← Chapters

အဆင့် (၆) အဆောင်များ၏ တိုက်ခိုက်မှု၊ ဆယ်ဆဆေးလုံး၏ စွမ်းအား (၂)

Vol. 30 Ch. 578

အဆင့် (၆) အဆောင်များ၏ တိုက်ခိုက်မှု၊ ဆယ်ဆဆေးလုံး၏ စွမ်းအား (၂)

Vol. 30 Ch. 578

သူ၏လျှို့ဝှက်ကဒ်ကပင် မမျှော်လင့်ပဲ ရှိန်လောက်သောအရာဖြစ်ပေသည်။

သူ၌ အဆင့် (၆) အဆောင်ပင် ရှိသည်။

သူသည်ထိုကဲ့သို့ရဲတင်းသောအစီအစဉ်ကိုဆွဲသည်မှာ အံ့ဩစရာမရှိတော့ပါ။

ထိုအချိန်တွင် လူတိုင်း၏အကြည့်သည် မသိစိတ်မှ ကျန်းချန်ရွှမ်ဆီသို့ ရွှေ့သွားခဲ့သည်။

မလိုအပ်သောစကားလုံးများမပြောတော့ပဲ ကျန်းချန်ရွှမ်သည် သူ၏မြေနက်လှံကို နတ်ဆိုးနှလုံးသားအစီအရင်ကို ညွှန်ပြလိုက်ကာ လူတိုင်းကို ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့၊ ကျုပ်တို့ ဒီကိုလာရတဲ့တကယ့်အကြောင်းရင်းဖြစ်တဲ့ ကျုပ်တို့ရှေ့က နတ်ဆိုးနှလုံးသားအစီအရင်ကို ဖျက်ဖို့ရည်ရွယ်ချက်ကို မမေ့သေးဘူးလို့ သေချာပါတယ်။

အဲ့ဒီအစီအရင်ကိုဖျက်နိုင်မှသာ ကျုပ်တို့ တိုက်ပွဲမှာ အောင်မြင်မှုရဖို့ အခွင့်အရေးအနည်းငယ်ရနိုင်မယ်။ ဒါကြောင့်..

နောက်တစ်ခါ ကျေးဇူးပြု၍ ကျုပ်နဲ့အတူ ခင်ဗျားတို့ရဲ့ အင်အားကုန်သုံးပြီးဒီအစီအရင်ကို ဖျက်နိုင်ဖို့ ပူးပေါင်းပေးကြပါ။”

စကားပြောပြီးသည်နှင့်၊ ကျန်းချန်ရွှမ်က ဦးဆောင်လိုက်သည်။

သူသည် အစီအရင်အလံ အခုတစ်ရာကိုပစ်လိုက်ကာ၊ အထူးအထားအသိုအတိုင်း စီစဉ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်။

သူသည် စနစ်မှပေးသည့် ယာယီအစီအရင်တိုးမြင့်ခြင်းဆုကိုသုံးရန် တုံ့ဆိုင်းမနေတော့ပေ။

ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်၏ အစီအရင်ကျင့်ကြံခြင်းက အဆင့် (၅) မှ အဆင့် (၆)သို့ မြင့်သွားသည်။

အမျိုးမျိုးသော အစီအရင်နှင့် ပက်သက်သည့် အသိအမြင်များက သူ၏စိတ်ထဲတွင် များစွာ ပေါ်လာခဲ့သည်။

သူနားမလည်နိုင်သော အရာများစွာကို စနစ်၏ဆု ကျေးဇူးနှင့် အမြန်နားလည်သွားခဲ့သည်။

စီ……

ထိုအချိန်တွင် များစွာအစီအရင်ပစ္စည်းများက ကျန်းချန်ရွှမ်၏လက်ထဲတွင် ပေါ်လာခဲ့သည်။

သူ၏လက်ဖဝါးတွင် သန့်စင်သော ယန်စစ်မှန်မီးကလည်းတောက်လောင်နေလေသည်။

ထိုအစီအရင်ပစ္စည်းများက အဆင့် (၅) အစီအရင်များနှင့် လုံးဝကွာခြားသော အရောင်အဝါကို ထုတ်လွတ်နေသော အစီအရင်အလံများနှင့် အစီအရင်ချပ်ပြားဝိုင်းများ အဖြစ် အမြန်ပင် ပြောင်းလဲသွားသည်။

သူသည် ထို အစီအရင်အလံများနှင့် အစီအရင်ချပ်ပြားဝိုင်းများအားလုံးကို မြေပေါ်သို့ ပစ်လိုက်ကာ နတ်ဆိုးနှလုံးသားအစီအရင်၏ပတ်လည်တွင် အလွန်ထူးခြားသော အစီအရင်ကို ဖွဲ့စည်းလိုက်ကာ နတ်ဆိုးနလုံးသားအစီအရင်တစ်ခုလုံးက အကြောင်းတစ်ချို့ကြောင့် တုန်ခါသွားသည်။

“အိုး..မဟုတ်ဘူး..”

