီရောက်သွားကြပြီး ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်မဟုတ်တော့ဘဲ လေးစားသည့်အကြည့်နှင့် ကြည့်နေကြခြင်းဖြစ်သည်။

ရှင်းလင်းစွာပင်၊ မည်သူမှ ကျန်းချန်ရွှမ်၏အင်အားက ထိုကဲ့သို့ သာလွန်နေသောအဆင့်သို့ ရောက်နေကြောင်း ကြိုတင်မမျှော်လင့်ထားကြပါ။

***

All Chapters