နတ်ဆိုးနှလုံးသားအစီအရင်၏အထဲတွင်ဖြစ်သည်။

အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူဒါဇင်ပေါင်းများစွာက အစီအရင် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရကာ သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုများကို ပြနေကြသည်။

၎င်းသည် ဤလောကသို့လာပြီးနောက် ဝန်းရံခံရသည်ကို ခံစားရသည်မှာ ပထမဆုံးဖြစ်သည်။

ယခင်က ဤလောကမှကျင့်ကြံသူများကို သူတို့က ဝန်းရံထားခြင်းဖြစ်ကာ သူတို့အား သားကောင်အဖြစ် ဆက်ဆံခဲ့သည်။

သို့သော်၊ အခန်းကဏ္ဍက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

“ငါတို့ ဘာလုပ်သင့်လဲ?”

တစ်ဦးက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်နတ်ဆိုးကျင့်ကြံသူဖြစ်သည့် ညအမဲလိုက်သူဟု ခေါ်သောလူက တည်ငြိမ်စွာပြောလိုက်သည်။

“လူတိုင်းပဲ၊ မတုန်လှုပ်ကြပါနဲ့။

မင်းတို့ သိသင့်တာ နတ်ဆိုးနှလုံးသားအစီအရင်က ငါတို့နတ်ဆိုးအရှင်တွေအတူတူ ဖွဲ့စည်းထားတဲ့အစီအရင်တစ်ခုပဲ။ကောင်းကင်တွေရဲ့အလွန်က နတ်ဆိုးမြေရဲ့စွမ်းအားကို ငှားရမ်းထားတဲ့အရာတစ်ခုပဲ။

ငါအာမခံနိုင်တယ်။ အပြင်ကလူက ဘယ်လောက် အင်အားကောင်းပါစေ သူက အဆင့် (၆) အစီအရင်ဆရာမဟုတ်သရွေ့၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မဟုတ်သရွေ့ သူက ငါတို့အစီအရင်ကို ဖျက်နိုင်မှာမဟုတ်ဘူး။”

သူ၏စကားများကိုကြားလျှင် စိတ်လှုပ်ရှားနေသော အခြေတည်ဝိညာဉ် နတ်ဆိုးကျင့်ကြံသူများက တစ်ခုခုကို မှတ်မိသွားပုံရလေသည်။

သူတို့၏ယခင်က တုန်လှုပ်နေသော အမူအရာများက နောက်ဆုံး တည်ငြိမ်သွားကြသည်။

ဟုတ်ပါသည်။

အရှင်များက ယခင်က ပြောဖူးခဲ့သည်။

အခြားတစ်ဖက်မှ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သို့ အဆင့် (၆) အစီအရင်ဆရာ မဟုတ်သရွေ့ သူတို့၏နတ်ဆိုးနှလုံးသားအစီအရင်ကို ဖျက်စီးရန် အခွင့်အရေးမရှိပါ။

ယခုမူ၊ ထိုသူ၏အင်အားက အံ့ဩစရာကောင်းလောက်အောင်ပင် သန်မာသော်လည်း သူသည် သိသာစွာပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်ရန် ဝေးနေသေးသည်။

အကယ်၍ သူသည် အဆင့် (၆) အစီအရင်ဆရာဖြစ်ခဲ့လျှင်ပင်၊ သူသည် ၎င်းတို့၏ နတ်ဆိုးနှလုံးသားအစီအရင်အား သက်ရောက်မှုအနည်းငယ်သာ ရှိလိမ့်မည်ဖြစ်သည်။

လုံးဝဖျက်စီးပစ်နိုင်ရန်မှာ မဖြစ်နိုင်ပါ။

တစ်ချိန်တည်းမှာပင်။

နတ်ဆိုးနှလုံးသားအစီအရင်၏အပြင်ဖက်တွင်ဖြစ်သည်။

ကျန်းချန်ရွှမ်သည် နတ်ဆိုးနှလုံးသားအစီအရင်အပြင်ဖက်တွင် အမျိုးမျိုးသော အစီအရင်အလံများကို အထူးအစီအရင်များဖွဲ့စည်းရန် အသုံးပြုနေသည်။

အစီအရင်တစ်ခုလုံးက လုံးဝပြင်ပလောကနှင့် အဆက်အသွယ်ပြတ်သွားပုံပေါ်သည်။

လူတိုင်းသည် သိသာစွာမြင်နိုင်သည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမရှိသောနတ်ဆိုးချီက ၎င်း၏ရင်းမြစ်ကို ပျောက်ကွယ် သွားပုံပေါ်ပြီး ရုတ်တရက် စတင်၍ ရပ်တန့်သွားသည်။

၎င်းသည် စီးဆင်းနေသောမြစ်က ရုတ်တရက် ရေသေဖြစ်သွားသလိုပင်။

ရှိနေသောသူများက သူတို့၏ ဓမ္မစွမ်းအားစီးဆင်းမှုကပို၍ ချောမွေ့နေသလို ခံစားနေရသည်။

သို့ရာတွင် ကျန်းချန်ရွှမ်က ထိုနည်းလမ်းကို သူ၏ရှေ့မှ နတ်ဆိုးနှလုံးသားအစီအရင်ကို လုံးဝဖျက်စီးရန် သုံးချင်သော်လည်း သူသည် တစ်ခုခုကိုလွတ်သွားသည့်ပုံပေါ်သည်။

သူသည် သူ၏လက်ရှိကျင့်ကြံဆင့်နှင့် သက်ဆိုင်နေလိမ့်မည်ဟုသတိပြုမိသွားသည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်၏ စွမ်းအားနှင့် သူပြုလုပ်ထားသည့် အစီအရင်က နတ်ဆိုးနှလုံးသား၏အခြေခံကို လှုပ်ရှားစေရန်မလုံလောက်ကြောင်း ရှင်းလင်းနေသည်။

အခြားတစ်ဖက်မှလည်း မည်သူမှ ထွက်လာ၍ သူတို့အား ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိသည်ကို ကြည့်ရလျှင် ၎င်းတို့သည် ထိုအရာကို တွက်ချက်ထားပြီးဖြစ်လိမ့်မည်။

သူတို့သည် နတ်ဆိုးနှလုံးသားအစီအရင်ထဲတွင်ပုန်းနေသရွေ့ ကျန်းချန်ရွှမ်နှင့် အခြားသူများက သူတို့အား ဘာမှ မလုပ်နိုင်ဟုထင်နေပုံရသည်။ သို့သော် ဤမျှလောက် ရိုးရှင်းပါသလား?

သူသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူအုပ်စုကို ဤနေရာသို့ခေါ်လာစဉ်ကတည်းက၊ သူ၌ နတ်ဆိုးနှလုံးသားအစီအရင်ကိုဖျက်စီးနိုင်ရန် လုံလောက်သောယုံကြည်ချက်ရှိပြီးသား ဖြစ်၍ဖြစ်သည်။

ထိုအရာကို စိတ်ထဲထား၍ ကျန်းချန်ရွှမ်၏ အသံပို့ဆောင်ခြင်းက လူတိုင်း၏နားထဲသို့ ရောက်သွားခဲ့သည်။

“လူတိုင်းပဲ၊ ကျုပ်ဒီနတ်ဆိုးနှလုံးသားအစီအရင်ကို ချိုးဖောက်ဖို့ကြိုးစားမယ်။

အစီအရင်ကကျိုးပျက်သွားရင်၊ ခင်ဗျားတို့ အဲ့အစီအရင်အထဲက လူတွေကိုတတ်နိုင်သမျှ အမြန်သတ်ဖို့ ကျုပ်နဲ့ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါပြီးရင် ကျုပ်တို့ ဒီနေရာက ချက်ခြင်းထွက်ခွာကြမယ်။

မေးစရာများရှိသေးလား?”

ကျန်းချန်ရွှမ်၏စကားများကိုကြားလျှင်၊ လူတိုင်းက တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။

ပြီးနောက် သူတို့သည် ခေါင်းကိုခါလိုက်ကြပြီး မည်သည့်ပြသနာမှ မရှိကြောင်းကို ပြလိုက်ကြသည်။

အကယ်၍ ယခင်ကကျန်းချန်ရွှမ်က အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ထားခြင်းကို မမြင်ဖူးထားလျှင် သူတို့သည် ကျန်းချန်ရွှမ်က ရူးနေသည်ဟုသာ ထင်မိမည်ဖြစ်သည်။

သို့သော် ယခင်ကတိုက်ပွဲတွင် မြင်ဖူးထားသဖြင့် လူတိုင်းက ရှင်းလင်းစွာသိကြသည်။

၎င်းသည် ကျန်းချန်ရွှမ်၏အင်အားက အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် တိုင်းတာ၍ မရတော့ပါ။

သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသော်လည်း အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများထပ်စာလျှင် သူသည် ကွာခြားသောအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထို့ကြောင့်။

ကျန်းချန်ရွှမ်ယခုပြောလိုက်သည့် စကားကို မှားသည်ဟု မည်သူမျှမထင်ကြပါ။

တစ်ခုတည်းသောမေးခွန်းထုတ်စရာမှာ ကျန်းချန်ရွှမ်က တကယ်ပင် နတ်ဆိုးနှလုံးသား အစီအရင်ကို ချိုးဖောက်နိုင်ပါမည်လား?

လူတိုင်းက ကျန်းချန်ရွှမ်၏ နည်းလမ်းကို လျော့တွက်ထားပုံရသည်။

သူက စကားပြောပြီးသည်နှင့် ကျန်းချန်ရွှမ်က ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ တုံ့ဆိုင်းမှုမရှိဘဲ မြိုချလိုက်သည်။

၎င်းသည် သူယခင်က စနစ်က ရရှိထားသည့် ဆယ်ဆဆေးလုံးပင်ဖြစ်သည်။

ထိုဆေးလုံးသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ သူ၏စွမ်းအားကို ဆယ်ဆတိုးပေးနိုင်စွမ်းရှိသည်။

ဘွန်း….

ဆယ်ဆဆေးလုံးသည် မြိုချလိုက်သည်နှင့် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှ အလွန်ကျယ်လောင်သော ဟစ်ကြွေးသံက ပေါ်ထွက်လာသည်။

တစ်ချိန်တည်း၌ပင်။

စွမ်းအားကြီးသော နေကဲ့သို့တောက်ပသော အရောင်အဝါက သူ၏ခန္ဓာကိုယ်မှ လိမ့်တက်လာသည်။

ခနအကြာတွင် လူတိုင်း၏နှလုံးသားက ထိတ်လန့်မှု အံ့အားသင့်မှုများနှင့် လွှမ်းမိုးခံလိုက်ရသည်။

ဒီအရောင်အဝါက….

သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နှင့် များစွာကွာခြားခြင်းမရှိတော့ပါ။ ရှိလျှင်ပင် အများကြီးမဟုတ်တော့ပါ။

ကျန်းချန်ရွှမ်က မည်ကဲ့သို့ ထိုအရာကို ရနိုင်သနည်း?

သူသောက်လိုက်သောဆေးလုံးနှင့် သက်ဆိုင်နေပါသလား?

သို့သော် ဤလောကတွင် မည်သို့သောဆေးလုံးမျိုးက တစ်စုံတစ်ဦး၏အင်အားကို ချက်ခြင်း တိုးမြင့်စေနိင်စွမ်းရှိပါသနည်း?

လူတိုင်းအတွက်စဉ်းစားနေရန်အချိန်များစွာမရှိပေ။

ကျန်းချန်ရွှမ်၏အရောင်အဝါက သေချာသော အထွတ်အထိပ်သို့ ရောက်သည်နှင့် သူ၏လက်ထဲမှ မြေနက်လှံသည် ရုတ်တရက် မြန်ဆန်စွာ ကြီးမားလာသည်။

မျက်စိတမှိတ်အတွင်းတွင်၊ ပေပေါင်းတစ်ထောင်အထိ ကြီးမားသွားကာ တောင်ကဲ့သို့ ဖြစ်နေလေသည်။

သို့ရာတွင် ထိုတောင်သည် သတ်ဖြတ်လိုသောအရှိန်အဝါများဖြင့်ပြည့်နေပြီး ထက်မြက်ကာ ရပ်တန့်နိုင်စွမ်းမရှိပါ။

“ချိုးဖောက်လိုက်။”

အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိပေ။

ကျန်းချန်ရွှမ်သည် မြေနက်လှံကို ကိုင်ကာ နတ်ဆိုးနှလုံးသားအစီအရင်၏ တိကျသည့် နေရာကို လွဲလိုက်သည်။

ဖြူး….

စူးရှသော လေသံသည် ရုတ်တရက် လူတိုင်း၏နားထဲတွင် ပြည့်သွားသည်။

မြေနက်လှံ၏ထိပ်တွင် ရုတ်တရက် ရေဗွေပုံစံဖွဲ့စည်းလာသည်။

၎င်းသည် မြန်နှုန်းမြင့်လည်ပတ်နေသော ရေရဟတ်စက်ကဲ့သို့ဖြစ်နေသည်။

၎င်း၏ အလယ်တွင် သေးငယ်သော နေရာလပ်အက်ကွဲမှု များသည် ပွင့်နေသလိုဖြစ်နေသည်။

၎င်းတို့သည် သေးငယ်သော်လည်း၊

ထိုမြင်ကွင်းသည် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှက ရှင်းလင်းစွာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေကြောင်း ပြနေသည်။

***

All Chapters